သွေး ရန်ငြိုး
Vol. 36 Ch. 540
ဒီထူးခြားတဲ့ လူမှာ အံ့ဩစရာကောင်းတဲ့ နည်းစနစ်တစ်ခုတော့ ရှိနေခဲ့ပါတယ်..။သို့ပေမယ့်. ကြည့်ရတာတော့..သူ့ရဲ့ ဒေါသတွေက စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ဖုံးလွှမ်းနေတဲ့ ပုံပါပဲ..။ဆန်နီဟာ ဒီလူရဲ့ တိုက်ခိုက်မူတွေကို မိနစ်အနည်းငယ်လောက် ရှောင်တိမ်းတာ တားဆီးတာတွေ ပြုလုပ်ရင်း..ရန်သူနဲ့ ရန်သူရဲ့ အရိပ်ကို ဂရုတစိုက်လေ့လာနေခဲ့ပါတယ်..။သူက ရန်သူရဲ့ ဟန်ပန်ကို ဆုပ်ကိုင်နိုင်ဖို့အတွက် သိပ်ပြီး အချိန်မယူလိုက်ရပါဘူး..။
‘အဲတာပဲ…ငါ အခု နားလည်သွားပြီ..’
အိပ်မက်ရူခင်းထဲမှာ တိုက်ပွဲပေါင် ကိုးရာကျော်လောက်ကို တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့..မတူညီတဲ့ ဟန်ပန်တွေကို နားလည်နိုင်စွမ်းရှိနတဲ့ သူ့ရဲ့ စွမ်းရည်ကလည်း သိသိသာသာကို တိုးတက်လာခဲ့ပါတယ်..။ပြီးတော့..ဒီလူက သူလုံးဝ မမြင်ဖူးတဲ့ နည်းစနစ်ကို အသုံးပြုနေတာမျိုး မဟုတ်ပေ..။သူ့ရဲ့ နည်းစနစ်က အတော်လေး သေသပ်ပေမယ့်..မူလ အရင်းအမြစ်တစ်ခု မဟုတ်ပါဘူး..။ဒီနည်းစနစ်က အရမ်းကြီး တဲ့တိုးဆန်ပြီး..လိုက်လျောညီထွေမူ သိပ်မရှိတာက လွဲရင်..တစ်ခုခု မှားယွင်းနေတာ မျိုးတော့ မဟုတ်ပေ..။
‘သူက ဘယ်လိုလုပ် ဒီအဆင့်ထိတောင် ရောက်လာနိုင်ရတာလဲ..’
ဆန်နီ အနေနဲ့ ဘာမှထပ်ပြီး သင်ယူစရာ မရှိတော့တာကြောင့်..ခုခံ တိုက်ခိုက်နေတဲ့ အနေအထားကို ပြောင်းလဲလိုက်ပြီး..တိုက်ခိုက်ချက် တစ်ခု အဖြစ်ကို ပြောင်းလဲလိုက်ပါတယ်..။ဒါက ရန်သူရဲ့ ပုခုံးမှာ အနည်းငယ် တိမ်တဲ့ ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့တယ်..။သွေးစက်အနည်းငယ်ကတော့..မြေအောက်ကမ္ဘာ ဝတ်ရုံတော် ပေါ်ကို ကျဆင်းသွားခဲ့ပါတယ်..။ပြီးတော့ နောက်ထပ် တစ်ခနအတွင်းမှာပဲ..ဒီလူက ပြိုင်ပွဲရဲ့ ဒီအဆင့်အထိ ဘယ်လိုဖြစ်ပြီး တက်ရောက်လာနိုင်တာလဲ ဆိုတာကို သိရှိသွားခဲ့တယ်..။
ရုတ်တရက် သွေးတွေက ကြက်သွေးရောင် အလင်းတွေနဲ့ တောက်ပလာပြီး..ပေါက်ကွဲထွက်သွားခဲ့တယ်..။ဒါက ဆန်နီကို နောက်ကို လွင့်စင်သွားစေပြီး..လက်ထဲက ဝိဉာဉ်မြွေ ပါ လွတ်ကျသွားခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..သူ့ရန်သူရဲ့ ဒဏ်ရာတွေက မှေးမှိန်တဲ့ အနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာခဲ့တယ်..။နောက်ထပ်တစ်စက္ကန့်မှာတော့..သူ့ရဲ့ လှုပ်ရှားမူတွေက ပိုမိုလျင်မြန်လာခဲ့ပြီး.တိုက်ခိုက်မူတွေကလည်း အလေးချိန်ပိုပါဝင်လာခဲ့ပါပြီ..။
‘..သောက်ကျိုးနဲ..’
ဆန်နီဟာ..သေစေနိုင်လောက်တဲ့ ခုတ်ချက်ကို ရှောင်တိမ်းပြီး ဘေးဘက်ကို လှိမ့်လိုက်ရတယ်..။ပြီးတာနဲ့ အိုဒါချီဓားရဲ့ လက်ကိုင်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပါတယ်..။ဒီကနေတဆင့် သူက နောက်ထပ် တိုက်ခိုက်မူကို အချိန်မှီလေး ကာကွယ်သွားနိုင်ခဲ့ပြီး..နောက်ကို ခြေလှမ်းအနည်းငယ် ထပ်မံလွင့်စင်သွားခဲ့ပြန်ပါတယ်..။
သူက ဖုန်တက်နေတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ လူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အတွက်ကို ရုန်းကန်နေခဲ့ရတယ်..။ဒီဖြစ်စဉ်တစ်ခုလုံးမှာတော့..နောက်ထပ် သွေးတစ်စက်က..သူ့အပေါ်ကို ကျရောက်လာခဲ့ပြန်ပါတယ်..။
‘ချီး..’
ဝတ်ရုံတော်က သူ့ရဲ့ ပေါက်ကွဲမူကို တောင့်ခံနိုင်ခဲံတယ်..။သူ့ရဲ့ မျက်နှာပြင်က အက်ကွဲမူတွေ မဖြစ်ပေါ်ခဲ့ပေမယ့်..ဒီ အကာအကွယ်က အားနည်းသွားတယ် ဆိုတာကိုတော့ ဆန်နီ ပြောနိင်ပါတယ်..။သူ နောက်ကို ခုန်ဆုတ်ကာ အံ့ကို ကြိတ်ထားလိုက်ပြီး..ဆက်လက်တိုက်ခိုက်လိုက်တယ်..။
မကြာခင်မှာတော့..သူ့ရဲ့ သံဿယဖြစ်မူတွေကို အတည်ပြုနိုင်သွားခဲ့ပါပြီ..။ရန်သူက သွေးနဲ့ ပတ်သက်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့တာပါ..။သူ့ရဲ့ ပထမစွမ်းရည်က.. သွေးကို ဖောက်ခွဲစေနိုင်ပြီး..ဒုတိယ စွမ်းရည်ကတော့..သွေးထွက်လာတိုင်းမှာ သူ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်းတွေက ပိုမို မြင့်တက်လာခဲ့တာပါ..။ဒီတော့..ဆန်နီ ထိရောက်အောင် တိုက်ခိုက်နိုင်တဲ့ အချိန်တိုင်းမှာ..ဒီလူကြီဂက ပိုပိုပြီး သန်မာလာပါလိမ့်မယ်..။တစ်ချိန်တည်းမှာပဲ..ဆန်နီကတော့..သွေးစက်တွေကို ရှောင်ရှားတာ ဒါမှမဟုတ် နောက်ထပ်ပြင်းထန်တဲ့ ပေါက်ကွဲမူတစ်ခုကနေ..ရှင်သန်နိုင်အောင် ကြိုးစားရမှာပါ..။
…သို့ပေမယ့် သူ မစိုးရိမ်ပါဘူး..။
အခုချိန်မှာတော့…ဒီပြိုင်ပွဲအတွင်းမှာ ကောင်းကောင်းလုပ်ဆောင်နိုင်နေတဲ့..ယှဉ်ပြိုင်သူတွေက အမျိုးအစားလေးခု ရှိနေခဲ့တယ် ဆိုတာကို ဆန်နီ နားလည်လိုက်တယ်..။ပထမအမျိုးအစားကတော့..ကျွမ်းကျင်မူကို အမှီပြုပြီး ၊ ဒုတိယအမျိုးအစားကတော့..အားကောင်းတဲ့ စွမ်းရည်ကို အမှီပြုထားကြပါတယ်..။ပြီးတော့ တတိယအမျိုးအစားက ထိပ်တန်းအဆင့်..မှတ်သားမူတွေကို အမှီပြုထားခဲ့ကြတယ်..။
နောက်ဆုံးနှစ်ခုက ဖြေရှင်းရတာ အတော်လေးကိုး လှည့်စားနိုင်စွမ်းရှိပေမယ့် ပထမအမျိုးအစားကပဲ..အမှန်တကယ် အန္တရာယ်များတာပါ..။
ဒါပေါ့ စတုတ္ထတစ်ခုကတော့..အကြမ်းတမ်းဆုံးပါပဲ..။ဒီလူတွေက..ကျွမ်းကျင်မူရော ၊ အားကောင်းတဲ့ စွမ်းရည် တွေရော ရှိကြပြီး တစ်ချိန်တည်းမှာပဲ..အဆင့်မြင့် မှတ်သားမူတွေကိုပါ..ကိုင်ဆောင်ထားကြပါသေးတယ်..။ကံကောင်းချင်တော့..ဒီလိုလူတွေက အများကြီး မရှိကြပေ..။
ဒီငနဲကတော့..သိသာစွာပဲ ဒုတိယ အမျိုးအစားထဲမှာ ပါဝင်နေပြီး..သူ့ရဲ့ ကဏ္ဏစွမ်းရည် အပေါ်မှာ..အလွန်အမင်းကို မှီခိုနေခဲ့ပါတယ်..။ဒီလူကို အနိုင်ယူဖို့အတွက် ဆန်နီအနေနဲ့ ကောင်တာ ထောက်နိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့ပဲ လိုအပ်တာပါ..။ပြီးတော့..ဒီအခြေအနေမှာ..တန်ပြန်တိုက်ခိုက်မယ့် နည်းလမ်းက အတော်လေးကို သိသာလှပါတယ်..။
သူ တိုက်ခိုက်လိုက်တဲ့ ဒဏ်ရာတိုင်းက ဒီလူကို..ပိုပြီုး သန်မာလာစေမှာ ဖြစ်တာကြေင့်..သူက ဒီ ခွေးသားကို တစ်ချက်တည်းနဲ့ အဆုံးသတ်နိုင်ရင် ရပါပြီ..။
ပြီးတော့..ဒီ ထူးဆန်းတဲ့ စစ်သည်တော်က သူ့ရဲ့ နည်းစနစ်ပိုင်းေ တွကို တိုးတက်မူရှိအောင် မလေ့ကျင့်ထားတာကြောင့်..ဒီလိုလုပ်ဖို့အတွက် ဆိုတာ ခက်ခဲမှာ မဟုတ်ပေ..။
နောက်ထပ် ပေါက်ကွဲမူတစ်ခု ပြီးဆုံးးသွားတဲ့ အချိန်မှာတော့..ဆန်နီဟာ..မြေအောက်ကမ္ဘာဝတ်ရုံတော်ရဲ့ အလေးချိန်ကို မြင့်တင်လိုက်ပြီး..နောက်ဆက်တွဲ ထိခိုက်မူတွေကို တောင့်ခံထားလိုက်တယ်..။ပြီးတဲ့နောက်မှာမှ ဒါကို ငှက်တောင်ပံ လိုမျိုး ပြန်လည်ပေါ့ပါး စေလိုက်ပြီး..ရှေ့ကို တက်သွားလိုက်ပါတယ်..။သူက ရန်သူရဲ့ ဟန်ပန်ကို နားလည်ထားပြီးပြီ ဖြစ်တာကြောင့် ဒီလူနောက်ထပ် ဘာဆက်လုပ်မလဲ ဆိုတာကို ခန့်မှန်း မိထားပြီးပါပြီ..။
တကယ်တော့..ဆန်နီက ဒီလူကို သူ လှုပ်ရှားစေချင်တဲ့ ပုံစံအတိုင်း လှုပ်ရှားလာအောင် တွန်းအားပေးထားခဲ့တာပါ..။
သူ့ရဲ့ ရန်သူက ဓားကို မြောက်ပြီး တားဆီးလိုက်တဲ့ အချိန်မှာတော့..ဆန်နီဟာ ခန္တာကိုယ်ကို လှည့်လိုက်ပြီး သူ တိုက်ခိုက်တဲ့ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပါတယ်..။သူက ဘေးဖက်ဆီကို ဦးးတည်လိုက်ပြီး..ဓားကို တွန်းလွှတ်လိုက်တယ်.။ဝိဉာဉ်မြွေက ရန်သူရဲ့ ဓားနဲ့ အနည်းငယ် ပွတ်တိုက်သွားခဲ့ကာ..သံချေးတက်နေတဲ့ ခေါင်းစွပ်ရဲ့ မျက်လုံးနေရာ ကြားထဲ တည့်တည့်ကို တိုးဝင်သွားခဲ့ပါတယ်..။
ချက်ချင်းဆိုသလိုပဲ..ဆန်နီဟာ အရိပ်ကို ရုတ်သိမ်းလိုက်ပြီး..နောက်ကို တတ်နိုင်သမျှ ဝေးအောင် ပြန်ဆုတ်ခွာလိုက်တယ်..။
သူက အချိန်မှီလေးပါပဲ..။
သံကြေးတက်နေတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ လူကြီးရဲ့ ခန္တာကိုယ်က တုန်လှုပ်သွားခဲ့ပြီး..ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပါတယ်..။ဒါက..ခြံဝန်း တစ်ခုလုံးကိုတောင် တုန်ရီသွားစေခဲ့တယ်..။တကယ်လို့ ဆန်နီသာ အနည်းငယ်လောက် နောက်ကျသွားခဲ့မယ်ဆိုရင် သူလည်း ဒီပေါက်ကွဲမူကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပါပြီ..။ဒီလိုဆိုရင် သူ့ရဲ့ ရန်သူက အုတ်ဂူထဲကနေပြီး သူ့ကို လက်စားချေနိုင်သွားပါလိမ့်မယ်,,၊
ကောင်းပြီလေ…လက်ရှိအခြေအနေအရဆိုရင်တော့…ပြိုင်ပွဲကနေ ထုတ်ပယ်ခံရပြီးတဲ့ အချိန်မှာပေါ့..။
‘ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ..။ဟူး…ဒါကြောင့်ပဲ နိုးထသူတွေက အန္တရာယ်များကြတာ ဖြစ်ရမယ်..။ဒီ ငနဲတွေက ဘယ်လို ထူးဆန်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြရမလဲ ဆိုတာကို သိနိုင်မှာ မဟုတ်ဘူး..’
လူအုပ်ကြီးက ကျေနပ်အားရစွာ လက်ခုပ်တွေတီးနေကြတုန်းမှာပဲ..အိပ်မက်ရူခင်းရဲ့ ကြေညာသံက ထွက်ပေါ်လာခဲ့တယ်..။
“ယှဉ်ပြိုင်သူ ဘာလဲ..မဟုတ်ဘူး..ခနလေး..က ထုတ်ပယ်ခံလိုက်ရပါပြီ..”
သို့ပေမယ့် ဆန်နီကတော့ ဒီအရာကို အာရုံမစိုက်နိုင်ခဲ့ပေ..။
ဘာလို့လဲဆိုတော့..တစ်ချိန်တည်းမှာပဲ သူက အခိုက်အတန့်ရဲ့ တီးတိုးပြောတဲ့ အသံကို ကြားလိုက်ရလို့ပါ။
သင်က မှတ်သားမူ တစ်ခုကို လက်ခံရရှိပါသည်
……
ခနအကြာမှာတော့..ဆန်နီက အနက်ရောင် လေဟာနယ်ထဲကို ပြန်ရောက်သွားခဲ့တယ်..။သူက တောက်ပတဲ့ ကြိုးမျှင် အတုအယောင်တွေကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။ဒီပုံရိပ်ယောင် ဆိုတာက သူတောင်စင်တစ်ယောက်ရဲ့ ကဏ္ဍစွမ်းရည်နဲ့ ဖန်တီးထားတဲ့ အရာတစ်ခုပါ..။ဒါက အတုအယောင် VR စနစ်နဲ့ ပြုလုပ်ထားတာ မဟုတ်ပေ..။
သို့ပေမယ့် သူ မသိထားတဲ့ အရာက..ဒီနေရာမှာ ပုံမှန်လိုအပ်ချက်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မူ မရှိပဲ..တစ်စုံတစ်ယောက်က မှတ်သားမူတစ်ခုကို လက်ခံရရှိနိုင်တယ် ဆိုတာပါပဲ..။ဒါက မှတ်သားမူရဲ့ ပိုင်ရှင်နဲ့ ပုံရိပ်ယောင် အခြေအနေမှာ ထိတွေ့ရမယ် ဆိုရင်တောင်ပါ..။သိုပေမယ့်..တကယ်လို့ ဆုလာဒ်ကို ပေးပို့ပေးတဲ့ သူက သူတော်စင်ကိုယ်တိုင် ဖြစ်နေမယ် ဆိုရင်တော့..အရာအားလုံးက အဓိပ္ပာယ် ရှိသွားပါပြီ..။
သို့ပေမယ့် ပိုပြီး အရေးကြီးတာက..သူက မှတ်သားမူတစ်ခု လက်ခံရရှိထားတယ် ဆိုတဲ့ အချကိပါပဲ..။
သူ့ မျက်လုံးတွေက တောက်ပနေခဲ့တယ်..။
ဆန်နီ အနေနဲ့ သေးငယ်တဲ့ ဆုတစ်ချို့ကို ရယူဖို့ အရည်အချင်း ပြည့်မှီပြီးထားပါပြီ..။ဒီဆုအများစုက..ခရက်ဒက် အမှတ် နဲ့ ဝိဉာဉ်အမြုတေ တွေပါပဲ..။သို့ပေမယ့် သူကတော့ ဒီဆုတွေကို ရယူသွားမှာ မဟုတ်ပါဘူး..။တကယ်လို့ စာရွက်စာတမ်း ကိစ္စတွေ မပါဝင်ပဲ..ရယူနိင်တဲ့ နည်းလမ်းတွေ ရှိတယ် ဆိုရင်တောင် ဆန်နီကတော့ ဒီနည်းလမ်းကို မသိပေ..။
သို့ပေမယ့် ..မှတ်သားမူတွေကတော့ အတော်လေးကို ကွာခြားပါတယ်..။
အချက်အလက်ကို ထုတ်ဖော်လိုက်ပြီး သူ အလျင်အမြန်ပဲ ဖတ်လိုက်တယ်..။
မှတ်သားမူ - ရေခဲ မှတ်ဉာဏ်
‘ခနလေး..ဒီ အသံက ရင်းနှီးနေပါလား..။ငါ့မှာ မီး မှတ်ဉာဏ် ဆိုတဲ့ အဆောင်တစ်ခု ရှိထားပြီးပြီ မဟုတ်ဘူးလား..’
အမှတ်တကယ်ပဲ..သူ လက်ခံရရှိထားတဲ့ မှတ်သားမူတွေက ကြောက်ဖို့ကောင်းလောက်အောင် ဆင်တူနေခဲ့တယ်..။ဒါက နောက်ထပ် အကာအကွယ် အဆောင်တစ်ခုပါ..။
မှတ်သားမူ အဆင့် - တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် - ၁
မှတ်သားမူ အမျိုးအစား - အဆောင်
မှတ်သားမူ ဖော်ပြချက် - နေလုံးကြီး ပြန်လည်ရောက်ရှိလာမယ် ဆိုရင်တော့..သူတို့က ဘယ်တော့မှ အဆုံးမသတ်သည့် ဆောင်းရာသီ နေ့ရက်တွေကို ပြန်လည် လွမ်းဆွတ်နေကြမည် ဖြစ်သည် ။
မှတ်သားမူ တိုးမြှင့်ချက် - ခါးသက်တဲ့ အေးစက်မူ
တိုးမြှင့်ချက် ဖော်ပြမူ - အဆောင်က ဝတ်ဆင်သူအား အအေးဓာတ်ကို တောင့်ခံနေနိုင်သည့် စွမ်းရည်ကို ပေးအပ်နိုင်သည်..။
မျက်နှာဖုံးရဲ့ နောက်ဖက်မှာရှိနေတဲ့ သူ့ရဲ့ မျက်နှာပေါ်မှာတော့ ကြီးမားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါပြီ..။
‘အဲတာပဲ…အဲတာက ငါပြောနေခဲ့တဲ့ အရာပဲ..’
အပိုင်း ( ၅၄၀ ) ပြီး၏။