ရှေးဟောင်း သစ်တော..
Vol. 36 Ch. 532
ရွှေရောင်စာသား ပျောက်ကွယ်သွားတဲ့အချိန်မှာတော့..ဆန်နီဟာ..သူ့ကိုယ်သူ ပုံရိပ်နှစ်ခုရဲ့ ရှေ့မှာရောက်နေတာကို တွေ့လိုက်ရတယ်..။တစ်ခုကတော့..တောက်ပြောင်တဲ့…အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ သူရဲကောင်းတစ်ယောက်က..သွေးစွန်းနေတဲ့ ဓားကို ကိုင်ဆောင်ထားတဲ့ ပုံပါ..။တစ်ဖက်မှာတော့..ရှေးဟောင်းအကာအကွယ်ကို ဝတ်ဆင်ထားတဲ့..စစ်သည်တော်နဲ့..သူရဲကောင်း တို့က..ကျောချင်းကပ် ဝတ်ဆင်ထားခဲ့ပါတယ်..။သူတို့ရဲ့ နောက်ဖက်မှာတော့..သွယ်လျတဲ့..မုဆိုးမိန်းကလေး တစ်ယောက် သူမရဲ့ လေးကို ဆွဲတင်ကာ ချိန်ရွယ်ထားခဲ့တယ်..။
သာယာတဲ့ ကြေညာသံ တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။
“ယှဉ်ပြိုင်သူ …သင့်ရဲ့ အိပ်မက်ကို ရွေးချယ်ပါ..”
ပုံရိပ်တွေပေါ်မှာ စာသားအချို့က ထွက်ပေါ်လာခဲ့ပါတယ်..။
“ ခမ်းနားမူ အိပ်မက် “ “ ရဲဖော်ရဲဖက် စိတ်ဓာတ်..”
‘ခေါင်းလောင်းတွေ ဝဇီတွေက ဘာတွေ ဖြစ်နေတာလဲ.’
ဆန်နီ မျက်လုံးကျဉ်းမြောင်းသွားခဲ့တယ်..။
ရွေးချယ်စရာကတော့..အတော်လေးကို ရိုးရှင်းပါတယ်..။ပုံတစ်ပုံကတော့..သူ့ကို သီးခြားတစ်ယောက်ချင်းပြိုင်ပွဲကို ပို့ပေးတဲ့ အချိန်မှာ..တစ်ခြား ပုံတစ်ပုံကတော့..သူ့ကို..အဖွဲ့လိုက် ပြိုင်ပွဲဆီကို ပို့ပေးသွားမှာပါ..။
အိပ်မက် ပြိင်ပွဲက အခြေခံအားဖြင့် ပြိုင်ပွဲနှစ်ခုကို တစ်ချိန်တည်း ကျင်းပလေ့ ရှိပါတယ်..။ဒီနည်းလမ်းနဲ့ဆိုရင်..တိုက်ခိုက်ရေး စွမ်းရည်ကို မပိုင်ဆိုင်ထားကြတဲ့ နိုးထသူတွေကလည်း..ပါဝင်ယှဉ်ပြိုင်ပြီး..ဆုလာဒ်တွေ ရရှိနိုင်ပါလိမ့်မယ်..။ဒါက တကယ်ကို ကောင်းမွန်တဲ့ စနစ် တစ်ခုပါပဲ..။
ဆန်နီကတော့..အဖွဲ့တစ်ခုကို ရှာဖို့ အတွက် စိတ်ကူးမရှိပေ..။ဒီတော့..သူက ရိုးရှင်းစွာပဲ..သူရဲကောင်းတစ်ယောက်တည်း ရှိနေတဲ့ ပုံကို ရွေးချယ်လိုက်ပြီး..မျက်လုံးကို မှိတ်ထားလိုက်ပါတယ်..။
ပုံမှန် အိပ်မက်ရူခင်း တိုက်ပွဲတွေနဲ့..မတူတာက..ဒီပြိုင်ပွဲမှာ များပြားလှတဲ့..တိုက်ပွဲတွေ ပါဝင်နေတာပါပဲ..။ဒီတိုက်ပွဲတွေကိုလည်း..တိုက်ရိုက်ထုတ်လွင့်ထားပြီး..အချိန်ဇယားအလိုက်..တင်ဆက်သွားကြပါလိမ့်မယ်..။ဒီတော့…သူက ပထမအဆင့်..အရည်အချင်းစစ်ဆေးမူ အတွက်..စောင့်ဆိုင်းရဦးမှာပါ..။
ဆန်နီ ဟာ..အမှောင်ထဲမှာ ရပ်နေရင်း အကူအညီမဲ့စွာပဲ…အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်..။
….
“ယှဉ်ပြိုင်သူ…သင့်ရဲ့ လက်နက်ကို ဆွဲကိုင်ပြီး ပြင်ဆင်ထားပေးပါ..။အတော်ဆုံး တွေကပဲ..ရှင်ကျန်ရစ်နိုင်ပါလိမ့်မယ်..”
တောက်ပတဲ့ အလင်းရောင်တစ်ခုက အပေါ်ဖက်ကနေ ပေါ်ထွက်လာခဲ့တယ်..။ပြီးတာနဲ့..သူက စိမ်းစိုနေတဲ့ တော်အုပ်ကြီး တစ်ခုရဲ့ အလယ်မှာ ရောက်နေတာကို တွေ့လိုက်ရပါတယ်..။သူ့ ပတ်ဝန်းကျင်မှာတော့…သစ်ပတ်တွေက..အနည်းငယ် လှုပ်ခတ်နေကြပြီး..သူတို့ရဲ့ အရွက်တွေကလည်း..ညှင်သာတဲ့လေတိုက်ခတ် သံကြောင့် အသံမြည်နေခဲ့ကြတယ်..။
အဝေးတစ်နေရာမှာတော့.တည်ငြိမ်တဲ့ ရေကန်တစ်ခုက..နေရောင်ကြောင့် အလင်ပြန်နေခဲ့ပါတယ်..။ပြီးတော့..သန့်ရှင်းတဲ့ ရေတွေလည်း ရှိနေခဲ့တယ်..။အသက်ရူမှားလောက်အောင် လှပတဲ့. ရဲတိုက်ကြီးတစ်ခုကလည်း..ကောင်းကင်ပေါ်ကို ထိုးထွက်နေပါသေးတယ်..။ရဲတိုက်ကို ကြီးမားတဲ့ အညိုရောင် ကျောက်တုံးကြီးတွေကနေ တည်ဆောက်ထားပြီး..မြို့တစ်မြို့စာလောက်ကို..ကြီးမားပါတယ်..။သူ့ရဲ့ ရှေးဟောင်းနံရံကြီးတွေကတော့..နှစ်ပေါင်းထောင်နဲ့ချီအောင် ကြာမြင့်တဲ့ စစ်ပွဲတွေရဲ့ ဒဏ်ကို ခံထားရပုံပေါ်ပြီး..ထိခိုက်မူ ဒဏ်ချက်တွေ ရှိနေခဲ့တယ်..။ဒါတောင်မှ..ဒီဒဏ်ချက်တွေက..ကြီးမားတဲ့ ခံတပ်ကြီးရဲ့ အသက်ရူမှားလောက်တဲ့ လှပမူတွေကို..မဖျောက်ဖျက်နိုင်ခဲ့ပါဘူး..။
တိုက်ပွဲကွင်းပြင်က အတော်လေးကို ကျယ်ပြောပြီး..သစ်တောကြီးတစ်ခုလုံးကို ပါဝင်ထားခဲ့တယ်..။ဆန်နီ အနားမှာ နိူးထသူ တစ်ယောက်မှ ရှိမနေတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ..။
အိပ်မက်ပြိုင်ပွဲရဲ့ အရည်အချင်းစစ် အဆင့်အဖြစ် ယှဉ်ပြိုင်မူတွေ အတွက်ကိုတော့..ခမ်းနားတဲ့တော်ဝင် တိုက်ပွဲကြီး တစ်ခု အဖြစ် ဖော်ပြထားခဲ့ပါတယ်..။ပြိုင်ပွဲဝင် အယောက်တစ်ထောင်က..ကြီးမားတဲ့ နေရာတစ်ခုကို ပို့ဆောင်ချင်း ခံခဲ့ကြရတယ်..။ပြီးတော့..နောက်ဆုံးယှဉ်ကျန်ရစ်တဲ့ သူကသာ လျင် နောက်ထပ် အဆင့်ကို တက်ရောက်ခွင့်ရရှိမှာပါ..။
သူတို့ရဲ့ စွမ်းဆောင်မူတွေကို မူတည်ပြီးတော့လည်း…နေက်ထပ်လူတစ်ချို့က..ပြိင်ပွဲကို ဝင်ရောက်ခွင့် ရနိုင်ကြပါသေးတယ်..။သို့ပေမယ့်..ပြိင်ပွဲကို ဝင်ရောက်ခွင့်ရဖို့ သေချာတဲ့နည်းလမ်းကတော့..နောက်ဆုံး ရှင်ကျန်သူ ဖြစ်နေဖို့ပါပဲ..။ဒါက ပါဝင်ယှဉ်ပြိုင်တဲ့ အရေအတွက် များပြားလွန်းတာကြောင့်..လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ကျင့်သုံးလာခဲ့တဲ့ စနစ်တစ်ခုပါ..။
ဒီကို လာရောက်ယှဉ်ပြိုင်ကျတဲ့ နိုးထသူ အများစုက သိပ်ပြီး မကျွမ်းကျင်ကြတာကြောင့်..သီးသန့်တိုက်ခိုက်မူတိုင်းကို လိုက်ပြီး..စီစဉ်တာ ၊ တိုက်ရိုက်ထုတ်လွင့်တာက သိပ်ပြီး လက်တွေ့မကျသလို..အကျိုးအမြတ်လည်း မရှိပါဘူး..။တော်ဝန် တိုက်ပွဲက..အားနည်းသူတွေကို ဖြုတ်ချပြီး..ကြည့်ရူသူတွေအတွက် စိတ်ဝင်စားစရာ ပြိုင်ပွဲတွေကို ဖန်တီးဖို့ ထည့်သွင်းပေးထားခဲ့တာပါ..။
ဒါ့ပေါ့ ဆန်နီ ဒါကို သိထားပြီးသားပါ..။သူက လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး..သေချာလေ့လာ ထားခဲ့ပြီးပါပြီ..။
…သူ ဘယ်နေရာကို ရောက်နေတာလဲ ဆိုတာကိုတော့..လေ့လာစရာတောင် မလိုအပ်ခဲ့ပေ..။
“ဝိုး..ဒါက အပြင်မှာ မြင်လိုက်ရတော့..ပိုပြီးတောင် လှပနေသလိုပဲ..”
ဘယ်သူက ဘတ်ရှင် ကို မသိပဲ နေမှာလဲ..။
ဒီနှစ်မှာ..ဗာလာကလန်က ပြိုင်ပွဲအတွက် စပွန်ဆာ ပေးထားခဲ့တာကြောင့်..တိုက်ပွဲကွင်းပြင်ကိုလည်း..သူတို့အင်အားစု နဲ့ ဆင်တူအောင် ဖန်တီး ထားခဲ့ပါတယ်..။ဒီနေရာကတော့..အိပ်မက်ကမ္ဘာထဲက..အကျော်ကြားဆုံး လူသား ခံတပ် သုံးခုထဲက တစ်ခု အပါအဝင် ဖြစ်တဲ့..ဘတ်ရှင် ပါပဲ..။
ဆန်နီက ဒီရှေးဟောင်း ရဲတိုက်ဆီကို တစ်ခါမှ မရောက်ဖူးခဲ့ပေမယ့်..သူ့ရဲ့ ပုံရိပ်က အစောကတည်းက ကျော်ကြားနေခဲ့တာပါ..။သူ ဒါကို ချက်ချင်းပဲ မှတ်မိနိုင်ခဲ့တယ်..။
‘ဒီတော့..ဒါက..အရိုးရေကန်ပဲ ဖြစ်ရမယ်..’
ပြီးတော့..သူ့ဘေးနားပတ်ဝန်းကျင်မှာ ရှိနေတာက..ဗာလာကလန်ရဲ့ အန်ဗီ ရှင်းလင်းဖျက်ဆီးခဲ့တဲ့..ကျိန်စာသင့် တောအုပ်ပါပဲ..။
ဒါပေါ့..ဒီရက်တွေမှာတော့..ဘတ်ရှင်ကို ဝန်းရံထားတဲ့ ကုန်းမြေ အနေအထခါးက အတော်လေးကို ကွဲပြားပါတယ်..။အဲမှာက အပျက်အဆီးတွေ အများကြီး ဝန်းရံထားခဲ့ပြီး..ကြောက်မက်ဖွယ်ရာ တိုက်တန် ရဲ့ တိုက်ခိုက်တဲ့ ခြေရာလက်ရာ တွေလည်း ရှိနေပါသေးတယ်..။လူသားတွေကတော့..ဒီနေရာမှာ စခန်းချပြီး..အိပ်မ်ကဆိုးသားရဲတွေ ကမ္ဘာကို မဝင်နိုင်အောင် ကာကွယ်ထားကြပါတယ်..။
သို့ပေမယ့်..အရိပ်ရူခင်းရဲ့ ကျေးဇူးကြောင့်..ဆန်နီဟာ ဒီနေရာကို မူလက ရှိနေခဲ့တဲ့ အချိန်အတိုင်း စိမ်းလန်းစိုပြေ နေသလို ခံစားနေခဲ့ရတယ်..။သို့ပေမယ့် တစ်ခုတည်းသော ကွာဟချက်က..ဒီ ဟန်ဆောင်ထားတဲ့ တိတ်ဆိတ်ငြိမ်သက်မူရဲ့ နောက်မှာ..ကြောက်မက်ဖွယ် အမှောင်ထု မရှိတော့ပါဘူး..။
‘အာ..ဘယ်လောက် ကောင်းလိုက်သလဲ..’
ချိန်းကျွန်းစု နဲ့ စာရင် ဒီနေရာက အတော်လေးကို ချမ်းမြေ့ တိုက်ဆိတ်တာပါ..။
သူ တွေးနေတုန်းမှာပဲ..အိပ်မ်ကရူခင်းရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်..။
“ယှဉ်ပြိုင်သူ ခွေးသား ၁၉ - ထွက်သွားပါပြီ..”
ဆန်နီ စိတ်ဝင်စားသွားခဲ့တယ်..။
‘ကောင်းပြီလေ..ဒါက အတော်လေးကို မြန်လွန်းတာပဲ..။ဒီတော့..အဲ့တစ်ယောက်က ဘာဖြစ်သွားမှာလဲ..”
သူ ခေါင်းခါယမ်းလိုက်ပြီး..ဝိဉာဉ်မြွေကို ကြီးမြတ်တဲ့ အိုဒါချီ ဓား အဖြစ်ေ ပြာင်းလဲခိုင်းလိုက်တယ်..။ပြီးတာနဲ့..သစ်တောထဲကို တည်ငြိမ်စွာ..လျောက်ဝင်သွားခဲ့ပါသေးတယ်…။
…..
တရားဝင် တိုက်ရိုက်ထုတ်လွင်မူ အစီစဉ်မှာတော့..လတ်တလောမှာ..ထုတ်ပယ်ခံလိုက်ရတဲ့ ကစားသမားရဲ့ ပုံရိပ်ကို ပြသထားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..အတော်လေး ပေါ့ပါးတဲ့လေသံ နဲ့ ပြောလာခဲ့ပါတယ်..။
“ဘယ်လို သတ်ဖြတ်မူလဲ..။ပွဲစပြီး..စက္ကန့်ပိုင်း အကြာမှတင် ငါတို့က ဒီလိုအရာကို မြင်တွေ့နေရပြီ..။ခွေးသား ၁၉ က နောက်နှစ် ကြရင် ကံကောင်းပါစေလို့ ဆုတောင်းပေးကြရအောင်..”
တိုက်ရိုက်ထုတ်လွင့်မူရဲ့ ထောင့်နေရာမှာတော့..ခန့်ညားတဲ့ လူငယ်တစ်ယောက်ရဲ့ ပုံရိပ်က ပေါ်လာခဲ့ပါတယ်..။သူက ကင်မရာကို တောက်ပတဲ့ အပြုံးနဲ့ ကြည့်ပြီး ဆက်လက်ပြောနေခဲ့တယ်..။
“ပြီးတော့..ငါးကြိမ်မြောက် အိပ်မက်ပြိုင်ပွဲကတော့..စတင်လိုက်ပါပြီ..။ဟုတ်ပါတယ်..ကျွန်တော်ကတော့..ဆိုင်းလပ် ပါ..။အားလုံးရဲ့ အကြိုက်ဆုံး အစီစဉ်တင်ဆက်သူ နဲ့..အိပ်မက်ဆိုး သားရဲ ကျွမ်းကျင်သူ ဆိုလည်း ဟုတ်ပါတယ်..။လက်ခုပ် မတီးကြပါနဲ့ဦး..ဟီးဟီး..။ကောင်လေးတို့..ဒီနေ့မှာ ကျွန်တော်က အားလုံးအတွက် စပရိုက် တစ်ခု လုပ်ပေးထားပါတယ်..။ဒီနေ့ကျွန်တော်နဲ့အတူ အစီစဉ်တင်ဆက်ဖို့အတွက် ဘယ်သူ ရောက်နေတာလဲ ဆိုတာကို ခန့်မှန်းကြည့်ပါဦး..”
လူငယ်လေးဟာ..ရပ်တန့်လိုက်ပြီး.မှ..စခရင်ရဲ့ တစ်ခြားတစ်ဖက်ကို ညွှန်ပြလိုက်ပါတယ်..။အဲဒီနေရာမှာတော့..ထက်ရှတဲ့ ပုံသဏ္ဌာန် ၊ နက်ရှိုင်းတဲ့ မျက်လုံးနဲ့ မုတ်ဆိတ်တွေ ရှိနေတဲ့ လူတစ်ယောက် ပေါ်လာခဲ့တယ်..။
“ဟုတ်ပါတယ်…ခင်ဗျားတို့ အမြင်မှားနေတာ မဟုတ်ပါဘူး..။အဲတာကတော့…အိပ်မက်ချန်ပီယံဟောင်း လည်းဖြစ် ကြီးမြတ်တဲ့..စီနီယာ မာစတာ လည်း ဖြစ်တဲ့ ဒီမီ ပဲ ဖြစ်ပါတယ်..။သူ့ကို နွေးထွေးစွာ ကြိုဆိုလိုက်ရအောင်ပါ..”
မှတ်ချက်တွေ အများကြီးက မက်ဆေ့ ဆက်ရှင်ကို တက်လာတဲ့ အချိန်မှာတော့.လူအိုကြီးက ပြုံးလိုက်တယ်..။
“ဟေး…အားလုံးပဲ..”
အဲ့အချိန်မှာတော့..ဆိုင်းလပ် က ထပ်ပြောလာခဲ့ပါတယ်..။
“ယှဉ်ပြိုင်သူတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ့ရဖို့ အချိန်ယူရဦးမှာ ဖြစ်တာကြောင့်..တကယ့်တိုက်ပွဲတွေ စတင်ဖို့ ဆိုတာက အချိန်လိုအပ်ဦးမယ်လေ..။ဒီတော့..ကျွန်တော်တို့ စောင့်ဆိုင်းနေတဲ့ အချိန်မှာ ဒီမီ ကို မေးခွန်း အနည်းငယ် မေးသွားမှာပါ..”
သူက များပြားလှတဲ့ နိုးထသူတွေ တောထဲမှာ သွားလာနေကြတာကိုရိုက်ပြထားတဲ့..တိုက်ရိုက်ထုတ်လွင့်မူ ကို ကြည့်လိုက်တယ်..။သူတို့ထဲက တစ်ချို့က..သေချာဝတ်ဆင်ထားကြပြီး..ကျွမ်းကျင်ပုံရကြပေမယ့်..တစ်ချို့ကတော့..ဒီလို မဟုတ်ခဲ့ပါဘူး..။
“ပထမဆုံးအနေနဲ့..ဒီနှစ်မှာ..ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့စားရင်းသွင်းတဲ့ အရေအတွက်က စံချိန်တင် များပြားခဲ့တယ်လေ..။အိပ်မက်ရူခင်းရဲ့ တိုက်ခိုက်ရေးသမားဟောင်း တစ်ယောက်အနေနဲ့ ဒါကို ဘယ်လို သဘောရပါသလဲ..ဒီမီ..”
လူအိုကြီးက ပြုံးလိုက်ပြီး..
“ပိုမိုများပြားတဲ နိုးထသူတွေက..ပုံရိပ်ယောင်ဓားကို ကိုင်ဆွဲလာကြတာ တကယ်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါ..။သူတို့ထဲက တစ်ချို့ကတော့..ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို သိနေကြပြီးသားပဲလေ..။ဒါပေါ့..ကျွန်တော်အနေနဲ့..ကြီးမြတ်တဲ့ ဗာလာ ကလန် ရဲ့ ရက်ရောမူတွေကိုလည်း အသိအမှတ် ပြုရမှာပါ..။သူတို့က..ဒီနှစ်မှာ အတော်လေး ကောင်းမွန်တဲ့ ဆုတွေကို သတ်မှတ်ထားခဲ့တာလေ.။မဟုတ်ဘူးနော်..ကျုပ်က မနာလို ဖြစ်နေတာ မဟုတ်ဘူး..လုံးဝပဲ..”
ဆိုင်းလပ် ရယ်မောလိုက်ပြီး..နောက်မှာတော့..သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို လှည့်စားတတ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
“ကောင်းပြီလေ…။လူတိုင်းရဲ့စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်ကပဲ မေးပေးသွားပါ့မယ်..။ကျွမ်းကျင်သူ တစ်ယောက် အနေနဲ့…ဒီပြိုင်ပွဲကို ဘယ်သူနိုင်မယ်လို့ ထင်ပါသလဲ…ပြီးတော့…ဘာလို့..ခွေးသား ဖြစ်နိုင်တာလဲ..”
အပိုင်း ( ၅၃၂ ) ပြီး၏။