← Chapters

အနိုင်ယူ၍မရနိုင်သော

Vol. 8 Ch. 118

အနိုင်ယူ၍မရနိုင်သော

Vol. 8 Ch. 118

ပြိုင်ပွဲကွင်းပြင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်နေပြီး ရပ်တန့်မည့်ဟန်မရချေ။

“သေစမ်း..”

ထိုအချိန်တွင် ထျန်းလုံသည် သူ၏သွေးစွမ်းအင်များကို မှုတ်ထုတ်လိုက်ကာ လုရှင်းယန်ထံ စေလွှတ်လိုက်၏။ ထိုသွေးစွမ်းအင်များသည် တစ်ဖက်သား၏ သွေးများကိုဝါးမြိုနိုင်စွမ်းရှိသည်။ ထိုအချင်းအရာကြောင့် လုရှင်းယန်သည် သွေးဓားကြီးအား ထိန်းထားသည့် လှံကို ဆွဲယူလိုက်ကာ ထျန်းလုံ၏ သွေးစွမ်းအင်များကို ဖျတ်စီးလိုက်သည်။

“ဝုန်း..”

သို့သော် ထျန်းလုံ၏ သွေးဓားကြီးသည် ထိန်းထားခြင်းမရှိတော့သည့်အတွက် လုရှင်းယန်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းသွားလိုက်သည်။

လုရှင်းယန်သည် ရှောင်တိမ်း၍ မလွတ်တော့မှန်းသိသည်နှင့် သူ၏ ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်များလည်ပတ်ကာ ကကွယ်လိုက်ပြီး ထိုဓားချက်ကို တိုက်ရိုက်ခံယူလိုက်ရသည်။

“ဝုန်း..”

သွေးဓားကြီး၏ ပြင်းထန်သည့် အင်အားကြောင့် လုရှင်းယန်သည် နာကျင်သွားရပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရသည်။ ထို့အပြင် သူသည် သူ၏စွမ်းအင်များကို ရုတ်တရက်ရုတ်သိမ်းလိုက်ရသောကြောင့် တန်ပြန်သက်ရောက်မှုဒဏ်ကို ခံစားလိုက်ရပြီး သွေးအန်လိုက်ရသည်။

“လုရှင်းယန် မင်းရဲ့စွမ်းအားအစစ်မှန်ကို မထုတ်သေးဘူးဆိုရင် သေသွားနိုင်တယ်နော်”

ထျန်းလုံသည် မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။ လုရှင်းယန်၏စွမ်းအားသည် ဤမျှမဟုတ်ကြောင်း သူသိရှိပြီး ဖြစ်သည်။ ယခုအချိန်အထိ လုရှင်းယန်၏ စွမ်းအားကုန် ထုတ်မ‌သုံးသည့်အပေါ် မကျေမနပ်ဖြစ်နေ၏။ သူသည် လုရှင်းယန်၏ အစစ်မှန်စွမ်းအားနှင့် တိုက်ခိုက်ပြီး အနိုင်ယူလိုစိတ်ပြင်းပြနေသည်။

ထို့နောက်ချက်ချင်း ကောင်းကင်ပေါ်သို့ ခုန်တက်ကာ သူ၏သွေးဓားကြီးကို ဝှေ့ယမ်းကာ သွေးစွမ်းအင်များစုစည်းလိုက်သည်။

သူ၏ ထုတ်ဖော်ထားသည့် သွေးစွမ်းအင်ကြောင့် ပရိတ်သတ်များ၏ ကိုယ်တွင်းသွေးများပင် သက်ရောက်သွားဟန်ရှ်ိသည်။ ကျင့်ကြံသူအချို့၏ မျက်နှာများရှုံမဲ့သွားကြ၏။

“မင်းရဲ့ဆန္ဒကို ဖြည့်စည်းပေးမယ်၊ မင်းစွမ်းအားနဲ့ လက်လှမ်းမမှီတဲ့ တည်ရှိမှုကို စော်ကားခဲ့တဲ့အတွက် မင်းပြန်လည်ပေးချေရမဲ့ တန်ဖိုးပဲ”

လုရှင်းယန်သည် ချေပလိုက်၏။ ထိုအချိန်တွင် ကွင်းပြင်၏ လေထုသည် လောင်ကျွမ်းလုမတက် အပူချိန်သည် မြင့်တက်လာ၏။ ထို့အပြင် လေထုအတွင်းရှိ သွေးစွမ်းအင်များအားလောင်ကျွမ်းသွားသည့်အလားပင်။ ရင်ပြင်အတွင်းရှိ အဆင့်နိမ့်ကျင့်ကြံသူအချို့သည် အပူဒဏ်ကို ထပ်မံ သက်ရောက်ခံလိုက်ရပြန်သည်။

လုရှင်းယန်၏ ခန္ဓာကိုယ်တွင် မီးတောက်များပေါ်ထွက်လာသည်။ ငရဲကိုးဘုံမီးတောက် ပေါ်ထွက်လာမှုကြောင့် ထျန်းလုံ၏သွေးများ ပွက်ပွက်ဆူလာသည့်အလား ခံစားလိုက်ရသည်။ သူသည် ကျင်စဉ်၏ မီးဝိညာဉ်အဆင့်ကိုအောင်မြင်ပြီး မီးနှလုံးသား အဆင့်ကို ခြေချနိုင်ပြီးနောက်တွင်ဘး သူ၏ ငရဲကိုးဘုံမီးတောက်သည်လည်း အဆင့်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်သည်။ ထျန်းလုံသည် သူ၏ ကိုယ်အတွင်းမငြိမ်သက်မှုများကို ချုပ်ထိန်းလိုက်၏။

ထျန်းလုံသည် သွေးဓားကြီးကို လက်ဖြင့် မြဲမြဲဆုပ်ကိုင်ကာ အပေါ်သို့ မြှောက်တင်လိုက်သည်။ သူ၏သွေးစွမ်းအင်များကို သွေးဓားကြီးထံသို့ အပြည့်အဝ ထိုးသွင်းစီးဆင်းစေလိုက်၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအင်များအားလုံးကို ဓားကြီးထံသို့ တဟုန်ထိုး စီးဆင်းနေသည်။ ဤအချိန်တွင် ထျန်းလုံ၏ အရေပြားပေါ်ရှိ နီမြန်းနေသည့်သွေးကြောများပေါ်ထွက်လာပြီး သူ၏ မျက်လုံးများသည်လည်း သွေးကဲ့သို့ နီရဲတောက်ပကာ ဓားကြီးပေါ်တွင်လည်း သွေးနီရောင်အလင်းများ တောက်ပလာသည်။ သူ၏ သွေးစွမ်းအင်များကို အလွန်အကျွံသုံးစွဲလိုက်၏။ ထို့နောက် ထျန်းလုံသည် အားမာန်အပြည့်နှင့်ကြုံးဝါးကာ သွေးဓားကြီးကို လွဲယမ်းလိုက်သည်။

“မရဏသွေးစွမ်းအင်ဓား”

“သေလိုက်စမ်း...”

လုရှင်းယန်သည် ကြီးမားသည့် ဓားအလင်းတန်းသည် သူ့ထံဦးတည်ကလာနေသည်ကို တွေ့လိုက်ရ၏။ ထိုဓားအလင်းတန်းသည် ကောင်းကင်ကိုပင် နီးမြန်းသွားသည့်အလား ကြီးမားပြီး ကြောက်မက်ဖွယ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

လုရှင်းယန်သည် မပေါ့ဆရဲတော့ပေ။ သူ၏ ငရဲကိုးဘုံမီးတောက်ကို အဆုံးစွန်ထိမြှင့်တင်လိုက်ပြီး ဖီးနစ်နှလုံးသားလှံအတွင်းစီးဆင်းစေလိုက်သည်။ ထို့နောက်တွင် လှံသည် ‘တဝုန်းဝုန်း’ မြည်သံနှင့်လောင်ကျွမ်းလာခဲ့ပြီး လှံနှင့်မီးတောက် ပေါင်းစပ်သွားသည့်အလားပင်။ ကြီးမားသည့် အနီရောင်လှံရိပ်တစ်ခုပေါ်ထွက်လာသည်။ ထို့နောက်တွင် လုရှင်းယန်သည် ထျန်းလုံကို ဦးတည်ကာပစ်လွှတ်လိုက်ပြီး ဤတိုက်ပွဲကို အဆုံးသတ်ရန်ကြိုးစားလိုက်သည်။

ထိုအလင်းတန်း နှစ်ခုသည် ပြင်းပြင်းထန်ထန် ထိပ်တိုက် တွေ့ဆုံသွားသည်။

“ဝုန်း..”

စွမ်းအင်လှိုင်းနှစ်ခု၏ ထိခတ်မှုကြောင့် လေထုပင်ယိုယွင်းသွား၏။ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာကြေကွဲသွားပြီး စွမ်းအင်လှိုင်းများသည် အဆက်မပြတ်တိုက်စားနေသည်။ ထိုပေါက်ကွဲမှုအလယ်တွင် သူတော်စင် အလယ်လတ်အဆင့်ကျင့်ကြံသူတစ်ဦးရှိပါက အစအနပင်ရှာမရနိုင်အောင်ပျက်စီးသွားမည်ဖြစ်သည်။

လင်းယွင်ဂိုဏ်းချုပ် ရွှယ်လင်းကျို့သည် မျက်မှောင်ကြုတ်သွား၏။

“ဒီကောင်လေးနှစ်ယောက်က သူတော်စင်အဆင့်လို့ ပြောဖို့တောင် အတော်ခက်တယ်”

ဟေးချုံးသည် ထိုတိုက်ပွဲကို ကြည့်ကာ သုံးသပ်လိုက်၏။

သို့သော် ရှင်းဝေ့ကျန်းသည်တော့ ထိုတိုက်ပွဲတွင် နစ်မြောနေသည့်အလား ဟေးချုံးကို မတုန့်ပြန်နိုင်ချေ။ ရှင်းဝမ်ကျဲသည်လည်း မှင်သက်စွာကြည့်နေမိ၏။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် စွမ်းအင်များတည်ငြိမ်သွားပြီး ပျက်စီးသွားသည့် ပြိုင်ပွဲကွင်းတွင် ထွက်ပေါ်နေသော ဖုန်မှုန့်များလည်း တည်ငြိမ်သွား၏။

ထိုအချိန်တွင် ထျန်းလုံ၏ ဝိညာဉ်စွမ်းအင်များသည် အလွန်နည်းပါးနေပြီး လှဲကျလုနီးပါးဖြစ်နေသည်။ သူ၏ပါးစပ်မှလည်းသွေးများစွာ ယိုစီးနေ၏။ သွေးနီရောင်မျက်လုံးများသည် ပျောက်ကွယ်သွားပြီး အမြင်များဝေဝါးနေသည်။ သွေးဓားကြီးလည်း သူ၏လက်မှပင် လွတ်ကျနေခဲ့သည်။ သူ၏ကြမ်းတမ်းလှသည် အရှိန်အဝါလည်း မရှိတော့ချေ။ သာမန်လူကဲ့သို့ပင် အားနည်းနေသည်။ သူ၏ပုံစံသည် အသိလွတ်သွားသည့်အလားပင်။ ထိုအရာသည် သွေးစွမ်းအင်များကို အလွန်အကျွံသုံးစွဲခဲ့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးပင်။

သူသတိပြန်ဝင်လာချိန်တွင် သူ၏ရင်ဘက်တွင် နာကျင်မှုခံစားလိုက်ရသည်။ သူ၏ အမြင်ကြည်လင်လာချိန်တွင် လုရှင်းယန်သည် သူ၏ ရှေ့တည့်တည့်တွင် ရပ်တန့်နေသည်ကို တွေလိုက်၏။ လုရှင်းယန်၏ ပုံစံသည် အားနည်းဟန်ရှိနေသော်လည်း အခြေအနေဆိုးမနေပေ။ လုရှင်းယန်၏ လက်တစ်ဖက်တွင် သွေးများတစ်စက်စက်ယိုစီးကျနေသည်မှလွဲ၍ ဆိုးဆိုးဝါးဝါးဖြစ်ဟန်မရချေ။

သို့သော်လုရှင်းယန်၏ အခြားလက်တစ်ဖက်သည် လှံကိုတန်းတန်းမှတ်မှတ်ကိုင်ထားပြီး ထိုလှံသည် သူ၏ ရင်ဘက်တွင် နစ်ဝင်နေသည်ကိုပင် တွေ့လိုက်ရသည်။ ထျန်းလုံသည် အလွန်ပင် ထိတ်လန့်တကြားရေရွတ်လိုက်၏။

“မဖြစ်နိုင်ဘူး..”

“မင်းရဲ့ကြိုးစားမှုက မလုံလောက်သေးဘူး”

လုရှင်းယန်သည် သူ၏ လှံကို ဆွဲထုတ်လိုက်၏။ စွမ်းအင်နှစ်ခု၏ တိုက်ခိုက်မှု ပျက်ပြယ်လုနီးနီးတွင် သူသည် စွမ်းအင်ရိုက်ခက်မှုဒဏ်ကို အံတုကာ ထျန်းလုံရှိရာသို့ တိုးဝင်လာခဲ့ခြင်းဖြစ်သည်။ စွမ်းအင်နှစ်ခု၏ ပေါက်ကွဲနှုန်းသည် အလွန်ပြင်းထန်သည်မို့ လုရှင်းယန်ပင် ဝိညာဉ်စွမ်းအင်ကုန်လုနီးပါးအထိခုခံ တိုးဝင်ခဲ့ရသည်။ ထိုအချိန်တွင် ထျန်းလုံသည်လည်း သွေးစွမ်းအင်အလွန်အကျွံသုံးစွဲမှုကြောင့် လုရှင်းယန်၏ လှံကို မခုခံနိုင်ခဲ့ချေ။

‘ဘာလို့လဲ.. ဘာကြောင့် အနိုင်မရခဲ့တာလဲ’

ထျန်းလုံ၏ စိတ်အတွင်း မေးခွန်းများစွာမေးမိနေပြီး လဲကျသွား၏။ သူသည် ဤသို့အခြေအနေမျိုးရောက်အောင် သွေးသံရဲရဲနှင့် ကျော်ဖြတ်ခဲ့ရသည်။ ပင်ပန်းဆင်းရဲသည့် လေ့ကျင့်မှုများစွာလည်း လုပ်ဆောင်ခဲ့ရ၏။ သူသည် ဟွမ်း၏ တပည့်များထက် သာလွန်သည့် ပါရမီရှင်ဖြစ်ကြောင်း သက်သေပြနိုင်ရန် အသည်းအသန်ပင် ကြိုးစားခဲ့ရသည်။ သို့သော် ထိုအခက်အခဲများ၏ ရလဒ်သည် ရှုံးနှိမ့်မှုပင်။ ဟွမ်း၏ တပည့်များထက် သာလွန်သည့် အနေအထား ရောက်ရန်မဆိုထားနှင့် အနိုင်ယူနိုင်ခြင်းပင် မရှိခဲ့ချေ။

ယဲ့ချန်းရန်သည် ဤပြိုင်ပွဲတွင် လုရှင်းယန် အနိုင်ရကြောင်း ကြေညာလိုက်သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးအတွင်း ဝင်ရောက်ခွင့်ရသည့် လူငယ်များ၏ နာမည်ကို ကြေညာလိုက်သည်။ ထိုနာမည်များတွင် ချုးယွီဟွာ၊ ယွဲ့ဝူယောင်၊ ရှင်းဝမ်ကျဲ၊ ရှောင်ထျန်း၊ ချီလင်းယီ၊ ကျီရှောင်းရှောင်း၊ လုရှင်းယန်၊ ပိုင်ကျန့်ယွီ၊ လျှိုမင်ယွမ်နှင့် လင်းယိုဟန်တို့သည် အသီးသီးဝင်ခွင့်ရရှိသွားပြီဖြစ်သည်။

“ကျုပ်တို့ ဝင်ခွင့်ရသူတွေကို တစ်ပတ်ကြာရင် လျှိုဝှက်ဆန်းကြယ် အချိန်တံခါးဆီ ခေါ်သွားမှာဖြစ်ပါတယ်”

ယဲ့ချန်ရန်သည် ပြိုင်ပွဲနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ပြောရင်း အခမ်းအနားကို ပိတ်သိမ်းရန်ပြင်လိုက်သည်။ ထို့နောက်တွင် လုရှင်းယန်သည် လဲကျနေသည့် ထျန်းလုံကို တစ်ချက်ကြည့်ကာ ပျက်စီးနေသည့် ပြိုင်ပွဲကွင်းမှ ထွက်ခွာသွားလိုက်၏။

All Chapters