← Chapters

သွေးမျိုးနွယ်

Vol. 8 Ch. 120

သွေးမျိုးနွယ်

Vol. 8 Ch. 120

"မင်းရဲ့ မောက်မာမှုကို ဒီနေ့မှာ ငါကချိုးနှိမ်ပေးမယ်"

ရွှယ်လင်းကျို့သည် အနီရောင်ဓားရှည်ကြီး ကိုထုတ်လိုက်၏။ သူ၏ ဒေါသများကို ဖောက်ထုတ်ချင်နေပြီဖြစ်သည်။ သို့သော်ရှင်းဝေ့ကျန်းသည် တားမြစ်ရန်ပြင်လိုက်၏။

"ဂိုဏ်ချုပ်ရွှယ် ခင်ဗျား စိတ်ထင်တိုင်းလုပ်နေလို့မဖြစ်.."

"ဝုန်း.."

ရှင်းဝေ့ကျန်း၏ စကားပင်မဆုံးလိုက်ချေ။ မော့ရွှယ်အာသည် သူမ၏ အနက်ရောင်တံစဉ်ကြီးကိုင်ကာ မြန်ဆန်သည့်အရှိန်နှင့် ရွှယ်လင်းကျို့ကို ခုတ်ပိုင်းလိုက်ပြီဖြစ်၏။

ရွှယ်လင်းကျို့၏ တုံ့ပြန်မှုသည်လည်း မနှောင့်နှေးပေ။ သူ၏ အနီရောင်ဓားရှည် နှင့် ခုခံလိုက်သည်။

ရှင်းဝေ့ကျန်းသည် စွံ့အသွား၏။

'ငါ့ရဲ့ ဂုဏ်ပုဒ်လေးတော့ မျက်နှာသာပေးကြပါဦး'

ကောင်းကင်ထက်တွင် 'တဝုန်းဝုန်း' နှင့် တိုက်ခိုက်နေကြသည့် လူနှစ်ဦးကိုကြည့်ကာ မျက်ရည်ဝဲသွား၏။ ထျန်းယွမ်ကုန်းမြေတွင် နတ်အင်ပါယာများမရှိသည့်အလား စိတ်ထင်တိုင်းကြဲနေကြသည်။

မော့ရွှယ်အာနှင့် ရွှယ်လင်းကျို့သည် အပြန်အလှန် တိုက်ခိုက်နေကြရင်း ကောင်းကင်ထက်သို့ပါ ရောက်ရှိသွားကြသည်။ သူတို့နှစ်ဦးသည် မကြေနိုင်သည့် ရန်ငြိုးများရှိနေသည့်အလား အသည်းအသန်နှင့် မာန်ပါပါ တိုက်ခိုက်နေ၏။

မော့ရွှယ်အာသည် သူမ၏ စွမ်းအားအကန့်အသတ်ကို သိချင်နေသောကြောင့် တိုက်ခိုက်လိုစိတ်ပြင်းထန်နေသည်။ ဟိုင်ချင်းအိမ်တော် သခင်သည် သူမထက် နှိမ့်ကျနေသောကြောင့် ကောင်းမွန်စွာ မတိုက်ခိုက်ခဲ့ရပေ။

ရွှယ်လင်းကျို့သည် မော့ရွှယ်အာ၏ အင်အားကို အနည်းငယ် မှင်သတ်သွားသည်။ ထိုအားနည်းဟန်ရှိသည့် မိန်းကလေးသည် ဤသို့ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက် နိုင်မည်ဟု မထင်ခဲ့ပေ။

ထို့နောက်တွင် ရွှယ်လင်းကျို့၏ ခန္ဓာကိုယ်မှ ထျန်းလုံထက်ပင် ပြင်းထန်သည့် သွေးစွမ်းအင်များပေါ်ထွက်လာသည်။

‘ဒါက..’

ရှင်းဝေ့ကျန်းသည် အံ့အားသင့်သွား၏။ ထျန်းလုံသည် သွေးစွမ်းအင်သုံးသည်ကပင် ထူးဆန်းနေသည်ရာ ရွှယ်လင်းကျို့ သုံးလိုက်ချိန်တွင် ပို၍ပင် သံသယဝင်လာရတော့၏။ အကြောင်းမှာ ရွှယ်လင်းကျို့ သွေးစွမ်းအင်သုံးသည်ကို တစ်ခါမျှ မမြင်ဖူးသည့်အတွက်ကြောင့်ပင်။

ထို့နောက်တွင် ရွှယ်လင်းကျို့သည် သူ၏အနီရောင်ဓားအတွင်း သွေးစွမ်းအင်များ စီးဆင်းစေကာ မော့ရွှယ်အာကို ခုတ်ပိုင်းလိုက်သည်။ မော့ရွှယ်အာသည် ရွှယ်လင်းကျို့၏ အနီရောင်ဓားရှည်နှင့် ခုတ်ချက်ကို သူမ၏ တံစဉ်းနှင့် တားစီးလိုက်သော်လည်း ပြင်းထန်လှသည့် သွေးစွမ်းအင်များကြောင့် နောက်သို့ လွင့်စင်သွားသည်။

ထိုအချိန်တွင် မော့ရွှယ်အာ၏ အမူယာသည် လေးနက်သွားကာ နတ်ဆိုးအရှိန်အဝါကို ထုတ်ဖော်လိုက်၏။ သူမသည် ဒေါသထွက်လာဟန်ရှိသည်။ သူမ၏ စွမ်းအင်အဟုန်ကြောင့် ရင်ပြင်အတွင်းရှိ လူများအပေါ်ပင် သက်ရောက်သွားသည်။ သူတို့သည် အသက်ရှုရခက်လာသလိုပင်ခံစားလိုက်ရ၏။ ထိုနှစ်ဦးသည် ရင်ပြင်၏ ကောကင်းထက်တွင်တိုက်ခိုက်နေသောကြောင့် တော်သေးသည်ဟု ဆိုရမည်။

နတ်အင်ပါယာများပင် လေထု၏ မွန်းကြပ်မှုကို ခံစားလိုက်ရသည်။ ချီမင်ယောင်သည် ထူးဆန်းသွား၏။ မော့ရွှယ်အာ၏ အရှိန်အဝါသည် သူမကိုရင်းနှီးမှုများပေးစွမ်းနေသည်။ ထို့ကြောင့် သူမသည် မော့ရွှယ်အာကို အသေချာစစ်ဆေးလိုက်၏။

ကောင်းကင်ထက်ရှိ ထိုနှစ်ဦး၏အရှိန်အဝါပြိုင်ဆိုင်မှုကြောင့် လေထုပင် ဖရိုဖရဲဖြစ်တည်လာပြီး ဆိုးရွားသည့် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

မော့ရွှယ်အာသည် မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက်တွင် စုစည်းထားသည့် စွမ်းအင်များကို အနက်ရောင်တံစဉ်းကြီးအတွင်း စီးဆင်းစေပြီး လေထဲတွင် လွှဲရမ်းလိုက်သည်။

ထိုတံစဉ်းထံမှ နတ်ဆိုးစွမ်းအင်များသည် အလွန်ပင်ရက်စက်ကြမ်းကြုတ်ဟန်ရှိသည်။ ထို့နောက် လခြမ်းပဲ့ ပုံစံရှိသည် စွမ်းအင်လှိုင်းကြီးသည် အလွန်ပင် မြန်ဆန်စွာ ရွှယ်လင်းကျို့ထံ ဦးတည်နေ၏။

ထိုစွမ်းအင်လှိုင်းကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လေထုပင်ကွဲအက်လာသည်။ ယခုထုတ်ဖော်ထားသည့် နည်းစနစ်၏ ဖျတ်စီးနိုင်စွမ်းသည် တစ်ချိန်က ဟွမ်းကို တိုက်ခိုက်ခဲ့သည်ထက်ပင်များစွာသာလွန်သည်။

ရွှယ်လင်းကျို့သည့် မျက်မှောင်ကြုတ်သွား၏။ ထိုစွမ်းအင်လှိုင်းထွက်ပေါ်လာမှုသည် သူ၏ စိတ်အတွင်း မတည်မဖြစ်ပင် ဖြစ်သွားရသည်။ ထို့ကြောင့် ချက်ချင်းပင် နည်းစနစ်ထုတ်ဖော်ကာ ပြန်လည်တိုက်ခိုက်လိုက်၏။

"မရဏသွေးစွမ်းအင်ဓား"

ထိုဓားချက်သည် ထျန်းလုံအသုံးပြုခဲ့သည့် နည်းစနစ်နှင့်အတူတူပင်ဖြစ်၏။ ရွှယ်လင်းကျို့သည် ထိုနည်းစနစ်ကို အသုံးပြုရန် ထျန်းလုံကဲ့သို့ အပြင်းအထန်စွမ်းအင်များစုစည်းရန်မလိုချေ။ ရုတ်ချည်းထုတ်သုံးနိုင်၏။ ထို့အပြင် ထျန်းလုံထုတ်လွှတ်ခဲ့သည့် စွမ်းအင်များထက် ပင်များစွာသာလွန်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

လင်းရွှယ်ကျို့သည် သူ၏ သွေးစွမ်းအင်ဓားချက်ထုတ်ဖော်ပြီးချိန်တွင် ထိတ်လန့်တကြားရေရွတ်လိုက်၏။ အကြောင်းရင်းမှာ မော့ရွှယ်အာ၏ စွမ်းအင်လှိုင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားချိန်တွင် ပေါက်ကွဲမှုများထွက်ပေါ်မလာချေ။

ထို့အစား မော့ရွှယ်အာ၏ စွမ်းအင်လှိုင်းများသည် သူ၏ သွေးစွမ်းအင်ဓားချက်ကို ဝါးမြိုသွားသောကြောင့်ပင်။ မော့ရွှယ်အာ၏ စွမ်းအင်လှိုင်းသည် ရွှယ်လင်းကျို့၏ သွေးစွမ်းအင်ဓားချက်ကို တစ်စခြင်းဝါးမြိုကာ ပေါင်းစပ်သွား၏။

ထိုထူးဆန်းသည့် အဖြစ်အပျက်ကြောင့် အားလုံးသည် တုန်လှုပ်သွားကြ၏။ မော့ရွှယ်အာ အသုံးပြုသည်မှာ တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သော်လည်း တစ်ဖက်သား၏ နည်းစနစ်ကို ဝါးမြိုနိုင်စွမ်းရှိနေသည်။

ထို့အပြင် သူမ၏ စွမ်းအင်လှိုင်းသည် ရပ်တန့်မသွားပေ။ ရွှယ်လင်းကျို့ထံ လျင်မြန်သည့် အရှိန်ဖြင့် ဦးတည်သွားကာ သူကို ထိမှန်သွားသည်။

"ဝုန်း.."

ရွှယ်လင်းကျို့သည့် အလျှင်အမြန် ကာကွယ်လိုက်၏။ သို့သော် မော့ရွှယ်အာ၏ နည်းစနည်ကြောင့် စွမ်းအင်နှစ်ခုသည် ပေါင်းစည်းသွားသည့်အလား ဖြစ်တည်သွားသည်။ ထိုကဲ့သို့ ပေါင်းစည်းသွားသည့် စွမ်းအင်လှိုင်းကို သူသည် ရုတ်ချည်းကာကွယ်ရန် မစွမ်းသာတော့ပေ။

"အား.."

"ဝုန်း.."

သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ သူ့၏ ရင်ဘက်တွင် ကြီးမားသည့် ဒဏ်ရာအက်ကွဲကြောင်း ရှိနေခဲ့သည်။ သွေးများလည်း ဆက်တိုက်ပင် ယိုစီးနေ၏။ သူ၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။ နတ်ဘုရင်တစ်ဦးအနေနှင့် ဤမျှအထိအခြေအနေဆိုးသွားမည်ဟုမထင်ထားခဲ့ချေ။

"ဟမ့် ငါ့ရှေ့မှာ သွေးနဲ့လာကစားချင်နေသေးတယ်"

မော့ရွှယ်အာသည် ကောင်းကင်ထက်မှ နှာမှုတ်သံ ဖော်ထုတ်လိုက်၏။ သူမ၏ လက်ရှိပုံစံသည် အလွန်ပင် နတ်ဆိုးဆန်နေသည်။ ထို့နောက်တွင် သူမ၏ အရှိန်အဝါကို ရုတ်သိမ်းလိုက်၏။ သို့မှသာ လေထုသည် ပြန်လည်တည်ငြိမ်လာပြီး ပရိတ်သတ်များသည်လည်း အသက်ရှုချောင်သွားကြ၏။ ထို့နောက် မော့ရွှယ်အာသည် ဟွမ်းတည်ရှိရာနေရာသို့ အသာအယာ ဆင်းလာခဲ့သည်။

"ပြန်ကြမယ်.."

ဟွမ်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် အားလုံးကို ဤရင်ပြင်မှ ထွက်ခွာရန် ပြောလိုက်၏။ မော့ရွှယ်အာမှ အပကျန်လူငယ်များသည် အချိန်တံခါးအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ချေ။

ဟွမ်းအနားရှိ ပရိတ်သတ်များသည် နတ်ဆိုးမိန်းမလှလေးမော့ရွယ်အာဝင်ရောက်လာသည့်အခါ အလွန်ပင် ထိတ်လန့်သွားကြ၏။ သို့သော် သူတို့အား ရှိသည်ပင် မထင်သည့် အမူအယာကြောင့် စိတ်အေးသွားကြသည်။

"မင်ယောင် ဘာဖြစ်လို့လဲ"

ထိုက်ဟုန်ကျွင်းသည် ချီမင်ယောင်၏ အမူအယာသည် ထူးဆန်းနေသောကြောင့် မေးလိုက်၏။ မော့ရွှယ်အာ တိုက်ခိုက်မှုစတင် ချိန်ကတည်းက သူမ၏ပုံစံသည် စိတ်လှုပ်ရှားနေပုံရှိသည်။

"ဒီမိန်းကလေးရဲ့ အရှိန်အဝါက ကျွန်မတို့မျိုးနွယ်နဲ့ နီးစပ်နေတယ်၊ ဒါပေမဲ့လည်း အတိအကျတူညီမှုမရှိဘူး"

ချီမင်ယောင်သည် မော့ရွယ်အာထံမှ အကြည့်မလွှဲပဲဖြေလိုက်၏။ ထိုက်ဟုန်ကျွင်းသည် အနည်းငယ်တွေးတောပြီးနောက်တွင် ချီမင်ယောင်ကို ပြောလိုက်သည်။

"လွန်ခဲ့တဲ့ငါးနှစ်လောက်က သူမအရှိန်အဝါကို ကြုံဖူးခဲ့ပေမဲ့ အခုပိုပြီးကြမ်းတမ်းလာပြီ၊ ပြီးတော့ သူမက ဒီကုန်းမြေကမဟုတ်ဘူး၊ လင်းယွမ်ကုန်းမြေမှာ စီနီယာနဲ့တွေ့ခဲ့ပြီး လိုက်လာခဲ့တာ"

"သူမက ဒီကုန်းမြေက မဟုတ်ဘူးလား.."

ချီမင်ယောင်သည် ထိုစကားကို တီးတိုးရေရွတ်မိကာ အတွေးနက်သွား၏။ သူမ၏ အတွေးထဲ ပဟေဠိ ဆန်သည့်အကြောင်းရာအချို့ကို စဉ်းစားမိနေသည်။

ရှင်းဝေ့ကျန်းပင် အာခေါင်ခြောက်သလို ခံစားလိုက်ရသည်။ ထိုမိန်းကလေးသည် နတ်ဘုရင်အဆင့်သာဖြစ်သော်လည်း ဖော်ထုတ်ခဲ့သည် နည်းစနစ်သည် နတ်အင်ပါယာများပင် ခြိမ်းခြောက်နိုင်၏။ အထူးဆန်းဆုံးမှာ တစ်ဖက်သား၏ နည်းစနစ်ကို ဝါးမြိုသွားခြင်းပင်။ ဝါးမြိုခြင်းနည်းစနစ်များ ရှိသော်လည်း တစ်ဖက်၏စွမ်းအင်များကို ဝါမြိုပြီးပျောက်ကွယ်သွားကြသည်။ သို့သော် မော့ရွှယ်အာ၏ နည်းစနစ်သည် ပျောက်ကွယ်မသွားသည့်အပြင် ပြင်းထန်သည့် တိုက်ပွဲနည်းနစ်ဖြစ်သွားခဲ့၏။ ထို့အပြင် ရွှယ်လင်းကျို့သည် သူ၏နည်းစနစ်နှင့် ပြန်ပြီး တစ်ဖက်သတ်ရိုက်နှက်ခံလိုက်ရသည့်အလားပင်။

သို့သော် မော့ရွှယ်အာသည် နတ်ဆိုးမျိုးနွယ်မှ ဖြစ်သောကြောင့် အဆင့်နိမ့်သွေးစွမ်းအင်များသည် သူမအပေါ်သက်ရောက်နိုင်စွမ်းမရှိပေ။

ထို့အပြင် သူမ၏ နတ်ဆိုးသွေးသည် အလုံးစုံ မသန့်စင်သေးသော်လည်း သာမာန် သွေးစွမ်းအင်နည်းစနစ်သုံးသူများ ရင်ဆိုင်နိုင်သည့် သူမဟုတ်ချေ။

ထို့နောက်တွင် အားလုံးသည် ထွက်ခွာကြတော့မည်ဖြစ်သည်။ ရှင်းဝေ့ကျန်းသည်လည်း ရွှယ်လင်းကျို့ အနားချဉ်းကပ်လိုက်ချိန်တွင် ကျောချမ်းစရာကောင်းသည့် အသံနက်ကြီးပေါ်ထွက်လာခဲ့၏။

"ထျန်းယွမ်ကုန်းမြေက ငါ့တို့ သွေးမျိုးနွယ်ကို အနိုင်ကျင့်ရဲတယ်"

(Note - မော့ရွှယ်အာရဲ့ ရွှယ်က 'သွေး' ဆိုလိုတာပါ၊ ရွှယ်လင်းကျို့ရဲ့ ရွှယ်နဲ့ တူပါတယ်)

မော့ရွှယ်အာ - နတ်ဆိုးသွေးစက်လေး

လော့ရွှယ်နင် ရဲ့ ရွှယ်က 'နှင်း'

နူးညံ့သိမ်မွေ့တဲ့နှင်းစက် ဆိုတဲ့အဓိပ္ပါယ်ပါ။

All Chapters