အခန်း (၁၃၅)
Vol. 10 Ch. 135
ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ် အတွေးနယ်ချဲ့နေခဲ့သည်။ ညစာစားပြီး လူတိုင်း တဲဆီပြန်ပြီး အနားယူကြသည်အထိ မဟုတ်ဘဲ သူက နီလာလက်စွပ်တစ်ကွင်းကို ရှာတွေ့ပြီး ဂါးရက် နော့ဒ်မတ်ကို လျှို့ဝှက်စွာ ပေးလိုက်သည်။
"ဒါဘာလဲ"
ဂါးရက်က သူ့ကို စိုက်ကြည့်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ လက်စွပ်ကို ပြန်တွန်းပေးလိုက်သည်။ "ဟေး အစ်ကိုကြီး။ ဘာလို့ ကျွန်တော့်ကို လက်စွပ်ပေးနေတာလဲ"
"ဒါက ရေဖန်တီးခြင်းစာလုံးလက်စွပ် တစ်နေ့ကို သုံးကြိမ် သုံးလို့ရတယ်"
ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်က သူ့မှာ ဆင်ခြင်တုံတရားနဲ့ ရှင်းပြနိုင်တယ်လို့ ခံစားရပြီး တစ်လှမ်းရှေ့တိုးကာ ဂါးရက်ကို ကောက်ကျစ်စွာ ရှင်းပြတော့သည်။
"မင်း လူတစ်ယောက်ကို ကုသတိုင်း လက်ဆေးရတာ အတော်လေး ဒုက္ခများတာကို ငါသတိထားမိတယ်။ ဒီလက်စွပ်နဲ့ဆိုရင် အနည်းဆုံး နေ့တိုင်း အလုပ်လုပ်တဲ့အခါ ဒုက္ခသက်သာသွားလိမ့်မယ်"
"စိတ်ချပါ ယူလိုက်စမ်းပါ။ ဒါက ငါ့ဟာပဲ။ မိသားစုပိုင် ဒါမှမဟုတ် ဘုရားကျောင်းပိုင် မဟုတ်ဘူး"
ဂါးရက်: "..."
ဂါးရက်သည် ဟိုင်းဒယ်၏ ယုတ္တိကို အနည်းငယ် နားလည်နိုင်ခဲ့သော်လည်း ထို့ထက်ပို၍ ရယ်မောချင်စိတ် ပေါ်ပေါက်ခဲ့သည်။
မော့ကြည့်လိုက်ရာ ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်က သူ့အား စိတ်အားထက်သန်စွာ စိုက်
ကြည့်နေဆဲဖြစ်ပြီး မိမိပိုင်ရှင် အစာကျွေးရန် စောင့်ဆိုင်းနေသော ခွေးငယ်လေးတစ်ကောင်
နှယ်။ ဂါးရက်သည် လက်စွပ်ကို ဆွဲယူကာ တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ထံသို့ ပစ်လိုက်ပြီး
"မင်းရဲ့ ဘယ်မျက်လုံးက ငါ လက်စွပ်ဝတ်ပြီး လက်ဆေးတာ မြင်တာလဲ။ ဟမ်။ ဘယ်
မျက်လုံးကမြင်လဲ။ ပိုးသတ်နည်းရဲ့ အခြေခံမူက ဘာလဲ။ ငါ မင်းကို အရင်သင်ပေးခဲ့တဲ့ လက်ဆေးနည်း ခုနစ်ဆင့်ကရော။ သွားပြီး အကြိမ်တစ်ရာ ရေးခဲ့ချည်။ မပြီးရင် မနက်ဖြန် မလာနဲ့"
"မင်းရဲ့ ကျူရှင်ခကို ငါမလိုဘူး ာ ငါ ကျူရှင်မပေးတာ မဟုတ်ဘူး။ ငါ့ရဲ့ပို့ချချက်တွေမှာ လျှော့စျေးတွေ ရှိတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သင်ကြားပေးပြီးမှ အရေးကြီးတဲ့ အခြေခံမူတွေကို မေ့သွားတဲ့ ကျောင်းသားတွေကို ငါမသင်ချင်ဘူး"
ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်သည် သူ့ခေါင်းကိုကိုင်၍ ပြေးသွားခဲ့သော်လည်း ဂါးရက်၏ မျက်လုံးထဲမှ အရောင်ကို မြင်လိုက်သောအခါ ရယ်မောမိသွားသည်။ နောက်တစ်နေ့ ညစာစားပြီးနောက် ၎င်းသည် ဂါးရက်ထံသို့ လျှို့ဝှက်စွာ ထပ်ချဉ်းကပ်ကာ ပြုံး၍…
"ဂါးရက် ဒီမှာ ပတ်တီးတွေ လိုအပ်သေးလား။ ဝါဂွမ်းနဲ့ ပြင်းတဲ့အရက်နည်းနည်း လိုချင်
လား"
ဂါးရက်၏ မျက်လုံးများ လင်းလက်သွားသည်။ စစ်တပ်က အလျင်အမြန် စည်းရုံးလှုပ်ရှားနေခြင်းကြောင့် သူသည် ဆေးရုံမှ ပစ္စည်းများ အားလုံးကို ထုပ်ပိုးသိမ်းဆည်းခဲ့ပြီး ဈေးကိုပင် လိုက်လံသိမ်းဆည်းခဲ့သော်လည်း မလုံလောက်သေးပေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ့ကုန်ပစ္စည်းစာရင်း၏ တစ်ဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်ရာ မည်သည့်နေရာမှ ဖြည့်တင်းရမည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားတို့မှာ ရှိလား။ ဒါဆို အရမ်းကောင်းတာပေါ့"
"ဟဲဟဲဟဲ… ကျွန်တော် အဘိုးဆီကနေ တစ်သုတ် ဆွဲယူလာခဲ့တာ။ ကျွန်တော့်နဲ့ လိုက်ခဲ့ပါ၊ ပစ္စည်းတွေ ပြန်ယူရအောင်"
ဂါးရက်: "..."
ဤသူသည် မြို့စားနော်မန်၏ မြေးပင်... ချမ်းသာသော မှူးမတ်များက အမှန်ပင် ချမ်းသာကြပေသည်။
ဂါးရက်သည် ပစ္စည်းတစ်သုတ်လုံးကို လက်ခံလိုက်သည်။ မည်သို့ပင်ဖြစ်စေ မဟာမိတ်
တပ်ဖွဲ့များအတွက် အသုံးပြုရမည်ပင်။ ချီတက်မှုသည် ပုံမှန်အတိုင်း ဆက်လက်ဖြစ်ပေါ်နေပြီး ပို့ချချက်များလည်း ဆက်လက်ဖြစ်ပေါ်နေသည်။ CPR အကြောင်း ရောက်ရှိသောအခါ လုပ်ငန်းစဉ်၏ အဓိကအချက်များကို စာရင်းပြုစုပြီးနောက် ဂါးရက်က ဆုံးမလိုက်သည်။
"လွယ်လွယ်ကူကူ စမ်းသပ်မကြည့်ပါနဲ့။ CPR နည်းစနစ်တွေကို ကြိုတင်လေ့ကျင့်ထားဖို့ လိုတယ်။ မလေ့ကျင့်ထားရင် မင်းရဲ့ လုပ်ဆောင်မှုနဲ့ အကြိမ်ရေ မှားလိမ့်မယ်။ ဒါက အားထုတ်မှုတွေ အချည်းနှီး ဖြစ်ရုံသာမက လူကို မကယ်တင်နိုင်တာလည်း ဖြစ်သွားနိုင်တယ်"
"ဒါဆို ဘယ်လို လေ့ကျင့်ရမလဲ"
သောမတ်စ်က အလိုလို ပါးစပ်မှ ထွက်သွားသည်။ ဂါးရက်က အလန့်တကြားဖြင့် “အမ်…”
အရင်က ရုပ်အလောင်းအတုများဖြင့် လေ့ကျင့်ဖူးသည်ဟု ပြောလို့ရမည်လော။ အီလက်ထရွန်းနစ်ပစ္စည်းများ ထည့်သွင်းထားသည့် ဆီလီကွန်ရုပ်အလောင်းအတုများပေါ့။ မှန်မှန်ကန်ကန် မလုပ်ဆောင်နိုင်လျှင် အောင်မှတ်မရဘူးလေ…
သူ အဖြေမပေးခဲ့ပေ။ သူ၏ဘေးမှ လူအုပ်က မျက်တောင်လေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် အဖြေရှာရန် ကြိုးစားနေကြသည်။ အဒမ်က စမ်းသပ်သဘောမျိုး အကြံပြုလိုက်သည်။
“တစ်ယောက်နဲ့တစ်ယောက် လေ့ကျင့်ကြမလား”
“လုံးဝ မလုပ်ရဘူး”
ဂါးရက်က အလိုအလျောက် အော်ဟစ်လိုက်ပြီး သူ၏အသံကို မြှင့်လိုက်သည်။
“CPR ကို ကိုယ့်ဘာသာ နှလုံးခုန်နေတဲ့လူပေါ်မှာ လုံးဝ မလုပ်သင့်ဘူး။ ဒါက ရင်ဘတ်ဖိအားပေးခြင်းအတွက် တားမြစ်ထားတဲ့အချက်ပဲ။ မှတ်ထား”
သူ၏ ခပ်ပြတ်ပြတ်စကားများက ကုသသူအနည်းငယ်ကို လန့်သွားစေခဲ့ပြီး သူတို့က နာခံစွာ ခေါင်းညိတ်လိုက်ကြသည်။ ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်ကမူ ဆက်လက် မကျေမနပ်ဖြစ်
နေသည်။ သူသည် မိုးပေါ်သို့ မော့ကြည့်ပြီး မျက်လုံးလှန်လိုက်သည်။
“ဒါဆို… အလောင်းတွေပေါ်မှာ လေ့ကျင့်ကြမလား”
ဂါးရက် တိတ်ဆိတ်နေခဲ့သည်။
သေချာ စဉ်းစားကြည့်သောအခါ ဤသည်မှာ မသင့်တော်သည့် အကြံတော့ မဟုတ်ပေ။ မကြာသေးမီက သေဆုံးခဲ့သည့် ခန္ဓာကိုယ်ဖြစ်ပြီး ပြင်းထန်သည့် ပျက်စီးမှုမရှိပေ။ အထူးသဖြင့် ရင်ဘတ်ဒဏ်ရာမရှိလျှင် လေ့ကျင့်ခြင်းမှာ ပြဿနာမရှိသင့်ပေ။
ဖိလိုက်သည်နှင့် အသက်ပြန်ရှင်လာမည် မဟုတ်သော်လည်း တိကျမှုနှင့် ခွန်အားကို လေ့ကျင့်
ရန်မူ ဖြစ်နိုင်သည် မဟုတ်ပါလား။ သဘာဝနတ်ဘုရား၏ အပင်ကြီးထွားမှော်စာလုံးနှင့် ရုပ်
အလောင်းအတုတစ်ခု ဖန်တီးနိုင်လျှင်ပင် ဖြစ်နိုင်သည်။ အတွင်းတွင် မျှော့ကြိုးများကိုသုံးပြီး ရင်ညွှန့်ရိုးနှင့် နံရိုးများကို အတုယူထောက်ပံ့ကာ တိရစ္ဆာန်အရေပြားဖြင့် ဖုံးအုပ်ထားနိုင်သည် မဟုတ်ပါလား။ ကံမကောင်းစွာဖြင့် သူသည် ကုသရေးပညာမှလွဲ၍ အခြားအရာများကို အများကြီး မလေ့ကျင့်ဖူးဘဲ ကိုယ်တိုင်လည်း မလုပ်နိုင်ပေ။
သု တိတိကျကျ ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဘုန်းတော်ကြီးအနည်းငယ် မျက်လုံးချင်းဆုံကာ တစ်ယောက်ကိုတစ်ယောက် ဆွဲခေါ်ပြီး တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားကြသည်။ တဲတစ်ခုကို ပတ်ပြီး အဒမ်က တီးတိုးပြောသည်။
“ကိုယ့်လူတွေရဲ့ ခန္ဓာကိုယ်ကို သုံးတာ မမှန်ကန်ဘူးထင်တယ်… ဘာပဲဖြစ်ဖြစ် သူတို့ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ငါတို့ မျှော်လင့်တယ်…”
“အဲဒါကတော့ သေချာပေါက် မကောင်းဘူး။ ရန်သူ့အလောင်းတွေ ရှိနေတာကို ကိုယ့်လူတွေ ဘာလို့သုံးရမှာလဲ”
သောမတ်စ်က ထပ်ပြောသည်။ ဟိုင်းဒယ်က သူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။
“တခြားလူရဲ့ ခန္ဓာကိုယ်ကို သုံးတာ ပိုကောင်းတယ်။ ဟေး ဒါကို ကြည့်လိုက်”
ဂါးရက်က သူ၏အတွေးများထဲ နစ်မြောနေခြင်းကြောင့် သူ့ကျောင်းသားများ၏ နောက်ကွယ်မှ ဆိုးသွမ်းမှုများကို သတိမထားမိခဲ့ပေ။
ထိုညတွင် သူက ဘားနတ်ကို သူ့ဘာသာသူ လုပ်စရာရှိသည်များကို လုပ်ခိုင်းလိုက်သည် (အပြေးလေ့ကျင့်ခြင်း၊ ကျောက်တုံးများ မခြင်း၊ သို့မဟုတ် အဆင့်မြင့်စစ်သည်များနှင့် လက်
ပစ်သတ်ခြင်း)။ ထို့နောက် သူသည် ပစ္စည်းများကို ဆက်လက်စုစည်းနေခဲ့သည်။
စာကြောင်းနှစ်ကြောင်းခန့် ရေးပြီးသည်နှင့် ဒုန်း…ဒုန်း..ဒုန်း…တဲအပြင်ဘက်တွင် ဆက်တိုက်ဆိုသလို အသံတိုးတိုးများစွာ ထွက်ပေါ်လာသည်။
ဂါးရက်၏ နှလုံးခုန်နှုန်း မြန်လာသည်။
ထိုတိုးတိုးအသံမှာ မြေကြီးပေါ် ပစ္စည်းလေးတစ်ခု ပစ်ချလိုက်သလိုမျိုးထက် လူတစ်ဦး ပြုတ်ကျသည့် အသံနှင့် ပိုတူနေသည်။
အရေးပေါ်ဌာနတွင်ဆိုလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ရုတ်တရက်ဖျားနာခြင်းတို့နှင့် အခြားမည်သည့်ရောဂါမျိုးမဆို တစ်နှစ်ပတ်လုံး ဒါဇင်နှင့်ချီသော လူနာများကို သူကြားနေရသည်။
မစဉ်းစားတော့ဘဲ ဂါးရက်သည် တဲထဲမှနေ၍ အပြေးအလွှား ထွက်လာသည်။ အပြင်
ရောက်သည်နှင့် ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်က သူ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ မီးရှူးတိုင်အလင်းက သူ၏သွားဖြူဖြူလေးများကို ထွန်းညှိပေးနေသည်။ သူ ထွက်လာသည်ကို မြင်သောအခါ ဟိုင်းဒယ်က မြေကြီးကို စိတ်အားထက်သန်စွာ လက်ညှိုးထိုးပြလိုက်သည်။
“ဂါးရက် ဒီအလောင်းတွေကို သုံးလို့ရမလား”
ဂါးရက်က သူ့လက်ညှိုးညွှန်ရာကို လိုက်ကြည့်လိုက်သည်။ တဲ၏ အလယ်ဗလာနေရာတွင် စစ်သားသုံးဦး တန်းစီရပ်နေပြီး တစ်ဦးစီ၏ ခြေရင်းတွင် အလောင်းတစ်လောင်းစီ…
သန်းခေါင်ယံတွင် ဤသို့မြင်ရခြင်းမှာ ဂါးရက် သူ၏အရင်ဘဝတွင် အရေးပေါ်ခန်းဆရာဝန် မဖြစ်ခဲ့လျှင်နှင့် ယခု စစ်တပ်စခန်းတွင် မရှိခဲ့လျှင် သူလန့်သွားမည်ပင်။ သို့သော် ယခုမူ ဟိုင်းဒယ်၏ ယုံကြည်၍မရသည့် လုပ်ရပ်များနှင့် ကြိုတင်အသိပေးခြင်းမရှိဘဲ အလောင်းများ ယူလာခြင်းကို တိတ်တဆိတ်ညည်းညူခြင်းမှလွဲ၍ ဂါးရက်က အချိန်ပင်ရသေးသည်နှင့် ထိုင်ချ၍ အလောင်းများကို သေချာကြည့်လိုက်သည်။
ခေါင်းများနှင့် ကိုယ်လုံးများသည် ပျက်စီးမှုမရှိသလို သိသာထင်ရှားသည့် ထိခိုက်မှုမရှိပေ။ အထူးသဖြင့် ရင်ဘတ်က ပုံမပျက်မနေပေ။ ကျန်သည့်အပိုင်းများမှာမူ သိပ်စဉ်းစားစရာမလိုပေ။ သူ၏အရင်ဘဝတွင် လေ့ကျင့်ရန်သုံးသည့် ရုပ်အလောင်းအတုများသည် အခြေခံအားဖြင့် ကိုယ်တစ်ဝက်သာ ရှိသည်။ အလောင်းတို့၏ အဝတ်အစားအရောင်ကမူ…
“သူတို့က ငါတို့စစ်သားတွေ မဟုတ်ဘူး။ ဟုတ်တယ်မလား”
“မဟုတ်ဘူး လုံးဝမဟုတ်ဘူး”
ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်က သူ့ရင်ဘတ်ကို ကျယ်လောင်စွာ ပုတ်လိုက်သည်။
“ငါ သူတို့ကို ခေါ်လာခိုင်းတာ”
အမ်… သူ “ခေါ်လာခိုင်းတာ” ဆိုသည်မှာ ကောက်ယူလာခြင်းလော သို့မဟုတ် ချက်ချင်းသတ်ပစ်လိုက်ခြင်းလော။
ဂါးရက်က ဟိုင်းဒယ်ကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်သည်။ အချက်မှာ ထိုသူများသည် သေဆုံးပြီးသားဖြစ်နေပြီဖြစ်ပြီး အလောင်းများလည်း ရောက်ရှိနေပြီ ဖြစ်သည်။ တစ်
ဦးဦးကို အတင်းဆွဲထုတ်ပြီး မြှုပ်နှံခိုင်းခြင်းမှာ မလိုအပ်ဘူးဟု သူထင်သည်။
“ကောင်းပြီ ဒါတွေကိုသုံးလို့ရပါတယ်”
ဂါးရက် လက်ညှိုးတစ်ချောင်းဆန့်၍ အလောင်းတစ်လောင်း၏ ရင်ဘတ်ကို ဖိလိုက်သည်။
"ဒီလိုမျိုး အရင်လေ့ကျင့်ကြရအောင်။ အကုန်လုံးကို ယူလာခဲ့. ငါအရင် သရုပ်ပြမယ် ပြီးရင် မင်းတို့ တကယ်လေ့ကျင့်လို့ရပြီ။ ပြီးတော့ နောက်တစ်ခါ အလောင်းတွေ ယူလာချင်ရင် အနည်းဆုံး ငါနဲ့ အရင်တိုင်ပင်"
“ပြဿနာမရှိဘူး”
ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ် ခုန်ပေါက်လိုက်သည်။
CPR လက်တွေ့လေ့ကျင့်မှု စတင်ခဲ့သည်။ ဂါးရက်က ဆရာများအား အခြေခံသဘောတရားများကို အရင်ရှင်းပြသည်။ အလောင်းများအား ဦးညွှတ်ပြီးနောက် တစ်ဦး၏ဘေးတွင် ဒူးထောက်ကာ ကိုယ်တိုင်စတင်သရုပ်ပြသည်။
"လုပ်ငန်းစဉ်ရဲ့ အဓိကအချက်တွေကို ဂရုပြုပါ။ ပထမဆုံး လူနာမှာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ သတိရှိ၊ မရှိ စစ်ဆေးပါ။ လေလမ်းကြောင်းကို ဖွင့်ပါ။ ဖိတဲ့အခါ ညာဘက်လက်ဖဝါးရဲ့ အခြေခံကို လူနာရဲ့ ရင်ဘတ်အလယ်ကို တင်းတင်းကပ်ထားရမယ်။ ဘယ်ဘက်လက်ကို အပေါ်ကနေ ထပ်တင်ရမယ်။ လက်မောင်းတွေကို ဖြောင့်တန်းထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ အားကိုသုံးပြီး ဖိချရမယ်…"
သု တစ်ခါ သရုပ်ပြပြီးနောက် ဘုန်းတော်ကြီးချုပ် ဟိုင်းဒယ်၊ အဒမ်နှင့် သောမတ်စ်တို့ကို တစ်ဦးစီ အလောင်းတစ်လောင်းစီဖြင့် လေ့ကျင့်ခိုင်းလိုက်သည်။ ဂါးရက်က ဘေးမှနေ၍ ရပ်ပြီး အဆက်မပြတ် ပြင်ပေးနေသည်။
“ဟိုင်းဒယ် မင်းရဲ့လက်မောင်း မဖြောင့်ဘူး… အဒမ် ဖိချပြီး ပြန်ဖြေသည့်အခါ မင်းရဲ့လက်ဖဝါးကို လူနာရဲ့ရင်ဘတ်ကနေ မခွာစေနဲ့… သောမတ်စ် မင်း အရမ်းဖိနေတယ်။ အားမလုံလောက်ဘူး… မေ့လိုက်ပါ၊ မင်းက ငယ်သေးတယ်၊ ခွန်အားမလုံလောက်ဘူး။ ရင်ဘတ်ဖိအားပေးတာကို အခုလောလောဆယ် မသင်သေးနဲ့။ အသက်ရှူကူတာကို လာကူညီပေးပါ…”
မီး၏ အလင်းရောင်သည် တဲနံရံပေါ်တွင် တောက်ပစွာ ထွန်းလင်းနေပြီး လူသုံးဦး၏ တက်လိုက်ကျလိုက် ပုံရိပ်များကို ပုံဖော်ပေးနေသည်။ ရုတ်တရက် တဲလိုက်ကာကို လှန်
လိုက်သည်။
“ဟိုင်းဒယ် မင်းဒီမှာရှိတယ်လို့ သူတို့ပြောတယ်… အာ အာ အာ အာ အားးးးးး”