← Chapters

အခန်း (၁၃၈)

Vol. 10 Ch. 138

အခန်း (၁၃၈)

Vol. 10 Ch. 138

နောက်တစ်နေ့ နံနက်တွင် ဂါးရက် နော့မတ်ခ်သည် အထူးတပ်ဖွဲ့နှင့်ပူးပေါင်း၍ မြောက်ဘက်သို့ အပြည့်အဝ အရှိန်ဖြင့် ထွက်ခွာခဲ့သည်။

သူ၏တဲ၊ ပစ္စည်းများနှင့် ဆေးကိရိယာများကို ဘုန်းတော်ကြီးဟီလ်ဒီထံ အပ်နှံခဲ့ပြီး ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ကျောပိုးအိတ်ကြီးတစ်လုံးသာ ယူဆောင်သွားခဲ့သည်။ ကျောပိုးအိတ်ထဲတွင် အစားအစာ၊ ရေ၊ ရေစစ်ရန်အတွက် ကျောက်ချဉ်၊ ထို့ပြင် ပတ်တီးစများနှင့် ဆေးဝါးများ အများအပြား ပါရှိသည်။

ဒါ့အပြင် ဂါးရက်မှာ သူ၏ခါးတွင် မြဲမြဲချည်ထားသည့် အိတ်ငယ်လေးတစ်ခု ရှိသည်။ အိတ်ထဲတွင် ကုသသူတစ်ဦးအနေဖြင့် သု့အတွက် လိုအပ်သည့် ပစ္စည်းများ ပါဝင်သည်။

အသေးစား ကုသရေးဆေးရည် ဆယ်ပုလင်း

အလယ်အလတ် ကုသရေးဆေးရည် ငါးပုလင်း

ပြင်းထန် ကုသရေးဆေးရည် နှစ်ပုလင်း

အဆိပ်ဖြေဆေး နှစ်ပုလင်း

ဘုန်းတော်ကြီးဟီလ်ဒီ ကတိပေးထားသည့် စွမ်းအင်ဆေးရည် နှစ်ပုလင်း

တီထွင်ဖန်တီးမှုအဖြစ် ဂါးရက်က အိတ်ထဲသို့ အခြားပစ္စည်းအချို့ကိုလည်း ထိုးထည့်ထားပါသေးသည်။

လက်ညှိုးတစ်ချောင်းစာအရွယ် အောက်ဆီဂျင်ဘူးသေးလေး ဆယ်ဘူး၊ ဖော့နှင့် ဖယောင်းဖြင့် ပိတ်ထားသည်။

ပိုတက်စီယမ် ပါမန်ဂနိတ် ၁/၅ ပါဝင်သည့် စမ်းသပ်ပြွန်လေး ဆယ်ချောင်း။ ဤပစ္စည်းများဖြင့်ဆို သူသည် စွမ်းအားပြည့် မှော်ပညာ ၂၀ ကို သယ်ဆောင်သွားသလိုပင်။ ဂါးရက်က သု၏အိတ်ကို ကိုင်ကြည့်ရင်း စိတ်ချလက်ချ ခံစားလိုက်ရသည်။

ဆရာကြီး လော်ရန့်ဇ် ပေးထားသည့် မာနာပုလဲများ၊ ဘုန်းတော်ကြီးဟီလ်ဒီ၏ သစ်သားဘယက်၊ တစ်နေ့တစ်ကြိမ် အကာအကွယ်အုပ်ဆောင်းကို အသက်သွင်းနိုင်သည့် ထိပ်ပြောင်ဘုန်းတော်ကြီး၏ ဘယက်၊ ထို့ပြင် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးပစ္စည်းများ အပါအဝင် မှော်ဆရာ လင်ဒီ ပေးထားသည့် မှော်ပစ္စည်းမျိုးစုံလည်း ပါဝင်သည်။ ဂါးရက် ဝင်မပါခဲ့လျှင် မှော်ဆရာက သု၏မှော်ပညာလက်နက်တိုက်တစ်ခုလုံးကို သူ့ပေါ် ပုံချလိုက်မည်ပင်။

ဂါးရက်သည် အလွန်အကျွံ သတိကြီးပုံရသော်လည်း ပြင်ဆင်မှု အပြည့်အဝ ရှိသည်။ ၎သူပူးပေါင်းခဲ့သည့် အထူးတပ်ဖွဲ့တွင် လူ ၂၁ ဦးသာ ပါဝင်သည်။ မူလက ၂၀ ဦးအတွက် သတ်မှတ်ထားသော်လည်း ဂါးရက်က သူ၏နောက်လိုက်ကို ခေါ်ဆောင်လာသည့်အတွက် လူတစ်ဦး တိုးလာခြင်းဖြစ်သည်။ အဆင့်ငါးအဆင့်ရှိသူ နှစ်ဦး၊ အဆင့်လေးအဆင့်ရှိသူ သုံးဦး၊ အဆင့်သုံးအဆင့်ရှိသူ ငါးဦး ပါဝင်သည်။ ဤအဖွဲ့ထဲတွင် ဂါးရက်၏ ခွန်အားက အောက်ဆုံးအဆင့်တွင် ရှိသည်။

သူအရင်က ဒဏ်ရာမရခဲ့လျှင်၊ ကုသမှု မလိုအပ်ခဲ့လျှင် မစ်ရှင်အတွက် အရည်အချင်းပြည့်မီမည် မဟုတ်ပေ။

... ဂါးရက်၏နောက်လိုက်ဖြစ်သူ လူရိုင်းကြီး ဘားနတ်က အဆင့် ခုနစ် စစ်သည်တော်ပင်။ ပျမ်းမျှအားဖြင့်ဆိုလျှင် သူတို့သည် အဆင့် လေးခန့်တော့ ရှိကြမည်ပင်။ ဤပျမ်းမျှခြင်းက သင့်လျော်၏၊ မသင့်လျော်၏ ဆိုသည်မှာမူ နောက်ထပ်ကိစ္စတစ်ရပ် ဖြစ်သည်။

ဤသို့တောင်မှ ဂါးရက်၏ အသေးစိတ်ကျပြီး ကောင်းစွာပြင်ဆင်ထားသည့် အမူအရာက လူတိုင်းကို ရယ်ချင်စိတ် ပေါက်စေသည်။ အဖွဲ့ကို ဦးဆောင်သည့် အဆင့် ငါး သူရဲကောင်း ဘားနက်စ်က သူ၏မြင်းပေါ်မှနေ၍ တက်လာပြီး ဂါးရက်၏ ဆံပင်ကို ဖရိုဖရဲလုပ်လိုက်သည်။

“ပစ္စည်းတွေ အများကြီး သယ်လာတာပဲ။ ဟမ် ဘုန်းတော်ကြီးလေး ငါတို့ မင်းကို အငတ်ထားမှာ ဒါမှမဟုတ် အအေးဒဏ် ခံရမှာ ကြောက်နေတာလား”

“...ဒါတွေအားလုံးက ကုသဖို့အတွက်ပါ” ဟု ဂါးရက်က မျက်နှာမည်းမည်းဖြင့် ပြောရင်း ဘားနက်စ်၏ လက်ကို ရှောင်လိုက်သည်။

“ခင်ဗျား တတ်နိုင်လျှင် အစအဆုံး ဒဏ်ရာမရပါစေနဲ့ အာ့ဆိုကျွန်တော့်အကူအညီ လိုမှာမဟုတ်ဘူး”

“ကြားလား ညီအစ်ကိုတို့” ဟု ဘားနက်စ်က အားရပါးရ ရယ်မောလိုက်သည်။

“ငါတို့ရဲ့ ဘုန်းတော်ကြီးလေးက ပြောတယ် အစအဆုံး ဒဏ်ရာမရကြနဲ့တဲ့။ မဟုတ်ရင် သူ မကူနိုင်ဘူးတဲ့”

“ကောင်းပြီ”

“သူ့အကူအညီ မလိုပါဘူးလို့ ကျွန်တော်တို့ ကတိပေးတယ်”

“ဘုန်းတော်ကြီးလေး ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်”

ဆူညံသည့် ရယ်သံများ ပဲ့တင်ထပ်သွားသည်။ ဂါးရက်က နောက်ထပ် စကားနည်းနည်း ထပ်အော်ချင်ခဲ့သော်လည်း ပါးစပ်ဖွင့်လိုက်သည်နှင့် အေးခဲသည့် လေတစ်ပွက် ဝင်လာခြင်းကြောင့် သူ၏ဦးထုပ်ကို တင်းတင်းဆွဲ၍ ကာလိုက်ရသည်။

သူတို့သည် မြစ်၏ အနောက်ဘက်ကမ်းတစ်လျှောက် တဟုန်ထိုး ခရီးနှင်ပြီး မြောက်ဘက်သို့ အပြည့်အဝ အရှိန်ဖြင့် သွားခဲ့ကြသည်။ ဂါးရက်၏ မြင်းစီးကျွမ်းကျင်မှုမှာမူ သာမန်အတိုင်းသာ ရှိနေဆဲဖြစ်သည်။ လူရိုင်းကြီးနှင့် အတူစီးလို့လည်း မရပေ။ သူတို့က အရမ်းလေးလံသည်။ ထို့ကြောင့် သူတစ်ဦးတည်း မြင်းစီးရန်သာ အာရုံစိုက်ခဲ့ရသည်။ ညနေပိုင်း စခန်းချချိန်ရောက်မှသာ သူ့အဖော်များက သူတို့၏ ခရီးစဉ်အကြောင်း ပြောနေသည်ကို သူခိုးနားထောင်မိလိုက်

သည်။

သုတို့၏ မစ်ရှင်မှာ မြစ်ကြောင်းအတိုင်း ဒေါ့ဗ်မြစ်ဝဆီ တိုက်ရိုက်သွားပြီး သဘာဝနတ်ဘုရားကျောင်း၏ ရေတပ်ကို ရှာဖွေရန်ပင်။ တွေ့ရှိလျှင် ဖြစ်နိုင်ပါက တားဆီးရန်၊ မတွေ့ရှိလျှင်မူ ပင်မစခန်းသို့ ပြန်အစီရင်ခံရန်ပင် ဖြစ်သည်။ ထိုအခါ ပင်မတပ်ဖွဲ့က ဒေါ့ဗ်မြစ်ကို ဖြတ်၍ အလယ်ပိုင်းစီရင်စုမြို့သို့ တန်းတန်းမတ်မတ် သွားလိမ့်မည်။

အလယ်ပိုင်းစီရင်စု၌ မြို့ကြီးနှစ်မြို့ရှိသည်။ တစ်မြို့မှာ စီရင်စုမြို့ပင်ဖြစ်ပြီး ဒေါ့ဗ်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိကာ မြို့စားနော်မန်၏ မဟာမိတ်တပ်ဖွဲ့များကို မျက်နှာမူထားသည်။ နောက်တစ်မြို့မှာမူ ဘာတွန်ဘေးတွင် တည်ရှိသည့် မာဆာဆိပ်ကမ်းပင် ဖြစ်ပြီး ရေနက်ပြီး လှိုင်းငြိမ်သောကြောင့် သဘာဝအတိုင်း ထူးခြားသည့် ဆိပ်ကမ်းကောင်းတစ်ခု ဖြစ်သည်။ မြို့စားနော်မန်၏ ခန့်မှန်းချက်အရ သဘာဝနတ်ဘုရားကျောင်း၏ ရေတပ်သည် မာဆာဆိပ်ကမ်းတွင် ဆင်းသက်ရန် အများဆုံး ဖြစ်နိုင်ခြေရှိသည်။

“ကျွန်တော်တို့ ပြန်ရောက်တဲ့အချိန်ဆိုရင် ဒီဘက်က တိုက်ပွဲ ပြီးနေလောက်ပြီ ထင်တယ်” ဟု သူရဲကောင်း ဘားနက်စ်က အားရပါးရ ရယ်မောလိုက်သည်။ သူ့ဘေးနားမှ မှော်ဆရာက သူ့ဦးထုပ်ကို ဆွဲချပြီး တခစ်ခစ်ရယ်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဟိုဘက်မှာ လူတွေ အများကြီးပဲ။ သူတို့က ကျွန်တော်တို့ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ စခန်းက တစ်နေကုန် ဆူညံနေတာ၊ အပြင်မှာ လမ်းလျှောက်ထွက်တာက ပိုကောင်းပါသေးတယ်”

အမ်... ဂါးရက်က မနေ့က အဆူညံဆုံးဖြစ်အောင် လုပ်ခဲ့သည့်သူအနေဖြင့် နည်းနည်းတော့ အပြစ်ရှိသလို ခံစားလိုက်ရသည်။ လေအေးတစ်ချက် တိုက်ခတ်လာခြင်းကြောင့် သူလည်း ၎ငသူ့ဦးထုပ်ကို မျက်နှာတစ်ဝက်အထိ ဆွဲချလိုက်သည်။

"ကျွန်တော်တို့ ဘယ်လောက်ကြာမှာလဲ"

ဂါးရတ်က မေးလိုက်သည်။

"အနည်းဆုံး နှစ်ရက်တော့ ကြာမယ်။ ပြီးတော့ တောင်တက်ရဦးမယ် ဘုန်းတော်ကြီးလေးခင်ဗျား တက်နိုင်ပါ့မလား"

ဆူညံနေသည့် ရယ်သံများ ဆက်လက် ပဲ့တင်ထပ်နေခဲ့သည်။ ဂါးရက်က သူ့အဖြေကို မှော်ပညာနှင့် နတ်ဘုရားပညာ နှစ်မျိုးလုံး၏ အထောက်အပံ့ကို အားကိုး၍ စီစဉ်လိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် သူက “မြစ်ကြောင်းအတိုင်း လိုက်ရမယ်ဆိုရင် ဘာလို့ တောင်

တက်ရမှာလဲ” ဟု မေးလိုက်သည်။

“ဒီမြစ်က တော်တော်လေး လှည့်စားတတ်တယ်” ဟု ကပ္ပတိန် ဘားနက်စ်က ထင်းစတစ်ခုကို ကောက်ယူပြီး မီးပွားများကို နင်းခြေကာ မြေကြီးပေါ်မှာ ပုံဆွဲပြီး ဂါးရက်ကို ပြလိုက်သည်။

“မြစ်ဝကနေ အတွင်းဘက် မိုင်ဆယ်ချီအထိက ချောက်ကမ်းပါးတွေချည်းပဲ။ အဲဒီကို ဖြတ်ပြီးမှပဲ ဆိုက်ကပ်လို့ရတဲ့ မြေပြန့်နေရာကို တွေ့နိုင်မယ်။ တောင်တက်ပြီး အပေါ်ကနေ ကြည့်တာက ကျွန်တော်တို့ တိုက်ခိုက်ဖို့ အဆင်အပြေဆုံးပဲ၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို မမှီနိုင်ဘူး”

“မေးစရာရှိတာက ကျွန်တော်တို့ တိုက်ခိုက်လို့ရပါ့မလား” ဟု ဂါးရက်က တွေးမိသည်။ သိပ်မဝေးသည့် မြစ်ကို ကြည့်လိုက်ရာ ဒေါ့ဗ်မြစ်က ဤနေရာမှာ တော်တော်လေး ကျယ်နေပြီ။ မျက်နှာပြင်ဧရိယာက မီတာ ရာနဲ့ချီနိုင်သည်၊ တစ်ဖက်က ဆိုက်ကပ်ထားသည့် သင်္ဘောတွေက လူရာပေါင်းများစွာကို အလွယ်တကူ သယ်ဆောင်နိုင်သည်။ ဤသည်မှာ မြစ်အောက်ပိုင်းကို ပိုရောက်သွားလျှင် သင်္ဘောများက မည်မျှကြီးရန် လိုအပ်မလဲ။

“ကျွန်တော်တို့ သေချာပေါက် တိုက်ခိုက်လို့ရတယ်” ဟု ကပ္ပတိန် ဘားနက်စ်က အားရပါးရ ရယ်မောလိုက်ပြီး တစ်ဖက်ကို လက်ညှိုးထိုးပြသည်။

“ဘုန်းတော်ကြီးလေး ခင်ဗျား ဒီဒေသက မဟုတ်ဘူးလား။ ဒီသင်္ဘောနဲ့ဆို အများဆုံး ဆုန်းဆိပ်ကမ်းအထိပဲ ရောက်နိုင်မယ်။ မြစ်အောက်ပိုင်းကို ပိုဆင်းသွားရင် ကျဉ်းမြောင်းတာ မဟုတ်ပေမဲ့ ကျောက်ဆောင်တွေနဲ့ တောင်တွေ အပြည့်ပဲ၊ သင်္ဘောကြီးတွေ ဖြတ်လို့မရဘူး။ ကျွန်တော်တို့က အဖွဲ့ငယ်လေး ရှိမရှိ စစ်ဆေးတာပဲ။ ရှိရင် ချက်ချင်း ရှင်းပစ်မယ်”

တိုက်ပွဲဖြစ်နိုင်ခြေက သိပ်မများဘူးဟု ထင်ရသည်။ ဂါးရက် စိတ်လျှော့လိုက်ပြီး မြေမျက်နှာပြင်ကို သူ့စိတ်ထဲ ပုံဖော်လိုက်သည်။ ကောင်းကင်က လပြည့်ဝန်းကို ခဏတာ ငေးကြည့်လိုက်၊ သူ၏ပုံမှန်တရားထိုင်ခြင်းကို ပြီးစီးလိုက်နှင့် ထို့နောက် စခန်းမီးဖိုနားမှာ လမ်းလျှောက်လိုက်ပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

နောက်တစ်နေ့ သူတို့ မနက်စောစောထပြီး တစ်နေ့တာလုံး ခရီးသွားခဲ့ကြရာ ညနေပိုင်းမှာ မြစ်ဝက ချောက်ကမ်းပါးတွေဆီကို နောက်ဆုံးတွင် ရောက်ရှိခဲ့သည်။

အဖွဲ့သည် သူတို့၏ မြင်းတွေကို စွန့်လွှတ်ပြီး တောင်တက်စပြုလိုက်သည်။ ကပ္ပတိန် ဘားနက်စ်က မြင်းတွေကို ချည်နှောင်ပြီး အနည်းဆုံး ၃၀ ဒီဂရီ ထောင့်ချိုးရှိသည့် တောင်စောင်းကို ခုန်တက်သွားသည်။ အဆင့် လေးမှော်ဆရာက စာကြောင်းအနည်းငယ် ရွတ်ဆိုလိုက်ရာ လေအေးက သူ့ကို ဝန်းရံလာပြီး သွက်လက်ပေါ့ပါးစေသည်။ တစ်ချက်ခုန်လိုက်သည်နှင့် သူက ရှေ့မှ မြားပစ်သမားတွေကို နီးပါးမှီသွားသည်။

တခြားစစ်သည်တော်တွေကလည်း ပြိုင်ဆိုင်နေကြပြီး တစ်ဦးချင်းစီက ပထမဆုံး ဖြစ်ချင်နေကြသည်။ လမ်းမရှိသည့် တောင်စောင်းမှာ သူတို့သည် မီတာတစ်ရာပြေးပွဲ၏ အရှိန်အဟုန်ဖြင့် ပြေးတက်သွားကြသည်။

ဂါးရက်ကမူ တစ်ဦးတည်း နောက်ကျန်နေခဲ့သည်။ သူမော့ကြည့်လိုက်သည်။ တက်လို့တော့ရသည်။ သို့သော် သူ၏စွမ်းရည်နှင့်ဆိုလျှင် လက်နှင့်ခြေထောက် အသုံးပြု၍ တစ်လှမ်းချင်းစီ တွားတက်ရုံသာ တတ်နိုင်မည်။ ဤသို့ပင် သုတွေးနေစဉ် ရုတ်တရက် သူ၏ခါး တင်းသွားတော့သည်။ သူ့ကိုယ်ခန္ဓာ ပေါ့ပါးသွားပြီး သူ၏ခြေထောက်အောက်မှ မြေပြင်က နောက်ပြန်ဆုတ်သွားသည်။ လူရိုင်းကြီး ဘားနတ်က သူ့ကို ကောက်ချီပြီး ပြေးတက်နေခြင်း ဖြစ်သည်။ အဆင့် ခုနစ် စစ်သည်တော်က မြင်းပြေးသလို မြန်ဆန်စွာ အပေါ်သို့ တဟုန်ထိုး တက်သွားပြီး အဖွဲ့၏ ရှေ့ဆုံးကို မကြာခင်မှာ ကျော်တက်သွားသည်။ တောင်ထိပ်ကို ရောက်သောအခါ ဂါးရက်က အောက်သို့ ကြည့်ရင်း အသက်ရှူမှားသွားသည်။

ဤနေရာတွင် သင်္ဘောကြီးတွေ မသွားလာနိုင်ဘူးဟု ဘယ်သူက ပြောခဲ့တာလဲ။

ချောက်ကြီးများကြားမှ မြစ်ထဲတွင် ရွက်တိုင်များနှင့် ရွက်သင်္ဘောများ အပြည့်ရှိနေသည်။ ရွက်တိုင် ဒါဇင်ပေါင်းများစွာကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်ရသည်။ ရွက်တိုင်တိုင်းမှာ တူညီသည့်အလံကို ဂုဏ်ယူစွာ လွှင့်ထူထားသည်။ တောက်ပသည့် ရွှေရောင်မိုးကြိုးကို ကိုင်ထားသည့် လက်တစ်ဖက်က မည်သည့်အချိန်မဆို ရိုက်ချရန် အသင့်ဖြစ်နေသည့် ပုံပင်။

နေဝင်ဆည်းဆာအောက်တွင် ရွှေရောင်မိုးကြိုးတွေသည် မြေကြီးကို အချိန်မရွေး ရိုက်ချနိုင်မလိုပင် ထင်ရသည်။

သူ့ဘေးနားမှ ကပ္ပတိန် ဘားနက်စ်က အံကျိတ်ရင်း သူ့အဆစ်များက အသံမြည်နေသည်။

All Chapters