← Chapters

ထင်ရှားသည့်မိသားစု

Vol. 98 Ch. 1376

ထင်ရှားသည့်မိသားစု

Vol. 98 Ch. 1376

အခန်း (၁၃၇၆) ထင်ရှားသည့်မိသားစု

စန်းကွမ်းနတ်ရေစင်သည် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာအတွက် အလွန်လိုအပ်သော ရတနာတစ်ခုဖြစ်သည်။

ကောင်းဟန်ပြောခဲ့သည့်အတိုင်းပင် ဤရတနာပစ္စည်းဖြင့် ဖုံးကွယ်ထားမည်ဆိုပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ပြင်ပတာအိုကျင့်ကြံသူများအနေဖြင့် ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစများ၏တည်နေရာနှင့် လှုပ်ရှားမှုကို ရှာဖွေရန်ခက်ခဲသွားပေမည်။

နောက်ထပ်အရေးကြီးသည့်အချက်တစ်ခုမှာ စန်းကွမ်းနတ်ရေစင်၏ အကူအညီဖြင့်ဆိုလျှင် ဖုထင်၊ မန်ဝမ်၊ ဟယ်ရှီးရှင်တို့ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများ အနည်းငယ်လျော့ပါးသွားနိုင်ပြီး  အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ လွှမ်းမိုးမှုကို လျှော့ချနိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက ဖုထင် ၊ မန်ဝမ်၊ ဟယ်ရှီးရှင်တို့၏ အခြေအနေနှင့်ပတ်သက်ပြီး အခြားအစီအစဉ်များစဉ်းစားထားသော်လည်း ဤနည်းလမ်းဖြင့် ခြိမ်းခြောက်မှုများကို ဖယ်ရှားနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်ပေမည်။

အဂ္ဂိရတ်ခန်းမမှ အသွင်ပြောင်းဖြစ်ပေါ်လာသော ထျန်းစူးစကြာဝဠာနှင့် ထိုစကြာဝဠာထဲတွင်ရှိသော ကောာင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာအတွက်လည်း ပိုမိုလုံခြုံစေရန် ထပ်မံအဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်၏။

ထို့ကြောင့် စန်းကွမ်းနတ်ရေစင်ဆိုသော အမည်ကြားသည်နှင့် ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် လှုပ်ရှားသွားရသည်။

သို့သော် သူက အလျင်စလို ဆုံးဖြတ်ချက်မချဘဲ အရင်ဆုံးမေးခွန်းထုတ်လိုက်၏။

“အဲဒီ ရတနာပစ္စည်းက ဘယ်ကိုယ်တော်လက်ထဲမှာ ရှိနေတာလဲ ၊ ကျွန်တော်ကြားဖူးတဲ့သူများ ဖြစ်နေမလား”

ထိုစကားကိုကြားတော့ ကောင်းဟန်က ရွှင်လန်းစွာ ပြုံးလိုက်ရင်း...

“မင်းတို့ ကြားဖူးလောက်တယ် ၊ သူ့ကို ဟွေ့အန်းခရီးသည်လို့ ခေါ်ကြတယ်”

“အဟက်ဟက်...”

ရန်ကျောက်ကဲ မျက်လုံးလှန်လိုက်ချင်သည့်စိတ်ကို အတော်လေး အောင့်အည်းသည်းခံလိုက်ရသည်။

သူက...

“သေချာပေါက် ကြားဖူးတာပေါ့”

ဟွေ့အန်းခရီးသည်’မုကျား’ ဆိုသည်က စေတီရှင်လီကျန်းဝမ်၏ ဒုတိယသားဖြစ်ပြီး ကြာပန်းပင်လယ်သုံးစင်းအရှင်‘နီကျား’ ၏ အကိုဖြစ်သည်။

ရှေးခေတ်ကာလမှာပင် သူက နတ်ဘုရားတစ်ပါးဖြစ်လာပြီး ယွိချင်အဆက်အနွယ်မှဆင်းသက်လာသော ဖူရှန်ကျန်းရန်၏ တပည့်အဖြစ် ကျင့်ကြံခဲ့သည်။

သူက တာအိုဝါဒ၏ တရားဝင် တတိယမျိုးဆက် တပည့်တစ်ယောက် ဖြစ်သည်။

သို့သော် နောက်ပိုင်း ဖူရှ်ကျန်းရန်က အနောက်ဘက် ဗုဒ္ဓဘာသာသို့ကူးပြောင်းခဲ့ပြီး ဖူရှန်ဗောဓိသတ္တအဖြစ် ခံယူခဲ့လေရာ မုကျားသည်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

ဖူရှန်ကျန်းရန်နှင့်အတူ အနောက်ဘက်ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သော ယွိချင်အဆက်အနွယ်များထဲတွင် ဝန်စူးကောင်းကင်ဘုံအရှင်နှင့် ချီဟန်ကျန်းရန်တို့လည်း ပါဝင်ပြီး  နောက်ပိုင်း ဝန်စူးဗောဓိသတ္တနှင့် ကွမ်ယင်မယ်တော်အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။

အလယ်ခေတ်ကာလတွင် မုကျားက ကွမ်ယင်မယ်တော်လက်အောက်သို့ ကူးပြောင်းသွားခဲ့ပြီး သူ၏တပည့်ဖြစ်လာကာ ‘ဟွေ့အန်းခရီးသည်’ ဆိုသည့်အမည်ကို ခံယူခဲ့သည်။

ရှေးခေတ်ကာလနှင့် အလယ်ခေတ် အကူးအပြောင်းတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်သူများမှလွဲ၍ အမှန်တရားကို သိသူအနည်းငယ်သာ ရှိသည်။

ရန်ကျောက်ကဲအမြင်အရ ဟွေ့အန်းခရီးသည်၏ကိစ္စသည်လည်း ရှုပ်ထွေးသော အကြောင်းအရာများထဲမှ တစ်ခုဖြစ်ကြောင်း သတ်မှတ်နိုင်သည်။

ရန်ကျောက်ကဲက ကောင်းဟန်အား ကြည့်လိုက်ပြီး...

“ဒီတော့ နေဝန်းထက်ယံအရှင်သခင်ကို အတင့်ရဲပြီး မေးပါရစေ ၊ ဖူရှန်ကျန်းရန်နဲ့ ချီဟန်ကျန်းရန်တို့ အခု ဒီလောကမှာ ရှိနေသေးလား”

စန်းကွမ်းနတ်ရေစင်က ဗုဒ္ဓဘာသာ ကိုယ်တော်တစ်ပါးလက်ထဲ ရောက်ရှိနေသည်ဟု ကြားရသည့်အခါ ရန်ကျောက်ကဲအနေဖြင့် မတွေးတောဘဲ မနေနိုင်ပေ။

ဤရတနာသည် ယခင်က ယွိချင်ဘိုးဘေး’ယွမ်စီထျန်းကျွင်း’ ၏ ကျင့်ကြံရာနေရာဖြစ်သော ‘ကျောက်စိမ်းဝိညာဉ်နန်းတော်’ တွင်သာရှိခဲ့ပြီး တစ်လောကလုံးတွင် တစ်ခုတည်းသာ ရှိသည်။

မတော်တဆ နောက်ပိုင်းလူတစ်ယောက်ထဲရောက်ရှိသွားခြင်းက လုံးဝဖြစ်နိုင်ခြေမရှိဟု မပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။

ဝန်စူးကောင်းကင်ဘုံအရှင်၊ ဖူရှန်ကျန်းရန်နှင့် ချီဟန်ကျန်းရန်တို့က ယွိချင်အဆက်အနွယ်မှဆင်းသက်လာသော ထူးချွန်သူများ ဖြစ်ကြသည်။

ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးနောက် သူတို့အားလုံး အနောက်ဘက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြသည်။

ထိုရတနာပစ္စည်းကို ထိုသူများယူဆောင်သွားသည်ဆိုပါက ဖြစ်နိုင်ခြေ ရှိသည်။

မေးကြည့်လိုက်တော့ သူ ထင်ထားသည့်အတိုင်းသာပင်။

ကောင်းဟန်က ပြုံးရင်း...

“ချီဟန်ကျန်းရန်ရဲ့ အခြေအနေကိုတော့ ကျုပ်မသိဘူး ၊ ဒါပေမဲ့ ဖူရှန်ကျန်းရန်ကတော့ အခုချိန်ထိ ဒီလောကမှာ ရှိနေသေးတယ်လို့ ယူဆရတယ်”

ရန်ကျောက်ကဲက ပြုံးသလိုမပြုံးသလိုမျက်နှာထားဖြင့်...

“ဒါဖြင့် ကြာပန်းပင်လယ်သုံးစင်းအရှင်‘နီကျား’၊ စေတီရှင်လီကျန်းဝမ်နဲ့ လင်စန်းတောင်ဗုဒ္ဓဓမ္မကာကွယ်သူတို့ရဲ့ အခြေအနေတွေကို နေဝန်းထက်ယံအရှင်သခင်က ပြောပြနိုင်မလား”

ကြာပန်းပင်လယ်သုံးစင်းအရှင်‘နီကျား’။

စေတီရှင်’လီကျန်းဝမ်’။

လင်စန်းတောင်ဗုဒ္ဓဓမ္မကာကွယ်သူ’ကျင်းကျား’။

ဟွေ့အန်းခရီးသည်’မုကျား’။

ဤသည်က သမိုင်းထဲတွင်ထင်ရှားသည့် မိသားစုတစ်ခုသာပင်။

ကောင်းဟန်က တည်ငြိမ်သည့် မျက်နှာအမူအရာဖြင့် ဖြည်းညှင်းစွာ ပြောပြသည်။

“လင်စန်းတောင်ဗုဒ္ဓဓမ္မကာကွယ်သူက အခု အဖြူရောင်ကြာပန်းသုခဘုံလို့နာမည်ပြောင်းလိုက်တဲ့ အလယ်ပိုင်းသုခဘုံမှာ ရှိနေတုန်းပဲ”

သူက ဆက်ပြောသည်။

“စေတီရှင်လီကျန်းဝမ်က အနောက်ဘက်သူတော်စင်ဘုံကို ရောက်သွားတယ် ၊ ကြာပန်းပင်လယ်သုံးစင်းအရှင်‘နီကျား’ ကတော့ ဘယ်ရောက်နေလဲ ကျုပ်မသိဘူး ၊ အခုထိ စုံစမ်းနေတုန်းပဲ”

“ဒါပေမဲ့ အရင်တုန်းက မဟာကပ်ဘေးကာလမှာ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားတော့ ကြာပန်းပင်လယ်သုံးစင်းအရှင်‘နီကျား’ က နောက်ဆုံးအချိန်ထိ တိုက်ခိုက်ခဲ့ပြီး ဓမ္မကိုကာကွယ်ဖို့ အသက်ပေးသွားတယ်လို့လည်း ကောလဟလတွေ ထွက်နေတယ်”

ဓမ္မာကိုကာကွယ်ရန် အသက်ပေးလှူခြင်းဆိုသည်မှာ တိုက်ပွဲတွင်ကျဆုံးခြင်းကို သိမ်မွေ့စွာ ဖော်ပြသည့် အသုံးအနှုန်းတစ်ခုဖြစ်သည်။

ဖန်းယွင်ရှန်းက မျက်ခုံးများတွန့်ချိုးလျှက် ကောင်းဟန်ကို ကြည့်လိုက်သည်။

ပြောရလျှင် ကောင်းဟန်တွင် မကောင်းသောအကြံအစည်ရှိမည်လား မည်သူမှ မသိနိုင်ပေ။ ကောင်းဟန်တွင် လျှို့ဝှက်ချက်များရှိနေပြီး သူတို့အားလုံးကို ဒုက္ခပေးမည်ဆိုလျှင် မည်သို့ရှိမည်နည်း။

ပြီးတော့ ကောင်းဟန်က မည်သည့်အရာကိုမှ မဖုံးကွယ်ဘဲ သူသိသမျှ မခြွင်းမချန် ပြောပြနေခဲ့သည် မဟုတ်လား။

တစ်ဖက်လူက စိတ်ထားကောင်းဖြင့် ပြုမူနေသည်ဆိုလျှင်လည်း...

သူမအနေဖြင့် မည်သို့ပင်နားထောင်နေပါစေ ကောင်းဟန်ပြောသည့်စကားများက ကြီးမားသည့်တွင်းထဲသို့ လူများကို ခုန်ချစေရန် ချော့မော့အကွက်ဆင်နေသည်ဟုသာ ခံစားရသည်။

ရန်ကျောက်ကဲက တစ်စုံတစ်ခု တွေးတောမိဟန်ဖြင့်...

“နေဝန်းထက်ယံအရှင်သခင်က စမ်းကြည့်ချင်တာလား...”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“ချီဟန်ကျန်းရန်နဲ့ ဖူရှန်ကျန်းရန်တို့က ဗုဒ္ဓဘာသာထဲဝင်သွားတယ်ဆိုပေမယ့် ၊ သူတို့တွေက ကျုပ်တို့ စန်းချင်း(၃)ပါး လမ်းမှန်တာအိုဝါဒနှင့် အမြဲတမ်း ဆက်နွယ်မှုရှိနေခဲ့ပါတယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ ကျုပ်တို့က စန်းကွမ်းနတ်ရေစင်ကိုပဲ ယူဖို့ကြံစည်တာလေ ၊ ဟွေ့အန်းခရီးသည်နဲ့ ရန်သူလုပ်ဖို့မလိုပါဘူး ၊ ပြောရရင်... ဟွေ့အန်းခရီးသည်ဆိုတာကလည်း ကျုပ်တို့ လမ်းမှန်တာအိုဝါဒရဲ့ ရှေ့ဆရာတစ်ပါးပဲ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးမှ...

“လက်ရှိ တိုက်ပွဲမှာရော နှစ်ဖက်အခြေအနေ ဘယ်လိုရှိလဲ ၊ ဟွေ့အန်းခရီးသည်က ဘယ်နေရာမှာ ပေါ်လာတာလဲ ၊ သူပေါ်လာတဲ့နေရာမှာ အနောက်ဘက်သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်အပြင် ပြင်ပတာအိုကျင့်ကြံသူ တန်ခိုးစွမ်းအားရှင်တွေ ဘယ်လောက်ရှိလဲ”

ကောင်းဟန်က...

“အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ နယ်မြေ(၃၀၀၀)မှာ အဖြူရောင်ကြာပန်းသုခဘုံက နယ်မြေ(၈၀၀)ကို သိမ်းပိုက်ထားပြီးပြီ”

“ပြောရရင် အမတခုံရုံးရဲ့ အခြေခံအုတ်မြစ်က ထိခိုက်နေပြီ ၊ ဘာလို့လဲဆိုတော့ တာအိုရောင်းရင်း’စော’ က သူတို့ဘက်က ကောင်းကင်နတ်ဘုရား(၄)ပါးကို သတ်ဖြတ်ပစ်ခဲ့တယ်လေ”

သူက ဆက်ပြောသည်။

“အမတခုံရုံးမှာ နတ်ဘုရား(၁၂)ပါးပဲရှိတော့... အရေအတွက်အရဆိုရင် အဖြူရောင်ကြာပန်းသုခဘုံက တန်ခိုးစွမ်းအားရှင်တွေထက်နည်းနေတယ် ၊ တာအိုရောင်းရင်း'စော' သတ်လိုက်တဲ့ (၄)ယောက်နေရာကိုလည်း အချိန်တိုအတွင်း ပြန်မဖြည့်နိုင်ခဲ့ဘူး ၊ ဒါကြောင့် သူတို့ ဒုက္ခရောက်နေရတာ”

“ဒါပေမဲ့ အမတခုံရုံးက ကျင့်ကြံသူတွေက အနောက်ဘက်သူတော်စင်ဘုံရဲ့အကူအညီနဲ့ သိမ်းပိုက်ခံထားရတဲ့ကမ္ဘာတွေကို ပြန်ယူဖို့ကြိုးစားနေတယ် ၊ အဖြူရောင်ကြာပန်းသုခဘုံကလည်း သိမ်းပိုက်ထားတဲ့နယ်မြေတွေကို လက်မလွှတ်ချင်တဲ့အပြင် ထပ်သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေတယ် ၊ အခု နှစ်ဦးနှစ်ဖက် လွန်ဆွဲတဲ့အခြေအနေရောက်နေတော့ ဘယ်သူမှ လွယ်လွယ်နဲ့ ‌နောက်ဆုတ်မှာမဟုတ်ဘူး”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“ထူးခြားတဲ့အပြောင်းအလဲတစ်ခုခု မဖြစ်ဘူးဆိုရင် သူတို့တွေ အနိုင်အရှုံးသဲကွဲဖို့ အချိန်ကြာလိမ့်ဦးမယ်”

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“အခုလိုအခြေအနေဖြစ်လာတာ နေဝန်းထက်ယံအရှင်သခင်ရဲ့ အစီအမံတွေက တစ်ဝက်လောက် အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောရမယ် ၊ ဒီ’ရန်’ လေးစားမိပါတယ်”

ကောင်းဟန်က ခေါင်းခါယမ်းရင်း...

“မခံယူဝံ့ပါဘူး...”

သူက ဆက်ပြောလိုက်သည်။

“ကျုပ်က ကျင့်ကြံခြင်းအဆင့်နိမ့်ပါးတဲ့အတွက် တောင်ပိုင်းချန်စန်းဧကရာဇ်ကို နည်းနည်းပါးပါးပဲ ကူညီပေးနိုင်တာပါ ၊ ပြီးတော့ အခုလို အောင်မြင်တာကလည်း တာအိုရောင်းရင်း'စော'ရဲ့ အကူအညီကြောင့်ပါ...”

သူက ရန်ကျောက်ကဲကို ကြည့်ရင်းပြုံးလိုက်ပြီး...

“ဒီကိစ္စအောင်မြင်တာ မင်းရဲ့ အကျိုးဆောင်မှုလည်းပါပါတယ် ၊ တာအိုရောင်းရင်း‘ရှောက်’တို့ အုပ်စုလည်း ဆက်ပြီးကြိုးစားခဲ့တဲ့အတွက် ရလဒ်တွေစုစည်းပြီး နောက်ဆုံး ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု ရလာတာပဲ ၊ ဒီတော့ ကျုပ်တစ်ယောက်တည်း အောင်မြင်မှုရတယ်လို့ မခံယူရဲပါဘူး”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“နေဝန်းထက်ယံအရှင်သခင်က ယဉ်ကျေးလွန်းနေပါပြီ”

ကောင်းဟန်က တည်ငြိမ်စွာပြုံးရင်း ဆက်ပြောသည်။

“ဟွေ့အန်းခရီးသည်က အမတခုံရုံးနယ်မြေမှာ မရှိဘူး ၊ ပြင်ပဗလာနယ်ထဲမှာ မဟာနတ်မိစ္ဆာတွေနဲ့ တိုက်ခိုက်နေတယ် ၊ အဲဒီမှာ အနောက်ဘက် သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်က တန်ခိုးစွမ်းအားရှင်တွေလည်း ရှိနေတယ် ၊ အင်း... ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကိုယ်တော်တွေရော ၊ မဟာသူတော်စင်အဆင့် နတ်မိစ္ဆာတွေရော အများကြီးပဲ”

ရန်ကျောက်ကဲက...

“သူတိုက်နေတဲ့ မဟာနတ်မိစ္ဆာတွေက ဘယ်သူတွေလဲ”

ကောင်းဟန်က...

“ကျုပ်ရထားတဲ့ နောက်ဆုံးသတင်းအရဆိုရင်တော့ ကြိုးကြာမျိုးနွယ် ၊ မျောက်မျိုးနွယ် ပြီးတော့ မဟာဂဠုန်မျိုးနွယ်တွေပဲ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ဒါဖြင့် အံ့သြစရာမရှိပါဘူး”

သူက ဆက်ပြောလိုက်သည်။

“အရင်တုန်းက မဟာဂဠုန်မျိုးနွယ်က ငှက်မွှေးနတ်ဘုရားက စန်းကွမ်းနတ်ရေစင်ကြောင့် အရေးနိမ့်သွားဖူးတယ်မလား”

ကောင်းဟန်က ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ အခုလည်း မဟာဂဠုန်မျိုးနွယ်ကို ထိန်းချုပ်ဖို့အတွက် ဟွေ့အန်းခရီးသည်က စန်းကွမ်းနတ်ရေကိုယူဆောင်ပြီး တိုက်ပွဲဝင်ခဲ့တာပေါ့”

All Chapters