အဖွဲ့လိုက်စီမံကိန်းအတွက် အစည်းအဝေး
Vol. 12 Ch. 177
စိမ်းလန်းသောသစ်တောအတွင်း နံနက်ခင်းအချိန်၌ ဖောက်ထွင်းမြင်ရသော သကြားလုံးအမျှင်များကဲ့သို့ အဖြူရောင် မြူခိုးပါးပါးတို့သည် သစ်ပင်များကို ဖုံးလွှမ်းထား၏။
ပြာလဲ့သော မှော်ကောင်းကင်အောက်တွင် သစ်ပင်ကြီးများက မားမားမတ်မတ် ရပ်တည်လျက်ရှိသည်။ ကြည်လင်သော နှင်းစက်များသည် စိမ်းလန်းသောသစ်ရွက်များ၏ ထိပ်ဖျားဆီသို့ ဖြည်းညှင်းစွာ စီးကျလာပြီးမှ မြေပြင်ပေါ်သို့ တွန့်ဆုတ်စွာ ကျဆင်းသွားသည်။
ပုဆိန်များ ကိုင်ဆောင်ထားသော ဂနိုမ်းနှစ်ဦးနှင့် ခွေးခေါင်းလူသားတစ်ဦး၊ သူတို့၏အမည်များမှာ လှံထိုးခံရသူ၊ နဂါးမျိုးနွယ်သားနှင့် ဖျံခေါင်းလင်ချောင်းတို့ ဖြစ်ကြပြီး ထိုသူတို့သည် သစ်ပင်တစ်ပင်ရှေ့သို့ ရောက်ရှိလာကြ၏။
"နောက်တစ်ပင်ရှာကြစို့… သစ်ပင်က အသက်ကြီးလေ မေးခွန်းက ပိုခက်လေပဲ…" လှံထိုးခံရသူသည် ဧရာမသစ်ပင်ကြီးကို ကြည့်ကာ စိတ်ကျဉ်းကြပ်စွာ ပြောလိုက်သည်။
"သွားကြစို့၊ သွားကြစို့။ ဒီလိုသစ်ပင်မျိုးကို ဝါရင့်လျှော်ကြိုးနည်းပညာရှင်ပဲ ခုတ်နိုင်မှာ" ဖျံခေါင်းလင်ချောင်းက ခေါင်းခါရင်း ပြော၏။
နဂါးမျိုးနွယ်သားသည် စိတ်မပါတပါဖြစ်နေသော်လည်း သစ်ပင်ကို တစ်ချက်သာ လှမ်းကြည့်ပြီး အကူအညီမဲ့စွာ ထွက်ခွာသွားရသည်။
တစ်ခါတစ်ရံတွင် အင်အားသုံးရုံဖြင့် မပြီးမြောက်နိုင်သော အရာများ ရှိတတ်သည်တကား။
သူတို့သုံးဦးသည် လေးငါးမီတာခန့် မြင့်သော သစ်ပင်တစ်ပင်ဆီသို့ ရောက်ရှိလာကြသည်။ ဖျံခေါင်းလင်ချောင်းက သူ၏ပုဆိန်ဖြင့် ခုတ်မည်ပြုစဉ် လှံထိုးခံရသူက လက်ဆန့်တားလိုက်ပြီး ပြောသည်။ "ဖယ်ပေး။ ဒီသစ်ပင်ကို ငါခုတ်မယ်။"
"ဝါး၊ မင်းက မကောင်းဘူး။ ဒီသစ်ပင်ကို ငါအရင်ရွေးထားတာ…"
"မင်းကောင်စုတ် ဘီလူးဂါ၊ ဒီသစ်ပင်ကို ငါ့အတွက်ထားခဲ့။ မင်းသွားပြီး နောက်တစ်ပင်ရှာလိုက်" လှံထိုးခံရသူက ချက်ချင်းပင် ပြန်ဆိုသည်။
လှံထိုးခံရသူသည် သူ၏ပုဆိန်ကို မြှောက်လိုက်ရာ သူ၏စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်-
"ဦးတည်ချက်မဲ့ ဂရပ် G တွင် ထိပ်မှတ်ကိုးခုရှိသည်။ ထိပ်မှတ်တိုင်းတွင် ဆက်နွယ်ဒီဂရီ ၅ သို့မဟုတ် ၆ ရှိသည်။ G တွင် ဆက်နွယ်ဒီဂရီ ၆ ရှိသော ထိပ်မှတ်အနည်းဆုံး ငါးခု သို့မဟုတ် ဆက်နွယ်ဒီဂရီ ၅ ရှိသော ထိပ်မှတ်အနည်းဆုံး ခြောက်ခုရှိကြောင်း သက်သေပြပါ"
လှံထိုးခံရသူသည် စက္ကန့်အနည်းငယ်မျှ ကြောင်ငေးသွား၏။ ထို့နောက် သူ၏ပုဆိန်ကို ချလိုက်ပြီး "ဘာကြီးတုန်းကွာ။ ဦးတည်ချက်မဲ့ ဂရပ်ဆိုတာ ဘာလဲ…"ဟု ပြောလိုက်သည်။
ဤသို့သော မြင်ကွင်းမျိုးကို မြေအောက်သစ်တော အမှတ် ၃ တစ်ခုလုံးတွင် တွေ့မြင်နေရသည်။
…
ထာဝရတိုင်းပြည်၏ ကုန်သွယ်ရေးဧရိယာ ရင်ပြင်တွင်။
ကုန်သွယ်ရေးဧရိယာတွင် သစ်သားပုံများ စုပုံထားသည်။ ၎င်းတို့မှာ ဂိမ်းမာများ သစ်တောအတွင်း သစ်ပင်များ ခုတ်လှဲပြီးနောက် ရရှိသော သစ်လုံးများ ဖြစ်ကြ၏။
၎င်းတို့ကို အဓိကအားဖြင့် အရောင်းအဝယ်ပြုလုပ်ရန် အသုံးပြုကြသည်။
"သစ်သားရောင်းတယ်၊ သစ်သားရောင်းတယ်။ ဒီမှာ သစ်သားလာဝယ်ကြပါ။"
"ငါ့ဆီမှာ ပြုပြင်ပြီးသားရော မပြုပြင်ရသေးတဲ့ သစ်သားတွေရော ရှိတယ်။ သစ်သားအတွက် အမြန်လာကြပါ။"
"ဝိညာဉ်ကောလိပ်ကို စိန်ခေါ်ဖို့ အဖွဲ့ဝင်လေးယောက် လိုတယ်။ ပစ္စည်းတွေကို အံစာခေါက် နည်းလမ်းနဲ့ ခွဲဝေပေးမယ်။ အမြန်လာကြပါ။"
"ပုတ်သင်ကောင်ကြီးတွေ၊ ပုတ်သင်ကောင်ကြီးတွေ ရောင်းတယ်။ မြေလျှောက်ငှက်နဲ့ လဲလှယ်ချင်ရင် လာယူကြပါ။"
"အစည်းအရုံးအတွက် အဖွဲ့ဝင်သစ်ခေါ်တယ်။ အဖွဲ့ဝင်တွေကို ကျောပိုးအိတ်တစ်လုံး အလကားပေးမယ်။"
…
ဂိမ်းမာတစ်စုသည် ကုန်သွယ်ရေးဧရိယာတွင် အော်ဟစ်စကားပြောဆိုနေကြသည်။ ထို့ထက်များပြားသော ဂိမ်းမာများမှာမူ မြေအောက်သစ်တော အမှတ် ၃ တွင် သစ်ပင်များ ခုတ်လှဲနေကြ၏။
လက်နက်များပြုလုပ်ခြင်း၊ အိမ်များဆောက်လုပ်ခြင်း၊ ဂုဏ်သတင်းရမှတ်များ၊ ဒင်္ဂါးများ၊ အပတ်စဉ်နှင့် နေ့စဉ်မစ်ရှင်များ၊ ပရိဘောဂများနှင့် ကြမ်းခင်းများအတွက် သစ်သားကို အသုံးပြုရန် လိုအပ်သည်။
သစ်သားသည် ဒန်ဂျင်အတွင်း ရှားပါးသော သယံဇာတတစ်ခုဖြစ်သည်မှာ သေချာ၏။
မြေအောက်သစ်တောပါသော မြေပုံတစ်ခုကို ဂိမ်းမာများအတွက် ဖွင့်လှစ်ပေးလိုက်သည့်နောက်တွင် သူတို့သည် နေ့ရောညပါ သစ်ပင်များကို ခုတ်လှဲကြတော့သည်။
သစ်ပင်ခုတ်လှဲခြင်းသည် ပင်ပန်းပြီး သင်္ချာပုစ္ဆာများ ဖြေရှင်းရန် လိုအပ်သည်။ မစ်ရှင်ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ဂိမ်းမာသည် ချမ်းသာသည်ဖြစ်စေ၊ ဂုဏ်သတင်းအဆင့် အမြင့်ဆုံးရှိသည်ဖြစ်စေ၊ အကောင်းဆုံးပစ္စည်းကိရိယာများ ပိုင်ဆိုင်သည်ဖြစ်စေ သို့မဟုတ် လှပသောအိမ်တစ်လုံး ဆောက်လုပ်ရန် ရည်မှန်းချက်ရှိသည်ဖြစ်စေ၊ မည်သို့သော ရည်မှန်းချက်များပင် ဖြစ်စေကာမူ ၎င်းတို့သည် ဂိမ်းမာများ၏ သစ်ပင်ခုတ်လှဲလိုစိတ်ကို မြှင့်တင်ပေး၏။
သင်္ချာပုစ္ဆာများ ဖြေရှင်းရသည့်ကိစ္စက... သင်ယူလိုက်ရုံပင်။
ထို့ကြောင့် တရားဝင်ဆွေးနွေးချက်ဖိုရမ်သည် သင်ကြားလေ့လာရာနေရာတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် အွန်လိုင်းဂိမ်းဖိုရမ်တစ်ခုဟု မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
အကူအညီပေးတတ်သော ဖိုရမ်အဖွဲ့ဝင်များက ခက်ခဲသောမေးခွန်းများ ဖြေရှင်းပေးသည့် ပိုစ့်များစွာ ရှိနေသည်။ ဂိမ်းမာ ၂,၁၀၀ သာရှိသောကြောင့် ကျန်ရှိသော ဖိုရမ်အဖွဲ့ဝင် သောင်းချီသည် လှပသောဒန်ဂျင်ကို တည်ဆောက်ရန် ဂိမ်းထဲသို့ ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်ဖြင့် ဖိုရမ်တွင် နေ့စဉ်ပိုစ့်များ တင်နေကြသည်။
ဂိမ်းမာများ၏ သစ်ခုတ်လှဲခြင်း ထိရောက်မှုမှာ နိမ့်ကျနေသည်။ အချိန်တိုအတွင်းတွင်မူ ၎င်းတိုးတက်လာရန် မမျှော်လင့်နိုင်ချေ။
သင်္ချာသင်ယူခြင်းကသာ ကုန်ထုတ်စွမ်းအားကို တိုးတက်စေမည် ဖြစ်သည်။
ဟုတ်ပါသည်။ ဒန်ဂျင်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးမသွားခဲ့။
ကုန်သွယ်ရေးဧရိယာနှင့် စက်မှုဧရိယာအလယ်တွင် မြေကွက်လပ်တစ်ခု ရှိနေ၏။
ဂနိုင်သားသည် သူ၏တုရွင်းကို သယ်ဆောင်လာပြီး ဝါရင့်များ၏ အစည်းအရုံးမြေနေရာကို တူးဖော်နေသည်။
ဝါရင့်များ၏ အစည်းအရုံးကို အတည်ပြုပြီးဖြစ်၍ ဂနိုင်သား၏အမည်အောက်တွင် "ရှေ့ဆောင်လမ်းပြမဟာမိတ်" ဟူသော စာလုံးများ ပေါ်နေသည်။
ပြီးခဲ့သော ရက်အနည်းငယ်ကြာမြင့်ခဲ့သည့် တိုက်ပွဲစဉ်ဇာတ်လမ်းကြောင့် တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။ မြေအောက်သစ်တော အမှတ် ၃ ဖွင့်လှစ်လိုက်သောအခါ ဂိမ်းမာများသည် သစ်ခုတ်လှဲခြင်းဖြင့် အလုပ်များနေကြသည်။
တိုက်ပွဲစဉ်ဇာတ်လမ်းကာလအတွင်းထက် ဂိမ်းမာများမှာ အားလပ်ချိန် ပိုမိုရရှိလာကြသည်။ အစည်းအရုံးတိုင်းသည် သူတို့၏အဖွဲ့ဝင်များ အားလပ်ချိန်တွင် အစည်းအရုံးမြေနေရာကို တူးဖော်ရန် ရည်မှန်းချက်များ ချမှတ်ထားကြ၏။
ယခင်က ဂိမ်းကစားပုံမှာ အကန့်အသတ်ရှိခဲ့သည်။ ယခုမူ အကန့်အသတ်ရှိသော ဂိမ်းကစားပုံဟု မည်သူမျှ ညည်းညူခြင်းမရှိတော့။ ဂိမ်းမာများ အွန်လိုင်းတက်လာသည့်အခါ သူတို့သည် အလွန်ကြိုးစားလုပ်ကိုင်ကြသည်။ အောက်ပါတို့မှာ အသေးစိတ်အချိန်ဇယား ဖြစ်သည်-
၁။ စနစ်က သတ်မှတ်ပေးသော နေ့စဉ်မစ်ရှင်ကို ပြီးမြောက်ရန် တစ်နာရီကြာ တူးဖော်ပါ။
၂။ အပတ်စဉ်မစ်ရှင်မှ အချက်တစ်ချက်ကို ပြီးမြောက်အောင် ကြိုးစားပါ။
၃။ ကန့်သတ်ဒန်ဂျင်နယ်မြေဖြစ်သော "ဝိညာဉ်ကောလိပ်: လေ့ကျင့်ရေးကွင်း" ကို တစ်ကြိမ်စိန်ခေါ်ပါ။ အကယ်၍ အချက်နှစ်ကို ပြီးမြောက်ပြီးဖြစ်ပါက ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ်ရန် မလိုအပ်တော့ချေ။
၄။ မိမိ၏အိမ်ကို ဆောက်လုပ်ရန် တစ်နာရီအချိန်ပေးပါ။
၅။ မိုရိုးစ်နှင့် တစ်နာရီကြာ လေ့ကျင့်ခန်းတစ်ခု ပြီးမြောက်အောင် လုပ်ဆောင်ပါ။
အထက်တွင်ဖော်ပြပါ အခြေခံမစ်ရှင်လေးခုကို ပြီးမြောက်ပြီးနောက်တွင် နေ့လယ်ခင်းအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ်ရာတွင် နှေးကွေးသော လူသစ်များသည် ရက်တစ်ဝက်ခန့် အချိန်ယူရပေမည်။
မိမိကိုယ်ကို တိုးတက်စေရန်အတွက် ဂိမ်းမာတစ်ဦးသည် အောက်ပါမစ်ရှင်များကို လုပ်ဆောင်ရန် လိုအပ်သည်-
၆။ ရေနေဖားမွန်းစတားများအတွက် နေ့စဉ်မစ်ရှင်တစ်ခုဖြစ်သော ပုတ်သင်ကောင်ကြီးများ အမဲလိုက်ခြင်းကဲ့သို့သော မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ဆောင်၍ ဂုဏ်သတင်းရမှတ်များ ရယူပြီး ဆုလာဘ်များဖြင့် လဲလှယ်ပါ။
၇။ ကုန်ကြမ်းများရရှိရန် မြေအောက် ပင့်ကူများကို အမဲလိုက်ပါ။
၈။ အကယ်၍ သူသည် အစည်းအရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပါက အစည်းအရုံးစစ်ပွဲတစ်ခုတွင် ပါဝင်ဆင်နွှဲရမည်။
၉။ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကုန်သွယ်ရေးဧရိယာသို့ သွားရောက်ပါ။ အဓိကအချက်မှာ လေလံပွဲများကို ကြည့်ရှု၍ အကောင်းစား ပစ္စည်းများရှိ၊မရှိ ရှာဖွေရန်ဖြစ်သည်။
၁၀။ မြေအောက်သစ်တော အမှတ် ၃ တွင် သစ်ပင်များခုတ်လှဲပါ။
၁၁။ ဖိုရမ်တွင် လျှော်ကြိုးနည်းပညာရှင်က စီစဉ်သော သင်္ချာသင်တန်းကို တက်ရောက်ပါ။
၁၂။ ထာဝရတိုင်းပြည်ဗားရှင်း ယာဉ်ပျံကြီးကို တည်ဆောက်ရန်။ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရသော မစ်ရှင်ကို နေ့စဉ်မစ်ရှင်များတွင် ထည့်သွင်းထားသည်။
၁၃။ ပန်းပဲထုလုပ်ခြင်းကဲ့သို့သော ဘဝစွမ်းရည်များကို သင်ယူပါ။
၁၄။ ...
အနည်းဆုံး အချက်ဆယ်ခုထက်မနည်း ရှိနေသည်။ အမ်ပီစီအသစ်များ ရှာဖွေခြင်းနှင့် အိဗလင်း သို့မဟုတ် ယိုဒါတို့နှင့် အပြန်အလှန် ဆက်ဆံခြင်းကဲ့သို့သော ဂိမ်းကစားပုံများနှင့် ဇာတ်လမ်းအသစ်များကို ရှာဖွေတွေ့ရှိသည့် အခြားဂိမ်းမာများလည်း ရှိသေးသည်။
ထို့နောက်တွင် ဘဝစွမ်းရည်များ သင်ယူရန် ဖယ်ရီမလေးနှင့် အပြန်အလှန်ဆက်ဆံခြင်း ရှိသေးသည်။ ၎င်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသောကြောင့် ဂိမ်းမာအများစုသည် မိုးလက်ဖက်ရည်ထံမှ အပင်စိုက်ပျိုးခြင်းကို ပြန်သင်ယူကြသည်။
အွန်လိုင်းတွင် လုပ်ဆောင်စရာများ အလွန်များပြားလှသည်။ ဂိမ်းမာတစ်ဦးသည် အနည်းဆုံး ဆယ့်နှစ်နာရီ အချိန်မပေးပါက မစ်ရှင်အားလုံးကို ပြီးမြောက်ရန် ခက်ခဲပေမည်။
ဂိမ်းမာများ အလွန်ကြိုးစား လုပ်ကိုင်နေချိန်တွင် ရှားလော့ခ်သည်လည်း အလုပ်မလုပ်ဘဲ မနေခဲ့။
ကွန်ပျူတာဂိမ်းများ ဆော့ကစားခြင်း၊ ဖိုရမ်ကြည့်ရှုခြင်းနှင့် ကြက်ဥခေါင်းကို အရည်အချင်းရှိသော အတွင်းရေးမှူးတစ်ဦးဖြစ်အောင် သင်ကြားပေးခြင်းအပြင် ရှားလော့ခ်သည် ဧရိယာအသစ်များ ဖန်တီးခြင်း၊ ကုန်လှောင်ရုံအသစ်များ၊ စက်မှုဧရိယာရှိ ပန်းဘဲဖိုကြီး၏ တည်နေရာနှင့် အခြားအဆောက်အအုံများကို ဆုံးဖြတ်ပေးရသည်။ သူသည် အစည်းအရုံးလျှောက်လွှာများ၊ ကိုယ်ပိုင်မြေနေရာများ၊ အစည်းအရုံးမြေနေရာများနှင့် ပရိဘောဂများ ဝယ်ယူခြင်းတို့ကိုလည်း အတည်ပြုပေးရန် တာဝန်ရှိသည်။
သစ်သားများ ခုတ်လှဲလာနိုင်ခြင်းနှင့်အတူ မုဖာဆာသည် စားဖိုမှူးတစ်ဦးသက်သက် မဟုတ်တော့ချေ။ လက်သမားအလုပ်ရုံကို သစ်သားထုတ်ကုန်များ ပြုလုပ်ရန် အသုံးပြုနေပြီဖြစ်သည်။
ဆင်းဘသည်လည်း သူ၏တပည့်များကို လမ်းညွှန်ပြသခြင်းနှင့် ပစ္စည်းကိရိယာများ ထုလုပ်ခြင်းတို့ဖြင့် အလုပ်များနေ၏။
ယိုဒါသည် အခုမှရောက်ရှိလာပြီး မည်သည့်အလုပ်တွင်မှ မပါဝင်ရသေး။ သူဘာလုပ်သင့်သည်ကိုလည်း မသိရှိပေ။
ဖိုးဉာဏ်ကျယ်သည် အလောင်းများ ပြန်လည်ရှင်သန်ရေးကို တာဝန်ယူထားသည်။
အိဗလင်းက သူမသည် ဒန်ဂျင်တွင် ငှားရမ်းနေထိုင်သူတစ်ဦးဟု ဆိုသော်လည်း အမှန်တကယ်တွင် ထာဝရတိုင်းပြည်အတွက် ဆင်ဖြူတော်တစ်ကောင် ဖြစ်နေသည်။ (ဆင်ဖြူတော် - ရုပ်ရည်ချောမောလှပနေသည်မှလွဲ အခြားအကျိုးကျေးဇူးမပြု)
မိုရိုးစ်သည် ဂိမ်းမာများကို နေ့ရောညပါ တိုက်ခိုက်ရေးစွမ်းရည်များ သင်ကြားပေးနေသည်။
ဖယ်ရီမလေးသည် တံတွေးထွေးခြင်းအပြင် မိုးလက်ဖက်ရည်ကို အရည်အချင်းရှိသော အပင်စိုက်ပျိုးသူတစ်ဦးဖြစ်အောင် သင်ကြားပေးနေသည်။ ဆေးဝါးများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍မူ ဆေးဝါးအလုပ်ရုံမရှိဘဲ သူမ မည်သို့ ပြုလုပ်နိုင်မည်နည်း။
ကြက်ဥခေါင်းသည် စားသောက်ခြင်းကို တာဝန်ယူထားသည်။
အစွမ်းသွင်းခြင်း၊ အထည်ရက်လုပ်ခြင်း၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ အဂ္ဂိရတ်ပညာ၊ ဆေးဝါးပြုလုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ ဖန်တီးခြင်းကဲ့သို့သော အခြားနယ်ပယ်များမှာမူ ဒန်ဂျင်တွင် ချို့တဲ့နေဆဲဖြစ်သည်။
မြောက်ပိုင်းမြေအောက်လောက စစ်သည်တော်ပြိုင်ကွင်းနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ရေနေဖားမွန်းစတားမြို့တွင် ခံတပ်ဆောက်လုပ်ခြင်း၊ ယာဉ်ပျံကြီးတည်ဆောက်ခြင်း၊ ဧရိယာအသစ်များ တူးဖော်ခြင်းနှင့် နေထိုင်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေခြင်းကဲ့သို့သော တိုးတက်ရန်လိုအပ်သော နယ်ပယ်များသည် သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးချေ။
သူ၏အတွေးများကို စုစည်းပြီးနောက် ရှားလော့ခ်သည် ဒန်ဂျင်အဖွဲ့ဝင်အားလုံးအတွက် ထာဝရတိုင်းပြည်အစည်းအဝေးတစ်ခု စီစဉ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့အားလုံးနှင့် အစည်းအဝေးလုပ်၍ စနစ်တကျ စီမံကိန်းချမှတ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။
ရှားလော့ခ်သည် ဒန်ဂျင်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမြင်များကို ဖိုရမ်အဖွဲ့ဝင်များထံမှ တောင်းဆိုရန် ပိုစ့်တစ်ခုကိုလည်း ဖန်တီးလိုက်၏။
ပိုစ့်ကို လျင်မြန်စွာ ဖန်တီးခဲ့ပြီး ခေါင်းစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်-
[ထာဝရတိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံကိန်းအတွက် သင်တို့၏ အကြံပြုချက်များ (အဖွဲ့လိုက်စီမံကိန်း အကြောင်းအရာ)]