ကုရှန့်နန်
Vol. 8 Ch. 102
ထိုအချိန်တွင် ကုချင်းဖန်ရောက်ရှိလာသည်။
ကုချင်းဖန်ကို မြင်သည်နှင့် ကုယန်အလျင်အမြန်ဦးညွတ်ကာ “အဖေ” ဟုခေါ်လိုက်သည်။
“လီနျန်ဘယ်လိုနေလဲ”
ကုချင်းဖန်သည် တင်းတင်းပိတ်ထားသော ဘေးခန်းတံခါးကို ကြည့်လိုက်ရာ အတွင်းမှနာကျင်စွာအော်သံများထွက်ပေါ်နေသည်။
ကုယန်က ခေါင်းခါလိုက်ရင်း “ဘာသတင်းမှမသိရသေးဘူး”ဟုဆိုသည်။
ဤသို့ပြောပြီးနောက် ကုယန်သည် မရပ်မနား ဟိုဟိုဒီဒီလျှောက်သွားနေမိပြီး သူ့မျက်နှာအမူအရာမှာလည်း မတည်ငြိမ်ပေ။
ကုချင်းဖန် မျက်မှောင်ကြုတ်ကာ ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။ “ဒီလောက်စိတ်ပူပန်နေတာ မသင့်လျော်ဘူး”
ထိုစကားကြောင့် ကုယန်၏မျက်နှာအမူအရာက လေးနက်သွားပြီး ဟိုဟိုဒီဒီလျှောက်မသွားရဲတော့ပေ။ သူ့မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုပင် အနည်းငယ်လျော့ပါးသွားသည်။
ကုမျိုးနွယ်အိမ်တော်တစ်ခုလုံးတွင် ကုယန်ကြောက်ရွံ့လေးစားရသည့်သူသည် ကုချင်းဖန်တစ်ဦးတည်းသာဖြစ်သည်။
အထူးသဖြင့် ကုချင်းဖန်၏ကျင့်ကြံမှုနက်ရှိုင်းလာပြီး ဓားသွေးသန့်စင်ခန်းမတွင် သူ၏ဓားကို ပြုစုပျိုးထောင်နေသည့်အတွက် လူများတိုက်ရိုက်မျက်နှာချင်းမဆိုင်ရဲလောက်အောင် ဖော်မပြနိုင်သည့် အရှိန်အဝါတစ်ခုသူ့မှာရှိနေသည်။
ကုယန်မနည်းတည်ငြိမ်သွားသည်ကို ကြည့်ရင်း ကုချင်းဖန်သည်သူ၏အချက်အလက်ပြဇယားကို အဆက်မပြတ်ကြည့်နေသည်။
ဒီတစ်ကြိမ်သည် စစ်ဆေးသည့်အချိန်လည်းဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ရုတ်တရက် အကြာကြီးတိတ်ဆိတ်သွားပြီးနောက်တွင် အချက်အလက်ပြဇယားတွင် စာသားအသစ်များပေါ်လာသည်။
“သင့်တွင် ကလေးတစ်ဦးမွေးဖွားလာပြီ”
ကုချင်းဖန်မျက်လုံးများတွင် အလင်းရောင်တစ်ခုလင်းလက်သွားသည်။
"တကယ် ဖြစ်နိုင်တာပဲ"
ဒီအတွေး ဝင်လာသည်နှင့် ဘေးခန်းမှ ကလေးငယ်၏ ငိုသံ ထွက်ပေါ်လာသည်။
မီးဖွားဆရာမသည် ပြုံးရွှင်သောမျက်နှာထားဖြင့် ထွက်လာပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောပြရန် ထပ်ခါတလဲလဲဦးညွှတ်သည်။
“သခင်ကု ဂုဏ်ယူပါတယ် ကုသခင်လေး ဂုဏ်ယူပါတယ် သခင်မလေးက သမီးလေးမွေးဖွားပါတယ် မိခင်ရော ကလေးရော ဘေးကင်းပါတယ်”
စကားဆုံးသွားသည်နှင့် ကုယန်အခန်းထဲကို တန်းတန်းမတ်မတ်ပြေးသွားသည်။
ကုချင်းဖန်သည် သူ့ဘေးက အစေခံကို ကြည့်ပြီး ပြောလိုက်သည်။ “တစ်ယောက်ယောက် ငွေတစ်ရာပေးလိုက်”
“ကုသခင် ကျေးဇူးအများကြီးတင်ပါတယ်”
မီးဖွားဆရာမ၏မျက်နှာသည် တစ်ဖန်လင်းလက်လာခဲ့သည်။
ဤသည်က ချမ်းသာကြွယ်ဝပြီး မြင့်မြတ်သည့် မိသားစုနှင့်ဆက်ဆံရသည့်အကျိုးကျေးဇူးပဲဖြစ်သည်။ ပြဿနာဖြစ်ရင် အပြစ်ပေးခံရနိုင်ပေမယ့် အဆင်ပြေရင် ဆုလာဘ်တွေက မယုံနိုင်လောက်အောင်များပြားသည်။
ငွေတစ်ရာသည် သာမန်လူတွေအတွက် တကယ်ကိုကြီးမားသည့်ပိုင်ဆိုင်မှုပဲဖြစ်သည်။
နောက်တစ်နေ့တွင် ကုယန်သည် သမီးငယ်လေးကို ပွေ့ချီကာ ကုချင်းဖန်ရှေ့သို့ရောက်ရှိလာသည်။
“အဖေ ကလေးကို နာမည်ပေးပေးပါ”
သူ့ရှေ့က ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ကုချင်းဖန်ပြုံးလိုက်ကာ “သူ့ကို ရှန့်နန်လို့ခေါ်ကြတာပေါ့”
“ရှန့်နန်”
“ကုရှန့်နန်”
ကုယန်က သူ့ဘာသာတီးတိုးပြောရင်း သူ့မျက်နှာသည် ဝမ်းသာအားရစွာနှင့် လင်းလက်လာသည်။
“ကုရှန့်နန် နာမည်ကောင်းလေးပဲ နာမည်ပေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေ”
“ကလေးတစ်ယောက်ကို ငယ်ငယ်လေးကတည်းက မျိုးရိုးဗီဒကို ဆေးကြောသန့်စင်ပြီး ထူးချွန်တဲ့အရည်အသွေးတွေကို မွေးထုတ်ဖို့ ပျိုးထောင်ရမယ် ဒါကို မင်းမှတ်ထား သိုင်းပညာရှင်တစ်ယောက်ရဲ့ကျင့်ကြံမှုမြင့်မားလေလေ သားသမီးရဖို့ခက်ခဲလေလေပဲ ဖြစ်နိုင်ရင် အရိုးသန့်စင်ခြင်းနယ်ပယ်ကို အဆင့်မတက်ခင် ကလေးများများချန်ထားသင့်တယ် ဒါမှ ငါတို့ကုမျိုးနွယ်စုရဲ့မျိုးရိုးက ခိုင်မာလိမ့်မယ်”
နောက်ဆုံးတွင် ကုချင်းဖန်သည် အကြံဉာဏ်တစ်ခုထပ်ပေးလိုက်သည်။
ကုရှန့်နန်ကို အချက်အလက်ပြဇယားထဲကို ထည့်သွင်းလိုက်သည်နှင့် ရွှေလက်ချောင်းရဲ့အသုံးဝင်မှုကို သူနည်းနည်းနားလည်သွားသည်။
မျိုးရိုးခွဲထွက်ခြင်း။
မျိုးနွယ်စုကို ခိုင်မာအောင် လုပ်ခြင်း။
လက်ရှိတွင် ကုမျိုးနွယ်စုတွင် အဖွဲ့ဝင်အနည်းငယ်သာရှိသည်။ ဤအကျိုးကျေးဇူးကို ယာယီအားဖြင့်မမြင်နိုင်သေးပေ။ သို့သော် ကုမျိုးနွယ်၏မျိုးရိုးသည် ရာနှင့်ချီ၊ထောင်နှင့်ချီ၊သောင်းနှင့်ချီသော လူများထိတိုးတက်လာပါက အတော်လေး ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
ယခုအချိန်တွင် ကုချင်းဖန်သည် ဤခန့်မှန်းချက် မှန်ကန်ခြင်းရှိမရှိ မသေချာသေးပေ။
ဤကိစ္စကို ထပ်မံစစ်ဆေးရန်လိုအပ်မည်ဖြစ်သည်။
ရက်ပေါင်းများစွာကြာပြီးနောက် ကုမျိုးနွယ်အိမ်တော်နောက်ဖေးခြံတွင် ကုရွှမ်နှင့်ကုရှို့တို့ နှစ်ဦးစလုံးသည် မျက်နှာငယ်လေးများဖြင့် ရောက်လာပြီး သူတို့၏မျက်နှာအမူအရာများတွင် စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ကြပေ။
ကုချင်းဖန်ရောက်ရှိလာသောအခါ နှစ်ဦးစလုံး နှုတ်ဆက်လိုက်ကြသည်။
“အဖေ အဖေ့ကိုဦးညွှတ်ပါတယ်”
“အင်း”
ကုချင်းဖန်ခေါင်းညိတ်ပြီး သူတို့နှစ်ယောက်ကိုကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် အသက်ခြောက်နှစ်သာရှိသေးသော်လည်း သူတို့၏ရုပ်ပိုင်းဆိုင်ရာကိုသန့်စင်ရန်အတွင် မျိုးရိုးဗီဒများကို သန့်စင်ပေးခြင်းနှင့် ဆေးစိမ်ရေချိုးခြင်းတို့ကို အဆတ်မပြတ်ပြုလုပ်ပေးထားသော်ကြောင့် သူတို့၏အရပ်အမောင်းသည် သူတို့အသက်ထက် များစွာသာလွန်နေပြီး သူတို့ထက် အသက်ကြီးသည့်သူများနှင့်ပင် ကွာခြားမှုမရှိဘဲ ယှဉ်ပြိုင်နိုင်သည်။
“မင်းတို့အသက်တွေမငယ်တော့ဘူး ဒီနေ့မင်းတို့ကို သိုင်းပညာတွေကို သင်ပေးမယ် မင်းတို့နှစ်ယောက်လုံးကောင်းကောင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့”
သူတို့နှစ်ဦးစလုံး စိတ်အားထက်သန်စွာတုံ့ပြန်ကြသည်။
သိုင်းပညာလမ်းစဉ်သည် သူတို့နှစ်ဦးစလုံးကို အချိန်အတန်ကြာ ဆွဲဆောင်ထားနိုင်ခဲ့ပြီး ကုမျိုးနွယ်အိမ်တော်မှသူများသည် သိုင်းပညာများပိုင်ဆိုင်ကြသည်ကို မြင်သော်အခါသူတို့ကိုယ်တိုင်လည်း ကြိုးစားချင်စိတ်ပေါက်နေကြသည်။
ကံမကောင်းစွာနှင့် ကုချင်းဖန်ကသင့်လျော်သောအသက်မရောက်မီ သိုင်းပညာမကျင့်ကြံရန် ထပ်ခါတလဲလဲအမိန့်ပေးခဲ့သော်ကြောင့် မည်သူမျှအမိန့်ကို မဆန့်ကျင်ရဲကြသလို ကုမျိုးနွယ်အိမ်တော်မှ မည်သူမျှ သူတို့ကို လျို့ဝှက်မသင်ကြားပေးရဲကြပေ။
“ဒီတစ်ခါ မင်းတို့ကို ငါတို့ကုမျိုးနွယ်အိမ်တော်ရဲ့ အစပျိုးကျင့်စဉ်ဖြစ်တဲ့ ကုမျိုးနွယ်လက်သီးကို သင်ပေးမယ် ဒါက ထိပ်တန်းသိုင်းပညာမဟုတ်ပေမယ့် မင်းတို့အခြေခံကို မြှင့်ပေးပြီး အနာဂတ်မှာပိုပြီးအဝေးကြီးရောက်နိုင်လိမ့်မယ်”
ကုချင်းဖန် ဖြေးညှင်းစွာပြောလိုက်သည်။
လက်ရှိကုမျိုးနွယ်လက်သီးသည် မူရင်းနှင့်ကွာခြားသည်။
နှစ်ပေါင်းများစွာအတွင်း ကုချင်းဖန်က ကျင့်စဉ်ကိုတိုးတက်အောင်လုပ်ဆောင်ခဲ့ပြီး သွေးသန့်စင်ခြင်းအဆင့်ကိုသာ ထိနိုင်သည့် သိုင်းပညာကို ထိပ်တန်းအလယ်အလတ်အဆင့် သိုင်းပညာတွေနှင့် ရင်ဘောင်တန်းနိုင်အောင် မြှင့်တင်လိုက်လို့ဖြစ်သည်။
လက်ရှိကုမျိုးနွယ်လက်သီးသည် ကုချင်းဖန်၏ပြည့်စုံသော အရေပြားသန့်စင်ခြင်းနှင့် သွေးသန့်စင်ခြင်းတို့၏အားသာချက်များကို ကျင့်စဉ်ထဲပေါင်းစပ်ထားသည်။
ကုမျိုးနွယ်လက်သီးသည် ပြည့်စုံသောအရေပြားသန့်စင်ခြင်း သို့မဟုတ် သွေးသန့်စင်ခြင်းကို မလုပ်ဆောင်နိုင်သေးသော်လည်း အခြားသောကျင့်ကြံမှုများ၏ချို့ယွင်းချက်များကို များစွာဖြည့်ဆည်းပေးနိုင်သည်။
ကုမျိုးနွယ်လက်သီးပေါ်တွင် အခြေခံအုတ်မြစ်ချနိုင်လျှင့် ပြည့်စုံသောကိုယ်ခန္ဓာကို မကျင့်ကြံနိုင်ရင်တောင် သူတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပြည့်စုံခြင်းဆီနီးကပ်လာလိမ့်မည်။
လက်ရှိကုမျိုးနွယ်စုလက်သီးသည် အလယ်အလတ်အဆင့်သိုင်းပညာများထဲတွင် တကယ်ကို ထိပ်တန်းအဆင့်တွင် ရှိနေပြီး အရင်က နေမီးနတ်ဘုရားလက်ဝါးထက် ပိုမိုအားကောင်းနိုင်သည်။
နေမီးနတ်ဘုရားလက်ဝါး၏အားသာချက်အစစ်မှာ သွေးသန့်စင်ခြင်းပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိလျှင် နေမီးနတ်ဘုရားလက်ဝါးကို အသုံးချကာ သိုင်းသမားများကိုအရိုးများသန့်စင်ရာတွင် ကူညီပေးပြီး အရိုးသန့်စင်ခြင်းနယ်ပယ်ကို ဝင်ရောက်စေသည်။
ဤအချက်တစ်ခုတည်းနှင့်ပင် နေမီးနတ်ဘုရားလက်ဝါးကို အလယ်အလတ်အဆင့်သိုင်းပညာများစွာထက်သာလွန်စေပြီး ပျမ်းမျှအဆင့်မြင့်သိုင်းပညာတစ်ခုထက် ပိုအရေးကြီးလေသည်။
သို့သော် အခြေခံကိုသာဆွေးနွေးမည်ဆိုလျှင် နေမီးနတ်ဘုရားလက်ဝါးသည် ကုမျိုးနွယ်လက်သီးသည် အနည်းငယ်နောက်ကျကျန်နေသည်။
ကုရွှမ်၏စိတ်လှုပ်ရှားနေသော မျက်လုံးများကို မြင်သောအခါ ကုချင်းဖန်သည် အချိန်မဆွဲဘဲချက်ချင်းစလိုက်သည်။ သူသည် ပထမဆုံးကုမျိုးနွယ်လက်သီး၏ စိတ်နှလုံးကျမ်းနှင့် အသက်ရှူနည်းစနစ်များကို ရှင်းပြပြီး သူတို့နှစ်ဦးလုံး အပြည့်အဝမှတ်မိတာကို သေချာအောင်လုပ်ပြီးမှ ကုမျိုးနွယ်လက်သီး၏လှုပ်ရှားမှုများကိုစတင်သရုပ်ပြခဲ့သည်။
ခဏအကြာတွင် ကုချင်းဖန်သည် လက်သီးကျင့်စဉ်များကို တစ်စုံပြီးပြီးနောက် သူတို့နှစ်ယောက်မှတ်မိခြင်းရှိမရှိ မေးမြန်းရန်ရည်ရွယ်ခဲ့သော်လည်း သူတို့၏လစ်လပ်နေသော အမူအရာများကို မြင်လိုက်သော်အခါ ခေါင်းညိတ်လိုက်ပြီး ဆက်လက်မမေးမြန်းတော့ဘဲ ကျင့်စဉ်များကို စိတ်ရှည်လက်ရှည် ဆက်လက်ကျင့်ကြံပြသခဲ့သည်။
နာရီဝက်ကြာပြီးနောက် သူတို့နှစ်ယောက်စလုံးသည် လက်သီးကျင့်စဉ်များ၏လှုပ်ရှားမှုများနှင့် သက်ဆိုင်ရာစိတ်နှလုံးကျမ်းတို့ကို မှတ်မိနေပြီဖြစ်သည်။
ဒီကိစ္စနှင့်ပတ်သတ်ပြီးတော့ ကုချင်းဖန်တော်တော်လေးကျေနပ်သွားသည်။
သိုင်းပညာနှင့်ပထမဆုံးထိတွေ့ရာတွင် သိုင်းပညာကို ဒီလောက်မြန်မြန်မှတ်မိတာသည် သူတို့၏မျိုးဗီဇအရည်အသွေးကိုအသာထား မှတ်ဉာဏ်နှင့်နားလည်နိုင်စွမ်းအပိုင်းမှာတင် ပျမ်းမျှလူတစ်ယောက်ထက် အများကြီးသာလွန်နေပြီဖြစ်သည်။
“ဒီနှစ်ယောက် သိုင်းပညာလမ်းကြောင်းပေါ်ခြေချဖို့ ဘယ်လောက်ကြာမလဲမသိဘူး”
ကုချင်းဖန်သည် ကုမျိုးနွယ်လက်သီးကို စိတ်အားထက်သန်စွာလေ့ကျင့်နေသော နှစ်ဦးကို ကြည့်ရင်းစိတ်ထဲမှာတွေးလိုက်သည်။