တကယ်ပဲ အလုပ်ဖြစ်တယ်
Vol. 8 Ch. 103
"သင်၏ မျိုးဆက် ကုရွှမ် သည် ကုမျိုးနွယ်စုလက်သီးကို သင်ယူပြီးပါပြီ!"
"သင်၏ မျိုးဆက် ကုရှို့ သည် ကုမျိုးနွယ်စုလက်သီးကို သင်ယူပြီးပါပြီ!"
"သင်၏ မျိုးဆက် ကုရွှမ် သည် ကုမျိုးနွယ်စုလက်သီးကို လေ့ကျင့်ရာတွင် အနည်းငယ် နားလည်မှု ပြသသည်!"
"သင်၏ မျိုးဆက် ကုရှို့ သည် ကုမျိုးနွယ်စုလက်သီးကို လေ့ကျင့်ရာတွင် အနည်းငယ် နားလည်မှု ပြသသည်!"
"သင်၏ မျိုးဆက်..."
နောက်ပိုင်းကာလတွင် ကုချင်းဖန်သည် အချက်အလက်ပြဇယားကို စောင့်ကြည့်နေခဲ့သည်။
ရက်အနည်းငယ်ခြားတိုင်း အချက်အလက်ပြဇယားတွင် အသစ်ဝင်လာသည်ကို သူတွေ့လိုက်ရသည်။
“ရွှမ်အာနဲ့ ရှို့အာတို့ သိုင်းပညာနယ်ပယ်ထဲဝင်ဖို့ ဘယ်လောက်ကြာမလဲမသိဘူး”
ကုချင်းဖန်ခန့်မှန်းလိုက်သည်။
ငယ်စဉ်ကတည်းက နှစ်ဦးစလုံးသည် ဆေးစိမ်ရေချိုးခြင်းဖြင့် မျိုးရိုးဗီဇများကို ပြုစုပျိုးထောင်ခဲ့ကြသည်။
၎င်းတို့သည် သာမန်ပါရမီရှင်များအဖြစ် မွေးဖွားလာကြသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ပုံမှန်ထူးချွန်သူများနှင့် တန်းတူဟုမှတ်ယူနိုင်သည်။
မူလက ကုယန်သည် အရေပြားသန့်စင်ခြင်းနယ်ပယ်၏အစပျိုးအဆင့်ကို ဝင်ရန်သုံးလနီးပါးကြာခဲ့သည်။
ထိုသို့သောပါရမီသည် ထိပ်တန်းဟု မှတ်ယူနိုင်ပြီးဖြစ်သည်။
သို့သော် ခြားနားချက်မှာ ကုယန်သည် ငယ်စဉ်ကတည်းက ဆေးစိမ်ရေချိုးခြင်းဖြင့် ပြုစုပျိုးထောင်မခံခဲ့ရပေ။ သူသာ ထိုနှစ်ဦးနှင့် တူညီစွာဆက်ဆံခဲ့ရပါက ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်လာနိုင်သည်။
သို့တိုင်အောင် မျိုးရိုးဗီဇအရည်အသွေးသည် အရာရာမဟုတ်ပေ။
သို့သော် မျိုးရိုးဗီဇအရည်အသွေး ပိုကောင်းသူများအတွက် ကျင့်ကြံခြင်းသည် နတ်ဘုရားအကူအညီရသကဲ့သို့ ဖြစ်သော်လည်း မျိုးရိုးဗီဇအရည်အသွေးပျမ်းမျှရှိသူများအတွက်မှု ၎င်းတို့၏ကျင့်ကြံမှုသည် နောက်ကျကျန်ရစ်နေမည်ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် ကန့်သတ်ချက်သည် တစ်ဦးချင်းအပေါ် မူတည်နေသေးသည်။
တစ်လခွဲ ကြာပြီးနောက် အချက်အလက်ပြဇယားတွင် ထပ်မံအသစ်ဝင်လာသည်။
“သင်၏မျိုးဆက် ကုရွှမ်သည် အရေပြားသန့်စင်ခြင်းနယ်ပယ်၏အစပျိုးအဆင့်သို့ အောင်မြင်သွားပြီ”
“ဆုကြေးအမှတ် ၁”
“သင်၏မျိုးဆက် ကုရှို့သည် အရေပြားသန့်စင်ခြင်းနယ်ပယ်၏အစပျိုးအဆင့်သို့ အောင်မြင်သွားပြီ”
“ဆုကြေးအမှတ် ၁”
“တကယ်ပဲဖြစ်နိုင်တာပဲ”
ဒီအတွေးပေါ်လာသည်နှင့် ကုချင်းဖန်၏မျက်နှာပေါ်တွင် နောက်ဆုံးအပြုံးတစ်ခုပေါ်လာပြီး သူ့ရင်ထဲက လေးလံနေသည်များ ပြုတ်ကျသွားခဲ့သည်။
ကုရွှမ်နှင့် ကုရှို့၏အောင်မြင်မှုများသည် သူ့ကိုအဆင့်မြှင့်တင်ရေးမှတ်များယူဆောင်လာပြီး ဒါက သူ့အရင်ကခန့်မှန်းချက်များသည် မမှားယွင်းပေ။
ထို့အပြင် ကုချင်းဖန်သည် နောက်ဆုံးတွင် တစ်စုံတစ်ခုကို အတည်ပြုနိုင်ခဲ့သည်။
အချက်အလက်ပြဇယားတွင် မှတ်တမ်းတင်နိုင်သည့် မည်သူမဆို ၎င်းတို့၏အောင်မြင်မှုများသည် သူ့ကို အဆင့်မြှင့်တင်ရေးမှတ်များ ယူဆောင်လာမည်။
ဆိုလိုသည်မှာ အနာဂတ်တွင် ကုမျိုးနွယ်စုသွေးသားမျိုးဆက်များ လုံလုံလောက်လောက်ရှိနေသရွေ့ သူသည် အဆင့်မြှင့်တင်ရေးမှတ်များ စုဆောင်းနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် သိုင်းဆရာဖြစ်စေ သိုင်းအရှင်သခင်ဖြစ်စေ လက်ညှိုးတစ်ချက်ခတ်လိုက်ရုံဖြင့် အားလုံးလွယ်လွယ်ကူကူချိုးဖျက်နိုင်မည်။
ကိုးလမ်းကွေ့လမ်းမှ နတ်ဆိုးဗုဒ္ဓကိုပင် တစ်ဦးတည်း ထိန်းချုပ်နှိမ်နင်းနိုင်မည်ဖြစ်သည်။
သို့သော် ဤအရာတွေက နောက်ပိုင်းကိစ္စတွေဖြစ်သည်။
အခု ကုမျိုးနွယ်စုမျိုးဆက်အရေအတွက်ကို တိုးမြှင့်ဖို့ အရေးကြီးသည်။
လက်ရှိတွင် ကုချင်းဖန်အနည်းငယ်နောင်တရနေသည်။ သူ၏ကျင့်ကြံမှု နိမ့်နေချိန်တွင် အဘယ်ကြောင့် သားသမီးပိုမိုမွေးဖွားရန် မကြိုးစားခဲ့သနည်းဟု တွေးမိသည်။ သားသမီး ဆယ်ဦး ရှစ်ဦး မွေးဖွားခဲ့ပါက သူ့စွမ်းအားသည် ကောင်းကင်သို့ မြင့်တက်သွားနိုင်သည်။
သို့သော် နောင်တရရန် ဆေးမရှိဘဲ လက်ရှိအခြေအနေကလည်း သိပ်မဆိုးလှပေ။
ကုယန်သည် မိသားစုတည်ထောင်ပြီး မျိုးဆက်ရှိနှင့်နေပြီဖြစ်သည်။ နောက်ထပ်နှစ်အနည်းငယ်ကြာလျှင် ကုရွှမ်နှင့် ကုရှို့တို့လည်း မိသားစုများစတင်နိုင်လိမ့်မည်။
ထို့ကြောင့် ကုမျိုးနွယ်စု၏မျိုးရိုးသည် ထွန်းကားလာလိမ့်မည်။
တခုတည်းသောပြဿနာမှာ အချိန်ပင်ဖြစ်သည်။
ဤအတွေးတွေးပြီးသည်နှင့် ကုချင်းဖန်အချက်အလက်ပြဇယားကို တစ်ဖန်ကြည့်လိုက်သည်။
ယခုအခါ လူနှစ်ဦးစလုံးသည် တစ်လခွဲအတွင်း သိုင်းပညာ နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး ထိပ်တန်း ထူးချွန်သူများဟု မှတ်ယူရလောက်အောင် ပါရမီ ရှိနေသည်။
တိတိကျကျပြောရရင် ထိပ်တန်းထူးချွန်သူတွေထဲမှာတောင် တကယ်ကိုထူးခြားသည့်သူတွေထဲ ပါဝင်သည်။
အခြားဂိုဏ်းများနှင့် မြင့်မြတ်သောမိသားစုများတွင် သူတို့သည် သိုင်းဆရာဘွဲ့အတွက် စိန်ခေါ်ရန် အရည်အချင်းပြည့်မီမည်။
“ဒီလိုပါရမီနဲ့ဆေးစိမ်ရေချိုးခန်းထဲမှာ မျိုးရိုးဗီဇတွေကို သန့်စင်အောင်လုပ်ခဲ့တဲ့နှစ်တွေက အလဟဿတော့မဖြစ်ခဲ့ဘူးဘဲ ဒါပေမယ့် ယန်အာအတွက်တော့ တိုက်ဆိုင်မှုဖြစ်နိုင်ပေမယ့် ရှို့အာနှင့် ရွှမ်အာတို့ ဒီလိုပါရမီရှိတာက သိုင်းသမားတစ်ယောက်ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့သက်ဆိုင်ရမယ်”
ကုချင်းဖန် ခန့်မှန်းလိုက်သည်။
သိုင်းပညာရှင်တစ်ဦး၏ကျင့်ကြံမှုမြင့်မားလေလေ ၎င်းတို့၏မွေးဖွားလာသော သားသမီးများ၏ပါရမီမြင့်မားလေလေဖြစ်သည်။
ဖြစ်နိုင်ခြေက တစ်ရာရာခိုင်မှုန်းမဟုတ်သော်လည်း သာမန်လူများထက် သိသိသာသာမြင့်မားသည်။
ထို့နည်းတူ နောက်မျိုးဆက်မှ သားသမီးများသည် ပါရမီမြင့်မားသော်လည်း သားသမီးရရှိနိုင်သည့် ဖြစ်နိုင်ခြေမှာ လျော့နည်းသွားသည်။
ခြုံငုံကြည့်လျှင် ဤသည်က အကျိုးအမြတ်နှင့်ဆုံးရှုံးမှုရောနှောနေခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ကုချင်းဖန်သည် ကုရွှမ်တို့အား ရက်အနည်းငယ်ခြားတိုင်း ၎င်းတို့၏ကျင့်ကြံမှုနှင့် ပတ်သတ်၍ညွှန်ကြားပေးခဲ့ပြီး ၎င်းတို့၏ပါရမီများမှာ တကယ်ပင်အံ့မခန်းဖြစ်သည်။
အရေပြားသန့်စင်ခြင်းနယ်ပယ်၏အစပျိုးအဆင့်သို့ ဝင်ရောက်ပြီးနောက် တစ်လအကြာတွင် ၎င်းတို့သည် အလယ်အလတ်အဆင့်သို့ အောင်မြင်ခဲ့ကြသည်။
ထိုနှစ်ဦး အလယ်အလတ်အဆင့် အရေပြားသန့်စင်ခြင်းနယ်ပယ်သို့ အောင်မြင်သောအခါ ကုချင်းဖန်သည် ထပ်မံ၍အဆင့်မြှင့်တင်ရေးမှတ် လေးမှတ်ရရှိခဲ့သည်။
ကံမကောင်းစွာဖြင့် နောက်ဆုံးအောင်မြင်မှုကော ဒီတစ်ခုကောတွင် ဆုလာဘ်သည် အဆင့်မြှင့်တင်ရေးမှတ်တွေပဲဖြစ်ပြီး ပစ္စည်းတွေမပါဝင်ခဲ့ပေ။
ကုယန်က ပထမဆုံးမွေးဖွားသည့် မျိုးဆက်ဖြစ်သည့်အတွက် သူ့တွင် မွေးရာပါအားသာချက်ရှိသည်။ နောက်ပိုင်းမွေးသည့်မျိုးဆက်တွေကလည်း အဆင့်မြှင့်တင်ရေးမှတ်တွေ ပေးနိုင်ပေမယ့် ဆုလာဘ်တွေက သိသိသာသာလျော့နည်းသည်။
အဆင့်မြှင့်တင်ရေးမှတ်တွေရနိုင်တာကိုပဲ ကုချင်းဖန်ကျေနပ်သည်။
ဘာပဲဖြစ်ဖြစ် အဆင့်မြှင့်တင်ရေးမှတ်တွေက အဓိကဖြစ်ပြီး ကျန်သည့်အရာတွေက အရေးမကြီးပေ။
"သင်၏ မျိုးဆက် ကုရွှမ်သည် ကုမျိုးနွယ်စုလက်သီးကို ထိုးထွင်းသိမြင်ပြီး အရေပြားသန့်စင်ခြင်း နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ အောင်မြင်ပြီ!"
"ဆုကြေး: မှတ် ၅!"
"သင်၏ မျိုးဆက် ကုရှို့သည် ကုမျိုးနွယ်စုလက်သီးကို အနည်းငယ် နားလည်ပြီး ခွန်အား အနည်းငယ် တိုးလာပြီ!"
"သင်၏ မျိုးဆက် ကုယန် သည် အလယ်အလတ်အဆင့် သွေးသန့်စင်ခြင်း သိုင်းသမားကို သတ်ဖြတ်လိုက်ပြီ!"
"သင်၏ မျိုးဆက် ကုယန်သည် အလယ်အလတ်အဆင့် အရိုးသန့်စင်ခြင်း သိုင်းသမား၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်"
"သင်၏ မျိုးဆက် ကုယန်သည် သွေးသန့်စင်ခြင်း ပြည့်စုံခြင်း သိုင်းသမား ၅ ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီ!"
"သင်၏ မျိုးဆက်ကုယန်—"
ဓားသွေးသန့်စင်ခန်းမအတွင်း ငြိမ်းချမ်းစွာ ကျင့်ကြံနေရင်း ကုချင်းဖန်၏မျက်နှာသည် အချက်အလက်ပြဇယားပေါ်တွင် ပေါ်လာသော မရေတွက်နိုင်သည့် သတိပေးချက်များကို မြင်သည်နှင့် ဒေါသထွက်သွားခဲ့သည်။ မြင့်တက်လာသော ဓားစွမ်းအင်သည် ခန်းမအတွင်းမှ ပေါက်ထွက်လာကာ နတ်ဘုရားလက်နက်များစွာကို တုန်ယင်စေသည်။
နောက်တစ်ကြိမ်တွင် ကုချင်းဖန်သည် ဓားသွေးသန့်စင်ခန်းမမှထွက်လာသည်။
ခဏအကြာ ကုပန်ရောက်ရှိလာသည်။
“ပြော ကုယန်အခုဘယ်မှာလဲ”
ကုချင်းဖန်က အေးစက်သည့်မျက်နှာဖြင့် မေးလိုက်သည်။
ကုချင်းဖန်ထဲမှ ထွက်ပေါ်နေသော ဖိနှိပ်ထားသည့်ဒေါသကိုခံစားမိသော ကုပန်သည် အကြောင်းရင်းကို နားမလည်သော်လည်း အနည်းငယ်မျှပင်မဆိုင်းတွရဲဘဲ အလျင်အမြန်ဦးညွှတ်ကာ ပြောလိုက်သည်။
“သခင်ကြီးကို တင်ပြပါတယ် မနေ့က သူပုန်တပ်ဖွဲ့ ကျောက်ဖြူဒေသကို ဖြတ်သွားနေတယ်ဆိုတဲ့ သတင်းရပါတယ် ဒါကြောင့်သခင်လေးက အပြင်ခန်းမက တပည့်တွေကို ဦးဆောင်ပြီး သူပုန်တပ်ဖွဲ့ကို သွားရောက်နှိမ်နင်းနေပါတယ်”
“သူပုန်တပ်ဖွဲ့”
ကုချင်းဖန်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။
ကုပန်က ဆက်ပြောသည်။ “မကြာသေးခင်နှစ်တွေက စစ်နတ်ဘုရားဘုရင်က ပြည်နယ်တော်တော်များများကို သိမ်းပိုက်ပြီး တရားရုံးက အကြီးအကျယ်ဆုံးရှုံးမှုတွေကြုံနေရတယ် ကွမ်းယန်နယ်တွေထဲမှာတောင် သူပုန်တပ်ဖွဲ့တွေ အများကြီးပုန်းအောင်းပြီး စစ်ရှုံးစစ်သားတွေကလည်း ဓားပြတိုက်တာတွေလုပ်နေကြတယ် ကျွန်တော်တို့ကျောက်ဖြူဒေသတောင် ထိခိုက်ခံနေရတယ် ဒါကြောင့် ဒီကိစ္စတွေ သခင်ကြီးကို အနှောင့်အယှက်ပေးမိမှာစိုးလို့ သခင်လေးကိုယ်တိုင်ပဲ ဒါတွေကို ကိုင်တွက်ခဲ့တာပါ”
ဒီစကားကို ကြားတော့ ကုချင်းဖန်က အေးစက်နေဆဲဖြစ်ပေမယ့် သူ့စိတ်ထဲမှာတော့ ရှင်းလင်းနေခဲ့သည်။
နှစ်နှစ်အတွင်းမှာ စစ်နတ်ဘုရားဘုရင်၏စွမ်းအားက ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ကတည်းက စစ်နတ်ဘုရားဘုရင်က လျူယွန်နယ်တံခါးကိုခေါက်ခဲ့ပြီး သူ့တပ်ဖွဲ့တွေက တန်းတန်းမတ်မတ်ချီတက်ဝင်ရောက်ခဲ့သည်။ စစ်ပွဲက တိုင်းရှန်ခရိုင်ကို တရားဝင်ရောက်ရှိလာပြီဖြစ်ပြီး ကွမ်းယန်နယ်က တိုင်းရှန်ခရိုင်၏တစိတ်တပိုင်းဖြစ်တာကြောင့် ရှောင်လွှဲလို့မရနိုင်တော့ပေ။
စစ်ရှုံးသူပုန်တပ်ဖွဲ့တွေ ဓားပြတွေအဖြစ် လှုပ်ရှားနေတာက ပုံမှန်ပဲဖြစ်သည်။
ချက်ချင်းပင် ကုချင်းဖန်က “အခုပြော ယန်အာက ဘယ်မှာလဲ” ဟုမေးလိုက်သည်။
“ကျောက်နီရွာ”
နေဝင်ဆည်းဆာက သွေးရောင်လို နီရဲနေသည်။
ရွာတစ်ရွာလုံး သတ်ဖြတ်သံတွေနဲ့ ပြည့်နှက်နေပြီး အရင်က တည်ငြိမ်မှုတွေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
မြင်ကွင်းထဲတွင် သာမန်ပြည်သူတွေ၏အလောင်းတွေ နေရာအနှံ့ဖြစ်နေသည်။ ယောကျာ်း၊မိန်းမ၊အသက်ကြီးကြီးငယ်ငယ်မရွေး အလောင်းအချို့ဆိုလျှင် ဖရိုဖရဲဖြစ်နေပြီး မသေခင်တွင် အမျိုးမျိုးသောညှင်းပန်းနှိပ်စက်မှုများခံခဲ့ရတာကို ပြသနေသည်။
သို့သော် သေချာကြည့်လိုက်လျှင် လူအများစုက ဗိုက်တွေဖွင့်ထားပြီး ကိုယ်တွင်းအင်္ဂါများအကုန်ထုတ်ယူခံထားရတာကို တွေ့ရသည်။
တချိန်တည်းမှာပဲ ရွာထဲတွင် သူပုန်စစ်သားတစ်ရာကျော်သည် ကုမျိုးနွယ်အိမ်တော်က လူတွေနှင့်တိုက်ခိုက်နေကြသည်။