← Chapters

နှစ်နှစ်တာကာလ

Vol. 8 Ch. 101

နှစ်နှစ်တာကာလ

Vol. 8 Ch. 101

အမည်: ကုချင်ဖုန်း

အသက်: ၃၉/၅၀၀

နယ်ပယ်: ကိုယ်အင်္ဂါသန့်စင်ခြင်း တတိယအဆင့်

သိုင်းပညာများ: ဂူမျိုးနွယ်စု လက်သီး(မကျိုးပဲ့နိုင်သော အဆင့် ၁)၊ သံကိုယ်ထည် ကျင့်စဉ်များ (သံကဲ့သို့ မာကျောသော ကိုယ်ထည် အဆင့် ၁)၊ ကျောက်တုံးဖြိုခွဲ လက်သိုင်း (ပြည့်စုံခြင်း)၊ သံခြေထောက်ကျင့်စဉ် (ပြည့်စုံခြင်း)၊ သံသန့်စင်လက်ချောင်း (ပြည့်စုံခြင်း)၊ ကောင်းကင်မိုးကြိုးဓားကျင့်စဉ်များ (အစပျိုး)၊ ရွှေရောင်ကိုယ်ထည် (ရွှေကိုယ် မကျိုးပဲ့နိုင်သော အဆင့် ၉)၊ ခုနစ်သက်ဓားကျင့်စဉ်များ (စစ်မှန်သော သိုင်းသတ္တိ အဆင့် ၂)၊ ကောင်းကင်ဂိုဏ်းလွှမ်းမိုးကိုယ်ထည် (ကာကွယ်ချီစွမ်းအင် အဆင့် ၄)၊ ကောင်းကင်ဂိုဏ်းနတ်ဘုရားကိုယ်ထည် (မသေနိုင်သော နတ်ဘုရားကိုယ်ထည် အဆင့် ၁)၊ အစိမ်းရောင်နေကျင့်စဉ် (နဝမအဆင့် ပြည့်စုံခြင်း၊ စင်ကြယ်သော ယန် ချီသွေး အဆင့် ၈)၊ ကိုယ်တွင်းအင်္ဂါငါးပါး ကျမ်း (တတိယအဆင့်၊ နတ်ဘုရားကဲ့သို့ အင်္ဂါငါးပါး အဆင့် ၃)၊ ယွမ်ရတနာကျမ်း (တတိယအဆင့်၊ ကိုယ်တွင်းအား သန့်စင်ခြင်း သံကဲ့သို့၊ အဆင့် ၂)၊ ပြိုင်ဘက်ကင်းခုတ်ချက် (အသေးစားအောင်မြင်ခြင်း၊ ဓားစစ်မှန်သော သိုင်းသတ္တိ အဆင့် ၇)၊ အနီရောင်မီးလျှံနတ်ဘုရားကျင့်စဉ် (တတိယအဆင့် အစပျိုး၊ အနီရောင်မီးလျှံလက်ဝါး အဆင့် ၂)

အဆင့်မြှင့်တင်ရေးမှတ်များ: ၁

ဤအရာက ကုချင်ဖန်း၏အချက်အလက်ပြဇယားဖြစ်သည်။

ပြည့်စုံသော အရေပြားသန့်စင်ခြင်းနှင့် ပြည့်စုံသော သွေးသန့်စင်ခြင်းနှစ်ခုစလုံးသည် ပင်ကိုသိုင်းသခင်၏သက်တမ်း ကန့်သတ်ချက်ကို ချိုးဖြတ်ပြီး ချီသွေးသိုင်းသခင်နှင့် နှိုင်းယှဉ်နိုင်သည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အလုံးစုံသော ကဏ္ဍများတွင် ပြည့်စုံခြင်းအဆင့်သို့တက်လှမ်းနိုင်ပါက ကုချင်းဖန်၏သက်တမ်းသည် အနှစ်တစ်ထောင်ပင် ချိုးဖျက်နိုင်လောက်သည်။

သိုင်းသခင်အဆင့်သို့ ထပ်မံအဆင့်တက်သွားပါက သူ၏သက်တမ်းသည် အနှစ်နှစ်ထောင်ပင် ကျော်လွန်နိုင်ပေလိမ့်မည်။

"ဝိညာဉ်ထိန်းချုပ်ရေးနယ်ပယ် မှော်ဆရာတွေမှာ သက်တမ်း အနှစ်ရှစ်ရာရှိတယ်"

"ငါသာ ကိုယ်အင်္ဂါသန့်စင်ခြင်းကို ပြည့်စုံအောင် လုပ်ဆောင်နိုင်ရင် သက်တမ်း အနှစ်ရှစ်ရာကို ကျော်ဖြတ်နိုင်လောက်တယ်!"

“လူတိုင်းက သိုင်းသမားတွေက သက်တမ်းတိုလို့ မှော်ဆရာတွေထက် နိမ့်ကျတတယ်လို့ပြောနေကြပေမယ့် အခုဘယ်သူကများ သိုင်းသမားတွေက မှော်ဆရာတွေထက် နိမ့်ကျတယ်လို့ ပြောရဲဦးမလဲ”

ကုချင်ဖန်း၏အမူအရာက ခိုင်မာပြတ်သားနေသည်။

ယခုအချိန်တွင် ပြည့်စုံသော အရိုးသန့်စင်ခြင်းကို မရသေးပေမယ့် အချိန်ရှိနေသရွေ့ ပြဿနာမရှိပေ။

ကမ္ဘာပေါ်ရှိ သိုင်းသမားများသည် ပြည့်စုံခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခြင်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ပြည့်စုံသော ကိုယ်ခန္ဓာကို ရရှိရန်အတွက် တူညီသောအဆင့်ရှိ သိုင်းပညာများစွာကို ကျင့်ကြံရသောကြောင့်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သိုင်းသမားများတွင် သက်တမ်းအကန့်အသတ်ရှိသည်။

တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းသည် လူအများအတွက် ကောင်းသောအရာမဟုတ်ပေ။

ပြည့်စုံသော ကိုယ်ခန္ဓာကို ကျင့်ကြံရန် အချိန်ကြာမြင့်စွာ လိုအပ်သည်။ သို့သော် သိုင်းသမားများ အမြဲတမ်း လိုအပ်နေသည်မှာ အချိန်ပင်ဖြစ်သည်။

ရလဒ်အနေဖြင့် ၎င်းသည် ပြည့်စုံသော ကိုယ်ခန္ဓာကို ကျင့်ကြံရန် မဖြစ်နိုင်သလောက် ဖြစ်စေသည်။

ထို့အပြင် ပြည့်စုံသော ကိုယ်ခန္ဓာ၏ အကျိုးကျေးဇူးများကို အခြားသူများ မသိကြပေ။ ပန်းတိုင်သည် ရှင်းလင်းပြတ်သားပါက အခြားသူများလည်း ကြိုးစားလိုစိတ် ရှိကောင်းရှိမည်။

သို့သော် မသိနိုင်သော ရလဒ်တစ်ခုအတွက် နှစ်တွေ ကုန်ဆုံးနေချိန်တွင် ဘယ်သူက အချိန်ဖြုန်းချင်မည်နည်း။

မည်သို့ပင်ဖြစ်စေ တကယ်ထူးချွန်သည့် ပုဂ္ဂိုလ်တွေအတွက်တောင် သိုင်းပညာမျိုးစုံကို ကျင့်ကြံဖို့ အချိန်အများကြီး ယူရသည်။

သို့သော်လည်း ကုချင်းဖန်သည် မတူညီပေ။

သူ့တွင် အချက်အလက်ပြဇယားရှိသည်။

သူ့တွင် အဆင့်မြှင့်တင်ရေးမှတ်များ လုံလောက်သရွေ့ ပြည့်စုံသော ကိုယ်ခန္ဓာကို ကျင့်ကြံခြင်းသည် ပြဿနာမရှိနိုင်ပေ။

သူ၏ ခန္ဓာကိုယ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါက ကုချင်းဖန်သည် သူ၏မျိုးဆက်များဖြစ်သော ကုမျိုးနွယ်စုအတွက် ပြည့်စုံသော ကိုယ်ခန္ဓာကိုကျင့်ကြံနိုင်ရန် သိုင်းပညာများကို စီစဉ်ပေးနိုင်မည်ဖြစ်သည်။

"သင်၏ မျိုးဆက် 'ဂူ ယန်' သည် သွေးသန့်စင်ခြင်း နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ထအောင်မြင်ပြီ!"

"ဆုကြေး: အဆင့်မြှင့်တင်ရေးမှတ် ၅၀!"

"ဆုကြေး: အရိုးသန့်စင်ဆေးပြား ၅၀!"

"ဆုကြေး: ရိုးတွင်းခြင်ဆီသန့်စင်ဆေးပြား ၂၀!"

နောက်ထပ်တစ်နှစ် ကုန်လွန်သွားပြီး ကုချင်းဖန်သည် အသစ်ထွက်လာသော အချက်အလက်ပြဇယားကို ကြည့်လိုက်ရာ ကုယန်သည် သွေးသန့်စင်ခြင်းနယ်ပယ်၏နောက်ဆုံးအဆင့်သို့ တကယ်ပင် အောင်မြင်သွားသည်ကို တွေ့လိုက်ရသည်။

ကုယန်၏အောင်မြင်မှုနှင့်ပတ်သတ်၍ ကုချင်းဖန်အံ့သ◌ြခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် ကုယန်သည် သွေးသန့်စင်ခြင်း၏ အလယ်အဆင့်တွင် သုံးနှစ်ကြာ နေခဲ့ပြီး ယခု နောက်ဆုံးအဆင့်သို့ တက်လှမ်းခြင်းသည် သဘာဝကျသော ကိစ္စဖြစ်သည်။

အဆင့်မြှင့်တင်ရေးမှတ် ငါးဆယ်။

ကုချင်းဖန်သည် လုံးဝတွန့်ဆုတ်မနေဘဲ အားလုံးကို ကိုယ်တွင်းအင်္ဂါငါးပါးကျမ်းဆီသို့ သုံးစွဲလိုက်သည်။

ထို့ကြောင့် ကိုယ်တွင်းအင်္ဂါငါးပါးကျမ်းသည် ပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။

ကုချင်းဖန်၏ကျင့်ကြံမှုသည်လည်း ကိုယ်အင်္ဂါသန့်စင်ခြင်း၏ပဉ္စမအဆင့်သို့ မြင့်တက်သွားပြီး ထိုမှကျောက်လွန်ပါက သိုင်းသခင်နယ်ပယ်ဖြစ်သည်။

သို့သော်လည်း သူ၏ကျင့်ကြံမှုသည် ဤအဆင့်သို့ရောက်ရှိလာသော်လည်း ကုချင်းဖန်သည် သိုင်းသခင်အဆင့်သို့ တက်ရန်အလျင်မလိုပေ။ သိုင်းသခင်မဖြစ်ခင် သူ့ခန္ဓာကိုယ်ကို ပိုမိုပြည့်စုံအောင်သန့်စင်လေလေ အဆင့်တက်ပြီးနောက် ပိုအားကောင်းလေလေဖြစ်မည်ဆိုတာကို သူကြိုသိနေသည်။

ထို့ကြောင့် ကုချင်းဖန်သည် နောက်ထပ်ခြောက်လအချိန်ယူပြီး ယွမ်ရတနာကျမ်းကို ပဉ္စမအဆင့်ပြည့်စုံသည်အထိ ကျင့်ကြံခဲ့သည်။

ဤအချိန်တွင် ကိုယ်အင်္ဂါသန့်စင်ခြင်းဆိုင်ရာကျင့်စဉ်နှစ်ခုစလုံးသည် ပြည့်စုံခြင်းအဆင့်သို့ရောက်ရှိခဲ့သည်။

ကျန်ရှိနေသည့် အနီရောင်မီးလျှံနတ်ဘုရားကျင့်စဉ်တစ်ခုတည်းသာ တတိယအဆင့်ပြည့်စုံခြင်းတွင် ငြိမ်သက်နေဆဲဖြစ်ပြီး စတုတ္ထအဆင့်သို့ မတက်နိုင်သေးပေ။

သို့သော်လည်း ကုချင်းဖန်သည် တွန့်ဆုတ်မနေဘဲ ကျန်ရှိနေသည့် အဆင့်မြှင့်တင်ရေးအမှတ်အာားလုံးကို အနီရောင်မီးလျှံနတ်ဘုရားကျင့်စဉ်တွင် သုံးစွဲလိုက်သည်။

ဒီလိုနှင့် အနီရောင်မီးလျှံနတ်ဘုရားကျင့်စဉ်သည်လည်း စတုတ္ထအဆင့်အစပျိုးခြင်းသို့ အောင်မြင်စွာအဆင့်တက်သွားသည်။

"ကိုယ်အင်္ဂါသန့်စင်ခြင်း ပဉ္စမနယ်ပယ် ပြည့်စုံခြင်း!"

"အနီရောင်မီးလျှံနတ်ဘုရားကျင့်စဉ် စတုတ္ထအဆင့် အစပျိုးခြင်း!"

"ပြီးရင် အနီရောင်မီးလျှံကျင့်စဉ်ကို နဝမအဆင့် ပြည့်စုံခြင်းအထိ မြှင့်တင်မယ် တခြားသိုင်းပညာတွေကို ဆက်ကျင့်ကြံမယ် တကယ်ပြည့်စုံတဲ့ ခန္ဓာကိုယ်ရအောင်ကြိုးစားမယ်”

ကုချင်းဖန်သည် အသက်ရှူသွင်းလိုက်ပြီး စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိနှင့်ပြီးဖြစ်သည်။

“ရွှမ်အာနဲ့ ရှို့အာတို့လည်း အရွယ်ရောက်နေပြီ နောက်တစ်နှစ် နှစ်နှစ်ဆို သိုင်းပညာတွေစလေ့ကျင့်လို့ရပြီ ငါတွေးတဲ့အတိုင်းဆို အနာဂတ်မှာ အဆင့်မြှင့်တင်ရေးအမှတ်တွေရနိုင်မယ့် ရင်းမြစ်နှစ်ခု ထပ်တိုးလာလိမ့်မယ်”

ကျင့်ကြံမှုအဆင့်မြင့်လေလေ သားသမီးရဖို့ခက်လေလေဖြစ်သည်။

ဒီနှစ်အနည်းငယ်အတွင်း ကုချင်းဖန်သည် ကလေးရဖို့ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ မအောင်မြင်ခဲ့ပေ။

သို့သော်လည်း သူသည် စိတ်ဓာတ်မကျဘဲ ကုရွှမ်နှင့်ကုရှို့တို့ကြီးပြင်းလာတာကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။

ယခုနှစ်တွင် ကုချင်းဖန်အသက်လေးဆယ်ပြည့်ပေပြီ။

သိုင်းလောကသည် ရှုပ်ထွေးပွေလီနေသည်။

ကမ္ဘာကြီးသည် ကစဉ့်ကလျား ဖြစ်နေသည်။

ဒီအရာတွေအားလုံးက ကုမိသားစုအိမ်တော်နှင့် ဘာမှမသက်ဆိုင်ပေ။

ကုချင်းဖန်သည် ကိုယ်အင်္ဂါသန့်စင်ခြင်းပဉ္စမနယ်ပယ်ပြည့်စုံခြင်းကို ရရှိထားသော်လည်း တိတ်တဆိတ်ကျင့်ကြံခြင်းမှ ထွက်ခွာရန်အစီအစဉ်မရှိဘဲ သိုင်းပညာများကို ခက်ခက်ခဲခဲဆက်လက်ကျင့်ကြံနေခဲ့သည်။

ပြိုင်ဘက်ကင်းဓားသည် နှစ်ပေါင်းများစွာကြိုးစားကျင့်ကြံခဲ့တာကြောင့် ပိုမို အစွမ်းထက်လာသည်။ ကြီးကြီးမားမားမအောင်မြင်သေးသော်လည်း ဓားစွမ်းအားသည် အရင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။

ဓားသွေးသန့်စင်ခန်းမအတွင်းတွင် ဓားသည်အေးစက်နေခဲ့သည်။

ကုချင်းဖန်သည် ခန်းမနှင့်ပေါင်းစည်းသကဲ့သို့ဖြစ်နေပြီး စင်ပေါ်တွင် တင်ထားသော နတ်ဆိုးသတ်ဓားသည် အချင်းချင်းဆက်သွယ်နေသကဲ့သို့ အလွန်အားကောင်းသောစွမ်းအင်တစ်ခုထုတ်လွှတ်နေသည်။

ဤသည်က ဓားပျိုးထောင်ကျင့်စဉ်ကြောင့်ဖြစ်သည်။

နှစ်ပေါင်းများစွာ ဓားကိုပြုစုပျိုးထောင်ခဲ့ခြင်းကြောင့် နတ်ဆိုးသတ်ဓားသည် ထူးထူးခြားခြားလျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။

သို့သော်လည်း ဤကိစ္စများနှင့်ပတ်သတ်၍ ကုချင်းဖန်သည် စိတ်မဝင်စားဘဲ နေ့စဉ်ပုံမှန်ကျင့်ကြံနေဆဲဖြစ်ပြီး အိမ်တော်အတွင်းရှိကိစ္စအားလုံးကို ကုယန်က စီမံခန့်ခွဲသည်။

မကြာခင်မှာပဲ နောက်ထပ်တစ်နှစ်ကုန်လွန်သွားခဲ့သည်။

ယခုနှစ်တွင် ကုချင်းဖန်သည် လေးဆယ့်တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ယခု ကုမိသားစုအိမ်တော်သည် အဆင့်မြင့်သတိပေးချက်အောက်မှာရှိနေပြီး လူတိုင်းတင်းမာနေကြသည်။

အကြောင်းအရင်းကရိုးရှင်းသည်။ ကျုံးလီမီးဖွားတော့မည်။

မင်္ဂလာဆောင်ပြီး တစ်နှစ်ကျော်အကြာတွင် ကျုံးလီကလေးရခဲ့ပြီး ယခု မီးဖွားဖို့နီးနေပြီ။

အခန်းအပြင်ဘက်တွင် ကုယန်သည် ဟိုဟိုဒီဒီလျှောက်သွားနေသည်။ တစ်ဆယ့်ကိုးနှစ်အရွယ်ကုယန်သည် ကုမိသားစုအိမ်တော်ကို စောစောစီးစီးစီမံခန့်ခွဲခဲ့ရတာကြောင့် သူ့အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သောမျက်နှာရှိနေသည်။

သို့သော်လည်း ကုယန်သည် ယနေ့ ပုံမှန်အတိုင်းတည်ငြိမ်မှုမရှိဘဲ သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေသည်။

သူ့ဘေးတွင် ကျက်သရေရှိပြီး မြင့်မြတ်သော ရွှီယူလန်က နှစ်သိမ့်နေသည်။ “ယန်အာ စိတ်မပူပါနဲ့ ကျုံးလီကလည်း သိုင်းပညာရှင်တစ်ယောက်ပဲ သူ့ခန္ဓာကိုယ်ကမပျော့ညံ့ပါဘူး ကလေးမွေးတာပြဿနာကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူး စိတ်အေးအေးထား ငါရွှမ်အာနဲ့ ရှို့အာကို မွေးတုန်းကလည်း ချောချောမွေ့မွေ့ဖြစ်ခဲ့တာပဲ”

“အမေပြောတာမှန်ပါတယ်”

ဒီစကားကိုကြားတော့ ကုယန်က မချင့်မရဲပြုံးလိုက်ပေမယ့် သူ့မျက်နှာက စိုးရိမ်ပူပန်သည့်အမူအရာကတော့ မပျောက်သွားပေ။

မည်သို့ပဲဖြစ်စေကာမူ သူဖခင်တစ်ယောက်ဖြစ်ရမှာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် စိုးရိမ်စိတ်မရှိဖို့ကတော့ မဖြစ်နိုင်ပေ။

ဒီမြင်ကွင်းကိုမြင်တော့ ရွှီယူလန်က ခေါင်းအနည်းငယ်ခါယမ်းပြီး ဘာမှထပ်မပြောတော့ပေ။

All Chapters