ပြီးပြည့်စုံသောအရေပြားသန့်စင်ခြင်း
Vol. 8 Ch. 100
အဆင့်မြင့်တင်ပါ။
ကုချင်းဖန်သည် လုံးဝတွန့်ဆုတ်မနေခဲ့ပေ။
အဆင့်မြှင့်တင်ရေးအမှတ်နှစ်ဆယ်ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် ကိုယ်တွင်းအင်္ဂါငါးပါးကျမ်းသည် တိတ်ဆိတ်စွာနှင့် တတိယအဆင့် ကျွမ်းကျင်မှုဆီသို့ တိုးတက်သွားသည်။
ကိုယ်အင်္ဂါသန့်စင်ခြင်း။
ချီသွေးဓာတ်များသည် သူ၏ခန္ဓာကိုယ်ကိုပြည့်နှက်သွားသည်။
ကုချင်းဖန်သည် သူ့ခန္ဓာကိုယ်အတွင်းမှပြောင်းလဲနေသည့် စွမ်းအားကိုခံစားလိုက်ရသည်။ သူ၏မျက်လုံးများတွင် တောက်ပသောအလင်းရောင်များလင်းလက်နေပြီး အင်အားကြီးမားသောစွမ်းအင်တစ်ခုသည် သူ့ထံမှ ထွက်ပေါ်လာကာ ဓားသွေးခန်းမအတွင်းရှိ နတ်ဘုရားလက်နက်များသည် တစ်စုံတစ်ရာသော အင်အား၏လွှမ်းမိုးမှုကြောင့် တုန်ယင်လာကြသည်။
ကိုယ်အင်္ဂါသန့်စင်ခြင်းတတိယအဆင့်။
ကုချင်းဖန်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
သူ့စွမ်းအားသည် ပိုမိုတိုးတက်လာခဲ့သည်။
ကိုယ်အင်္ဂါသန့်စင်ခြင်း၏ခြေလှမ်းတိုင်းသည် ကြီးမားသောအောင်မြင်မှုဖြစ်ပြီး ကိုယ်အင်္ဂါတစ်ခုကို အောင်မြင်စွာသန့်စင်နိုင်သည်နှင့် ကြီးမားသောပြောင်းလဲမှုကို ယူဆောင်လာနိုင်သည်။
“ငါ့လက်ရှိစွမ်းအားက သိုင်းသခင်တစ်ဦးနဲ့ဘယ်လိုယှဉ်နိုင်မလဲမသိဘူး”
ကုချင်းဖန်မျက်လုံးများသည် အနည်းငယ်ကျဉ်းသွားသည်။
သိုင်းသခင်ဆိုသည်မှာ ကိုယ်တွင်းအင်္ဂါငါးပါးကို ပြည့်စုံအောင် လုပ်ပြီးမှ ကိုယ်ပိုင်ကန့်သတ်ချက်တွေကို ထိုးဖောက်နိုင်သူဖြစ်သည်။
ကိုယ်အင်္ဂါသန့်စင်ခြင်း တတိယအဆင့်သာရှိသော သာမန်လူတစ်ဦးဆိုလျှင် သိုင်းသခင်တစ်ဦးနှင့် ယှဉ်ပြိုင်ဖို့ယုံကြည်မှုရှိမည်မဟုတ်ပေ။
သို့သော် ကုချင်းဖန်ကိုယ်တိုင်က သိုင်းသခင်တစ်ဦး၏ရည်ရွယ်ချက်စစ်ကို နားလည်ထားပြီးသားဖြစ်သည်။
သိုင်းသခင်တစ်ဦး၏ရည်ရွယ်ချက်စစ်ကို နားမလည်သေးသည့် သာမန်သိုင်းသခင်တစ်ဦးနှင့်ရင်ဆိုင်ရပါက သူ၏ကိုယ်အင်္ဂါသန့်စင်ခြင်းတတိယအဆင့်ကျင့်ကြံမှုဖြင့်တိုက်ခိုက်နိုင်သည့် စွမ်းအားရှိသည်။
ယခုအချိန်တွင် ကုချင်းဖန်သည် စဉ်းစားရုံသာတတ်နိုင်သည်။
သိုင်းသခင်များသည် လောကတွင် အလွန်နည်းပါးသည်။
သူသည် အကြောင်းမဲ့ သိုင်းသခင်တစ်ဦးကို စိန်ခေါ်ရန် ရှာဖွေမည်မဟုတ်ပေ။
သို့သော် ကုချင်းဖန်တစ်ခုတော့ သေချာသိခဲ့သည်။
သူ၏လက်ရှိခွန်အားသည် ကိုးလမ်းကွေ့လမ်းရှိ နတ်ဆိုးဗုဒ္ဓနှင့် နှိုင်းယှဉ်ပါက သိသိသာသာကွာခြားနေသေးသည်။
ကိုးလမ်းကွေ့လမ်းသည် ယခုအခါ တားမြစ်နယ်မြေဖြစ်နေပြီး နတ်ဆိုးဝိဉာဉ်များပေါက်ပွားနေကာ နတ်ဆိုးနှိမ်နင်းရေးဌာနပင် နတ်ဆိုးဗုဒ္ဓကို နှိမ်နင်းနိုင်ခြင်းမရှိပေ။
ကွမ်းယန်ပြည်နယ်က ကိုးလမ်းကွေ့ကို စကားထဲထည့်ပြောရုံနှင့်ပင် လူတွေကို ထိတ်လန့်စေခဲ့သည်။
သာမန်ပြည်သူများဖြစ်စေ၊ သိုင်းလောကမှ ပုဂ္ဂိုလ်များဖြစ်စေ၊ ၎င်းတို့အားလုံးသည် ကိုးလမ်းကွေ့လမ်းမှာ ခပ်ခွာခွာနေကြပြီး နတ်ဆိုးဗုဒ္ဓအတွက် အစာဖြစ်သွားမည်ကို ကြောက်ရွံ့နေကြသည်။
ကိုးလမ်းကွေ့လမ်းသည် နတ်ဆိုးဝိဉာဉ်များ၏ နားခိုရာဖြစ်သွားကြသည်။
ယခုအချိန်အထိ နတ်ဆိုးဗုဒ္ဓသည် များများစားစားမလှုပ်ရှားသေးသော်လည်း ပြိုင်ဘက်က ကိုးလမ်းကွေ့လမ်းမှာ ချုပ်နှောင်ခံရမည်ကို ကျေနပ်မည်မဟုတ်ဟု ကုချင်းဖန်သေချာနေသည်။
ထို့ကြောင့် တနေ့နေ့တွင် နတ်ဆိုးဗုဒ္ဓသည် ကိုးလမ်းကွေ့လမ်းမှ ထွက်လာလိမ့်မည်။
ထိုအချိန်တွင် အကျိုးဆက်များကို မခန့်မှန်းနိုင်ပေ။
ကုချင်းဖန်သည် နတ်ဆိုးဗုဒ္ဓ ကိုးလမ်းကွေ့လမ်းမှ မထွက်ခွာမီ လုံလောက်သောခွန်အားကိုပိုင်ဆိုင်ထားရန် လိုအပ်မည်ဖြစ်သည်။
ယခုနှစ်တွင် ကုချင်းဖန်အသက်သုံးဆယ်ကိုးနှစ်ရှိပြီဖြစ်သည်။
သူ၏ကျင့်ကြံမှုသည် ကိုယ်အင်္ဂါသန့်စင်ခြင်းတတိယအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
သာမန်လူတစ်ဦးအတွက် ထိုသို့သောအသက်အရွယ်တွင် ကိုယ်အင်္ဂါသန့်စင်ခြင်းတတိယအဆင့်သို့ အောင်မြင်နိုင်ပြီဆိုလျှင် အနာဂတ်တွင် သိုင်းသခင်နယ်ပယ်သို့ တိုးတက်နိုင်မည်ဖြစ်သည်။
သို့သော် သူ၏ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ ကျေနပ်မနေဘဲ ကုချင်းဖန်သည် ယွမ်ရတနာကျမ်းကို ကျင့်ကြံရန် စိတ်နှစ်မြှပ်ထားခဲပြီး ပထမလအပြီးတွင် ယွမ်ရတနာကျမ်းကို တတိယအဆင့်ထိ အောင်မြင်ခဲ့သည်။
ထို့ကြောင့် သူ၏ကိုယ်အင်္ဂါသန့်စင်ခြင်းသိုင်းပညာနှစ်ခုစလုံးသည် လက်ရှိနယ်ပယ်၏ကန့်သတ်ချက်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ထိုအခါမှသာ ကုချင်းဖန်သည် နေမီးနတ်ဘုရားကျင့်စဉ်ကို စတင်လေ့လာခဲ့သည်။
သူ နေမီးနတ်ဘုရားကျင့်စဉ်ကို အစောပိုင်းကတည်းက မကျင့်ကြံခဲ့ရခြင်းမှာ အစိမ်းရောင်နေကျင့်စဉ်နှင့် ကိုယ်အင်္ဂါငါးပါးကျမ်းကို ကျင့်ကြံနေခဲ့ရ၍ စိတ်မဖြန့်နိုင်ခဲ့တာကြောင့်ဖြစ်သည်။
ယခု အစိမ်းရောင်နေကျင့်စဉ်က ပြည့်စုံသွားပြီဖြစ်ပြီး သန့်စင်သော ယန်ချီသွေး အဆင့်ရှစ်ဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အင်အားကြီးမားသောနေမင်းနှင့် နှိုင်းယှဉ်လောက်အောင် အလွန်သန်မာနေသည်။
နောက်ထပ်အနေဖြင့် ကုချင်းဖန်သည် အနီရောင်မီးလျှံစွမ်းအားကို စတင်ကျင့်ကြံဖို့ရည်ရွယ်ခဲ့သည်။
အနီရောင်မီးလျှံဂိုဏ်း၏ထိပ်တန်းလျို့ဝှက်ကျင့်စဉ်နှင့် အနီရောင်မီးလျှံတောင်၏အရေးကြီးသော အမွေအနှစ်တစ်ခုဖြစ်သည့် ဤကျင့်စဉ်ကို အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ပါက သူ့စွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ထို့အပြင် ကုချင်းဖန်က ကြိုသိခဲ့သည်။
သူ့လက်ရှိအခြေအနေအရ အနီရောင်မီးလျှံစွမ်းအားကို ထပ်မံကျင့်ကြံပါက စစ်မှန်သော ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ပြီးပြည့်စုံသော ကိုယ်ခန္ဓာသည် သာမန်ကိုယ်ခန္ဓာနှင့် မတူပေ။
အနီရောင်မီးလျှံစွမ်းအားကို နားလည်ပြီးနောက်တွင် အပတ်တကုတ်ကြိုးစားကျင့်ကြံလိုက်သည်။
အနီရောင်မီးလျှံစွမ်းအားသည် ထိပ်တန်းလျှို့ဝှက်ကျင့်စဉ်ဖြစ်သော်လည်း ကုချင်းဖန်အတွက် အစပျိုးသည့်အဆင့်သည် ဘာမှမဟုတ်ပေ။
ကိုယ်အင်္ဂါသန့်စင်ခြင်းတတိယအဆင့် သိုင်းသမားတစ်ယောက်၏ထိုးသွင်းဉာဏ်သည် အခြားနယ်ပယ်မှသူများနှင့် မနှိုင်းယှဉ်နိုင်ပေ။
အနီရောင်မီးလျှံစွမ်းအားလေ့ကျင့်မှုသည် မည်မျှပင်ခက်ခဲစေကာမှု ကုချင်းဖန်သည် တစ်ရက်မပြည့်မီပင် ဤကျင့်စဉ်၏အစပျိုးအဆင့်ကို ကျွမ်းကျင်လာခဲ့သည်။
ပထမအဆင့် အစပျိုးခြင်း!
ပထမအဆင့် အသေးစားအောင်မြင်ခြင်း!
ပထမအဆင့် အထူးအောင်မြင်ခြင်း!
ပထမအဆင့် ပြည့်စုံခြင်း!
ကုချင်းဖန်ဆယ်ရက်သာအချိန်ယူခဲ့သည်။
အနီရောင်မီးလျှံစွမ်းအား၏ပထမကျင့်စဉ်သည် လုံးဝပြည့်စုံသွားခဲ့သည်။
အနီရောင်မီးလျှံစွမ်းအားပထမအဆင့်ပြီးဆုံးသွားသည့်အချိန်တွင် ကုချင်းဖန်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာတန်ယင်လာပြီး အပေါ်ယံအရေပြားများ တစ်ထပ်ပြီးတစ်ထပ်ကွာကျကာ အရေပြားအသစ်ပေါ်လာသည်။
ဤအရေပြားသည် ယခင်နှင့်မကွာခြားသည့်ပုံပေါ်သော်လည်း သူ၏အရေပြားသစ်သည် ယခင်ကထပ် ပိုမိုကြံ့ခိုင်လာပြီး ကာကွယ်လာနိုင်သည်ကို ကုချင်းဖန်ခံစားမိသည်။
ပြီးပြည့်စုံသော အရေပြားသန့်စင်ခြင်း
ကုချင်းဖန်၏မျက်လုံးများ လင်းလက်သွားသည်။
ပြီးပြည့်စုံသည်ဆိုသည်မှာ အပြစ်အနာအဆာကင်းခြင်းကို ဆိုလိုသည်။
ယခု ကုချင်းဖန်သည် အရေပြားသန့်စင်ခြင်းနယ်ပယ်၏ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။ ချွေးပေါက်များအားလုံးကို ပိတ်လိုက်လျှင် သူ၏အသက်ဓာတ်ကို ထိန်းချုပ်ထားနိုင်ပြီး အသက်ရှည်ရှည်နေနိင်မည်ဖြစ်သည်။
ထင်ထားသည့်အတိုင်း ကုချင်းဖန် အချက်အလက်ပြဇယားကို ကြည့်လိုက်သောအခါ သူ၏သက်တမ်းသည် နှစ်တစ်ရာထိတိုးလာသည်ကို တွေ့လိုက်ရသည်။
“သက်တမ်းအနှစ်သုံးရာ”
“ငါမမှားဘူးဆိုရင် ပင်ကိုသိုင်းသခင်တစ်ယောက်တောင် သက်တမ်းသုံးရာပဲရှိတယ် ငါက ကိုယ်အင်္ဂါသန့်စင်ခြင်း တတိယနယ်ပယ်မှာတင် အဲ့အဆင့်ကိုရောက်နေပြီ ပင်ကိုသိုင်းသခင်နဲ့ ညီနေပြီ”
“အသက်ဓာတ်ကို ထိန်းချုပ်ထားတဲ့ ပြည့်စုံတဲ့ကိုယ်ခန္ဓာက အကျိုးကျေးဇူးတွေရှိနေတာ ဒါကသက်သေပြနေတာပဲ”
ကုချင်းဖန် တိတ်တိတ်လေးတွေးလိုက်သည်။
သူသာဆက်လက် တိုးတက်လာရင် သွေးသန့်စင်ခြင်း သို့မဟုတ် အရိုးသန့်စင်ခြင်းကိုတောင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ရင် သူ့သက်တမ်းက ပိုရှည်ဦးမည်ဖြစ်သည်။
နောက်ပိုင်းတွင် ကုချင်းဖန်က ကျန်ရှိနေသည့် အဆင့်မြှင့်တင်ရေးမှတ် ဆယ့်လေးမှတ်ကို ကြည့်လိုက်ပြီး အမှတ်အားလုံးကို အနီရောင်မီးလျှံစွမ်းအားထဲသို့ ထည့်သွင်းရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။
တခဏချင်းတွင် အဆင့်မြှင့်တင်ရေးမှတ်ရှစ်မှတ် ပျောက်သွားသည်။
အနီရောင်မီးလျှံစွမ်းအားသည် ပထမအဆင့်ပြည့်စုံခြင်းမှ ဒုတိယအဆင့်ပြည့်စုံခြင်းသို့ ချက်ချင်းအဆင့်တက်သွားသည်။
ထိုအချိန်တွင် ကုချင်းဖန်သည် ၎င်း၏အသက်ဓာတ်ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး အညစ်အကြေးအားလုံးသန့်စင်ကာ စင်ကြယ်သည့်အခြေအနေသို့ရောက်ရှိသွားသည်။
သွေးသည် သိုင်းသမားတစ်ဦး၏အခြေခံအုတ်မြစ်ဖြစ်သည်။
ယခု သွေးသန့်စင်ခြင်းပြည့်စုံပြီးနောက် ကုချင်းဖန်၏စွမ်းအားသည် အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။
မူလသက်တမ်း သုံးရာ့နှစ်ဆယ်မှာ ယခုသူ၏သက်တမ်းသည် ငါးရာ့နှစ်ဆယ်သို့ တိုက်ရိုက်တိုးတက်သွားသည်။
ထို့နောက် ကုချင်းဖန်သည် တည်ကြည်သောမျက်နှာအမူအရာဖြင့် အဆင့်မြှင့်တင်ရေးမှတ်ငါးမှတ်ကို ထပ်မံအသုံးပြုပြီး အနီရောင်မီးလျှံစွမ်းရည်ကို ဒုတိယအဆင့်ပြည့်စုံခြင်းမှ တတိယအဆင့် အစပျိုးခြင်းသို့မြှင့်တင်လိုက်သည်။
သူ၏သံအရိုးများတွင် ပြောင်းလဲလာသည်ကို သတိပြုမိသော်လည်း စစ်မှန်သော ပြည့်စုံခြင်းအဆင့်သို့ မရောက်သေးပေ။
“အရိုးသန့်စင်ခြင်းကို ပြည့်စုံအောင်လုပ်ဖို့ အရိုးသန့်စင်ခြင်းနဲ့သက်ဆိုင်တဲ့သိုင်းပညာတွေကို ပိုပြီးလေ့ကျင့်ရမယ်ထင်တယ်”
သို့သော်လည်း အရေပြားသန့်စင်ခြင်းနဲ့ သွေးသန့်စင်ခြင်းကို ပြည့်စုံအောင်လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကုချင်းဖန်အတော်ကျေနပ်သွားသည်။
ထို့အပြင် အနီရောင်မီးလျှံစွမ်းအား၏အဆင့်မြှင့်တင်မှုက နေမီးနတ်ဘုရားလက်ဝါးနှင့် အပြည့်အဝကိုက်ညီပြီး တစ်ခုနှင့်တစ်ခုအစုပ်ယူခံလိုက်ရသည်။
ထို့ကြောင့် ဤသိုင်းပညာနှစ်ခုက မူလဇစ်မြစ်တူကြောင်း ကုချင်းဖန်ချက်ချင်းနားလည်သွားသည်။
သို့မဟုတ် နေမီးနတ်ဘုရားလက်ဝါးက အနီရောင်မီးလျှံစွမ်းအားမှဆင်းသက်လာတာဖြစ်သည်။
ထိုမှမဟုတ်လျှင် သိုင်းပညာနှစ်ခုက မည်ကဲ့သို့ပေါင်းစပ်ပြီး အချင်းချင်းစုပ်ယူနိုင်လဲဆိုတာကို ရှင်းပြဖို့ခက်ခဲလိမ့်မည်။
ဤအရာက နေမီးနတ်ဘုရားလက်ဝါးကို ဖန်တီးခဲ့သည့် သိုင်းသခင်လဲ့ယန့်က အနီရောင်မီးလျှံဂိုဏ်းနှင့် တစ်စုံတစ်ရာဆက်စပ်နေနိုင်သည်ကို ညွှန်ပြနေတာပဲဖြစ်သည်။