( အင်ပါယာ မလုပ်နိုင်တဲ့အရာကို ခေါက်ဆွဲတစ်ပွဲက လုပ်ပြသွားခြင်း!)
Vol. 5 Ch. 57
မိနစ်သုံးဆယ်လောက်ကြာပြီးနောက်တွင် ယူလန်ချင်းယီနဲ့ လီမေ့ နှစ်ယောက်လုံး နိုးလာခဲ့ကြသည်။
သူမတို့ နေရာတွင် ထိုင်နေဆဲဖြစ်ပြီး မျက်တောင် တစ်ဖြတ်ဖြတ်ခတ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြသည်။ အစောပိုင်းက အဖြစ်အပျက်ကို အတည်မပြုနိုင်သေးပုံပင်။
အဆုံးမှာ သူမတို့ရဲ့ မျက်လုံးတွေ စုံသွားခဲ့ပြီ။
သူမတို့ အချင်းချင်း အကြာကြီး စိုက်ကြည့် နေကြသည်။
“....”
လီမေ့ နောက်ဆုံးတော့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“ မင်းသမီး.. ကျွန်တော်မျိုးမ.. အထင်… အဆင့်တက်သွားပြီ.. ခေါက်ဆွဲကြောင့်!”
သူမ ထုတ်ပြောဖို့ မမျှော်လင့်ထားခဲ့ပေမဲ့ သူမ အရှင်းအလင်းကို ခံစားနိုင်ပါသည်.. သူမရဲ့ ခန္ဓာကိုယ်က ပိုပေါ့ပါးလာပြီး အာရုံက ပိုထက်လာသည်။
သူမ စိတ်ဝိညာဥ်နိုးထ နယ်ပယ်ရဲ့ အဆင့်လေးကို တက်သွားခဲ့ပြီ!
ဒါပေမဲ့ သူမ အပြည့်အဝကြီး လက်မခံ ချင်သေးပေ။
သူမ ချင်းယီဘက်ကို စိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ အမြန်လှည့်လာခဲ့သည်။
“ ယီယီ.. ခေါက်ဆွဲက အရှင်မင်းသမီး ကိုလဲ ကူညီပေးသွားလား?”
“ ဒါမှမဟုတ်… အရင်အတိုင်းပဲလား?”
လီမေ့ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူမ ရရှိခဲ့တဲ့အရာက အရမ်း အံ့သြဖွယ် ဖြစ်နေရင်တောင်မှ သူမရဲ့ သူငယ်ချင်းက တူညီတဲ့အကျိုးကို မရဖူးဆိုရင် သူမ အပြည့်အဝ ပျော်နိုင်မှာ မဟုတ်ဘူး။
သူမရဲ့ဆုတောင်းကို ကောင်းကင်ဘုံက နားထောင်ပေးဖို့ အမြင့်ဆုံးတိုင်တည် ဆုတောင်းလိုက်၏။
ကျေးဇူးပြုပြီး…. လုပ်ပါ! သူမရဲ့ သူငယ်ချင်းလေးကို ကျေးဇူးပြုပြီး ကူညီပေးပါ!
ယူလန်ချင်းယီ ဘယ်လောက်တောင် ခံစားခဲ့ရမှန်း သူမ ကောင်းကောင်းသိသည်။
မွန်မြတ်တဲ့မိသားစုက မွေးဖွားလာသော်ငြား.. ချီစွမ်းအင် ကောင်းကောင်း မစုပ်ယူနိုင်တဲ့ ခန္ဓာကိုယ်နဲ့မွေးလာခဲ့သည်။
သူမအပေါ်မှာ အကုန်လုံးက မျှော်လင့်ချက်တွေ ပုံထားခဲ့ကြသည်။ ဒါပေမဲ့ သူမ အရွယ်ရောက်လာချိန်မှာ အကုန်လုံး မမျှော်လင့်နိုင်တော့ဘူး။
ဘာဆေးဝါး၊ ဘာရတနာ၊ ဘာ လျှို့ဝှက်သိုင်းကျမ်းကမှ အလုပ်မဖြစ်ခဲ့ဘူး။
ဒါပေမဲ့ သူမက ဘယ်တုန်းကမှ အရှုံးမပေးခဲ့ဘူး။ လူတိုင်းအပေါ်ကို ကြင်နာပေးခဲ့တယ်။
သူမ ပြုံးထားရင်း စောင့်ဆိုင်းနေဆဲပဲ။ သူမ ဘယ်တုန်းကမှ စိတ်တိုပြီး စိတ်လိုလက်ရ မပြုမူခဲ့ဘူး။
သူမက.. ဒီတိုင်း တိတ်ဆိတ်စွာ စောင့်နေခဲ့တာပဲ။
လီမေ့ အလွန်လေးစားမိသည်။
ဒါပေမဲ့ သူမလဲ အမှန်တရားကို သိပါသည်။
အကောင်းဆုံး သမားတော်တွေနဲ့ သိုင်းသမားတွေအပြင် ဧကရာဇ်မင်းကြီး ကိုယ်တိုင်ကပါ မဖြစ်နိုင်ဘူး ပြောခဲ့သည်။
သူမရဲ့ ခန္ဓာကိုယ်ကို ကုသနိုင်မဲ့ နည်းလမ်း မရှိဘူး။
ဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာမှပဲ ပြောင်းလဲသွားလိမ့်မည်။
ဒါဆို ဖြစ်နိုင်တာ… ဒီထူးဆန်းတဲ့ ခေါက်ဆွဲလေးက ကျေးဇူးပြုပြီး သူမရဲ့ ဆန်းကြယ်မှုလေး ဖြစ်လာပေးပါ!
ထို့နောက်မှာ လီမေ့ မြင်လိုက်လေသည်။
ယူလန်ချင်းယီရဲ့ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် စီးကျသွား၏။
ရုတ်တရက် မင်းသမီးက အရှေ့တိုးလာကာ လီမေ့ကို တင်းနေအောင် ဖက်လိုက်သည်။
လီမေ့ မရုန်းထွက်ဘဲ သူမကို ပြန်ပြီး တင်းနေအောင် ဖက်ပေးလိုက်သည်။
ယူလန်ချင်းယီ တိုးတိုးလေး ပြောလိုက်သည်။ သူမရဲ့ အသံတွင် နွေးထွေးမှုတို့ ပြည့်နေခဲ့သည်။
“ မေ့.. ငါ့အထင် ငါကျန်တဲ့သူတွေလို ကျင့်ကြံလို့ရပြီထင်တယ်”
ထို့နောက်မှာ တိတ်ဆိတ်သွားခဲ့သည်။
ဒါပေမဲ့ ထိုစကားက လီမေ့ရဲ့ နှလုံးသားထဲ ပဲ့တင်ထပ်နေလေ၏။
သူမပိုပြီး တင်းနေအောင် ဖက်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် ယူလန်ချင်းယီ နောက်ဆုံးတော့ ကျင့်ကြံရေးလမ်းကြောင်း အပေါ် ခြေချနိုင်သွားပြီ။
ပြီးတော့ သူမတစ်ယောက်ထဲ မဟုတ်ခဲ့ဘူး။
လီမေ့လဲ သူမနဲ့ အတူရှိနေသည်။ ဒီနှစ်တွေထဲ မျှော်လင့်ချက်မဲ့စွာ စောင့်ခဲ့ရတာတွေ၊ တိတ်တဆိတ် ကျခဲ့ရတဲ့ မျက်ရည်တွေ၊ မျှော်လင့်ချက် အတုအယောင်တွေ…. အဲ့ဒါတွေ အားလုံး အခု လုံးဝ ပျောက်ကွယ်သွားပြီ။
သူမရဲ့ လမ်းကြောင်းအသစ်အပေါ် ခြေချနိုင်သွားပြီ။
သူမတို့နှစ်ယောက် နောက်ဆုံးတော့ ပွေ့ဖက်ရာမှ ဖြည်းညင်းစွာ ခွာလိုက်ကြသည်။ နှစ်ယောက်လုံးရဲ့ မျက်လုံးများသည် ရဲနေလေ၏။
ယူလန်ချင်းယီ သူမရဲ့ အင်္ကျီ လက်အနားစနဲ့ မျက်ရည်သုတ်လိုက်ကာ ပြုံးပြလိုက်သည်။
“ မေ့မေ့ ငါအရင် စမ်းကြည့်ရမယ်”
သူမရဲ့ မျက်လုံးတွင် နှစ်များစွာ မခံစားဖူးခဲ့တဲ့ ပျောက်ဆုံးနေသော စိတ်လှုပ်ရှားမှုတို့ တလက်လက် ထနေခဲ့သည်။
လီမေ့ မျက်တောင်ခတ်လိုက်သည်။
“.... အရှင်မင်းသမီးက နောက်တစ်ခွက် စားချင်လို့လား?”
ယူလန်ချင်းယီ ခေါင်းခါပြလိုက်ကာ
“ မဟုတ်ဘူး မဟုတ်ဘူး။ ငါပြောတာ ကျင့်ကြံမှုကို!”
“ ထင်ယောင်ထင်မှား မဖြစ်နေတာ သေချာအောင်လို့ပါ”
လီမေ့ရဲ့ နှုတ်ခမ်းတွေ တွန့်သွားသည်။
ထို့နောက်မှာ သူမ လက်ပိုက်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။
“ အရှင်မင်းသမီး အကြာကြီးမထိုင်နေနဲ့နော် ဟုတ်ပြီလား?”
“ ငါ အဆင်ပြေမှာပါ” ယူလန်ချင်းယီက ကြမ်းပြင်ကို ကြည့်နေရင်း ပြောလိုက်သည်။
ဘိုးဘေးတစ်ယောက်ရဲ့ သေရေးရှင်ရေး ဆောင်ရွက်နေရသလို တည်တင်းနေတဲ့ မျက်နှာပေးနဲ့ သူမက ကြာပွင့်ပုံထိုင်လိုက်ကာ
ဘုန်းတော်ကြီး တစ်ယောက်လိုပါ လက်နှစ်ဖက်ကို ဟန်ပါပါ ပေါင်ပေါ် မြှောက်ထားသေး၏။
သူမရဲ့ မျက်နှာက အလွန့်အလွန်ကို တည်နေသည်။
သူမရဲ့ အင်္ကျီအနားစမှာ ကပ်နေတဲ့ ခေါက်ဆွဲဖတ်ကြောင့်သာ မဟုတ်ရင် လုံးဝ သူတော်စင်တစ်ပါး.ထိုင်နေတဲ့အတိုင်းပဲ။
လီမေ့ အင်္ကျီစနဲ့ ပါးစပ်ကိုကာလိုက်ကာ အပြုံးကိုဖုံးကွယ်ရင်း အကြည့်လွှဲလိုက်တော့၏။
လုံးဝကို ပြင်ပကို သတိမမူမိတော့တဲ့ ယူလန်ချင်းယီက အသက်ပြင်းပြင်း ရှုနေရင်း မျက်လုံးမှိတ်ထားလေသည်။
ထို့နောက်မှာ.. သူမ ခံစားလိုက်ရသည်။
လေထဲမှာ ရှိနေတဲ့ ချီစွမ်းအင်က.. လှုပ်ရှားနေသည်။
ပိုအရေးကြီးတာက ချီစွမ်းအင်က သူမဆီကို စီးဆင်းနေခဲ့သည်။ ကွဲကြေမသွားသလို တန်ပြန်မထွက်သွားဘူး။ သူမနဲ့ သက်ဆိုင်တဲ့ အရာတစ်ခုလို ချီစွမ်းအင်တွေက စိတ်လိုလက်ရ ဝင်ရောက်နေ၏။
သူမရဲ့ အရေပြားထဲ စိမ့်ဝင်သွားရင်း သွေးကြောတွေထဲ နှံ့စပ်စွာ လှည့်ပတ်သွားနေခဲ့သည်။
အရင်က သူမ ပိတ်မိနေတဲ့ အဆုတ်များနဲ့ အသက်ရှုခဲ့ရသလို ခံစားရသည်။ အခုတော့ မုန်တိုင်းပြီးသွားနောက်မှာ ကြည်လင်အေးမြတဲ့ လေကို ရှုရှိုက်နေရသလိုပဲ။
သူမရဲ့ ဒန်ထျန်က… မခုခံနေဘူး။
သူမရဲ့ ဒန်ထျန်က ကောင်းစွာ စုပ်ယူနေခဲ့သည်။
သူမရဲ့ ချီကို နာကျင်မှုမရှိဘဲ ကောင်းစွာ လမ်းပြနိုင်နေခဲ့သည်။ သူမ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် အလုပ်လုပ်နေခဲ့သည်။
ယူလန်ချင်းယီ သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။
“.... အစစ်ပဲ”
ဘေးမှ ကြည့်နေတဲ့ လီမေ့က အရှေ့တိုးလာပြီး သူမရှေ့တွင် ဒူးထောက်ချလိုက်သည်။
“ ဂုဏ်ယူပါတယ် ယီယီ”
“ အရှင်မင်းသမီးရဲ့ ကြိုးစားမှုတွေ.. နောက်ဆုံးတော့ အရာထင်ပြီ!”
“ လုပ်နိုင်သွားပြီ။ အရှင်မင်းသမီး တစ်ကယ် လုပ်နိုင်သွားပြီ”
လီမေ့ မြင်ဖူးနေကြအတိုင်း ယူလန်ချင်းယီရဲ့ နှုတ်ခမ်းတွေက အကြီးမား၊ အကျယ်ပြန့်ဆုံး အနေအထားအထိ ကော့တက်သွားခဲ့သည်။
“ ကျေးဇူးပါ မေ့မေ့!”
ယူလန်ချင်းယီ ပြုတ်မကျအောင်လို့ လီမေ့က လက်နှစ်ဖက်နဲ့ ထိန်းပေးလိုက်သည်။
သူမတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စကားတစ်ခွန်းတောင် ပြောဖို့ မလိုအပ်ချေ။
သူမတို့နှစ်ယောက်လုံး ချက်ချင်းပဲ ဆိုင်ရှင်ကို လှည့်ကြည့်လိုက်ကြသည်။
ဟောင် က ကောင်တာမှာ ထိုင်ရင်း သံပုရာဆိုဒါ သောက်နေခဲ့သည်။ သူက အေးဆေးပွဲကြည့်နေခြင်းပင်။
ဟောင် ယူလန်ချင်းယီကို ကြည့်လိုက်သည်။ ထို့နောက်တွင် နီးကပ်လာနေတဲ့ လီမေ့ကို ကြည့်လိုက်သည်။
ဟောင် မျက်ခုံးတစ်ဖက်သာ ပင့်ပြ လိုက်သည်။
ဦးမညွတ်သလို နှုတ်လဲ မဆက်ချေ။
မျက်ခုံးတစ်ဖက်သာ ပင့်ပြလေသည်။
“....”
လီမေ့ ဟောင်ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။
ဒီလူက.. အခု တစ်ခုခု သောက်နေတာလား?
အခု ဖြစ်သွားတဲ့ ကိစ္စတွေရဲ့ လေးလံမှုကို သူ သဘောပေါက်ရဲ့လား?
သူမရဲ့ မျက်နှာထားက မယုံနိုင်မှုနဲ့ နာကျင်မှုကြား ရှပ်ပြေးသွားလေ၏။ မသိလျှင် ရာချီတဲ့အတွေးပေါင်းစုံနဲ့ လာနေချိန်မှာ ရုတ်တရက် ကျရှုံးသွားတဲ့အတိုင်းပဲ။
ဒီလူက ခေါက်ဆွဲတွေ လုပ်ခဲ့တဲ့သူလား? ဒါမှမဟုတ် တစ်နေရာမှာ ကောက်ရပြီး ရတဲ့ဈေးနဲ့ ရောင်းဖို့ လုပ်ခဲ့တာများလား?
ယီယီရဲ့ ကံကြမ္မာကို ပြောင်းလဲပေးတာ ဒီလူတော့ ဟုတ်ပါတယ်နော့?
ယူလန်ချင်းယီ ရှေ့တစ်လှမ်းတိုးလိုက်သည်။
“ အကိုကြီး”
ယူလန်ချင်းယီက ရင်ဘတ်မှာ လက်တစ်ဖက် တင်ရင်း ဦးညွတ်လိုက်သည်။
“ ကျွန်မ ဂါရဝပြုပါတယ်”
“ရှင်က ကျွန်မတို့ကို ဘာစွမ်းအားပေးလိုက်လဲဆိုတာကို ကျွန်မကောင်းကောင်းနားမလည်ပေမယ့် အဲ့ဒီ့ဆန်းကြယ်တဲ့စွမ်းအားကြောင့်ပဲ ကျွန်မက မကျင့်ကြံနိုင်တဲ့ဒုက္ခိတဘဝကနေ အခု ကျင့်ကြံသွားနိုင်ခဲ့ပြီ။ ကျေးဇူးတင်ပါတယ်”
သူမ ခေါင်းမော့ကာ ဟောင်ကို အရိုးသား အကြင်နာဆုံး အပြုံးတစ်ခု ပြုံးပြလိုက်သည်။
“ ဒီအကြွေးကို တစ်သက် မမေ့နိုင်တော့ပါဘူး..”
လီမေ့လဲ တည်ကြည်တဲ့ ခြေလှမ်းများနဲ့ နောက်ကလိုက်ပြီး ခေါင်းကိုယဥ်ကျေးစွာ ငုံ့လိုက်သည်။
“ ယီယီကို ကူညီပေးခဲ့တဲ့အတွက် အကိုကြီးကို နက်ရှိုင်းစွာ ကျေးဇူးတင်မိပါတယ်”
ဟောင် မျက်တောင်ခတ် လိုက်သည်။
ထို့နောက်တွင် သူ ပုံမှန်ကျစွာ ခေါင်းစောင်းလိုက်ပြီး သံပုရာဆိုဒါ နောက်တစ်ငုံ သောက်လိုက်သည်။
“ မင်းတို့ငါ့ကို ဘာအတွက်မှ ကျေးဇူး တင်ဖို့မလိုပါဘူး။ ခေါက်ဆွဲကို မင်းတို့ ဝယ်စားခဲ့ကြတာပဲ”
“ မင်းတို့ ဝိညာဥ်ကျောက်တုံး ပေးခဲ့ကြတယ်။ ဒီခေါက်ဆွဲက လုပ်သင့်တဲ့ အရာကို ပြန်လုပ်ပေးခဲ့တာပဲ”