(သေမျိုးကော ဟုတ်ရဲ့လား?)
Vol. 5 Ch. 58
ဟောင် ပျင်းရိစွာ ပြုံးပြလိုက်သည်။
“ အရမ်းကောင်းတဲ့ အပေးအယူပဲလေ။ ဟုတ်တယ်မလား?”
ထိုမိန်းကလေး နှစ်ယောက် ပြန်ပြောစရာ ပျောက်ဆုံးသွားပုံပင်။
'ဒါပဲ….လား?’
မသိရင် သူ့ပုံစံက သာမာန်ဟင်းရွက်ကန်းစွန်း ရောင်းနေတဲ့အတိုင်းပဲ!
ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ခေါက်ဆွဲရောင်းတာ ဒီလူကော ဟုတ်ရဲ့လား?
လီမေ့ မထိန်းချုပ်နိုင်တော့စွာ ပြောလိုက်သည်။
“ အကိုကြီး”
“ ကျွန်မရဲ့ အပြုအမူကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ရှင်က ဆိုင်ရှင်အစစ်တော့ ဟုတ်ပါတယ်နော့?”
“ အင်း ဒါငါပိုင်တာလေ” ဟောင် သာမာန်ဆန်စွာ ပြန်ဖြေ၏။
ဆိုင်ရှင်ရဲ့ မျက်နှာထား၊ စကားပြောဆိုပုံတွေကို ကြည့်နေရင်း လီမေ့ အနည်းငယ် မျက်မှောင်ကြုတ်လာသည်။
ဒါပေမဲ့ ဟောင် ပြောသွားသမျှထဲမှာ အတုအယောင် မပါချေ။ လိမ်လည်မှု တစ်ခုတောင် သူမ အာရုံမခံနိုင်ဘူး။
သူမ ဆက်မပြောခင်မှာပဲ ယူလန်ချင်းယီက တစ်ချက် ရယ်လိုက်ကာ လီမေ့ရဲ့ ပါးစပ်ကို နူးညံ့သော လက်ဖဝါးများနဲ့ ပိတ်ပင်လိုက်၏။ လီမေ့ကို နောက်ပြန်ဆွဲခေါ်လိုက်လေသည်။
“ မေ့မေ့ လုံလောက်ပြီ”
ယူလန်ချင်းယီ ဟောင် ကို လှည့်ပြုံးပြလာကာ ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်လိုက်သည်။
“ အကိုကြီး အရမ်း ရိုင်းရာ မကျရင်”
“ ကျွန်မ နာမည် သိခွင့်ရှိမလားရှင့်?”
“ ဟောင်… ဟောင် တစ်လုံးထဲပဲ”
ခဏ တိတ်ဆိတ်ပြီးနောက်တွင် သူမ နူးညံ့စွာ ပြုံးလိုက်သည်။
“ အကိုကြီး ထပ်ပြီးကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သေချာပေါက် ပြန်လာခဲ့ပါ့မယ်”
ပြီးတာနဲ့ ယူလန်ချင်းယီက လီမေ့ကိုပါ ဆွဲခေါ်သွားခဲ့သည်။ မိန်းကလေး နှစယောက်သည် လရောင်အောက်တွင် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
ဆိုင်အပြင် ရောက်တာနဲ့ လီမေ့ တိုးတိုးလေး ကပ်ပြောလာသည်။
“ …ဒါပေမဲ့ ကျွန်တော်မျိုးမ မေးချင်တာတွေ ရှိသေးတယ်”
“ မေ့မေ့ တစ်ချို့ဆန်းကြယ်တဲ့အရာတွေက မဖြေရှင်းတာ ပိုကောင်းတယ်”
ရှဲ့ဖေးယန် အဖြစ်အပျက်တစ်ခုလုံးကို မယုံကြည်နိုင် ဖြစ်နေရသည်။ ယူလန်ချင်းယီနဲ့ ဆန်းကြယ်တဲ့ ဆိုင်ရှင်ဟောင်ကြားက အခြေအနေတွေကို သူ တိတ်တဆိတ် လေ့လာနေခဲ့ပြီး အဖြစ်အပျက်တစ်ခုလုံးက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
သူ ဆိုင်ထဲ ဝင်သွားချိန်မှာ ပုံမှန်လို နှုတ်ဆက်ခဲ့ပေမဲ့ သူ့ရဲ့ အာရုံက ချက်ချင်းပဲ တစ်ခြားကို ပြောင်းသွားသည်။
အတွင်းက ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် အနေအထားက အပြက်ဘက်ရှိ လူအနည်းငယ်သာ ဝင်လာရဲလောက်တဲ့ မှောင်မဲမဲ လမ်းကြားနဲ့ လားလားမှ မဆိုင်နေဘူး။
သူ တစ်ဆိုင်လုံးကို စူးရှတဲ့ အာရုံနဲ့ စေ့စေ့စပ်စပ် စစ်ဆေးခဲ့သည်။ ခြိမ်းခြောက် နိုင်တဲ့အန္တရာယ် တစ်ခုကိုမှ အာရုံမခံမိပေမဲ့လဲ သူ့စိတ်ထဲ တစ်ခုခုက ထူးခြားနေသည်။
အကြောင်းအရင်း များစွာကြောင့် သူ သတိ မပေါ့ရဲဘူး။
အပြင်ဘက်က သားရဲဝိညာဥ် ပြောကြားခဲ့သော ခြိမ်းခြောက်စကားကလဲ သူ့ခေါင်းထဲ တဝဲလည်လည်ပင်…
“ အထဲမှာ ဘာပြဿနာမှ မရှာနဲ့။ မင်းလို ကျင့်ကြံဆင့်မြင့်ရင်တောင်မှ လွတ်နိုင်မှာ မဟုတ်ဘူး”
ဒါပေမဲ့ ထိုသတိပေးစကား ရှိနေသော်ငြား ဆိုင်အတွင်းမှာ သူ့ထက် ကျင့်ကြံဆင့် မြင့်တဲ့သူ တစ်ယောက်မှ သူမခံစားမိဘူး။ ဒါပေမဲ့ မသက်မသာ ခံစားချက်ကြီးက စွဲကပ်နေဆဲပဲ။ သူ့ရဲ့ မသိစိတ်က သတိထားဖို့ ပြောကြားနေသည်။
သူ နောက်ထပ် သတိထားနေရတဲ့ တစ်ခုက မိုရှီရှီပဲ။
သူ့ကို နှုတ်ဆက်လာတဲ့ ကလေးမလေးက ကျဆုံးသွားတဲ့ ကျိန်စာဖြူ မိစ္ဆာဂိုဏ်းရဲ့ ဆက်ခံသူပဲ!
သူတို့ တိမ်မိုးဓားသွားဂိုဏ်းမှာ သူမက အခု မဟာမြို့တော်ကို ရောက်နေတယ်ဆိုတဲ့ သတင်းအပြင် သတင်းတစ်ချို့ ထပ်ရှိသေးသည်။
သူမ ဒီနေရာမှာ အလုပ်လုပ်နေတယ်ဆိုတာတော့ လုံးဝကို မထင်မှတ်ထားတဲ့အရာပဲ။
မိုရှီရှီက ငယ်လွန်းသေးပြီး သူနဲ့ ပြိုင်ဘက် အဆင့် မရောက်သေးဘူးဆိုရင်တောင်မှ သူမရဲ့ အရည်အချင်းက သာမာန်ထက် အများကြီးပိုသည်။
သူမရဲ့ ဇစ်မြစ်ဂိုဏ်းက ဉာဏ်နီဉာဏ်နက်များပြီး လှည့်စားတတ်တဲ့ နည်းလမ်းတွေကြောင့် လူသိများတဲ့ ကျိန်စာဖြူ မိစ္ဆာဂိုဏ်းပဲ!
မိစ္ဆာဂိုဏ်းတွေရဲ့ ဂိုဏ်းသားအများစုက စစ်သည်တော်တွေလိုပဲ။ သူတို့က စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ လုပ်ပေးခံထားရပြီး အခြေအနေကို ဘယ်လို လှည့်ပတ်ပြီး အခွင့်အရေးယူရမလဲ ကောင်းကောင်း နားလည်ကြသည်။
ရှဲ့ဖေးယန် ဒီနှစ်တွေထဲ မိစ္ဆာဂိုဏ်းတွေကို ဘယ်လိုသတိထားသင့်ကြောင်း ဒီလို သင်ယူခဲ့ရတာပင်။
သူမ မလှုပ်ရှားတာတောင်မှ လေးလံတဲ့ သူမရဲ့ တည်ရှိမှုကို သူခံစားနိုင်သည်။
သူမရဲ့ တည်ငြိမ်တဲ့ အပြုအမူ၊ စောင့်ကြည့်နေတဲ့ မျက်လုံးတွေက.. အားလုံးက အန္တရာယ် အချက်ပြနေကြသည်။ မလေ့ကျင့်ထားတဲ့သူတွေကတော့ သတိထားမိမှာ မဟုတ်ပေမဲ့ပေါ့။
မြင့်တက်လာတဲ့ သံသယကို အတည်ပြုဖို့ရန် ရှဲ့ဖေးယန် အနေအထားကို ညှိလိုက်ပြီး သူ့ရဲ့တည်ရှိမှုကို အနိမ့်ဆုံး အခြေအနေအထိ ဖိနှိပ်လိုက်သည်။
သူ ဖြည်းညှင်းစွာ လှုပ်ရှားနေရင်း ခေါက်ဆွဲဗူးတွေကို စိတ်ဝင်စားချင်ယောင် ဆောင်နေခဲ့သည်။ ယူလန်ချင်းယီကို မျက်စိဒေါက်ထောက် စောင့်ကြည့်ပေးနေရင်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့လိုက်သည်။
ဒါပေမဲ့ ရှဲ့ဖေးယန် ကို လေ့လာနေတဲ့ မိုရှီရှီနဲ့ ဟောင်က သူ့ရဲ့အပြုအမူတွေကြောင့် ဒီလူ ရူးနေတာလားလို့သာ တွေးမိကြသည်။
သူမတို့ ဒီလူကို ချက်ချင်းလဲ မောင်းထုတ်ပစ်လို့ မရဘူး။ သူ့ရဲ့ အပြုအမူတွေက ထူးဆန်းနေရင်တောင် ဈေးဝယ်တစ်ယောက် ဖြစ်နေသေးသည်။
ရှဲ့ဖေးယန် ဆက်လေ့လာနေရင်း မကြာခင်မှာပဲ မင်းသမီးနဲ့ သူမရဲ့ သူငယ်ချင်းကော အမဲသားခေါက်ဆွဲဆိုတဲ့ အရာကို စားပြီးတဲ့ နောက်မှာ အလင်းပွင့်သွားတာကို မြင်လိုက်ရသည်။
ခေါက်ဆွဲတစ်ပွဲကြောင့် အလင်းပွင့်တယ်လား? ဒါဘယ်လိုတွေ ဖြစ်သွားတာလဲ?
သူ နားမလည်နိုင်တော့ပေ။
ဒါပေမဲ့ မှားနေတာ တစ်ခုမှ မရှိဘူး။ သူမတို့ နှစ်ယောက်ရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ အလင်းပွင့်တာမှန်း တန်းပြောနိုင်သည်။
ပြီးတော့ သူ့ရဲ့ အာရုံခံမှုကို သတိထားစွာ ထုတ်စစ်ဆေးချိန်မှာ မိန်းကလေး နှစ်ယောက် အနားက ချီစွမ်းအင်ကိုပါ သူခံစားမိခဲ့သည်။ ခံစားချက်က သူ့ကို သစ္စာမဖောက်သွားဘူး။ ဒါအစစ်ပဲ!
ထို့နောက်မှာ အခြေအနေက ပိုပြီး ရူးချင်စရာ ကောင်းလာသည်။ အလင်းပွင့်ပြီးတာနဲ့ မဖြစ်နိုင်တဲ့ ပြောင်းလဲမှု ဖြစ်ပေါ်လာတာပင်။ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် မကျင့်ကြံနိုင်ခဲ့တဲ့ မင်းသမီးက အခု ကျင့်ကြံလို့ ရသွားပြီ!
ရှဲ့ဖေးယန် သူ့ရဲ့မျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင် မြင်လိုက်ရသော်ငြား ထင်ယောင်ထင်မှား ဖြစ်နေသလို ခံစားရသည်။
ဒါဘယ်လို ဖြစ်နိုင်မှာလဲ?.
အတော်ဆုံးဆိုတဲ့ သမားတော်ကြီးများပင် မင်းသမီးကို လက်လျော့ခဲ့ကြတာလေ။ ဒီခေတ်ရဲ့ ဆေးပညာနဲ့ သူမရဲ့ အခြေအနေက ကုသဖို့ မလွယ်ကူဘူး ပြောခဲ့သည်။.
တစ်ခြားမြို့တော်တွေက မင်းကြီးကိုယ်တိုင် သမားတော်ကြီးတွေ ပင့်ခဲ့တာတောင်မှ ဘာမှ မထူးခြားခဲ့ဘူး။
ဒါပေမဲ့ အခုတော့ သာမာန်ခေါက်ဆွဲတစ်ပွဲက ကုသ ပေးသွားတယ်!
ဒီလိုလုပ်သွားတယ်လို့ ဖြစ်နိုင်ချေရှိသူကလဲ ဟောင်..။ အရမ်းကို ရိုးရှင်းပုံ ပေါက်နေရုံမကပဲ အာရုံခံကြည့်ချိန်လဲ ဘာထူးခြားတာကိုမှ မခံမိခဲ့ဘူး။
ရှဲ့ဖေးယန် ဆိုင်အတွင်း၌ သူ့ထက် ကျင့်ကြံဆင့်မြင့်တာ တစ်ခုမှ အာရုံမခံမိခဲ့ဘူး။
သူ့ထက် သန်မာတာ မရှိလို့ မဟုတ်ဘဲ… ဟောင်ရဲ့ အစွမ်းက အရမ်းမြင့်နေတော့ သူ့ရဲ့ တိကျတဲ့ အာရုံခံမှုက အလုပ်မလုပ်တော့တာ ဖြစ်မည်။
ဒီလူက အထက်ဘုံက မသေမျိုးတစ်ယောက် ဖြစ်နိုင်သည်။ ဒါမှမဟုတ် အဲ့ဒီထက် သာလွန်တဲ့သူလဲ ဖြစ်နိုင်သည်!
အရမ်း အင်အားကြီးတဲ့သူက ဘယ်လိုကြောင့် အရမ်း… သာမာန်ဖြစ်နေတာလဲ?
ရှဲ့ဖေးယန်ရဲ့ စူးရှတဲ့ အာရုံခံမှုကနေ ဒီလူက အရာအားလုံးကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားတာမို့ သူ့လို ကျင့်ကြံဆင့် မြင့်တဲ့သူတောင်မှ အာရုံမခံနိုင်တာ ဖြစ်မယ်!
ဘယ်လို ကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးလဲ!
အကယ်လို့ ရှဲ့ဖေးယန်ရဲ့ အတွေးတွေကို ဟောင်သာ ကြားနိုင်ခဲ့ရင်
“ ဒီလူဘာတွေ လာယောင်နေတာလဲ?”
“ ဒါသေချာကို ကြွားဝါးပြောနေတာပဲ!”
“ မကောင်းဆိုးဝါးဆိုတာ ဘာပြောချင်တာလဲ? ငါက သာမာန်သေမျိုးတစ်ယောက်ပါဟ။ မင်းဟာက အကြောင်းအရင်းမရှိ အတွေးကြောင်နေတာပဲ!”
ဒါပေမဲ့ လက်ရှိမှာတော့ ဟောင် ဘာမှ မသိပေ။ ရှဲ့ဖေးယန် အမြန်ပဲ ဟောင်ဆီကိုချဥ်းကပ်လိုက်ကာ သူ့ရဲ့ ခန္ဓာကိုယ်က ဖြောင့်မတ်ပြီး လေးစားမှု ပြနေခဲ့သည်။
“ မင်္ဂလာပါ အကိုကြီး”
ဟောင် ထိုသူရဲ့ တည်ကြည်တဲ့ ရုပ်ကို တစ်ချက် ကြည့်လိုက်သည်။ ဒါပေမဲ့ စကားပြန်ပြောမဲ့အစား ဟောင် စိုက်ကြည့်နေတာပင်။
သူ ချက်ချင်း.စကားမပြောခဲ့ဘူး.. သူ့ရဲ့ အတွေးတွေက ဒီလူက ထူးဆန်းတယ်ဟုပဲ ပြောနေခဲ့သည်။ သူ ဘာဖြစ်ချင်နေမှန်း ဟောင် စဥ်းစားလို့ မရနေဘူး။ ဒါပေမဲ့ ဒီလူရဲ့ ပုံစံက ပြဿနာရှာချင်ပုံတော့ မရှိပေ။
ရှည်လျားပြီး အနေခက်လှတဲ့ တိတ်ဆိတ်မှုရှည်ကြီး အပြီးမှာ ရှဲ့ဖေးယန် ခပ်တိုတို ဦးညွတ်လိုက်တော့သည်။
“ အကိုကြီးရဲ့ ကြင်နာမှုကို ကျေးဇူးပါ အကိုကြီး ငါအခု ထွက်သွားတော့မယ်”