(နန်းတော်ထဲမှ ဂယက်များ)
Vol. 5 Ch. 59
ရှဲ့ဖေးယန် ထွက်ပေါက်ဆီကို လျှောက်လာနေပေမဲ့ ဒီဆိုင်ရဲ့ ဆန်းကြယ်မှုတွေက ဒီလောက်နဲ့ မကုန်သွားမှာ တွေးနေခဲ့သည်။ ဒါပေမဲ့ တာဝန်က ရှိနေသေးသည်။ မင်းသမီးရဲ့ လုံခြုံရေးက သူ့အတွက် ဦးစားပေးမို့ သွားမှဖြစ်တော့မည်။
‘ ငါပြန်လာခဲ့မယ်’.
ထိုသူ အပြင်ရောက်သွားချိန်မှ ဟောင် ခေါင်းအသာရမ်းလိုက်သည်။
‘ အိုး ဒီရူးနေတဲ့သူတော့! ငါ့ကို အကိုကြီး ခေါ်ပြီးပဲ ထွက်သွားတယ်ပေါ့?’
‘ကျေးဇူးတင်တယ်ဆိုရင် မင်း မသွားခင် အနည်းဆုံး တစ်ခုခု ဝယ်သွားသင့်တယ်’
ဒါပေမဲ့ဟောင် စိတ်ထဲမှာပဲ တွေးနိုင်တာ ဖြစ်သည်။ သူသာ ထုတ်ပြောကြည့်လိုက်ပါ့လား? စနစ်က အကြိမ်တစ်သောင်းလောက် ဘယ်ပြန်ညာပြန် ကျွေးသွားမှာပေါ့။
မဟုတ်ရင် မိုကြိုးစား မိရင် မိနေအုံးမည်။ ဘယ်သူက ပြဿနာကို မီးခွက်ထွန်းရှာချင်မှာ မို့လို့လဲ?
စနစ်က သူ့ကို ဘယ်လိုတွေ အကွက်ပြသွားမယ် ဘယ်သူ ကြိုသိတာကျလို့?
ပြောရရင် စနစ်က စလာကတည်းက ငါ့ဥကို ခြိမ်းခြောက်ပြီး မစ်ရှင်လုပ်ခိုင်းခဲ့တာ!
ကြည့်လိုက်! ဘယ်လောက်တောင် ရမ်းကားလိုက်သလဲ?
ညလေးက တိတ်ဆိတ်နေတော့သည်။ ထိုနေ့ညရဲ့ နောက်ဆုံးဈေးဝယ်များက ယူလန်ချင်းယီနဲ့ လီမေ့ ဖြစ်သည်။
ဆိုင်ပိတ်ခါနီး အချိန်ရောက်နေပြီမို့ ဟောင် ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ ဒီနေ့ကလဲ တိုးတက်တဲ့နေ့လို့ ပြောရမှာပင်။
“ ရှီရှီလေး” ဟောင် ခေါ်လိုက်သည်။
“ ခူရိုမီကို ခေါ်လိုက်တော့။ ဆိုင်ပိတ်ချိန် ရောက်ပြီ”
မိုရှီရှီ ခေါင်းညိတ်ကာ အပြင်ထွက်သွားလိုက်သည်။
ဆိုင်ရဲ့ မီးတို့ မှိတ်ကျသွားပြီ။ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ရဲ့ ဝန်ထမ်းများအသီးသီး အပေါ်တက်သွားပြီဖြစ်၍ ဆိုင်အတွင်း တိတ်ဆိတ်မှုသာ ကျန်ခဲ့တော့သည်။
ထိုအချိန်မှာ အင်ပါယာ နန်းတော်အတွင်းမှာတော့ အနည်းငယ် ပွက်လောရိုက်နေပြီပင်။
မင်းသမီး ယူလန်ချင်းယီ ပြန်ကျင့်ကြံလို့ ရသွားပြီဆိုတဲ့ သတင်းက တောမီးလို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သူမရဲ့ ထူးခြားတဲ့တည်ဆောက်ပုံကြောင့် အကုန်လုံးက မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ် ဖြစ်လာခဲ့သည်။
ယူလန်ချင်းယီလဲ သူမ ကျင့်ကြံနိုင်ပြီဖြစ်ကြောင်း သူမ အမေကို ပြောပြလိုက်သည်။
ယူလန်ချိုးယီရဲ့ မျက်နှာက ထိတ်လန့်မှုကြောင့် ချက်ချင်းပဲ ဖြူဖတ်သွားသည်။ သူမရဲ့ တုန်ယင်နေတဲ့ လက်များနဲ့ သမီးဖြစ်သူကို တင်းနေအောင် ဖက်လိုက်သည်။ သူမမျက်လုံးတွင် မျက်ရည်တို့ ပြည့်လာပြီ ဖြစ်သည်။ သူမ မျှော်လင့်ချက် မဲ့ခဲ့ပေမဲ့ အခု သူမသမီးက ပြန်ကျင့်ကြံနိုင်ပြီတဲ့။
မယုံနိုင်မှုတစ်ဝက် ပျော်ရွှင်မှုတစ်ဝက်ဖြင့် ယူလန်ချိုးယီ သူမရဲ့ မျက်ရည်တွေကို အမြန် သုတ် လိုက်သည်။
သူမ အချိန် မဖြုန်းတော့ပေ။ သမီးဖြစ်သူကို ခေါ်ပြီး မင်းကြီးဆီ အပြေးသွားလိုက်သည်။
ရှဲ့ဖေးယန်ရဲ့ တင်ပြမှုကြောင့် ဧကရာဇ် ယူလန် ဟုန်ရန်းက သိပြီးသားဖြစ်သည်။
တိမ်မိုးဓားသွားဂိုဏ်းကို သူ့ရဲ့ ဆွေမျိုးရင်းတွေထက် ပိုယုံကြည်ပေမဲ့ သူ့ရင်ထဲမှာ သံသယတစ်ချို့တော့ ကပ်ညှိနေဆဲပဲ။
ခေါက်ဆွဲလို အရမ်းရိုးရှင်းတဲ့ အရာတစ်ခုက ဘယ်လိုကြောင့် သမီးတော်ကို ကုသနိုင် သွားတာလဲ? ဒါပေမဲ့ သမီးဖြစ်သူထံက ကိုယ်တိုင် ကြားရပြီးနောက်မှာ သူ ခံစားချက်တွေကို မထိန်းနိုင်တော့ဘူး။ ခံစားချက်တွေကို ကြိုးစားထိန်းချုပ်နေရင်း သူ့ရဲ့လည်ချောင်းက တင်းကျပ်လာခဲ့သည်။
အရမ်းအရမ်းတော်တဲ့ ဆေးဆရာတွေဆီက ဆေးလုံးတွေနဲ့ အတော်ဆုံးသော သမားတော်တွေရဲ့ ကုထုံးတွေ အားလုံးက သူ့သမီးကို မကုသနိုင်ခဲ့ဘူး။
ဒါပေမဲ့ သမီးဖြစ်သူထံက ကိုယ်တိုင်ကြားလိုက်ရတော့ သူ မယုံလို့ မရတော့ဘူး။
နှစ်များစွာ ကြာအောင် သူတို့တွေ ကုသနည်း ရှာခဲ့ကြရသည်။ အတော်ဆုံး သမားတော်တွေ ကျရှုံးခဲ့တဲ့အရာက အခု တစ်ရက် တစ်ညထဲနဲ့ အကုန် ပြောင်းသွားပြီ။
နန်းတော်တစ်ခုလုံး ဗြောင်းဆန်သွားသည်။
အင်ပါယာက နယ်မြေတစ်ခုလုံးမှာရှိတဲ့ သမားတော်၊ ကျင့်ကြံသူ၊ ဆေးဆရာ အကုန်လုံးကို ခေါ်ခဲ့သည်။
ယူလန်ချင်းယီရဲ့ အခြေအနေက တစ်ကယ်ပဲ တိုးတက်လာလားဆိုတာ သူတို့ သိရဖို့လိုသည်။ အမြဲပြောင်းလဲခြင်းလား ယာယီ တိုးတက်ခြင်းပဲလား သိဖို့လိုသည်။
ထိုတစ်ယောက်ချင်းဆီသည် မင်းသမီးကို မြင်တဲ့အခါ အကုန် အံ့သြကုန်တော့၏။
သူမရဲ့ ကျင့်ကြံမှုကို နှစ်ပေါင်းများစွာ ပိတ်ဆို့ထားတဲ့ အတားအဆီးက နောက်ဆုံးတော့ ပွင့်သွားခဲ့ပြီ!
ဘယ်တုန်းကမှ မရှိခဲ့တဲ့အတိုင်းပဲ အစအနတောင် မမြင်ရတော့ဘူး။ သူမကို အရင်က ဆွဲထားတဲ့ အခြေအနေ တစ်ချက်တောင် မပြတော့ဘူး။
အတွေ့အကြုံအရမ်းများတဲ့ ကျင့်ကြံသူတွေပင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြဘူး။
ယူလန်ချင်းယီက သူမ ကျင့်ကြံလို့ ရသွားကြောင်း ပြောပြတဲ့အနေဖြင့် နေရာမှာ ဂုဏ်ယူစွာ ရပ်နေခဲ့သည်။ ဒါကို သက်သေပြဖို့ မလိုတော့ဘူး။
ကျွမ်းကျင်သူတွေက ချီစွမ်းအင် အာရုံခံမှုနဲ့ အတည်ပြုပြီးသားပင်။
အလွန်ပျော်နေသော ဧကရာဇ်လဲ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မနည်းဖုံးနေရသည်။ သူ ဂုဏ်ယူမှုကြောင့် လူက မြှောက်တတ်ချင် နေပြီ။
“ ငါ့သမီး ကျင့်ကြံနိုင်ပြီကွ!”
ဧကရာဇ် ဟုန်ရန်းက ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးလိုက်သည်။
သူ့ရဲ့စိတ်ထဲမှာ ပွဲတော်ကြီး စီစဥ်ပေးဖို့ အမြန်တွေးလိုက်သည်။ အရမ်းကောင်းတဲ့ ပွဲကို စီစဥ်ရမယ်။
ပြီးတော့ သမီးကို ကယ်တင်ပေးတဲ့ ဒီဆန်းကြယ်မှုရဲ့ ကျေးဇူးရှင်ကို သူ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရင်း ဖိတ်ကြားမည်။
အဖေ တစ်ယောက်အနေနဲ့ အခုချိန်မှာ သူ ကမ္ဘာကြီးကို ပိုင်သွားသလို ခံစားရသည်။ သူ့သမီးအတွက်ပဲ အောင်ပွဲမဟုတ်ဘူး။ သူ့အတွက်လဲ အောင်ပွဲပဲ။
သူ့ရဲ့ရင်ဘတ်က ပျော်ရွှင်မှုကြောင့် မို့တက်နေခဲ့ပြီး သူ့သမီးရဲ့ အနာဂတ် လမ်းကြောင်း ဖွင့်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို ကျေးဇူးတင်ရဖို့ မစောင့်နိုင်တော့ချေ။
ထိုအချိန်မှာ နန်းတော်ထဲက အခြေအနေကို ဘာမှ မသိစွာပဲ ဟောင်သည် ကိုယ့်အခန်းမှာ ငြိမ်းချမ်းစွာ အိပ်စက်နေခဲ့သည်။
အကယ်လို့ သူ သိခဲ့ရင်တောင် ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ သူ့မှာ ဆိုင်ပြင် ထွက်ခွင့်မှမရှိတာပဲ။ သူက ဆိုင်အတွင်းတွင်သာ ပြိုင်ဘက်ကင်းမဟုတ်ပါလား။
မနက်ခင်းက ပုံမှန်လို ရောက်ရှိလာသည်။ ဟွာဖေးရှု၊ ယွဲ့ရှုယန်၊ လင်ယွီကျွင်း နဲ့ ရှောင်လျန်ဖန်းတို့ တစ်ယောက်ချင်း ဝင်လာခဲ့သည်။
ထိုအကြီးအကဲနှစ်ယောက်ပါ ဆိုင်ရဲ့ ဖောက်သည်တွေဖြစ်လာပြီး ဝင်လာမယ်လို့ ဟောင် ထင်ခဲ့မိပေမဲ့ မှားသွားပုံပင်။
အမှန်တော့ အကြီးအကဲ နှစ်ယောက်က ဖောက်သည် ဖြစ်ပြီးသားပင်။ သူတို့တွေရဲ့ အခြေအနေတွေက အခုထိ ခွင့်မပြုသေးလို့သာ ဆိုင်ရဲ့ရောင်းကုန်တွေကို အရမ်းကြိုက်သော်ငြား မလာနိုင်ကြသေးတာ ဖြစ်သည်။
အကြီးအကဲနှစ်ယောက်လုံး အလုပ်များနေကြသည်။ သူတို့နှစ်ယောက်လုံး ဂိုဏ်းကိုပြန်ရောက်တာနဲ့ ယူလန်ချင်းယီရဲ့ အခြေအနေကို နန်းတော်မှာ သွားစစ်ဆေးဖို့ ဆွဲခေါ်ခံရတော့သည်။
ရေလှိုင်းသံစဥ်ဓားဘုရင် ဂိုဏ်းနဲ့ နှင်းပွင့်လွှာဂိုဏ်းရဲ့ ခေါင်းဆောင်များက ဧကရာဇ်နဲ့ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်မို့ နန်းတော်ဘက်က သူတို့ကို ဖိတ်ကြားစာ ပို့လာခဲ့သည်။
အကြီးအကဲ နှစ်ယောက်လုံးကလဲ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အရင်းနီးဆုံး သူငယ်ချင်းတွေဆိုတော့ တော်ဝင်မိသားစု တာဝန်က သူတို့ခေါင်းပေါ် ကျလာတာပေါ့။
သူငယ်ချင်းဖြစ်ရတာ ပထမဆုံးအကြိမ် နားကျည်းတယ်!
သူတို့တွေ သေလောက်အောင် ခေါက်ဆွဲစားချင် နေသော်ငြား နန်းတော်မှာ ပိတ်မိသွားကြသည်။
ကတောက်စ်! ငါ့ရဲ့ ကောင်းကင်ဘုံအရသာ ခေါက်ဆွဲလေး…
တော်ဝင် ကိစ္စတွေကြောင့်သာ မဟုတ်ရင် ဆိုင်မဖွင့်ခင်ကတည်းက အပေါက်မှာ သွားစောင့်နေကြမှာဖြစ်သည်။ အရသာက သေလောက်သည်လေ!
ဒါပေမဲ့ အခုခေါက်ဆွဲကို စွဲလန်းနေတာ အကြီးအကဲ နှစ်ယောက်ပဲ မဟုတ်တော့ဘူး။ သတင်းတွေက သိရတဲ့ ခေါက်ဆွဲကို ဂိုဏ်းခေါင်းဆောင်များလဲ အလွန်စားကြည့်ချင်နေကြသည်။
သူတို့တွေ ဓားပျံကို အမြန်ဆုံးနှုန်းနဲ့ မောင်းနှင်ရင်း ဂိုဏ်းကိုပြန်လိုက်ကြ၏။ အရေးကြီးကိစ္စတွေ ကိုင်တွယ်ပြီးတာနဲ့ ဟောင် ရဲ့ ဆိုင်ကို ပြေးကြလေသည်။
ဆိုင်ထဲမှာတော့ ပုံမှန်အားဖြင့် တည်ငြိမ်တဲ့ လင်ယွီကျွင်းတစ်ယောက် အရမ်းတွေ တောက်ပပြီး သွက်လက်နေခဲ့တာမို့ ဟောင်ပင် သတိထားမိနေရသည်။