(မင်းရှေ့မှာ ရှိနေတာ သာမာန်လယ်သမားလေး မဟုတ်ဘူး။ အဲ့ဒါ ဧကရာဇ်ကွ!)
Vol. 5 Ch. 60
“ မနေ့က တစ်ခုခု ဖြစ်ခဲ့သေးလား?”
လင်ယွီကျွင်း ထိုအမေးကြောင့် အနည်းငယ် ရှုတ်ထွေးသွားသည်။
သူဋ္ဌေးဘာကို ပြောချင်တာလဲ?
ဒါပေမဲ့ သူ့ကို တိုက်ရိုက်မေးနေတာ…
ဒါဆို မနေ့က ငါးမြှားတာနဲ့ ပတ်သတ်ပြီး မေးတာ ဖြစ်ရမယ်!
သူ မနေ့က ကိုလာနဲ့ သံပုရာဆိုဒါပေါင်းပြီး ရေကန်မှာ ငါးမြှားစကေးတွေ ထုတ်ပြတာ တော်တော်လေး အောင်မြင်ခဲ့သည်လေ!
မရေနိုင်လောက်တဲ့အထိ ငါးတွေအများကြီး မိခဲ့တယ်။ မနာလိုတဲ့ မျက်လုံးတွေနဲ့ ရပ်ကြည့်နေသူတွေတောင် ရှိသေးတယ်။ ငါဘယ်လိုတွေ လုပ်သွားလဲ သိချင်နေကြတာ ဟားဟား!
လင်ယွီကျွင်း ကမ္ဘာရဲ့ထိပ်ဆုံးမှာ ရပ်နေရသလို ခံစားနေရသည်!
ဟောင် ကို သူ အမှန်တိုင်း ပြောပြလိုက်သင့်လား?
အစွမ်းကို ငါးမြှားရင် သုံးပစ်တယ်ဆိုပြီး ဆူခံရလောက်လား? လင်ယွီကျွင်း.သေချာ မသိပေမဲ့ သူ့ရဲ့ သိပ်ဂရုမစိုက်တတ်တဲ့ အကျင့်လေး ပေါ်လာခဲ့သည်။
ဘာလို့ ပုံမှန်လေးအတိုင်း မလုပ်ရမှာလဲ?
လင်ယွီကျွင်း အကုန်လုံးကို မျှဝေပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူဋ္ဌေးက သေချာပေါက် စိတ်ထဲမထားလောက်ပါဘူး။ ပြောရရင် သူဋ္ဌေးကိုယ်တိုင်တောင် ဘာမှမဟုတ်တဲ့ သေမျိုးလို ဟန်ဆောင်ထားသေးတာပဲ။
သူ့ရဲ့ အတွေ့အကြုံကို ပျော်တောင် ပျော်ပေးအုံးမည်!
လင်ယွီကျွင်း ပြုံးလိုက်ကာ ကိုယ်ကို အနောက်မှီလိုက်သည်။
“ ဒီတော့ကား.. သူဋ္ဌေး ငါမနေ့က ကိုလာနဲ့ သံပုရာဆိုဒါ နှစ်ခုပေါင်းပြီး ငါးမြှားကြည့်တာကွာ.. အဲ့ဒါ သောက်ကျိုးနည်း အောင်မြင်တယ်ဟ!”
“ ငါးတွေမှ မိတာ အပုံလိုက်ကြီး! လာကြည့်တဲ့ သူတွေဆို မနာလိုလို့ မျက်နှာတွေကို စိမ်းနေတာပဲ အရမ်းရယ်ဖို့ကောင်းတယ် ဟားဟား!”
“.....”
လင်ယွီကျွင်းရဲ့ အသံထွက်တာနဲ့ တစ်ဆိုင်လုံး တိတ်ဆိတ်သွားခဲ့သည်။ အကုန်လုံးက လင်ယွီကျွင်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။
လင်ယွီကျွင်းကို အသိဆုံးလို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့ သွေးသောက်ညီကို ရှောင်လျန်ဖန်း မျက်တောင်နှစ်ကြိမ် ခတ်လိုက်သည်။
“ နေပါအုံး? ဘာ?”
သူ့ရဲ့ မေးက ကြမ်းခင်းနဲ့တောင် ထိတော့မည်။
“ မင်းက ကိုလာနဲ့ သံပုရာဆိုဒါကို ငါးမြှားဖို့ သုံးခဲ့တယ်”
ဆိုင်ထဲက သူအားလုံးတွင် ဟောင်မှလွဲ၍ တူညီတဲ့မျက်နှာထားများ ဖြစ်နေကြသည်။
မင်းရဲ့ ကျင့်ကြံဆင့် ဒါမှမဟုတ်၊ လေ့ကျင့်မှုကို တိုးပေးနိုင်တဲ့ သောက်စရာကို ဒီငကြောင်က ငါးမြှားတယ်ဆိုတဲ့ ရိုးရှင်းလွန်းတဲ့ ကိစ္စမှာ သုံးခဲ့တယ်?
ဘယ်လိုဖြုန်းတီးမှုလဲ!
ဒီကောင် စိတ်မှန်သေးရဲ့လား?
ကိုလာနဲ့ သံပုရာဆိုဒါအကြောင်း လူတွေသာ သိသွားခဲ့ကြည့်၊ စစ်တွေပါဖြစ်ပြီး လုကြလိမ့်မည်။ ဒါကို ဒီလင်ယွီကျွင်းက ငါးမြှားဖို့သုံးတယ်??
သူတို့အကုန်လုံး အလွန်ပြောစရာ ပျောက်ဆုံးစွာ စိုက်ကြည့်နေကြသည်။ သူတို့ အရင်က ထင်ခဲ့ကြတာ၊ လင်ယွီကျွင်းမှာ ထူးဆန်းတဲ့ တွေးခေါ်ပုံရှိတယ်ဟူ၍။ အခုတော့ ဒီလူရဲ့ ဦးနှောက်က ချောင်နေတာလားလို့ စထင်နေမိပြီပင်။
ဟောင် တစ်ချက် ရယ်လိုက်ပြီး လင်ယွီကျွင်းရဲ့ ပုခုံးကို ရင်းနီးစွာ ရိုက်လိုက်သည်။
“ မိုက်တယ် ယွီကျွင်း”
ဆိုင်ထဲက လူတွေအားလုံးရဲ့ ကြောင်အအ အကြည့်က ဟောင် ထံ လှည့်လာပါပြီ။
“....”
သူတို့ တိတ်ဆိတ်နေကြသည်။
သူဋ္ဌေးလဲ ကြောင်သွားတာလား? လင်ယွီကျွင်းရဲ့ ငကြောင်အတွေးအခေါ်တွေက ကူးစက်တတ်တာလား?
ဟွာဖေးရှုရဲ နှုတ်ခမ်းတွေ တွန့်လိမ်လာပြီး
“ သူဋ္ဌေးဟောင်.. နင်..နင်လဲ!”
ဒါပေမဲ့ သူတို့ရဲ့ တုံ့ပြန်မှုကို ဟောင် စိတ်ထဲ မထားပါချေ။ သူ့ရဲ့ မျက်လုံးက ရယ်မြူးရိပ် သန်းနေခဲ့သည်။
ဒါ ပထမဆုံးအကြိမ်ပဲ။
ဒီလို မတူညီမှုကိုတွေ့ရတာ ဒါပထမဆုံးပဲ။
သူ ကျင့်ကြံရေးဝတ္ထုပေါင်း.ထောင်ချီ ဖတ်ဖူးသော်ငြား တစ်ခါမှ ဒါမျိုး မတွေ့ခဲ့ဖူးဘူး။
ဒါ ဇာတ်ကြောင်းအတိုင်း မဟုတ်ဘူး။ ဒါ ရူးနေတာပဲ! အခုတော့ အဲ့လိုအရူးကို သူ မျက်ဝါးထင်ထင် မြင်ဖူးပြီ!
အဓိပ္ပါယ်မရှိမှုနဲ့ ရဲတင်းမှုတို့ ပေါင်းစပ်ထားတဲ့ အသက်ရှုနေတဲ့ သက်ရှိကြီး!
လင်ယွီကျွင်း အနည်းငယ် ရှက်ရွံ့စွာ ခေါင်းနောက်ကို ဖွဖွ ပွတ်သပ်လိုက်သည်။ ဒါပေမဲ့ သူ့ရင်ထဲမှာ ဂုဏ်ယူမှုတို့က ပိုပါသည်။
ထင်တဲ့အတိုင်းပဲ သူဋ္ဌေးက လုံးဝကို မတူညီတဲ့ သူစားပဲ။ သူ့ရဲ့ အတွေးက ကျန်တဲ့ကျင့်ကြံသူတွေနဲ့ မတူဘူး။
ကျင့်ကြံရေးလောကရဲ့ ပျင်းဖို့ကောင်းတဲ့အတွေးတွေမှာ ပိတ်မိ မနေဘူး။
သူက သေချာပေါက် အားလုံးကို မြင်တွေ့ဖူးပြီး တစ်ဖက်ကမ်းခတ်တဲ့ ကျင့်ကြံရေး ရှိရမယ်.. ငါ လင်ယွီကျွင်းရဲ့ ကြီးမြတ်တဲ့ ငါးမြှားအတွေးကို လက်ခံနိုင်တဲ့သူပဲ!
သူ အထင်မှားခဲ့တာ မဟုတ်ဘူး။
“ သူဋ္ဌေး” လင်ယွီကျွင်း ပြုံးလိုက်ကာ လက်သီးဆုတ်လိုက်သည်။
“ နောက်တစ်ခေါက်ကျ ဒီထပ်ပိုကောင်းအောင် ငါလုပ်ပါ့မယ်”
သူ နောက်တစ်ခေါက် ဘာလုပ်မယ်တော့ မသိဘူး။ ငါးမြှားတာလဲ ကောင်းပေမဲ့ ကိုလာနဲ့ သံပုရာဆိုဒါရဲ့ အစွမ်းကို ကောင်းကောင်း သုံးနိုင်တဲ့တစ်ခြား အလုပ်တွေလဲ ရှိနိုင်သေးသည်လေ။
တစ်ခြား… ဖန်တီးနိုင်စွမ်း ရှိတာမျိုးလေးပေါ့?
အကုန်လုံး မျက်လုံးသာ လှိမ့်လိုက်ကြသည်။
သူတို့တွေ အချင်းချင်း စကားဆက်ပြောပြီး စားနေလိုက်ကြတော့သည်။ ဒီလိုနဲ့ အလင်းပွင့်မှု နှစ်ကြိမ် ဆက်ဖြစ်ခဲ့သည်။
လင်ယွီကျွင်းတို့ အုပ်စု ရယ်မောပြီး စကားပြောနေစဥ်မှာ တံခါးက ရုတ်တရက် ပွင့်လာ၏။
အထဲကို လူသုံးယောက် ဝင်လာတာမို့ အကုန်လုံးရဲ့အာရုံကို ဖမ်းစားသွားသည်။
အလယ်တွင် မုတ်ဆိတ်မွှေးရှည်နဲ့ လူတစ်ယောက် ရှိနေပြီး သူ့ရဲ့မျက်နှာက ကြမ်းတမ်းပုံရှိသည်။ ဆံပင်ကို ထိပ်တည့်တည့်မှာ ဆံထုံး ထုံးထားပြီး ရိုးရှင်းတဲ့ အနီရောင် ဝတ်ရုံကို ဝတ်ထား၏။
ထိုသူနဲ့ ပတ်သတ်ပြီး အထင်ရှားဆုံး.အပိုင်းက ခရမ်းပုတ်ရောင် မျက်ဆံများဖြစ်သည်။
ထိုသူရဲ့ ညာဘက်ဘေးတွင် အနည်းငယ် ရှုတ်ပွနေသော ဆံပင်ကို အမဲရောင်ကြိုးနှင့် စီထားသော ယောက်ျားတစ်ယောက် ရှိ၏။
သူ့ရဲ့ မျက်နှာက ဂိမ်း ဇာတ်ကောင်တစ်ယောက်ရဲ့ ရုပ်လိုမျိုး မြင်နေကြပုံပဲ။ ဒါပေမဲ့ သူ့ရဲ့တည်ရှိမှုနဲ့ ပတ်သတ်ပြီး အနည်းငယ် ထူးဆန်းတဲ့ ခံစားချက် ရှိသည်။
သူ့ရဲ့ အဝတ်အစားသည် ဗြောင် မီးခိုးရောင် ဝတ်ရုံပင်။
မုတ်ဆိတ်မွှေးနဲ့သူရဲ့ ဘယ်ဘက်ကတော့ မြင်ဖူးတဲ့မျက်နှာပင်။ ဟောင် မှတ်မိလိုက်သည်။ သူက မနေ့က ရှဲ့ဖေးယန် ဆိုတဲ့သူဖြစ်ပြီး မနေ့က ဝတ်စုံကိုပဲ ဝတ်ဆင်ထားသည်။
ဒါပေမဲ့ အထူးဆန်းဆုံး အပိုင်းကိုသိလား?
ထိုသုံးယောက်လုံးရဲ့ ခေါင်းမှာ မလိုက်မဖက် လယ်သမားဦးထုတ်တွေကို ညီညာစွာ စောင်းထားကြတာပဲ။
‘ နေပါအုံး.. သူတို့ လယ်သမား လုပ်နည်း ဇာတ်ကားရိုက်နေကြတာလား?’
‘သောက်ကျိုးနည်း ကျင့်ကြံသူဆရာကြီးတွေက ရုပ်ဖျက်ထားတာအသိသာကြီးကို’
သူတို့ရဲ့ ပုံစံက ရိုးရှင်းပုံ ပေါက်သော်ငြား.နေရာမှာ ရပ်နေတာကိုက ရှင်းမပြနိုင်တဲ့ ဖိအားပေးနိုင်သည်။
ဦးထုပ်နဲ့တင် +5 ဖိအား.ထည့်ပေါင်းပေး လိုက်ရမလား?
“ ကြိုဆိုပါတယ်” ဟောင် ပုံမှန်လို နှုတ်ဆက်လိုက်သည်။
ထိုအချိန်မှာ မုတ်ဆိတ်မွှေးနဲ့သူက လက်တစ်ဖက်ကို ဆတ်ခနဲ ကောက်မြှောက်လိုက်ပြီး မျက်နှာကို သပ်ချလိုက်သည်။
ချက်ချင်းပဲ ပုံတုံးတုံးအဖိုးအို ရုပ်ပျောက်သွားပြီး ကောင်းမွန်ထက်မြက်ပုံ ပေါက်တဲ့ လူကြီးလူကောင်းတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
မျက်ခုံးတန်းရှည်ရှည်နဲ့ နှာတံကလဲ ဖြောင့်သေးသည်။ ထင်းနေတဲ့ မေးရိုးလဲ ရှိသည်။ ဆံပင်ကတော့ မပြောင်းလဲသွားဘူး။ ဒါပေမဲ့ အခု ရုပ်ထွက်ကြီးက ပုလ္လင်ပေါ် ကောက်ထိုင်လို့ရတဲ့ ခန့်ညားမှုကြီးပဲ!
လင်ယွီကျွင်းတို့ တစ်အုပ်စုလုံး တောင့်ခဲ သွားလေပြီ။
အဲ့ဒီမျက်နှာက…
သူတို့ သိနေသည်။
သူတို့ မသိလို့မှမရတာ!
ဟွာဖေးရှု ကတုန်ကယင် လက်ညိုးထိုးလိုက်ကာ
“ ..ဒါ..ဒါ အရှင်မင်းကြီး မလား?”
ဟုတ်သည်။
ထိုသူက အရှင်မင်းကြီးပင်။
တိမ်လွာဝန်းရံ အင်ပါယာရဲ့ တိမ်တွေ နောက်ကွယ်က မုန်တိုင်းကြီး ယူလန် ဟုန်ရန်းပဲ!
သူ ဒီဆိုင်ကို ဘာလာလုပ်တာလဲ?
ဧကရာဇ် ပုံစံ ဟန်ဆောင်ထားတာများလား?
ဒါပေမဲ့ ဘယ်သူက အဲ့လို ဟန်ဆောင်ရဲမှာလဲ?
ဖြတ်လမ်းနဲ့ ခေါင်းပြတ်မဲ့ အစီအစဥ်လေ!
အကုန်လုံးရဲ့ အတွေးထဲမှာ အတွေးဂယက် လှိုင်းထနေရသည်။
သံသယဝင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရှတ်ထွေးခြင်း ပြီးတော့ နည်းနည်းလဲ အံ့သြကြသေးသည်။
ဟောင် တစ်ယောက်သာ မပြောင်းလဲတဲ့ မျက်နှာနဲ့ တည်ငြိမ်သော မျက်နှာထားကို တပ်ဆင်ထားသည်။ ဒါပေမဲ့ မျက်ခုံးနှစ်ဖက်ကတော့ အနည်းငယ် အပေါ်တက်နေတာပေါ့။
‘အိုး?’
ထိုအချိန်မှာ အင်ပါယာက လက်သီးနှစ်ဖက်စုပြီး နက်ရှိုင်းစွာ ဦးညွတ်လိုက်သည်။
“ ဆိုင်ရဲ့ မွန်မြတ်လှသော သူဋ္ဌေးကို နှုတ်ဆက်ပါတယ်”
ရှဲ့ဖေးဟန်နဲ့ ကျန်တစ်ယောက်ကော ယဥ်ကျေးစွာ လိုက်နှုတ်ဆက်လိုက်ကြသည်။