( ဆိုင်ရှင်နဲ့ အင်ပါယာကြားက အကြည့်ပြိုင်ပွဲ!)
Vol. 5 Ch. 61
ဧကရာဇ်ဟုန်ရန်း ခေါင်းမော့ကာ ဟောင်ရဲ့ မျက်လုံးတည့်တည့်ကို ကြည့်လိုက်သည်။
သူ့ရဲ့ အကြည့်က နက်ရှိုင်းလေးလံ၏… တောင် တစ်ခုရဲ့ ဖိအားလိုပဲ။
ဒါပေမဲ့ ဟောင်က တစ်ချက်တောင် မတွန့်ပေ။
သူ့ရဲ့ မျက်ခုံးကို အနည်းငယ်ပင့်ထားကာ ပြန်စိုက်ကြည့်နေသေးသည်။
'အခုက အကြည့်ပြိုင်ပွဲလုပ်နေတာလား?’
‘မျက်တောင်ခတ်ရင် ရှုံးမှာပေါ့ အဟက်’
ဟောင် သူ့ရဲ့မျက်လုံးတွေကို မှေးကျဥ်းလိုက်သည်။
သူ ရှုံးလို့မဖြစ်ဘူး။
ဆိုင်အတွင်းတွင် မမြင်ရသော မီးတောက်တို့ စတင်လာသလိုပဲ။
အင်ပါယာမင်းကြီးနဲ့ မသေမျိုးလို့ ထင်ရတဲ့ ဆိုင်ရှင်ကြားက အကြည့်ပြိုင်ပွဲ စတင်ပါပြီ!
အဖိုးအိုက ရှုတ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။
ဧကရာဇ် ဟုန်းရန်ကိုယ်တိုင် ဘာဖြစ်နေမှန်း နားမလည်တော့ချေ။ ဆိုင်ရှင်က ထူးဆန်းတယ်လို့ပဲ သူ ခံစားရသည်။
‘ ငါ့မျက်နှာမှာ မှင်ပေနေလို့လား?’
ထိုအချိန်မှာ ဟောင်က စိတ်ထဲမှာ ပျော်ပွဲခံနေပြီပင်။
‘ ဒါပဲလေ။ မင်း မျက်တောင်ခတ်ပြီ။ ပထမဆုက ငါ့ဆီရောက်လာပါပြီ’
‘ဗစ်တိုရီ!’
အပေါ်ကို ကော့တက်ချင်နေတဲ့ အပြုံးကို ဖုံးကွယ်ရင်း သူ တည်ငြိမ်စွာ ခေါင်းညိတ် ပြလိုက်သည်။
“ ငါကိုယ်တော် နာမည်က ဟုန်းရန်ပါ။ နာမည်သိခွင့်ရှိမလား?”
“ ဟောင်။ ဟောင်လို့ ခေါ်နိုင်တယ်”
ဧကရာဇစ် က တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ ကောင်းပြီ ဟောင်။ မင်းလဲငါ့ကို ဟုန်းရန်လို့ပဲ ခေါ်ပါ”
လင်ယွီကျွင်းတို့ အုပ်စုက အေးခဲနေပြီးသားကို ဧကရာဇ်ရဲ့ နှိမ့်ချပုံကိုမြင်တော့ ပိုလို့တောင် အံ့သြကုန်ရသည်။ သူတို့ရဲ့မေးတွေတောင် ကြမ်းခင်းနဲ့ ထိတော့မည်။
“ ဟောင်”
“ ငါကိုယ်တော်က ဒီနေ့ အင်ပါယာရဲ့ ဘုရင်အနေနဲ့ လာခဲ့တာ မဟုတ်ဘူး…အဖေ တစ်ယောက်အနေနဲ့ လာခဲ့တာပဲ”
“ သမီးလေးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ဖို့ လာခဲ့တာပါ”
ထို့နောက်မှာ ဧကရာဇ်က ဦးညွတ်လိုက်သည်။
ဟောင်ရဲ့ အတွေးထဲကို ပုံရိပ်တစ်ချို့ ဝင်ရောက်လာသည်.. မနေ့က ကောင်မလေး တစ်ယောက်နဲ့အတူလာတဲ့ ခရမ်းရောင် မျက်ဆံတွေနဲ့ မိန်းမလှလေးကို ပြောနေတာပဲ။
‘ အဲ့ဒီ မိန်းကလေးက ဟုန်းရန်ရဲ့ သမီးလို့ မပြောနဲ့နော်?’
ဟောင် အမြန်ပဲ လက်ယမ်းပြလိုက်သည်။
“ ရတယ် ရပါတယ်”
“ ကျွန်တော် ဘာမှ ကြီးကြီးမားမား မလုပ်ခဲ့ပါဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ ကယ်ခဲ့တာလဲ မဟုတ်ဘူး”
“ သူမကိုယ်တိုင် ခေါက်ဆွဲအတွက် ငွေရှင်းပြီး ဝယ်စားခဲ့တာပဲ”
“ ဒါပဲ”
ဟောင် သူ့ရဲ့နှဖူးကို ကုတ်ခြစ်လိုက်သည်။
“ သူမက ဒီကိုလာဖို့ ရွေးခဲ့တဲ့သူပါ။ သူမကမှ ငွေပေးပြီးဝယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူပဲ”
“ တစ်ခုခုဖြစ်လာခဲ့လဲ အရှင်မင်းကြီးရဲ့ သမီးက ကိုယ့်ကိုယ်ကို ကူညီခဲ့တဲ့သူပါ”
ဟောင်လဲ ပြောသာပြောနေရတာ ဘာတွေ ပြောနေမိမှန်း မသိတော့ချေ။
‘ ငါဘာတွေ ပြောနေတာလဲ? ငါပြောတာ အဓိပ္ပါယ်ကော ရှိရဲ့လား?’
ဒါပေမဲ့ အလုပ်တော့ ဖြစ်သွားပုံပင်။
ယူလန်ဟုန်းရန်က ကိုယ်ကို ဖြောင့်မတ်ကာ ပြုံးလိုက်သည်။
“ ဟောင် က အရမ်းနှိမ့်ချနေပါပြီ။ မင်း သူမကို ကူညီဖို့ရည်ရွယ်ချက် မရှိခဲ့ရင်တောင်မှ အခွင့်အရေး ပေးခဲ့တာပဲ”
“ ခေါက်ဆွဲသာ မရှိရင် သူမရဲ့ အခြေအနေမှာ အမြဲပိတ်မိနေရရှာမှာ”
“ သူမကို အခွင့်အရေးပေးခဲ့တာက ဘဝသစ် ပေးလိုက်သလိုပါပဲ။ ဒါကြောင့် ငါကိုယ်တော် အရမ်းကျေးဇူးတင်မိတယ်”
“ ဒီကြင်နာမှုကို တစ်သက် မမေ့ပါဘူး”
ဟောင် အကြိမ်ရေတစ်ချို့ မျက်တောင် ခတ်လိုက်သည်။
‘ ဘယ်လိုတွေတောင် ဖြစ်ကုန်တာလဲ?’
သူ ရှုတ်ထွေးနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု အခြေအနေက လေက ဘယ်ကတိုက်မှန်းတောင် မသိသေးဘဲ ချက်ချင်းကြီး.မုန်တိုင်းအလယ် ရောက်သွား သလိုမျိုးပဲ။
‘ အဲ့နေ့က ကောင်တာထိုင်ခဲ့တာ ငါတောင် မဟုတ်ဘူး။ မိုရှီရှီပဲ’
‘ ပြီး ခေါက်ဆွဲကလဲ ငါလုပ်တာ မဟုတ်ဘူး.. စနစ်ပေးတာလေ!’
ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြစ်လာခဲ့သည်။ အနည်းငယ် လေးလံပြီး မသက်မသာတော့ မခံစားရပေ။ ဒါပေမဲ့ မမျှော်လင့်ထားမိတဲ့ ခံစားချက်ဖြစ်သည်။
ခေါက်ဆွဲက ထိုကောင်မလေးကို ကူညီပေးနိုင်တာ သူ ဝမ်းသာပါသည်။
တစ်ကယ်ကို ဝမ်းသာတာပါ။
ဒါပေမဲ့ ဒီလောက်ကြီး ကျေးဇူးအတင်ခံရတော့ကျ.. နည်းနည်း အနေခက်တာပေါ့။
ဒါပေမဲ့ ဟောင် နားလည်ပေးနိုင်ပါသည်။
အဖေတစ်ယောက်ရဲ့ နှလုံးသားဆိုတာ ဒါမျိုးပဲ။
သူ့မှာလဲ သမီးတစ်ယောက်ရှိခဲ့ပြီး သူ့သမီးက နာကျင်မှုကြီး ခံစားနေရမယ်။ အဲ့ဒါက နောက်ဆုံးတော့ လူတစ်ယောက်ကြောင့် ပျောက်သွားပြီး ပြုံးလာနိုင်ခဲ့တယ် ဆိုရင် သူ ဒီထပ်ပိုပြီးတောင် ဦးညွတ်လောက်သည်။
ဟောင် သက်ပြင်းတစ်ချက် ချကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။
အဆုံးမှာတော့ သူ ကျေးဇူးတင်မှုကို လက်ခံဖို့ပဲ ဆုံးဖြတ်လိုက်လေသည်။
“ ကောင်းပြီ”
“ ဒါဆို ကျေးဇူးတင်မှုကို လက်ခံလိုက်ပါ့မယ် အရှင်မင်းကြီး ဟုန်းရန်”
ဟောင် သူ့ရဲ့ လက်တစ်ဖက်ကို ရှေ့ထုတ် ပေးလိုက်သည်။
ဆိုင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားလေ၏။
ယူလန်ဟုန်းရန်ရဲ့ မျက်လုံးတွေ ကျယ်သွားပြီး ခဏကြာမှ ပြန်နူးညံ့သွားသည်။ သူ့ရဲ့ လက်ထုတ်လိုက်ကာ ဟောင်ကို လက်နှစ်ဖက်နဲ့ ပြန်ဆုတ်ကိုင်လိုက်သည်။
သူတို့တွေ တင်းကျပ်စွာ လက်ဆွဲနှုတ်ဆက် လိုက်ကြသည်။
ထပ် မဦးညွတ်ကြတော့သလို ကျေးဇူးတင်စကားတွေလဲ ထပ် မထွက်လာတော့ဘူး။
ယောက်ျားနှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြရင်း.အချင်းချင်း နားလည်လိုက်ကြသည်။
ထိုအချိန်မှာ ဘယ်သူကမှ ဧကရာဇ် မဟုတ်သလို ဘယ်သူကမှဆိုင်ရှင် မဟုတ်တော့ဘူး။
အဖေတစ်ယောက်နဲ့ မသိလိုက်ဘဲ ကူညီပေးလိုက်သည့်သူသာ ရှိသည်။
ထောင့်ဘက်က လင်ယွီကျွင်းတို့ အုပ်စုကတော့ စိတ်ထဲကနေ အချင်းချင်း အတင်းတုတ်နေကြပြီ ဖြစ်သည်။
‘ သူဋ္ဌေးဟောင်ပဲ ဒီလိုလုပ်နိုင်တယ်!’
ဟွာဖေးရှု အသံထွက်ပြီးပါ အော်ချင်မိသည်။
‘ ဧကရာဇ်ကို တစ်ကြိမ်တောင် မဟုတ်ဘူး။ အကြိမ်အများကြီး ဦးညွတ်ခိုင်းတာနော်!’
‘အာ!’
‘ ဒါကို ဒဏ္ဍာရီလာ မျက်နှာအစွမ်းလို့ ခေါ်ရမလား?’
‘ အော် ဒါကြောင့် ငါတို့ဆရာနဲ့ ဂိုဏ်းခေါင်းဆောင်တွေ ညတွင်းချင်း နန်းတော်ကို ပြေးကြတာပဲ’
ယွဲ့ရှုယန် ပြောလိုက်သည်။
ရှောင်လျန်ဖန်းလဲ မျက်ခုံးပင့်သွားကာ
‘ ဒါဆိုတစ်ကယ်ပဲ မင်းသမီးပေါ့?’
‘ ငါ လေ့ကျင့်ရေးကွင်းကနေ သတင်းတစ်ချို့ ကြားခဲ့တယ်။ တပည့်တစ်ချို့က မင်းသမီး
ပြန်ကျင့်ကြံနိုင်သွားတယ် ပြောကြတာ’
ထို့နောက်မှာ သူ့မျက်လုံးတွေ လက်သွားသည်။
‘ သူမ အဆင့်တက်သွားတာပဲ ဖြစ်ရမယ်! ကိစ္စကြီးဖြစ်ခဲ့တာ ငါသိနေတယ်’
‘ ဒါဆို အသင့်စားခေါက်ဆွဲက သူမကို ကူညီပေးတာ နေမယ်’
ဟွာဖေးရှု ပြောလိုက်သည်။
‘ အဲ့ဒါက ငါတို့ကိုတောင် အလင်းပွင့်စေနိုင်တယ်ဆိုတော့ မင်းသမီးရဲ့ အခြေအနေကိုလဲ ကုသပေးနိုင်သွားတာပဲ!’
သူမရဲ့ ခန့်မှန်းချက် မှန်သွားတာကို ဂုဏ်ယူစွာဖြင့် ပါးစပ်ပေါ် လက်တစ်ဖက် တင်လိုက်သေးသည်။
‘ သူဋ္ဌေးဟောင်ရဲ့ ရောင်းကုန်တွေက တစ်ကယ်ကို ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တာပဲ!’
ယွဲ့ရှုယန် ခပ်တိုတို ခေါင်းညိတ်လိုက်ပြီး သဘောတူကြောင်း ပြလိုက်သည်။
ထို့နောက်မှာ သူတို့ သုံးယောက်လုံး လင်ယွီကျွင်းကို ကြည့်လိုက်ကြသည်။
ဒါပေမဲ့ လင်ယွီကျွင်းကတော့ မတူညီတဲ့ ဘာသာစကားတစ်ခုကို နားထောင်နေရသလိုမျိုး စိုက်ကြည့်နေလေရဲ့။
သူ့ရဲ့ပါးစပ်ကို ဟလိုက်သည်။.ထို့နောက်တွင် ပြန်ပိတ်လိုက်သည်။
ပုံမှန်ဆို လင်ယွီကျွင်းက သတင်းအစုံဆုံး သူဖြစ်သည်။ သူက အမြဲ လျှို့ဝှက်ချက် အားလုံးကို သိသလို ရှင်းပြပေးတတ်တာလေ။
ဒါပေမဲ့ ဒီနေ့တော့ သူ မရှင်းပြနိုင်တော့ဘူး။
သူ မနေ့က တစ်နေ့လုံး ငါးမြှားရင်း.အချိန်ဖြုန်းခဲ့တာလေ။
‘ ဘာမင်းသမီးလဲ? ဘာနန်းတော်လဲ?’
လင်ယွီကျွင်းရဲ့ မျက်နှာက တွန့်လိမ်သွားသည်။
သူ့ရဲ့ ပုံစံက စာသင်ခန်းမှားဝင်လာတဲ့ ကလေးလိုမျိုး ကြောင်တောင်တောင်နှင့်ပင်။
ဟောင်နှင့် ဧကရာဇ်က လက်ဆွဲနေတာ ရပ်လိုက်ကြပြီး ဧကရာဇ်က ခြေတစ်လှမ်းနောက်ဆုတ်ကာ ပြောလိုက်သည်။
“ ငါကိုယ်တော်မှာ တောင်းဆိုချင်တာလေး ရှိပါတယ်”
“ နန်းတော်မှာ သုံးရက်နေရင် ပွဲတစ်ခု ကျင်းပဖို့ရှိတယ်။ သမီးတော်ရဲ့ ပြန်ကောင်းလာလို့တင် မဟုတ်ဘူး။ မင်းကို ကောင်းမွန်တဲ့ ကျေးဇူးတင်မှု ပြဖို့အတွက်ကောပါ”
“ သခင်ဟောင် ကျေးဇူးပြုပြီး တက်ရောက်ပေးပါ”
“ ငါကိုယ်တော်က သင့်တော်စွာ ကျေးဇူးတင်ကြောင်း ပြချင်ပါတယ်။ ဂုဏ်သရေရှိ ဧည့်သည်မပါတဲ့ ပွဲတော်က တစ်ဝက်တစ်ပျက်ပဲ ဖြစ်ရလိမ့်မယ်..”
ဟောင် အနေခက်စွာ ပြုံးလိုက်သည်။
သူ တစ်ကယ်ကို လက်ခံချင်သည်။
ဒါပေမဲ့ သူမှ ဆိုင်က ထွက်သွားလို့မရတာ။
တစ်စက္ကန့်လေးတောင် ထွက်သွားလို့ မရဘူး။
ဟောင် ဘေးဘက်ကို စိုက်ကြည့်ရင်း စိတ်ထဲမှာ အော်ဟစ်နေခဲ့သည်။
‘ စနစ် ရလား? ရလား? ဒီတစ်ခေါက် လေးပဲလေ?’
‘ ကျေးဇူးပြုပြီး သနားစရာ သမီးလေး အတွက်လေ.. ဒီမေတ္တာကြီးတဲ့ အဖေအတွက် ဖြစ်ဖြစ်’
‘ ဟေ့ယောင်! မင်းမှာ နှလုံးသားမရှိဘူးလား? ဒါကြီးက တစ်သက်မှာတစ်ခါပဲ ကြုံရမဲ့ ပွဲတော်ကြီးလေကွာ!’
‘ အဲ့မှာ အစားအသောက်ကြီးတွေ ရှိမှာ.. အရက်တွေကော! ပြီး..ပြီး.. တော်ဝင် စာဖိုမှူးတွေ ကျောက်မြတ်ရတနာတွေလဲ ရှိနေမှာ။ နန်းတွင်းအပျိုတော်နတ်သမီးလေးတွေ ရှိသေးတယ်လေ”