← Chapters

(ခေါက်ဆွဲကြောင့် အကောင်ကြီးများ စုဝေးခြင်း)

Vol. 5 Ch. 62

(ခေါက်ဆွဲကြောင့် အကောင်ကြီးများ စုဝေးခြင်း)

Vol. 5 Ch. 62

‘ ငါ့အတွက်လုပ်ပေးတာ မဟုတ်ဘူး။ သူ့သမီးအတွက် လုပ်ပေးတဲ့ ပွဲလေကွာ!’

ဟောင်ရဲ့ အတွေးက မှန်သည်။ သူ့ရဲ့ အတွေးတွေမှာ မေးခွန်းပေါင်းစုံနဲ့ ရိုးသားစွာ တောင်းဆိုနေ၏။

( မရဘူးပိုင်ရှင်။ မစ်ရှင်တွေကို ပြီးအောင်လုပ်ပါ။ ပိုင်ရှင် ကျင့်ကြံသူဖြစ်လာရင် ထွက်လို့ရမယ်)

( စနစ်ကို စိတ်ခံစားချက်တွေနဲ့ သိမ်သွင်းဖို့ ကြိုးစားနေတာ ရပ်လိုက်တော့)

ဟောင် နေရာတင် အေးခဲသွားသည်။

သူ့ရဲ့ခေါင်းကို အနောက်အနည်းငယ် စောင်းလိုက်၏။

သူ့ရဲ့ စိတ်ဝိညာဥ်က ခန္ဓာကိုယ်က ခွဲထွက်သွားပြီး နာကျင်စွာ ငိုကြွေးနေတော့သည်။

‘အားးးးးဝူးးးးးး’

သူ့မှာ ထပ်ပြီးတောင် မငြင်းရဲတော့ဘူး။ စနစ်ရဲ့ စကားတွေက ဓားသွားလို ထက်လှသည်။

ဘယ်လို ညှိနှိုင်းမှုမျိုးမှ လုပ်မပေးသလို သနားသောအားဖြင့် ချွေးတောင် မသိပ်ပေးဘူး။

သူ သက်ပြင်းတစ်ချက်ချကာ ယူလန်ဟုန်းရန် ဘက်ကို လှည့်လိုက်သည်။

“ ကျွန်တော် သွားချင်ပါတယ်”

“ ဒါပေမဲ့ ဒီနေရာကနေ အခုထိ ထွက်မရသေးဘူး”

ဟောင် အနည်းငယ်.ကိုယ်ကို ညွတ်လိုက်သည်။

“ အရှင်မင်းကြီး သမီးတော်ရဲ့ ကျန်းမာရေး ပြန်ကောင်းလာတာက ပွဲတော် ကျင်းပဖို့ ထိုက်တန်ပါတယ်။ ဒီကနေ ဝမ်းမြောက်နေပါ့မယ်”

ယူရန်ဟုန်းရန် ခဏ ရပ်သွားပေမဲ့ နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။

ဟောင် က အကြောင်းအရင်း ပြောပြီးသွားမှတော့ သူ ထပ်ဖိတ်ခေါ်နေလဲ မထူးတော့ဘူး။

“ ငါကိုယ်တော် နားလည်ပါပြီ”

ဟောင် အနည်းငယ် ပြုံးလိုက်သည်။

“ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ သမီးတော်က ခေါက်ဆွဲထပ်လိုတယ် ဆိုရင် အမြဲ ကြိုဆိုနေပါတယ်”

“ သေချာပေါက် သူမ ပိုက်ဆံတော့ ပေးရမှာပေါ့”

“...”

“ ဟားဟားဟား”

ဧကရာဇ်ရဲ့ ကျယ်လောင်တဲ့ ရယ်သံက စတိုးဆိုင်ထဲ ပဲ့တင်ထပ်သွား၏။

ဘေးမှာရှိတဲ့နှစ်ယောက်ပင် အနည်းငယ် အံ့အားသင့်စွာ ကြည့်လာကြသည်။ ဧကရာဇ် အခုလို ရယ်မောတာမျိုး သူတို့ မမြင်ရတာ အရမ်းကြာခဲ့ပြီ။

ယဥ်ကျေးစွာ ရယ်တာမျိုး၊ ပြုံးပြရုံမျိုး မဟုတ်ဘူး။ အခုက စိတ်ပါလက်ပါ အရမ်း ရယ်နေတာပဲ။

ဧကရာဇ်က မုတ်ဆိတ်မွှေးကို တစ်ချက် သပ်လိုက်ကာ ဟောင်ကို မျက်လုံးတောက်တောက် များနှင့် ကြည့်လိုက်သည်။

“ သခင်ဟောင် က တစ်ကယ်ကို ဆိုင်ရှင် တစ်ယောက်ရဲ့စစ်မှန်တဲ့ စိတ်ဓာတ်ရှိတယ်”

တံခါးချက်က ပွင့်သွားပြီး လူလေးယောက် ဝင်လာတာမို့ အခြေအ​နေက ရုတ်တရက် နှောက်ယှက် ခံလိုက်ရသည်။

ဟောင် ချက်ချင်းပဲ အကြီးအကဲ နှစ်ယောက်ကိုမှတ်မိလိုက်ပါသည်။.ဘေးက နှစ်ယောက်ကကော ဘယ်သူတွေလဲ?

ထိုနှစ်ယောက်က ဘယ်သူတွေမှန်း ဟောင် မသိချေ။

ဟောင် ထိုလေးယောက်လုံးကို နှုတ်ဆက်တော့မဲ့အချိန်မှာပဲ ဟွာဖေးရှုနဲ့ ရှောင်လျန်ဖန်းရဲ့ မယုံနိုင်တဲ့အသံကို ကြားလိုက်ရသည်။

“ ဂိုဏ်းခေါင်းဆောင်?!”

သူတို့ရဲ့ ဆရာတွေ ရောက်လာမှာတော့ ထင်မိပြီးသားပေမဲ့ ဂိုဏ်းခေါင်းဆောင်ကော ရောက်လာတာလား!

ထိုနှစ်ယောက်ထဲက အနည်းငယ် ပိုငယ်ပုံ ပေါက်တဲ့တစ်ယောက်က ဖြောင့်တန်းတဲ့ ငွေရောင်ကိုမှ အစိမ်း ဟိုက်လိုက်ဖောက်ထားတဲ့ ဆံပင်ရှည်ကို ရိုးရှင်းစွာ မြှောက်စီးထားခဲ့သည်။

သူ့ရဲ့ ကျောက်စိမ်းမျက်လုံးများက စူးရှပြီး ထိုးဖောက်နိုင်စွမ်းရှိသည်။ ချောမောတဲ့ မျက်နှာပေါ်ကို ဆံပင်တစ်ချို့ အနည်းငယ် ကျနေသေးသည်။ ထိုသူသည် ရိုးရှင်းတဲ့ ဝတ်ရုံအနက်ကို ဝတ်ဆင်ထား၏။

ထိုသူက ရေလှိုင်းသံစဥ် ဓားဘုရင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ ဖြစ်သည်။

ငယ်ရွယ်တဲ့ ရုပ်ရှည်ရှိနေသော်ငြား ထိုသူက အိုမင်းနေတဲ့ လူအိုတစ်ယောက်ပင်။

သူ့ဘေးက မိန်းကလေးကလဲ လုံးဝ ကွဲပြားသည်။ သူမရဲ့ မျက်လုံးကိုပါ ဖုံးအုပ်ထားတဲ့ အဖြူရောင် မျက်နှာဖုံးကို တပ်ထား၏။

သူမရဲ့ ဖြောင့်တန်းတဲ့ ဆံနွယ်အပြာတွေက ကျောပြင်တစ်လျှောက် ရေတံခွန်လို စင်းကျနေသည်။ သူမရဲ့ ရိုးရှင်းတဲ့ ဝတ်ရုံအဖြူက ပိုပြီး သိမ်မွေ့တဲ့ အရှိန်အဝါကို ဖန်တီးနေ၏။

သူမက နှင်းပွင့်လွှာ ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ပျန်းရှန့် ပင်။

ဟောင် ချက်ချင်းပဲ အံ့အားသင့်နေသူ နှစ်ယောက်ရဲ့ စကားကနေ သဘောပေါက်လိုက်သည်။

‘ ဒီတော့ ဒါက ဂိုဏ်းခေါင်းဆောင်တွေပေါ့?’

‘ ဒါဆို အားလုံးအဓိပ္ပါယ်.ရှိသွားပြီ’

ဒီနှစ်ယောက်ကလဲ အင်ပါယာရဲ့ဘေးက သူတွေလို အကောင်ကြီးတွေပဲ။ သူတို့တွေရဲ့ ရောက်ရှိလာမှုက စနစ်ကို နှိုးဆွသွားခဲ့သည်။

ထိုနှစ်ယောက်လုံးက ဆိုင်ရဲ့ အစောင့်ဖြစ်လာဖို့ အရည်အချင်းရှိသူတွေပဲ။

ဆိုလိုတာက သူတို့က ကောင်းကင်ဧကရာဇ် အဆင့်မဟုတ်ရင် အဲ့ဒီထက်ပိုသန်မာတဲ့ ကျင့်ကြံသူတွေပဲ!

ဟောင် အခြေအနေတွေကို နားလည်အောင် လုပ်နေစဥ်မှာ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့က ဧကရာဇ် ကို မြင်သွားပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ အကို ဟုန်းရန်? နန်းတော်အပြင် ရောက်နေတယ်?”

“ ဒီမှာတွေ့မယ် မထင်မိဘူး”

ဧကရာဇ် ဟုန်းရန်က ရယ်လိုက်ပြီး တတ်ကြစွာ ပြန်ဖြေလိုက်၏။

“ အကိုရှန်ဝေ့ မင်းတို့က များသွားပြီ! ဘယ်လိုတောင် တိုက်ဆိုင်တာလဲ? မင်းနဲ့ ဒီလောက်မြန်မြန် ပြန်ဆုံရမယ် မထင်မိဘူး”

“ ဒါကံတရားပဲ ငါ့အထင်”

သူတို့ရဲ့ 'ငါသိပါတယ်'ဆိုတဲ့ အကြည့်တွေက အချင်းချင်းအပေါ် ကျရောက်သွားကာ ရယ်လိုက်ကြသည်။ သူတို့တွေက ရင်းနီးတာ သိသာလှ၏။

“ အကိုဟုန်းရန် ဘယ်လိုကြောင့် ဒီရောက်လာတာလဲ? အကို အကြောင်းမရှိဘဲ ဆိုင်ကို မလာဘူးထင်တယ်”

ဧကရာဇ်က စိတ်မဆိုးစွာ လက်တစ်ဖက် ယမ်းပြလိုက်သည်။

“ အမှန်တိုင်းပြောရင် ငါ့သမီးကြောင့် ရောက်လာခဲ့တာပဲ”

“ ငါ ဆိုင်ရှင်ကို ကိုယ်တိုင် ကျေးဇူးတင်ချင်လို့”

အကြီးအကဲနှစ်ယောက် အချင်းချင်း.အကြည့် ဖလှယ်လိုက်ကြရင်း သူတို့ရဲ့ မျက်လုံးတွေက လက်သွားကြသည်။

‘ ဒါဆိုအဲ့ဒါဆိုင်ရှင်ပေါ့..?’ အကြီးအကဲ ထျန်းရှန့် ရေရွတ်လိုက်သည်။

‘ မအံ့သြတော့ပါဘူး’

အကြီးအကဲ ဖုန်းယွီဟန်လဲ ခေါင်းညိတ်လိုက်သည်။

‘ အင်း။ ကုလို့မရတော့ဘူးလို့ ထင်ခဲ့ရတဲ့ ရောဂါက ရုတ်တရက်ပျောက်သွားတယ်..’

သူတို့ရဲ အတွေးထဲမှာ အချက်အလက်တွေကို ဆက်နွယ်နိုင်သွားခဲ့ပြီ။

အသင့်စားခေါက်ဆွဲက ကုပေးခဲ့တာလား? အဲ့ဒါက အဖြစ်နိုင်ဆုံးပဲ။

‘ မသေမျိုးဆိုင်ရှင်ပဲ ဒါမျိုး အံ့ဖွယ်ကို ဆောင်ရွက်နိုင်မှာ’ အကြီးအကဲ ထျန်းရှန့် ပြောလိုက်သည်။

အကြီးအကဲနှစ်ယောက်က ဂိုဏ်းခေါင်း​ဆောင် အသီးသီးဆီ စိတ်ထဲမှ သတင်းလှမ်းပို့လိုက်ကြသည်။

ကျန်းရှန်ဝေ့ကော ပျန်းရှန့်ကော နှစ်ယောက်လုံး အပြင်ဘက်မှာ မျက်နှာတစ်ချက် မပြောင်းသွားပေ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်မှာတော့ ဆိုင်နဲ့ပတ်သတ်ပြီး တော်တော်လေး စိတ်ဝင်စားနေပြီပင်။ အထူးသဖြင့် ဆိုင်ရှင်ကိုပေါ့။

ဟောင်ရဲ့ သေမျိုးပုံစံအပြင် ထူးခြားချက်တစ်ခု ရှိနေသေးသည်။ သူတို့ရဲ့ အာရုံခံမှုကို အမြင့်ဆုံး သုံးရင်တောင်မှ ချီစွမ်းအင် တစ်စက်ကိုမှ အာရုံခံလို့ မရခဲ့ပေ။

ဒါက အရမ်းဆန်းကြယ်လွန်းသည်။

“ မင်းကကော အကိုရှန်ဝေ့?”

“ မင်းရဲ့ အကြီးအကဲတွေကိုပါ ဘာကြောင့် ခေါ်လာတာလဲ?”

ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ ပြုံးလိုက်သည်။

“ အကိုရှန့်က ကျွန်တော့်ကို ဒီဆိုင်အကြောင်းပြောခဲ့တာပဲ။ ဒီဆိုင်က ခေါက်ဆွဲက ကမ္ဘာတစ်ခွင်လုံးရဲ့ အစားအသောက်တွေထက် ကောင်းတယ်တဲ့”

“ ဒါကြောင့် စားကြည့်ဖို့ရောက်လာတာ”

ဧကရာဇ် ထပ်မပြောလာခင် ကျန်းရှန်ဝေ့က အမြန်ပြောပြလိုက်ကာ မေးခွန်းထပ်မေးဖို့ အခွင့်အရေး မပေးတော့ချေ။

“ အကိုဟုန်းရန် ကျွန်တော် တို့နဲ့အတူ စားရင်ကော? ကျွန်တော် တို့နဲ့ အတူစမ်းစားကြည့်မှ ဖြစ်မယ်!”

ဧကရာဇ်လဲ စိတ်ဝင်စားမှုကြောင့် မျက်ခုံး တစ်ဖက်ပင့်သွားခဲ့သည်။ ဒီခေါက်ဆွဲတွေက သူ့သမီး ပြန်ကောင်းလာတဲ့ကိစ္စမှာ အဓိက ပါဝင်ခဲ့တာပဲ။

“ မင်းပြောတာမှန်တယ် အကိုရှန်ဝေ့” ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။

“ အတူ စားကြည့်ကြတာပေါ့”

အကြီးအကဲ ထျန်းရှန့်က လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းကိုလှမ်းကြည့်ပြီး လူစုကို မြန်မြန် ဦးဆောင်ဖို့ အချက်ပြလိုက်သည်။

ဒါပေမဲ့ သူ ဘာမှ မပြောရသေးခင်မှာပဲ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့က သတိထားမိပြီး ရယ်လိုက်တော့သည်။

“ အကိုရှန့်က ဒီလိုအကြီးအကဲ အာဏာပြတာလား?”

“ အငယ်တွေကို ဒီလို အမိန့်ပေးနေကျလား?”

အကြီးအကဲ ထျန်းရှန့် အငိုက်မိသွားပြီး သူ့ရဲ့ မျက်နှာက တွန့်သွားသည်။ ဒါပေမဲ့ ချက်ချင်းပဲ ပြန်ထိန်းလိုက်လေသည်။

“ သူတို့ အသုံးဝင်တာ သေချာအောင် စေတနာနဲ့ပါ”

သူ ပြန်ပြောလိုက်သည်။

ဒါပေမဲ့ ကျန်းရှန်ဝေ့ကလဲ မရပ်ပေ။

“ အငယ်တွေကို သူတို့ဘာသာ ပျော် ခိုင်းလိုက်ပါ”

“ အကိုရှန့်က ဦးဆောင်ရင်ကော? ဒီကို ရောက်ဖူးတယ်ဆို?”

All Chapters