← Chapters

(ဘယ်သူမှ ကန့်သတ်ချက်အပြင်ကို မရောက်နိုင်ဘူး)

Vol. 5 Ch. 63

(ဘယ်သူမှ ကန့်သတ်ချက်အပြင်ကို မရောက်နိုင်ဘူး)

Vol. 5 Ch. 63

စနောက်နေတဲ့ လေသံကြောင့် အ​ကြီးအကဲ ထျန်းရှန့် အနည်းငယ် မျကိနှာ နီလာပေမဲ့ ဧကရာဇ်ကော ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်ကော ရှိနေတာကြောင့် သူ မငြင်းတော့ပေ။

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ ကောင်းပြီ ကောင်းပြီ ငါ ဦးဆောင်ပေးမယ်”

အကြီးအကဲ ထျန်းရှန့်က အသင့်စားခေါက်ဆွဲ ထည့်ထားတဲ့ စင်ဘက်ကို ခေါ်သွားလိုက်သည်။ ရှောင်လျန်ဖန်းနဲ့ လင်ယွီကျွင်းကတော့ ရယ်ချင်စိတ်ကို ထိန်းထားရလေရဲ့။

သူ့ရဲ့ပါးတွေက တင်းကျပ်နေပြီး မျက်လုံးတွေ ပိတ်ထားကာ နှုတ်ခမ်းက အနည်းငယ် အပေါ်တက်နေသည်။ သူတို့ပုံစံက အကျယ်ကြီး ထရယ်မိတော့မတတ်ပဲ။

ဆရာကြီးသုံးယောက်သည် စင်အရှေ့တွင် ရပ်ကာ အရောင်စုံတဲ့ ခွက်တွေကို ကြည့်လိုက်ကြသည်။

သူတို့ထဲက တစ်ယောက်မှ ဒီလို ထုတ်ပိုးပုံမျိုးကို မမြင်ဖူးခဲ့ဘူး။

“ ဒါက ငါတို့နယ်မြေက အရာတွေ တစ်ခုနဲ့မှ မတူဘူး”

အကြီးအကဲ ဟုန်းရန် ပြောလို​က်သည်။

“ အထက်ဘုံက လာတာဖြစ်မယ်” ပျန်းရှန့် ပြောလိုက်၏။

“ ဒါမှမဟုတ် တစ်ခြားနယ်မြေကလား?” ကျန်းရှန်ဝေ့လဲ ပြောလာသည်။

သူတို့ထဲက အကုန်လုံး တုံ့ဆိုင်းမှုမရှိစွာ ငွေချေလိုက်သည်။ ခေါက်ဆွဲတစ်ပွဲအတွက် ဝိညာဥ်ကျောက်တုံးတစ်တုံးဆိုတာ သင့်တော်ပါသည်။

ဧကရာဇ်က လက်တစ်ဖက် မြှောက်လိုက်ကာ

“ ငါ အားလုံးအတွက် ပေးမယ်။ သေးငယ်တဲ့ ကျွေးမွေးပွဲလို့ မှတ်လိုက်ကြပေါ့”

စုစုပေါင်း အနေနဲ့ ထိုအုပ်စုက ကြက်သားအရသာ ၇ပွဲ၊ အမဲသားအရသာ ၇ ပွဲ ဝယ်လိုက်ကြပြီး ဝိညာဥ်ကျောက်တုံး ၁၄ တုံး အလွယ်လေး ရသွားခဲ့သည်။

အကြီးအကဲ ထျန်းရှန့်က ဦးဆောင်ပြီး ရေထည့်စက်ကို ဘယ်လိုအသုံးပြုရတယ်၊ ခေါက်ဆွဲအ​တွက် ဘယ်လို ပြင်ဆင်ရတယ်ကို ပြပေးလိုက်သည်။

ထို့နောက်တွင် သူတို့တွေ စားဖို့ ထိုင်စောင့် နေလိုက်ကြသည်။ မကြာမီ အခန်းတစ်ခုလုံး မွှေးရနံ့တို့ ပြည့်သွား၏။

ဘာစကားသံမှ ထွက်မလာခဲ့ပေ။

ခေါက်ဆွဲ ကို မြည်းကြည့်ပြီးတာနဲ့ လူတိုင်းတိတ်ဆိတ် သွားခဲ့သည်။

တည်ငြိမ်ဟန် ဆောင်ချင်ကြသော်ငြား သူတို့ရဲ့ မျက်နှာတွေက သစ္စာဖောက်သွားလေရဲ့။

ဒါက တော်ရုံကောင်းတာ မဟုတ်ဘူး။ အရမ်းအရမ်းကို စားကောင်းတာ။

ထိပ်သီးကျင့်ကြံသူတွေ ဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်တွေပင် မငြင်းဆိုနိုင်ခဲ့ပေ။

သူတို့အနေနဲ့ စားဖို့ မလိုတော့ဘူးဆိုရင်တောင်မှ ဒါသာဆိုရင် နေ့တိုင်း စားမှာပင်။

ပြီးတော့ အရသာတစ်ခုပဲ ကောင်းတာ မဟုတ်ဘူး။

သန့်စင်တဲ့ ချီစွမ်းအင်က ခန္ဓာကိုယ် အစိတ်အပိုင်း အနှံ့ကို စီးဝင်သွားပြီး အာဟာရ ဖြည့်ပေးနေ၏။ အသားမှ အရိုးထဲထိ စိမ့်ဝင်သွားသလို သွေးကြောတွေမှ စိတ်ဝိညာဥ်ထဲထိ ထိုးဝင်ပြီး အားဖြည့် ပေးနေသည့်နှယ်။

စားလို့ ကုန်သွားချိန်မှာ သူတို့ရဲ့ ခေါင်းထဲ သံသယ မရှိတော့ဘူး။

ဒီခေါက်ဆွဲက… သေမျိုးလောကမှာ ပေါ်လာသင့်တဲ့ အရာမျိုးမဟုတ်ဘူး.

ကျန်းရှန်ဝေ့ အနောက်ကို ကုန်းပြီး ပျန်းရှန့်ကို ကြည့်လိုက်သည်။

“ အမပျန်းလဲ ခံစားမိတယ်မလား? ငါ ကျိန်ရဲတယ်။ ဒါကိုသာ ဆယ်ပွဲလောက် စားလို့ကတော့ ငါ အလင်းပွင့်နိုင်တယ်!”

ဂိုဏ်းခေါင်းဆောင် ပျန်းရှန့် ခေါင်းညိတ်ပြလိုက်သည်။

“ အင်း အရမ်းကို မဖြစ်နိုင်စရာ ကောင်းလွန်းတယ်”

ကျန်းရှန်ဝေ့ ခေါက်ဆွဲခွက်ကို ငုံ့ကြည့်လိုက်သည်။

“ ငါတို့ ကျင့်ကြံဆင့်မျိုးအတွက် ဘယ်လို အကျိုးမှ မပြဖို့ မျှော်လင့်ထားခဲ့တာ.. ဒါပေမဲ့ ငါတို့အတွက်လဲ အကျိုးရှိတယ်”

“ ငါတို့ အထက်ကို တက်လှမ်းနိုင်ဖို့ ရှာဖွေနေတဲ့ သော့ချက်က ဒါဖြစ်နိုင်တယ်”

ဧကရာဇ်ဟုန်းရန်သည် သူ့ရဲ့ ခွက်အလွတ်နဲ့ အတူ တိတ်ဆိတ်စွာ ထိုင်နေ၏။ သူ့ရဲ့ မျက်နှာထားက တည်ကြည်နေသည်။

အခုတော့ သူ သဘောပေါက်သွားပြီ။

ဒီလိုနဲ့ သူ့ရဲ့သမီးက ရောဂါဆိုးကြီးကို ကျော်လွန်နိုင်ခဲ့တာပေါ့။ ဆေးလုံးတွေကြောင့် မဟုတ်ဘူး။ လျှို့ဝှက်သိုင်းကျမ်းတွေကြောင့် မဟုတ်ဘူး။ တစ်ကယ်ကို ခေါက်ဆွဲ စားပြီးတဲ့လား?

ခေါက်ဆွဲက.. အလင်းပွင့်မှုကို ဖြစ်စေနိုင်တာပဲ။

ကျင့်ကြံရေးလာကမှာ အခုလို အလင်းပွင့်စေနိုင်တဲ့ ပစ္စည်းမျိုးက တားမြစ် နယ်မြေတွေ၊ ရှေးဟောင် အုတ်ဂူတွေနဲ့ ကောင်းကင်ရဲ့ စမ်းသပ်ချက်မျိုးမှာပဲ ကြုံရနိုင်သည်။

ဒီလိုခေါက်ဆွဲမျိုး ဘယ်မှာရှာလို့ရမယ် ထင်လဲ?

သူ တစ်ချက် ရယ်လိုက်သည်။

ဒါမျိုးခေါက်ဆွဲကို ဘယ်မှာမှ ရှာတွေ့မှာ မဟုတ်ဘူး။

မင်း တွေ့ချင်ရင်.. မှောင်မဲတဲ့ လမ်းကြားထဲက စတိုးဆိုင်လေးမှာပဲ တွေ့ရလိမ့်မယ်။

သူတို့ တွေ နောက်တစ်ပွဲ စတင်လိုက်ကြသည်။ အခုတစ်ခေါက်တော့ ကြက်သားအရသာကို စားလိုက်ကြသည်။ အခုတစ်ခေါက်လဲ သူတို့ရဲ့ အံ့သြမှုက အရင်အတိုင်းပင်။

သူတို့ စားပြီးနောက်မှာ ပိုပြီး ဝယ်ချင်စိတ်က ကြီးထွားလာ၏။ ဒါပေမဲ့ သူတို့အားလုံး စည်းကမ်းကို သိကြပါသည်။ ဧကရာဇ်တို့ အုပ်စုမှ လွဲ၍ပေါ့။

စည်းကမ်းနံပါတ်တစ်- နေ့စဥ်အရောင်းအဝယ်က အကန့်အသတ် ရှိပါတယ်။ ဈေးဝယ်တစ်ယောက်က တစ်ရက်မှာ အမျိုးအစားတစ်မျိုးကို တစ်ခုသာ ဝယ်ခွင့်ရှိသည်။ လောဘကြီးတာ မကောင်းဘူး။

ဧကရာဇ်က ဟောင် လိုချင်သလောက် ပေးမည် ဖြစ်ကြောင်း ညှိနှိုင်းသေးသည်။ ဒါပေမဲ့ ဟောင်က ရိုးရှင်းစွာ ခေါင်းရမ်းလေ၏။

“စည်းကမ်းက စည်းကမ်းပါ။ ချွင်းချက် မရှိဘူး”

လင်ယွီကျွင်း ပြုံးလိုက်သည်။

‘ သူဋ္ဌေးက တစ်ကယ် စကားတည်တာပဲ။ အခု တိုင်းပြည်ဧကရာဇ်က အရှေ့မှာ ရှိနေတာတောင် တစ်ချက်မှ မလိုက်လျောဘူး’

‘ ဒါမှ ငါတို့သူဋ္ဌေး.. ဈေးဝယ်အားလုံးကို ဘာကြီးပဲဖြစ်နေပါစေ တူညီစွာ ဆက်ဆံတယ်’

‘ ဒါကြောင့် ငါတို့တွေနဲ့ ကွဲပြားတာ ဖြစ်မယ်။ ဘယ်သူမှ သူ့ကိုယိမ်းယိုင်အောင် မလုပ်နိုင်ဘူး။ ဧကရာဇ် ဖြစ်နေရင်တောင်မှ’

‘ သူ့ရဲ့စည်းကမ်းကို ကိုယ်တိုင်လိုက်နာပြီး ဘယ်သူ့အတွက်မှ မပြင်ဆင်ပေးဘူး။ တစ်ဖက်ရဲ့ အဆင့်အတန်းက ဘယ်လောက်ပဲ မြင့်နေပါစေပေါ့’

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထပ်မဆွေးနွေး ကြတော့ချေ။ ဟောင်ရဲ့ စည်းကမ်းတွေကို ဧကရာဇ် နားလည်တာမို့ လက်ခံလို​က်သည်။

နောက်ထပ် အနေနဲ့ အကုန်လုံးကလဲ သူတို့ရဲ့ စားချင်စိတ်ကို ချွေးသိပ်တဲ့အနေနဲ့ ကိုလာနဲ့ သံပုရာဆိုဒါ တစ်ဗူးဆီ ယူလိုက်ကြသည်။

ထိုအချိန်မှာ ဟောင်က ကောင်တာမှာ ရပ်နေရင်း စတိုးဆိုင်ရဲ့ အချက်အလက်တွေကို စစ်ဆေးလိုက်၏။

သေချာပေါက် သူ့အနေနဲ့ ထိုထဲက တစ်ယောက်ကိုမှ အလုပ်ကမ်းလှမ်းဖို့ အစီအစဥ် မရှိချေ။ သူတို့တွေမှာ အသီးသီး သက်ဆိုင်ရာ ရှိပြီးသားလေ။

ဂိုဏ်းခေါင်းဆောင် နှစ်ယောက်ဆို မေးစရာကို မလိုချေ။ ဆိုင်စောင့်ဖို့ အတွက်နဲ့ သူတို့ရဲ့ ဂိုဏ်းကို ဘယ်ထားခဲ့လို့ ဖြစ်မှာလဲ?

နောက်ထပ် တစ်ယောက်ဖြစ်တဲ့ ကျောင်းဟွမ် ဆိုသူကတော့ ဟောင် ထင်တာ ထိုသူသည် ဧကရာဇ်ရဲ့ လျှို့ဝှက် ကိုယ်ရံတော် ဖြစ်နိုင်သည်။ အင်ပါယာရဲ့ သစ္စာတော်ခံ ဆိုတဲ့အတွက် မျှော်လင့်လို့ မရနိုင်ပါချေ။

……..

အမည်- ပျန်းရှန့်။

အသက်- ၂၄၀နှစ်။

ကျင့်ကြံဆင့်- ကောင်းကင်ဧကရာဇ် နယ်ပယ် အဆင့်၄။

……

အမည်- ကျန်းရှန့်ဝေ့။

အသက်- ၂၄၆နှစ်။

ကျင့်ကြံဆင့်- ကောင်းကင် ဧကရာဇ်နယ်ပယ် အဆင့် ၇။

…….

အမည်- ကျောင်းဟွမ်။

အသက်- ၂၇၄ နှစ်။

ကျင့်ကြံဆင့်- ကောင်းကင်ဧကရာဇ်နယ်ပယ် အဆင့် ၅။

…….

ဟောင် ထင်ခဲ့တာ ထိုသုံးယောက်ထဲရှိ အသန်မာဆုံးသူသည် မျက်နှာဖုံးဝတ်ထားတဲ့ ဂိုဏ်းခေါင်းဆောင် မဟုတ်ရင် ဧကရာဇ်ရဲ့ ဘေးက ဆန်းကြယ်တဲ့သူ ဖြစ်လိမ့်မည်ဟူ၍။

ဒါပေမဲ့ လက်တွေ့မှာ ကျန်းရှန်ဝေ့ ဖြစ်နေ၏!

ကလေးရုပ်နဲ့ ကျန်းရှန်ဝေ့ က အသန်မာဆုံးတဲ့။

ကျန်းရှန်ဝေ့ရဲ့ သန်မာမှုကို ကျန်တဲ့သူတွေကော သိကြရဲ့လား?

ဒါမှမဟုတ် ထိုသူက သရုပ်ဆောင်ပဲ အရမ်း ကောင်းလွန်းနေတာလား?

ထိုသူက ပျန်းရှန့်ထက် အသက်အများကြီး မ​ကြီးတာတောင်မှ ကျင့်ကြံဆင့်က အများကြီး ရှေ့ရောက်သည်။

ဒီလူက ခူရိုမီထက်တောင် သန်မာလောက်၏!

ဒီလိုနဲ့ နေ့တစ်နေ့က လျင်မြန်စွာ ကုန်ဆုံးကာ နောက်တစ်နေ့ကို ရောက်လာခဲ့တော့သည်။

မနေ့ကအတိုင်းပဲ တူညီတဲ့ ဈေးဝယ်တွေ ရောက်လာကြ၏။

ဒီတစ်ချိန်မှာ ဧကရာဇ်က သမီးဖြစ်သူက ယူလန်ချင်းယီကိုပါ ကျေးဇူးတင်နိုင်ဖို့ အတူ ခေါ်လာခဲ့သည်။

သူ ဒီကို ထပ်လာပြီး ခေါက်ဆွဲနဲ့ အချိုရည် ဝယ်ချင်လို့ သမီးကို ဗန်းပြပြီး ခေါ်လာတာ မဟုတ်ပါဘူး။ ဒါကတော့ အပေါ်ယံ ဧကရာဇ် အပြောပေါ့။

ဒီလိုနဲ့ နေ့ရက်တွေ တစ်ဖြည်းဖြည်း ကုန်သွားပြီး မင်းသမီး ချင်းယီရဲ့ ပြန်လည်သက်သာခြင်း ပွဲတော်နေ့ကို ရောက်ရှိလာ၏။

ဒီပွဲတော်သည် မဟာမြို့တော်မှာ ကျင်းပဖူးသမျှ ပွဲတော်တွေရဲ့ အကြီးဆုံး ပွဲတော်ဖြစ်သည်။ ဧကရာဇ်က တစ်ချက်တောင် တွန့်တိုခြင်းမရှိဘဲ အကောင်းဆုံးတွေနဲ့သာ ပြင်ဆင်စေ၏။

မင်းသမီးရဲ့ ကျန်းမာရေးကို ဂုဏ်ပြုတဲ့ အနေနဲ့ ဧကရာဇ်က မြို့သားတွေကိုပါ အစားအသောက် မျှဝေပေးသည်။

ပြည်သူပြည်သား အားလုံးအတွက် မမေ့နိုင်ဖွယ် ခမ်းနားသော ပွဲတော်ကြီး ဖြစ်ခဲ့လေ၏။

ဟောင် အတွက်ကတော့ သာမာန် ဈေးရောင်းနေရသော နေ့လေးတစ်ခုသာ ဖြစ်ခဲ့သည်။ တူညီတဲ့ ဖြစ်စဥ်နဲ့ တူညီတဲ့ ဈေးဝယ်များသာ။ သူ့ရဲ့ ကောင်တာငယ်လေးကြားမှာ တူညီတဲ့ တိတ်ဆိတ်သော ရပ်ဝန်းလေးသာ ဖြစ်ခဲ့၏။

All Chapters