← Chapters

(မက်မွန်လက်ဖက်ရည်ဗူး)

Vol. 5 Ch. 64

(မက်မွန်လက်ဖက်ရည်ဗူး)

Vol. 5 Ch. 64

မြို့တော်မှာ ပွဲကျင်းပနေစဥ်တွင် ဟောင် စနစ်ရဲ့ မစ်ရှင်တိုးတက်မှုကို စစ်ဆေးလို​က်သည်။ မစ်ရှင် ပြီးဖို့အတွက် ရောင်းရမှာတွေ အများကြီး ကျန်သေးသည်။

ဒါပေမဲ့ အသစ်ရောက်လာတဲ့ အသင့်စားခေါက်ဆွဲ အစပ်အရသာကို အရမ်းကို နွေးထွေးစွာ ကြိုဆိုလိုက်၏။

ကျင့်ကြံသူတွေ လက်ထဲကို အစပ်အရသာ ခေါက်ဆွဲ ရသွားတာနဲ့ သူတို့ရဲ့ တုံ့ပြန်မှုတွေက လူကို တော်တော် ဖျော်ဖြေပေးနိုင်သည်။

.

ပြင်းရှတဲ့အပူဓာတ်ကြားမှာ ကိန်းဝင်နေတဲ့ အစပ်ဓာတ်က သူတို့ကို ရိုက်ခတ်သွားတာမို့ တစ်ချို့ဆို ပထမတစ်လုပ် စားစားချင်း ခဏ ရပ်သွားသေး၏။ တစ်ချို့ကတော့ ဆက်တိုက် သွင်းလေကြတော့သည်။

နာကျင်မှုကို ကြိုက်တဲ့ သူတွေကတော့ ပါးစပ်ထဲ ပလုပ်ပလောင်းသွင်းရင်း ပြုံးနေကြသည်။ အစပ်အရသာက သူတို့ရဲ့ အစားအသောက်ကို ပိုပြီး အားဖြည့်ပေး သွားသလိုပဲ။

ခေါက်ဆွဲကို ပူနေချိန် စားရတာ ကြိုက်ကြတဲ့ လူငယ်တွေကြားမှာ အစပ်အရသာက ပိုပြီး အကြိုက်များကြသည်။

ဒါပေမဲ့ အသက်ကြီးတဲ့ ကျင့်ကြံသူတွေကတော့ သိပ်သဘော မတွေ့ကြချေ။ သူတို့က အရင် ပုံမှန်အရသာကို ပိုကြိုက်ကြသည်။ အစပ်အရသာက အရသာစစ်ကို ဖုံးသွားတယ်ဟု သူတို့ ပြောကြလေ၏။

မျိုးဆက်တွေကြားမှာ စကားရည်လုပွဲတွေ စတင်တော့သည်။ အစပ်အရသာက စားသုံးသူတွေကြားထဲ စိန်ခေါ်မှု အသစ်ဖြစ်လာမလား? ဒါမှမဟုတ် အရင် ပုံမှန်အရသာကပဲ သာလွန်မှု ရသွားမလား?

အခုချိန်မှာ ရလဒ်ကထွက်လာပြီပင်။ မျိုးဆက် နှစ်ဆက်လုံးက အရသာတိုင်းတွင် ကိုယ်ပိုင် ဆွဲ​ဆောင်မှုရှိမှန်း သဘောတူလိုက်ကြ၏။

ဒါပေမဲ့ အစပ်အရသာက သူတို့ရဲ့ကြားထဲ ပြောစမှတ်ဖြစ်သွားတာပေါ့။ ထိုအရာနဲ့ ပတ်သတ်ပြီးဆွေးနွေးမှုတွေ ဖြစ်ခဲ့ကြတော့ မှတ်မိနေကြတော့မှာပင်။

ဟောင်ကလဲ အစပ်အရသာရဲ့ ပရိတ်သတ်ပင်။ သေချာပေါက် အစပ်အရသာကနေ သူရခဲ့တဲ့ တစ်ခုတည်းသော အကျိုးကတော့ သန့်စင်ခန်းတံခါးရဲ့ နွေးထွေးစွာ ကြိုဆိုမှုပဲ ဖြစ်သည်။ ပါးစပ်ထဲကို ပူလောင်စွာ ဝင်သွားတဲ့ ငရဲက သန့်စင်ခန်းကို နောက်တစ်ကြိမ် အလည်သွားဖို့ပဲ ဖိတ်ခေါ်နေ၏။

ဒီလိုနဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီး ပုံမှန်ဖောက်သည်တွေက မပျက်လာနေသော်ငြား ဈေးဝယ် အသစ် ရောက်လာခြင်းတော့ မရှိချေ။ ဟောင်၊ ခူရိုမီနဲ့ မိုရှီရှီ သုံးယောက်ကတော့ နေ့စဥ်တာဝန်များနှင့် အလုပ်ရှုတ်လျက်ပင်။

နေ့စဥ် ဈေးရောင်းလိုက် လိုတာ ဖြည့်လိုက်ဖြင့် ဘဝလေးသည် အေးချမ်းစွာ ကုန်ဆုံးနေ၏။

ဒါပေမဲ့ အခုလို တိတ်ဆိတ်မှုကြီး တစ်ဘဝစာလောက် ခံစားပြီးနောက်မှာ ဟောင် စနစ်ရဲ့ သတိပေးချက်ကို ကြားလိုက်ရသည်။

သူ ချက်ချင်းပဲ စစ်ကြည့်လိုက်လေသည်။ သူ့ရဲ့ ပင်မမစ်ရှင်ကော အရန်မစ်ရှင်တစ်ကော ပြီးသွားခဲ့ပြီ!

ဟောင် ဆုလာဘ်ကို လက်ခံလိုက်သည်။ ရောင်းကုန်အသစ်တွေ ရောက်လာတော့မည်။ မက်မွန်လက်ဖက်ရည်နဲ့ အားလူးအငန်ကြော်!

ဆိုင်ရဲ့ လုံးဝကို အစားအသောက် အသစ်တစ်မျိုးပဲ။ ဟောင်ရဲ့ ရင်ထဲမှာ စိတ်လှုပ်ရှားမှု မီးစလေး စတင်လာသည်။

အရန်မစ်ရှင် နှစ်အတွက်ကတော့ သူ့အနေနဲ့ ကိုက်ညီသည့်သူကို ရှာမတွေ့သေးဘူး။ ဒီတော့ အလုပ်ခန့်မဲ့ကိစ္စအတွက် အလျင်မလိုသေးပေ။

ဟောင် ထိုညက တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ တစ်ဝက်က နိုးနေပြီး တစ်ဝက်က ရောင်းကုန်အသစ်တွေ အကြောင်း အိပ်မက်မက်နေသလိုမျိုး ဖြစ်နေရ၏။

သူ မနက်အစော နိုးလာတာနဲ့ အောက်ထပ်က ဂိုထောင်ကို ပြေးတော့သည်။ သူရောက်တာနဲ့ ကတ်ထူဗူး အသစ်များကို တွေ့ရပြီပင်!

ဟောင် စတင်ပြီး ဖောက်ဖို့ပြင်လိုက်သည်။.ပထမဆုံး ကတ်ထူဗူးကို ဖွင့်လိုက်ချိန်မှာ…

အားလူးအငန်ကြော် အိတ်လိုက်ကြီးပင်!

အိတ်တွေက သစ်ချွတ်နေပြီး အပေါ်တွင် စာလုံးကြီးဖြင့် အာလူးကြော်လို့ ရေးသားထားသည်။ ထိုစာလုံး၏ အောက်ခြေတွင် မူရင်း အငန်အရသာ ဟူ၍ အမျိုးအစားခွဲပေးထား၏။

အိတ်ရဲ့ အောက်ခြေ အလယ်နားရှိ အာလူးချပ်ပါးပါးလေးတွေရဲ့ ပုံရိပ်ကလဲ အမြင်ကို ဖမ်းစားနိုင်လှသည်။ ရွှေညိုရောင် အာလူးကြော်ချပ်လေးတွေက အမြင်နဲ့တင် ကြွတ်ရွနေမှန်း​ပြောနိုင်သည်။ နူးညံ့ပြီး အရသာရှိမည့်ပုံပင်။ ထို့အပြင် အားလူးချပ် ပါးပါးလေးတွေရဲ့ အပေါ်မှာ ဖြူးထားတဲ့ ဆားမှုန်ဖြူဖြူလေးကိုပါ ပြထားသေးသည်။

ဟောင် အနည်းငယ် လှုပ်ကြည့်လိုက်တော့ အထဲမှ ကြွတ်ရွရွ အသံကို ကြားရသည်။

သူ့ရဲ့ ခေါင်းထဲမှာ အသံတွေ ဆူညံလာတော့၏။ အိတ်ကို ဆွဲဖွင့်ပြီး အထဲမှာရှိတဲ့ ကြွတ်ရွရွ နတ်ဘုရားမလေးကို မြိုချချင်စိတ်က ထိန်းမရသိမ်းမရ ဖြစ်လာ၏။

တစ်ခုလောက် စားကြည့်လိုက်လဲ ဘာမှ မဖြစ်ပါဘူး။ ငါ အရမ်းကို စောင့်စားခဲ့ရတာပဲ။

ဒါပေမဲ့ ဟောင် တောင့်ခံလိုက်ပါသည်။

‘ မက်မွန် လက်ဖက်ရည်ကို အရင်ကြည့်တာပေါ့’

သူ့ရဲ့ စားချင်စိတ်ကို ခဏ ဘေးချိတ်ထားလိုက်သည်။

အထဲတွင် မက်မွန်လက်ဖက်ရည် ဗူးများကို သပ်ရပ်စွာ စီထား၏။ ကိုလာနဲ့ သံပုရာဆိုဒါအတိုင်း ဆိုဒ်တူ ဂိုဒ်တူ ဖြစ်ပြီး အပေါ်မှ ဒီဇိုင်းပဲ လုံးဝကွာခြားသည်။

ဗူးရဲ့အရောင်သည် နေဝင်ချိန်ရဲ့ အရောင်နီးနီး နူးညံ့တဲ့ ပန်းရောင်ဖျော့ဖျော့လေး ဖြစ်သည်။

ဗူးရဲ့ အလယ်တွင် အနက်ရောင် စာလုံးဖြင့် ‘မက်မွန်လက်ဖက်ရည်’ ဟူ၍ ထင်းရှင်းစွာ ရေးထား၏။

ထိုစာလုံး၏ အောက်တွင် မက်မွန်သီးမှည့်ပုံလေး ပြထားသည်။ မြူးကြွတဲ့ လိမ္မော်ရောင် မက်မွန်သီးက ပန်းရောင် နောက်ခံပေါ်မှာ ကြွတက်နေခဲ့သည်။

ထိုမက်မွန်သီးဘေးတွင် ခြမ်းထားတဲ့ အဖြူရောင် မက်မွန်သီးတစ်စိတ်ကို ပြထားလေသည်။ ထိုမက်မွန်စိတ်မှ အရည် တစ်စက်စက်ကျနေသော အတွင်းသား အရည်ရွှမ်းရွှမ်းကိုပါ မြင်နိုင်သည်။ ဒါ့အပြင် ဘေးမှ အရွက်စိမ်းများ ဝန်းရံလိုက်သောအခါ ဗူးရဲ့ဒီဇိုင်းနဲ့တင် အလွန်ကို လန်းဆန်းဖွယ် ​ဖြစ်သွားလေ၏။

ဟောင် မက်မွန် လက်ဖက်ရည် တစ်ဗူးယူကာ လှည့်ပတ်ကြည့်လိုက်သည်။

‘ ငါဒါကို ကမ္ဘာပေါ်မှာ တုန်းက တစ်ခါမှတော့ မသောက်ခဲ့ဖူးဘူး။ ဒါပေမဲ့ ကြည့်လိုက်စမ်း။ ပုံက တော်တော်လေးဆွဲဆောင်မှု ရှိသားပဲ’

မနေ့က အစပ်အရသာ ခေါက်ဆွဲရဲ့ တောက်လောင်မှုက အခုထိ သူ့ရဲ့အာခေါင်ကို ခြောက်နေဆဲပင်။ သူ ရေဆာနေခဲ့သည်။ ဒါကသူလိုနေတာပဲ။

ထပ်မစောင့်တော့ဘဲ သူ ဗူးကို ဖွင့်ဖောက်လိုက်တော့၏။

တိုးဖျော့တဲ့ အသံတစ်ခု ထွက်လာသော်ငြား အရင်က ကိုလာနဲ့ ဆိုဒါလိုမျိုး ဂက်စ်သံတော့ မကြားရပေ။ ချောမွေ့မှုက လူရဲ့စိတ်ကို ပြေလျော့စေသည်။ ပူပြင်းတဲ့နေ့မှာ လေပြေအေးလေး ဖြတ်တိုက်သွားသလိုပင်။

ဟောင် အရင်ဆုံး ဗူးကို အနားဆွဲယူပြီး နက်ရှိုင်းစွာ အနံ့ခံကြည့်လိုက်သည်။ နူးညံ့တဲ့ မက်မွန်ရနံ့လေးကို မွေးပျံ့သော ပန်းရနံ့တို့ လွှမ်းခြုံထားပုံက သူ့ရဲ့အာရုံကို နှိုးဆွသွားသည်။ အနံ့က အရမ်းမပြင်းပေမဲ့ သောက်ကြည့်ချင်စိတ်ဝင်လာအောင် ဆွဲဆောင် နိုင်သည်။

သူ ပါးစပ်နားထိ ယူလိုက်ကာ တစ်ငုံသောက် ကြည့်လိုက်၏။

အရသာက သူ့ကို.ရိုက်ခတ်သွားတော့သည်။ ချိုမြမှုနဲ့ ပန်းရနံ့တို့ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်ခြင်းပဲ ဒါက။

မက်မွန်အရသာလေးက သူ ထင်ခဲ့တဲ့အတိုင်း အရမ်းကြီး မချိုဘူး။ ထိုအစား သိမ်မွေ့စွာပဲ ဝင်ရောက်လာ၏။ လေးလံတဲ့ သကြားဓာတ်မဟုတ်ဘဲ မက်မွန်သီးရဲ့ ပင်ကိုယ် အရသာကို ထင်ဟပ်ထားသည်။

ဟောင် ဗူးရဲ့ ဒီဇိုင်းကို ပြန်ငုံ့ကြည့်လိုက်သည်။

‘ ဒါက… အဖြူရောင်မက်မွန်သီးပဲ ဖြစ်ရမယ်။ ဒီချိုစိမ့်စိမ့်အရသာ အဖြူရောင်မက်မွန်သီး ကြောင့်မလား?’

‘ ငါကမ္ဘာပေါ်မှာတုန်းက အဝါရောင် မက်မွန်သီးပဲ စားခဲ့ဖူးတာ။ အဖြူအကြောင်း မသိဘူး။ အခုလို အချိုပေါ့တာ အဖြူကြောင့် ဖြစ်မယ်’

သူ နောက်တစ်ငုံသောက်လိုက်ပြီး အေးမြတဲ့ အချိုရည် လည်ချောင်းထဲ စီးဝင်သွားတာကို ခံစားလိုက်သည်။

အစပ်အရသာ ခေါက်ဆွဲရဲ့ အပူဓာတ်တွေ ပျောက်ကွယ်သွားခဲ့ပြီ။ လက်ဖက်ရည်ရဲ့ လန်းဆန်းစေတဲ့ အအေးဓာတ်သာ ကျန်ခဲ့တော့သည်။

‘ ဒါကောင်းသားပဲ’ ဟောင် ကျေနပ်စွာ ပြုံးလိုက်သည်။

‘ အရမ်းမချိုဘူး အနေတော်လေးပဲ’

‘ လက်ဖက်ရည်တိုင်းသာ ဒီလိုဆိုလို့ကတော့ ငါ ပရိတ်သတ်ဖြစ်ပြီပဲ’

ဒီမက်မွန်လက်ဖက်ရည်က သူ သောက်နေကျ သကြားများတဲ့ အချိုရည်နှစ်ခုရဲ့ အစားထိုး ဖြစ်လာနိုင်သည်။ ကိုလာနဲ့ သံပုရာဆိုဒါကို မေ့လိုက်တော့.. ဒါကိုပဲ သောက်ရမယ်!

မက်မွန်လက်ဖက်ရည်ဗူးကို ဘေးချလိုက်ကာ သူ အာလူးကြော်ဘက်ကို ပြန်လှည့်လိုက်လေသည်။

မနက်စာကို အာလူးကြော်စားမလို့လား?

စားတယ်လေ။ ဘယ်သူ ဂရုစိုက်လို့လဲ?

ငါက ဆိုင်ရှင်ပဲ ဘယ်သူဘာပြောနိုင်မှာလဲ!

ထို့နောက်မှာ ဟောင် မိဘနှစ်ပါးကို ရုတ်တရက် မြင်ယောင်မိသွားသည်။

ဒီအချိန်မှာ အာလူးကြော်စားနေတာ တွေ့လို့ကတော့ သေချာပေါက် ဆုံးမခန်း ဝင်ခံရမှာပင်။

ဒါပေမဲ့ အခုက ဘယ်တူမလဲ? သူတို့မှ ဒီမှာ မရှိတာပဲ။ ဒီတော့ သူကြိုက်တာ လုပ်လို့ရပြီ။

All Chapters