← Chapters

(အလင်းကြယ် အမြစ်မှရတဲ့ အာလူးကြော်)

Vol. 5 Ch. 65

(အလင်းကြယ် အမြစ်မှရတဲ့ အာလူးကြော်)

Vol. 5 Ch. 65

မျက်နှာပေါ်မှာ စပ်ဖြီးဖြီး အပြုံးတစ်ခုနဲ့ ဟောင် အာလူးကြော် တစ်အိတ်ကို နှစ်ဖက် ဆွဲဖြဲလိုက်သည်။

ဂန္တဝင်ဆန်တဲ့ ဆုတ်ဖြဲခြင်း!

ဗောက်!

အားနည်းနည်း လွန်သွားတာကြောင့် အိတ်က တုန်ယင်သွားကာ အပေါက်နားကို အာလူးကြော် ဖတ် တစ်ချို့ပါ လွင့်တက်လာခဲ့သည်။

“ shit!” ဟောင် အမြန် အိတ်ကို ပြန်စုလိုက်ရင်း

“ ကြမ်းခင်းနဲ့ငါ့ အာလူးကြော်လေးနဲ့ မိတ်ဆက်တော့မလို့ရယ်”

ထို့နောက်မှာ အပေါက်ကြားကနေ သူ အရင် ချောင်းကြည့်လိုက်သေးသည်။

ရွှေရောင်သန်းနေတဲ့ အာလူးလွှာပါးပါးက ဟိတ်ဟန်ထုတ်နေသည့်နှယ် တွန့်လိမ်နေသေး၏။ တစ်ခုချင်းဆီက ထိုအတိုင်းပင်။

“ နေအုံး”

“ သူတို့အားလုံး အတူတူပဲ။ အရသာကို သေချာလေး နှံ့အောင်လုပ်ထားတာ နေမယ်”

( အမှန်တော့ ပိုင်ရှင်ရေ။ ဒီအာလူးကြော်ကို

တန်ဖိုးရှိတဲ့ ဆားတွေနဲ့ပဲ နယ်ထားတာရယ်)

“ အာ? မတူညီတဲ့ ဆားတွေလား?”

ဟောင် မျက်တောင် ခတ်လိုက်သည်။

“ မူရင်း အရသာဆိုတော့ တစ်မျိုးပဲ သုံးထားမှာ မဟုတ်ဘူးလား?”

ဟောင် အာလူးကြော်ပြားတွေကို မျက်လုံးများ မှေးကာ ကြည့်လိုက်သည်။

“ စနစ် ဟေ့ယောင်! ဒါဆို ငါပါးစပ်ထဲ ထည့်လိုက်တာနဲ့ ငါးခြောက်လို ငန်ကျွိနေမှာတော့ မဟုတ်ဘူးမလား?”

( မဟုတ်ဘူး။ အာလူးကြော်မှာ လိုက်ဖက်မှု ရှိတဲ့ ဆားသုံးခုကို သုံးထားတာပါ။ သန္တာဆား၊ ကြယ်စင်မီးတောက်ဆားနဲ့ မြူမှိုင်းဆားကို သုံးထားတာရယ်။ တစ်ခုချင်းဆီမှာ ထူးကဲတဲ့ အရသာရှိပြီး ဘယ်တစ်ခုကမှ မဖုံးလွှမ်းထားဘူး)

( အဲ့ဒီအစား အဲ့သုံးခုက အချင်းချင်း လိုက်ဖက်မှုရှိပြီး ထူးခြားတဲ့အရသာကို ဖြစ်ပေါ်စေလိမ့်မယ်)

“...”

ဟောင် ထိုဆားတွေ ဘယ်ကလာမှန်း လုံးဝ မသိချေ။ ဒါပေမဲ့ နာမည်တွေကို ကြည့်ရသလောက် ကမ္ဘာပေါ်က မဟုတ်တာ အသိအသာကြီးပင်။

ကြယ်စင်မီးတောက်ဆား ဟုတ်လား?

အဲ့ဒါက တစ်ခါတစ်လေ ဒူရေဂွန် အောက်ထဲက ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တွေမှာ တွေ့ရတတ်တဲ့ အရာနဲ့မတူဘူးလား?

သူ အာလူးကြော် တစ်ပြား စားကြည့်လိုက်သည်။

ဂျွတ်!

ပထမဆုံးအကိုက်နဲ့တင် မွှေးပျံ့ ကောင်းမွန်တဲ့ အရသာက ပါးစပ်ထဲ ပြည့်သွားပြီး သူ့ရဲ့စိတ်ကို ကြည်လင်သွားစေခဲ့သည်။

ချောမွေ့တဲ့ ထောပတ်နံ့အပြင် မဆလာနံ့ သင်းသင်းလေးပါ ဝင်ရောက်လာ၏။

ထို့နောက်မှာ လျှာဖျားတွင် အနည်းငယ် အလင်းဓာတ်တစ်ချို့ကို ခံစာလိုက်ရသည်။ အစပ်အရသာမဟုတ်ဘဲ နွေးထွေးသွားစေ သည်။

နောက်ဆုံးအနေနဲ့ လန်းဆန်းစေတဲ့ အအေးဓာတ်ကိုပါ ခံစားရ၏။ ကောင်းမွန် ကြွတ်ရွတဲ့ အရသာက နှင်းဖြူလေးလို အရသာခံအဖုကို လှုံ့ဆော်သွားသည်။

“ ဟမ်း..”

ဟောင် မျက်တောင်ခတ်လိုက်သည်။

“ ဒါက… စောက်ရမ်းမိုက်တယ်”

အာလူးကြော်တစ်ပြားထဲနဲ့ ပြောင်းလဲမှု သုံးခုကို သူ ခံစားလိုက်ရသည်။ သူ့ကို အကောင်းဆုံးနည်းလမ်းနဲ့ နှောက်ယှက် သွားတာပင်။

ဟောင် နောက်တစ်ခု ယူလိုက်လေသည်။

“ စနစ် မင်းတို့ ဘယ်လိုအာလူးမျိုးကို သုံးထားတာလဲ?”

( ကြယ်စင်အလင်း အမြစ်က ရတဲ့ အာလူးကို သုံးတာ ပိုင်ရှင်။.အပြင်အခွံအရောင်က အပြာဖျော့ရောင်ဖြစ်ပြီး အထဲမှာ ရွှေဝါရောင် အဖျော့လေး ဖြစ်နေတာ။ ကြယ်စင်သွေးကြောရှိတဲ့ အဆင့်မြင့် နယ်မြေကြီးတွေမှာ ညအခါပဲ ပေါက်တတ်တဲ့ အပင်မျိုးပဲ)

( ဒီအာလူးက ဆီကို ရွှဲရွှဲကြီးမဖြစ်စေဘဲ ကောင်းမွန်စွာ စုပ်ယူနိုင်တယ်)

( ကောင်းမွန်ပြီးပွယောင်းတဲ့ အသားမလို့ ဆားလဲ အလွယ်တကူ အရသာစိမ့်တယ်။ အရသာ အရမ်းပေါ့တာ၊ အရမ်းပြင်းတာမျိုး မဖြစ်စေဘဲ မျှတတဲ့ အရသာရစေတယ်)

“ ကြယ်စင် အလင်းအမြစ်ကနေတဲ့လား.. ဒါကြောင့်ကိုး”

အာလူးက အကောင်းဆုံး လုပ်ပေးထားတာပဲ။ ဆားတွေ စိမ့်စေတာကော၊ ဆီစုပ်ယူမှုကောကို အကောင်းဆုံး အနေအထားအထိ ပြုလုပ်ပေးသည်။ ဒါကြောင့် လုံးဝ စားကောင်းသွားတာပဲ။

သူ နောက်တစ်ပြားထည့်ကာ အရသာကို ပြန်ခံစားလိုက်လေ၏။

အာလူးကြော်ပြားက သူထင်ထားတာထက် ပိုလျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အာလူးကြော်တစ်ခုကိုပဲ မနက်စာ စားဖို့ လုပ်နေတာမို့ သူ့ရဲ့အစာအိမ်က အချက်ပြလာမယ် ထင်ထားခဲ့သေးသည်။

ဒါပေမဲ့ ထူးဆန်းစွာ အကုန်အဆင်ပြေနေ၏။

စားပြီးချိန်မှာ ဘယ်လို လေးလံမှုမျိုး၊ ဘယ်လို အီစိမ့်မှုမျိုးမှ မခံစားရပေ။ ထို့အပြင် မက်မွန် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တော့ လုံးဝကို ဆေးကြောပေးသွားသည့် အတိုင်းပဲ.. အလွန်ကောင်းသည်။

ကောင်းမွန်တဲ့ ပေါင်းစပ်ခြင်းပင်။

ဂွက် ဂွက် ဂျွတ်!

အငန်ဓာတ်နဲ့ လန်းဆန်းစေတဲ့ ဓာတ်ကို တွဲစားရတာ အရမ်းကိုကောင်းသည်။ ဟောင် နောက်ဆုံး အာလူးကြော်ပြားကို ရောက်နေပြီပင်။

သူ အိတ်ကို ကြည့်လိုက်တဲ့အခါမှာ အိတ်အခွံသာ မြင်လိုက်ရသည်။

ဟောင် ပြုံးလိုက်ပြီး အိတ်ကို အစွန်းနှစ်ဖက်က ကိုင်ကာ ယမ်းလိုက်လေ၏။

ရှရှရှ!

ထို့နောက်မှာ သူ.ဖွဖွလေး ဖိလိုက်သည်။

ပ!

ကွဲကြောင်းက အောက်ခြေအထိ ရောက်သွားသည်။ သူ့ရဲ့ခေါင်းကို အနောက်ဆုတ်လိုက်ကာ နောက်ဆုံးကျန်တဲ့ အငန်မှုန့်လေးတွေနဲ့ အကြော်အပိုင်းသေးသေး တွေကို ပါးစပ်ကျယ်ကျယ် ဟပြီး လောင်းချ လိုက်တော့သည်။

သူ ပါးစပ်အပြည့် ဝါးလိုက်သည်။

“ ဒါငါတို့ချန်ပီယံတွေရဲ့ မနက်စာကွ”

သေချာပေါက် အခုထိ သူ ကုန်အောင် မစားရသေးဘူးလေ။

သူ့ရဲ့ လက်ချောင်းမှာ ပေနေသေးသည်။

သူ့ရဲ့လက်ကို ဒီတိုင်းဆေးပစ်စရာလား?

အဲ့လိုဆေးတာက လူတွေ အပြင်ရောက်နေတဲ့ အချိန် မကောင်းတတ်လို့သာ လုပ်ကြတာလေ။

အိမ်မှာဆိုရင်လား? အိမ်မှာဆို ပြောင်တဲ့အထိ စုပ်ပစ်မှာပေါ့။

ဒီတော့ သူလဲ အတူတူပဲ။

“ အမ်း.. အငန်အရသာလေး”

ဟောင် ကျေနပ်သွားသည်။

နောက် လက်တစ်ဖက်နဲ့ မက်မွန်လက်ဖက်ရည် နောက်တစ်ဗူး ဆွဲယူလိုက်သည်။ ထို့နောက်မှာ တစ်ထိုင်ထဲ မော့ချလိုက်တော့၏။

ဂလု ဂလု ဂလု!

အေ့!

“ အသက်ရှင်ရတာ စောက်ရမ်းကောင်းတယ်”

မနက်စာလဲ ပြီးပြီဆိုတော့ အလုပ်လုပ် ချိန် ရောက်ပြီ။

ဟောင် မတ်တပ်ရပ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ ကျန်တဲ့ကတ်ထူဗူးတွေဆီ လှည့်လိုက်တော့၏။ စင်တွေ တစ်ခုပြီးတစ်ခုဆီကို သူ ပြန်ဖြည့်လိုက်တော့သည်။

ရေခဲသေတ္တာဖွင့်ပြီး သံပုရာဆိုဒါဘေးမှာ မက်မွန်လက်ဖက်ရည်ဗူးများကို သပ်ရပ်စွာ စီလိုက်သည်။

နောက်ဆုံးဗူးကို စီလို့အပြီးမှာ ရေခဲသေတ္တာရဲ့ အေးစက်တဲ့လေငွေ့က သူ့ရဲ့ဆံပင်ကို တော်တော် ရိုက်ခတ်ပြီးနေပြီ။ အရောင်စုံတဲ့ ဖျော်ရည်အတန်းလိုက်က ကြည့်တာနဲ့တင် စိတ်ကိုပျော်ရွှင်စေသည်။

ထို့နောက်မှာ နောက်ထပ် စင်အလွတ် တစ်ခုရှိရာကို သွားပြီး အာလူးကြော် စီထားလိုက်သည်။ တစ်ခုချင်းဆီ စီထားလိုက်၏။ ထိုစင်သည် ခေါက်ဆွဲစင်နဲ့ အနည်းငယ်သာ လှမ်းသည်။

ရိုးရှင်းတဲ့ အလုပ်သာဆိုပေမဲ့ လုပ်ရတာ ပျော်ဖို့ကောင်းသည်ပင်။

ဆိုင်ထဲက စင်တွေ တစ်ခုပြီးတစ်ခု ပြည့်လာပြီး ဆိုင်က နည်းနည်းချင်း ကြီးထွားလာတာ မြင်ရတာက သူ့ကို အောင်မြင်မှု အနည်းငယ်လေး ခံစားရစေသည်။

သူ တံခါးနားကို လျှောက်သွားပြီး သစ်သားပြားကို ဖွင့်သည်ဆိုတဲ့ ဘက်ခြမ်းကို လှည့်လိုက်သည်။

(ဖွင့်သည်)

ဆိုင်က အဆင်သင့်ဖြစ်ပြီပင်။

အရင်ဆုံး ရောက်လာတဲ့ နှစ်ယောက်ကတော့ နှင်းပွင့်လွှာဂိုဏ်းရဲ့ ကျောက်စိမ်းအလှလေး နှစ်ယောက်ဖြစ်တဲ့ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန် အပြင် မရှိနိုင်တော့ပေ။

အခုချိန်မှာ ဆိုင်ငယ်လေးရဲ့ ထူးဆန်းပေမဲ့ အံ့သြဖို့ကောင်းတဲ့ ရောင်းကုန်တွေကို သူမတို့တွေ အသားကျပြီးသားပင်။ အထူးသဖြင့် ဟွာဖေးရှုပဲ။ သူမက ဟောင်ကို ငယ်သူငယ်ချင်း မှတ်နေလားပင် မသိချေ။

“ ကြိုဆိုပါတယ်”

“ မင်္ဂလာနံနက်ခင်းပါ သူဋ္ဌေးဟောင်”

ဟွာဖေးရှု တောက်ပစွာ နှုတ်ဆက်လိုက်၏။ သူမ ဟောင်ကို ကြည့်လိုက်ကာ မျက်လုံးများ မှေးစင်းလိုက်သည်။

“ ဟမ်? ငါပဲထင်နေတာလား? သူးဋ္ဌေးဟောင်ပဲ ဒီနေ့တစ်ခုခု ထူးခြားနေတာလား?”

ဟောင် မျက်တောင်ခတ်လိုက်သည်။

“ ထူးခြားတယ်?”

ဟောင် ခဏရပ်သွားပြီး တွေးလိုက်၏။ ထို့နောက်မှာ သူ ခေါင်းညိတ်တာ ရယ်လိုက်တော့သည်။

“ အာ,,,အင်း။ ဒီနေ့ ရောင်းကုန် အသစ် နှစ်မျိုးရှိလို့လေ”

ထို့နောက်မှာ သူ စင်တွေဘက်ကို ညွှန်ပြ ပေးလိုက်သည်။

“ ဟိုပန်းရောင်ဗူးက မက်မွန်လက်ဖက်ရည်ပဲ။ သောက်ရတဲ့ဟာ”

ဟွာဖေးရှု မျက်လုံးတွေ ကျယ်သွားကာ

“ နှစ်ခုတောင်?”

“ သူဋ္ဌေးက ကြိုပြောလိုက်တာပဲ!”

ယွဲ့ရှုယန်က ဘေးမှ တိတ်ဆိတ်စွာ နားထောင်နေပြီး စကားတစ်ခွန်းမပြောချေ။

ဒါပေမဲ့ သူမရဲ့ အမြဲလိုလို အေးစက်ပြီး တည်ငြိမ်တဲ့ မျက်နှာတွင် အနည်းငယ်သော ပြောင်းလဲမှု ရှိနေသည်။ သူမရဲ့ လက်ချောင်းတွေ တွန့်နေ၏။ မသိလျှင် စိတ်လိုလက်ရ ယူပစ်ချင်စိတ်ကို ထိန်းထားရသည့် အတိုင်းပဲ။

All Chapters