( အားလူးကြော်က မင်းရဲ့ ဂုဏ်သရေရှိတဲ့ ဟန်ပန်ကို ခိုးသွားလိမ့်မယ်)
Vol. 5 Ch. 67
ဟွာဖေးရှုကတော့ ထိုအချိန်မှာ ပတ်ဝန်းကျင်ကို လုံးဝမေ့နေခဲ့သည်။
ကြွတ်ရွတဲ့ အားလူးကြော်ချပ်က သွားနဲ့ ထိလိုက်တာနဲ့ အစိတ်စိတ်ကွဲသွားပြီး ပါးစပ်အပြည့် အရသာတွေ ဝင်ရောက်လာ ခဲ့သည်။
ကျေနပ်စေတဲ့ အသံကို ကြားရသလို အမွှေးနံ့လေးနဲ့ နွေးထွေးမှုကိုလဲ ခံစားနိုင်မည်။ ထို့နောက်မှာ သန့်စင်တဲ့ အငန်အရသာကို ရရှိလိမ့်မည်။
ဒါပေမဲ့ ဆားကလဲ.. သာမာန် မဟုတ်ဘူး။
ဟင်းပွဲတွေမှာ သုံးတဲ့ သားရဲတွေက ထုတ်တဲ့ ဆားလိုမျိုး နံပြီး အရသာမပြင်းဘူး။
ဒီဆားက နူးညံ့ပြီး နက်ရှိုင်းတဲ့ အရသာရှိသည်။
ဒီဆားတွင် ဖျော့တော့တဲ့ သမုဒ္ဒရာလို အနံ့လေးရှိသည်။ အဝေးက သန္တာကျောက်တန်းတွေရဲ့ လေပြေလေးကို အထဲမှာ ချိတ်ပိတ်ထားသလိုမျိုးပဲ။
ထို့နောက်မှာ ပိုပြီးအရသာက ထူးဆန်းလာ၏။
ရှတတ ဓာတ်တစ်ခု လျှာဖျားကို ပျံ့နှံ့သွားသည်.. မနာကျင်သလို စပ်လဲမစပ်ဘူး။
သူမရဲ့ အာရုံခံအဖုကို နူးညံ့စွာ လှုပ်နိုးလိုက်သလို ခံစားရသည်။ ရှင်းလင်းမှုကို ခံစားလိုက်ရသည်။
ထင်းရှင်းတဲ့ကျေနပ်မှုက အာရုံထဲ ဝင်ရောက်သွားပြီး ကန့်သတ်ချက်ကို အစီအရင် ကျွမ်းကျင်သိုင်းသမား တစ်ယောက်ပဲ စမ်းသပ်နိုင်လောက်မည်။
ဟွာဖေးရှု မျက်တောင်ခတ်လိုက်သည်။
အရသာက ပျောက်ကွယ်သင့်တဲ့ အချိန်မှာပဲ ထပ်ပြောင်းသွားပြန်ပြီ။
အေးစိမ့်စိမ့်ဓာတ်တစ်ခု..
နူးညံ့ပြီး သန့်ရှင်းတယ်… နှင်းရည်ဝနေတဲ့ လေပြေကို တောင်ထိပ်မှာ ရှုရှိုက်လိုက်ရသလိုမျိုးပဲ။
ဒါပေမဲ့ အချိုဓာတ်အနည်းငယ်လေးလဲ ရနိုင်သေးသည်။ တစ်ချို့ မြူခိုးဆေးလုံးတွေ သောက်ပြီးနောက်မှာ ရနေကျ အေးစိမ့်စိမ့် အချိုဓာတ်လိုမျိုးပဲ။
လူကို မထုံထိုင်းသွားစေပဲ လန်းဆန်း သွားစေသည်။ သူမရဲ့ လျှာက ပိုပေါ့ပါးလာသည်။
စိတ်က ပိုရှင်းလင်းလာခဲ့သည်။
ဒါက မသေမျိုးတွေ သူတို့ပွဲတော်တွေရှိရင် စားနေကျ အစားအသောက်တွေများလား?
ဟွာဖေးရှု အရှိန်ပိုတိုးပြီး စားတော့၏။ သူမရဲ့ လက်က ဆောင်းခိုဖို့ အစာ စုဆောင်းနေတဲ့ ရှဥ့်တစ်ကောင်လိုမျိုး အိတ်ကို တူးဆွနေတော့သည်။
တစ်ခုပြီးတစ်ခု။ တစ်ချပ်ပြီးတစ်ချပ်ပင်။
‘ ဒါ အစားအသောက်ပဲ ဟုတ်ရဲ့လား? ငါဘာလို့ ပျော်ရွှင်မှုတွေကို ထိုင်ဝါးနေရသလို ခံစားနေရပါလိမ့်?’
သိပ်မကြာခင်မှာ တစ်အိတ်လုံး ပြောင်ရှင်းသွားပြီပင်။
ဒါပေမဲ့ သူမအတွက် မလုံလောက်သေးဘူး။
သူမ အိတ်ထဲကို နောက်ဆုံးတစ်ကြိမ် နှိုက်လိုက်ချိန်မှာ သူမရဲ့ လက်ချောင်းထိပ်တွေ၌ ရွှေရောင် အမှုန်လေးတွေနဲ့ ဆီတစ်ချို့ ကပ်ညှိနေခဲ့သည်။
သူမ ချက်ချင်းပဲ လက်ချောင်းတွေကို စုပ်လိုက်လေသည်။
တစ်ချောင်းပြီးတစ်ချောင်း ဆက်တိုက် စုပ်လေ၏။
ထို့နောက်မှာ သူမ တစ်ဝက်တစ်ပျက် မျက်တောင်များ တစ်ဖြတ်ဖြတ် ခတ်သွားကာ
“ အာ…ငါ.. ဒီတိုင်း”
ဒါပေမဲ့ သူမ မရပ်ပါချေ။
သူမရဲ့ နောက်ဆုံးလက်ချောင်းဖြစ်တဲ့ လက်မကို ပါးစပ်က ထုတ်လိုက်ချိန်မှာ ပေါ့ပ် ဆိုတဲ့ အသံပင် ထွက်သွားသေးသည်။
သူမဘေးက ယွဲ့ရှုယန်က ရုပ်ထုတစ်ခုလို အံ့သြစွာ စိုက်ကြည့်နေခဲ့သည်။
ယွဲ့ရှုယန်ရဲ့ မျက်လုံးထဲမှာ ဟွာဖေးရှုရဲ့ အခုပုံစံက ချီဖောက်ပြားပြီး ခေါင်းထဲမှာ အစာပဲသိတော့တဲ့ သူတစ်ယောက်လိုပင်။
ဟွာဖေးရှု သန့်ရှင်းသွားအောင် လက်နှစ်ဖက်ကို အချင်းချင်း ခါလိုက်ပြီးမှ မော့ကြည့်လိုက်သည်။
“ မမကြီး!”
“ ဒီအာလူးကြော်…. လုံးဝကို ထူးခြားတာ! မမကြီး စားကိုစားကြည့်သင့်တယ်”
သူမရဲ့ စိတ်လှုပ်ရှားမှုတွေ ထိုးတက်လာခဲ့သည်။ သူမ အရှေ့ကိုပါ တိုးလာပြီး ယွဲ့ရှုယန်နားသွားကာ လက်ကောက်ဝတ်ကနေ ကိုင်ဖို့ပြင်လိုက်သည်။
လက်ချောင်းတွေ ထိတော့မဲ့အချိန်မှာပဲ…
ဝူးရှ်!
ယွဲ့ရှုယန် လက်အမြန် ဆုတ်လိုက်ပြီး ခြေတစ်လှမ်းပါ ဆုတ်လိုက်သေး၏။ သူမရဲ့ လက်ကောက်ဝတ်ရှိ အင်္ကျီစက ရေလိုမျိုး ယိမ်းနွဲ့သွားသည်။
သူမ အစောက မြင်ထားခဲ့သည်။
ဆီတွေဝေ့နေပြီး.. ဆားတွေပေနေတာ..
ပြီး ကောင်းကင်ဘုံက မိုးကြိုးပါ ပစ်ချလောက်သည်! တံတွေးစတွေ!
“ ရပ်နေ!”
ဟွာဖေးရှု လမ်းတစ်ဝက်မှာ တောင့်ခဲသွားပြီး အနောက်ပြန်ဆုတ်လိုက်ပါတော့သည်။
“အာ..! တောင်းပန်ပါတယ် မမကြီး”
“ ငါ မရည်ရွယ်ပါဘူး.. ငါ့လက်မှာ ပေနေသေးတယ်မလား? အာ.. ငါအရမ်း စိတ်လှုပ်ရှားသွားတာရယ်..”
“ ငါဒီတိုင်း.. မမကြီးကိုပါ စားကြည့်စေချင်တာ”
သူမရဲ့ ပုခုံးတွေက အနည်းငယ်ကျုံ့နေသော်ငြား နှုတ်ခမ်းပါး များကတော့ ရူးမိုက်စွာ ပြုံးနေဆဲပင်။
“ ဒီအာလူးကြော်က အန္တရာယ်များတယ် သိ လား? အဲ့ဒါတွေက ငွေအများကြီး ပေးရရုံတင် မကပဲ မမကြီးကို ဂုဏ်သရေရှိတဲ့ ဟန်ပန် ပျောက်ဆုံးသွားစေလိမ့်မယ်!”
ထို့နောက်မှာ သူမ နဖူးကို ပွတ်သပ်လိုက်ကာ
“ ပြီးငါ့အထင် အရသာကော အတွေ့အကြုံကောကို ယှဥ်ရရင်တော့ ဒီအာလူးကြော်က ဆိုင်ရဲ့ အကောင်းဆုံး.ပစ္စည်းပဲ!”
ယွဲ့ရှုယန် ဟွာဖေးရှုကို အကြာကြီး နက်ရှိုင်းစွာ စိုက်ကြည့်လိုက်လေသည်။
“ နင်အခု.ဘယ်လိုခံစားရလဲ? ဖေးရှု”
ဟွာဖေးရှု ခေါင်းကိုစောင်းလိုက်ကာ အနည်းငယ် ရှုတ်ထွေးသွားသည်။ ထို့နောက်မှာ မီးဖွင့်လိုက်သလိုမျိုး သူမရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့သည်။
“ အိုး ဒါရဲ့ အစွမ်းကို မေးချင်တာမလား?”
ယွဲ့ရှုယန် ခေါင်းညိတ်လိုက်သည်။
“ အမှန်တိုင်းပြောရရင် ငါ မသေချာဘူး”
“ အံ့သြဖို့ကောင်းတဲ့ အရသာအပြင် တစ်ခြား ဘာပြောင်းလဲမှုကိုမှ ငါ မခံစားမိဘူး။ ငါ ဒါပဲသိတယ်”
ယွဲ့ရှုယန် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“ အစွမ်းမရှိဘူးပေါ့?”
ချီစွမ်းအင် ပြောင်းလဲမှုကို ဟွာဖေးရှု စစ်ဆေးတာနဲ့ ပတ်သတ်ပြီး ယွဲ့ရှုယန် သံသယ မရှိချေ။ ကျင့်ကြံရေးနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာဆိုရင် သူမ ညီမက ဂရုမစိုက်ဘဲ မပြုမူတတ်ဘူး။
ဒါပေမဲ့ အစွမ်းက အရမ်းကို မသိသာလွန်းတာမို့ ဟွာဖေးရှုရဲ့ ကျင့်ကြံဆင့်နဲ့ မသိရတာမျိုး.ဖြစ်နိုင်သည်။
အစွမ်းလုံးဝ မရှိဘူးတဲ့လား? ဒါ မဖြစ်နိုင်ဘူး။
ဒီဆိုင်ရဲ့ ဆန်းကြယ်တဲ့ ရောင်းကုန် တစ်ခုဆီတိုင်းမှာ ကောင်းကင်ဘုံရဲ့ အစွမ်းတွေကို သယ်ဆောင်ထားသည်။ ဈေးအပေါဆုံး ပစ္စည်းကတောင် ကျင့်ကြံမှုကို အလင်းပွင့်စေနိုင်သည်။
ဒီအာလူးကြော်ထုတ်က ရောင်းကုန် အသစ်ဖြစ်သလို ဆိုင်ရဲ့ ဈေးအကြီးဆုံး ပစ္စည်းလဲ ဖြစ်နေသေးသည်။
ဝိညာဥ်ကျောက်တုံး.ငါးတုံးတောင် ပေးရသည်။ ခေါက်ဆွဲထက်တောင် ရိုးရှင်းသေးသည့် အရာကအစွမ်းမရှိဘဲ ဈေးဒီလောက်မြင့်ပေးထားတာ ထူးဆန်းနေမည်။
အမှန်တရားကို သိနိုင်မဲ့ နည်းတစ်ခုသာ ရှိတော့သည်။
သူမ ကောင်တာမှာ ဝိညာဥ်ကျောက်တုံး ငါးတုံး သွားပေးလိုက်သည်။
သူမ ငွေရှင်းနေရင်းနဲ့ သူသာ ဝိညာဥ်ကျောက်တုံးတစ်တုံး ပိုပေးရင် မက်မွန်လက်ဖက်ရည် နှစ်ဗူးသောက်လို့ ရနိုင်ကြောင်း တွေးနေမိသည်။
ယွဲ့ရှုယန် အာလူးကြော် တစ်ထုပ်ကို ကိုင်ထားရင်း စားပွဲကို ပြန်ရောက်လာခဲ့သည်။
သူမ လက်ဖျောက်တစ်ချက် တီးလိုက်ချိန်မှာ လက်ချောင်းထိပ်နဲ့ ရေခဲဓားသွားတစ်ခု ဖြစ်ပေါ်သွားသည်။ ရှင်းလင်းစွာ အိတ်က ဖွင့်လိုက် လေ၏။
သူမ အာလူးကြော်တစ်ချပ် ယူလိုက်သည်။
အာလူးကြော်က အရမ်းကိုပါးသည်။ လေပြေးလေး တိုက်ခတ်ရင်တောင်မှ ကွဲကြေ သွားနိုင်လောက်အောင်အထိ ပါးချပ်လေသည်။
သူမ နောက်တစ်ခုယူပြီး အချင်းချင်း နှိုင်းယှဥ် ကြည့်လိုက်သည်။
တူညီတဲ့ပုံစံ တူညီတဲ့ အရွယ်အစားပင်။ တူညီတဲ့ အထူရှိသည်။
ဘာချို့ယွင်းချက်မှ မရှိ၊ ဘာမူမမှန်တဲ့ ပုံစံမှ မရှိပေ။
‘ ဘယ်လိုလုပ်ပြီးလဲ?’
ဘယ်လိုစာဖိုးမှုးက လုပ်ထားတာများလဲ?
ဒါသာမန် အချပ်ပါးလေးတွေ မဟုတ်ဘူး။ အိတ်ထဲက အာလူးကြော်ချပ်တွေ တစ်ခုဆီတိုင်းက ပုံစံတူပင်။ တစ်ခုချင်းဆီကို အသေးစိတ်တိုင်းတာပြီး လုပ်ထားသည့်နှယ်။
ဒီလောက် တိကျမှုကြီးက… ဒါ အရည်အချင်းပိုင်းပဲ မဟုတ်တော့ဘူး။ ဆန်းကြယ်မှု ဖြစ်သွားပြီ။
အနုပညာပဲ!
စာဖိုမှုးက သူ့ရဲ့လက်၊ အရှိန်နဲ့ သန်မာမှုတင် မကပဲ အသက်ရှုတာကိုပါ ကောင်းကောင်း ထိန်းချုပ်ထားရမဲ့ပုံပဲ။
တစ်ချက်မှားတာနဲ့ အကုန်လုံး မှားသွားနိုင်သည်။ မျက်လုံးက သိမ်းငှက်လို စူးနေပြီး လက်က ဓားတစ်ချောင်းလို ထက်နေမှ ဖြစ်မည်။ ဘယ်သူပဲဖြစ်ဖြစ် လုပ်ခဲ့တဲ့သူက တစ်ကယ့်ဆရာကြီးပဲ။
ယွဲ့ရှုယန် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။
တစ်ကယ်ပဲ ဘယ်သူ လုပ်ထားတာလဲ?
သူမ တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်လေ၏။
သူမ ထင်ထားတဲ့အတိုင်း အရသာက အရမ်းကို ကောင်းသည်ပင်။
ဆိုင်က ပစ္စည်းတွေက အမြဲလိုလို လူကို ထိတ်လန့်စေသည်။
ဒါပေမဲ့ သူမ ဝါးနေရင်းနဲ့ သတိလွတ်သွားခဲ့သည်။ အရသာက တော်တော်လေး ကျေနပ်ဖို့ကောင်းလှ၏။
ကြွတ်ရွတဲ့ ပါးလွှာလွှာ အချက်လေးတွေက တစ်ခါဝါးတိုင်း.လူကို အတွေ့အကြုံ အသစ်ကို ခံစားရစေသည်။