( အတွင်းမိစ္ဆာကိုလား? အာလူးကြော် စားရုံနဲ့လေ?)
Vol. 5 Ch. 68
အရသာက အရမ်းမပြင်းထန်သလို အရမ်း စွဲကျန်မနေခဲ့ဘူး။ စိတ်ထဲမှာ တင်းကျပ်လာပြီး နောက်တစ်ခု ထပ်စားချင်စိတ် ပေါက်စေသည်။
ယွဲ့ရှုယန် ဂျင်ဆင်းကို တွေးမိသွားသည်။ ဂျင်ဆင်းကိုသာ ဒီလောက်ပါးအောင် လှီးနိုင်ရင် ဒီလိုအရသာမျိုး ထွက်လောက်လား?
သူမ ကိုယ့်ဘာကိုယ် တွေးမိပြီး သဘောကျစွာ ပြုံးလိုက်သည်။
ဂျင်ဆင်းစားဖို့ စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းလမ်းတစ်ခု သူမ တွေ့သွားပြီလေ။
ယွဲ့ရှုယန် ကြွတ်ရွတဲ့ အာလူးကြော်ပြားတွေကို တစ်ခုချင်း အရသာခံကာ စားလိုက်၏။ ဒါပေမဲ့ ခဏကြာသည့်တိုင်အောင် ဘာပြောင်းလဲမှုမှ မရှိတာကို သူမ သတိထားမိသွားသည်။
ချီစွမ်းအင် တစ်ချက်လေးတောင် မလှုပ်ခတ်သွားဘဲ ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲမှု တစ်စက်တောင် မပြလာဘူး။ ဘာမှကို မထူးသွားတာပင်။
သူမ ချီစွမ်းအင် အာရုံခံမှုကို သုံးကာ ကိုယ်အတွင်းကို စစ်ဆေးလိုက်၏။ သူမရဲ့ ချီစွမ်းအင်နှင့် သွေးကြောတွေက ရှိနေသင့်တဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေကြတာပင်။ ထူးဆန်းတာ တစ်ခုမှ မရှိဘူး။
‘ဟမ်’
တစ်ထုတ်လုံး မကုန်မချင်း အစွမ်းမပြတာမျိုး ဖြစ်နိုင်သည်။ သူမ အဖြေမထုတ်နိုင်နေတာမို့ အလွန်သတိထားစွာ စားကြည့်လိုက်သည်။
ဟွာဖေးရှုရဲ့ မျက်လုံးတွေကတော့ မနာလိုမှုကို မဖုံးကွယ်ထားနိုင်ပါချေ။ သူမ ထပ်ပြီး အာလူးကြော်တစ်ပြားလောက်ဖြစ်ဖြစ် စားချင်ပါသေး၏။
ဆိုင်ထဲမှာ မျှဝေစားတာကိုသာ ခွင့်ပြုထားခဲ့ရင် သူမ မမကြီးကလဲ သေချာပေါက် တစ်ခု ကျွေးမှာပဲ။ တစ်ခုထက်တောင် ပိုကျွေးလောက်သည်!
ဟွာဖေးရှု ပါးစပ်ထဲ တံတွေးပြည့်လာခဲ့သည်။ ဒါပေမဲ့ သူမ လျင်မြန်စွာ ချုပ်တည်းလိုက်၏။ သူမ ဝိညာဥ်ကျောက်တုံး.မရှိတော့ဘူး။ ဒါ့အပြင် ဆိုင်မှာ တစ်ရက်ကို တစ်ခုပဲ ဝယ်နိုင်မှာလေ။
ယွဲ့ရှုယန် အိတ်ကို စိုက်ကြည့်လိုက်သည်။ အခု လုံးဝကို ကုန်ပြီပင်။ ဒါပေမဲ့ ဘာမှ မပြောင်းလဲသလို ဘာမှ အာရုံခံလို့မရသေးဘူး။
နူးညံ့စွာ သက်ပြင်းချလိုက်ရင်း နောက်ဆုံးတစ်ပြားကို ပါးစပ်ထဲ သွင်းလိုက်သည်။ ပြီးတာနဲ့ သူမ အသုံးပြုထားတဲ့ လက်ညိုးနဲ့ လက်မကို စုပ်လိုက်တော့သည်။
ထို့နောက်မှာ သူမ ရုတ်ချည်း ရပ်တန့်သွားသည်။ တစ်မိနစ်၊ နှစ်မိနစ် ကြာသည်အထိ သူမရဲ့ ခန္ဓာကိုယ်က ထိုအတိုင်းပင်။
ယွဲ့ရှုယန် ဟွာဖေးရှုဘက်ကို လှည့်လိုက်သည်။
“ ဖေးရှု နင်အခု ပြောင်းလဲမှုကို ခံစားမိလား?”
ဟွာဖေးရှု ခေါင်းရမ်းလိုက်သည်။
“ မခံစားမိဘူး။ အရင်အတိုင်းပဲ”
“ မမကြီးလဲ ဘာမှ မခံစားရဘူးလား?”
“ အမ်း” ယွဲ့ရှုယန် ဖြေလိုက်သည်။
“ ထူးဆန်းတယ်.. အခုလောက်ဆို အာလူးကြော်က အစွမ်းပြသင့်တာကို”
ဟွာဖေးရှု ကိုယ်ကို အနောက်မှီလိုက်သည်။
တစ်ခုခုတော့ မမှန်နေဘူး။
“ ဒါက ဘာအတွက်လဲ ငါတစ်ကယ် မပြောနိုင်နေဘူး”
ဟွာဖေးရှု ပါးစပ်တစ်ဖက် ဖောင်းကာ ပြောလာ၏။
ထို့နောက်မှာ တစ်ချက်မဲ့လိုက်ပြီး မတ်တပ်ရပ်ကာ ကောင်တာဆီ သွားတော့သည်။
“ သူဋ္ဌေးဟောင်”
“ ငါတို့အာလူးကြော် စားပြီးပြီ အရမ်းကောင်းတယ်… ဒါပေမဲ့ အဲ့ဒါရဲ့ အစွမ်းကဘာလဲ? ငါပြောချင်တာက သူဋ္ဌေးရဲ့ ရောင်းကုန်တွေက အမြဲတမ်းမှော်ဆန်တာမို့လေ.. ဒီတော့ ဒါနဲ့ ပတ်သတ်ပြီးလဲ သိချင်နေတယ်”
“ မမကြီးကော ငါကော ဘာမှ မခံစားရဘူး။ ဒါကြောင့် အရမ်းသိချင်လာပြီ!”
ယွဲ့ရှုယန် နေရာတင် ထိုင်မြဲထိုင်နေကာ မလှုပ်ပေ။ ဒါပေမဲ့ သူမရဲ့ နားနှစ်ဖက်ကတော့ စကားတစ်ခုဆီကို သေချာ နားစွင့်နေလေ၏။ သူမလဲ ဘယ်လောက်ပဲ စဥ်းစားပါစေ အာလူးကြော်ရဲ့ အစွမ်းကို မသိရနေဘူး။
ကောင်တာအနောက်မှာ ဟောင်သည် မေးထောက်ရင်း ပျင်းရိစွာ ထိုင်နေသည်။
‘ ကြားတယ်မလား စနစ်?’
( အာလူးကြော်ရဲ့ အစွမ်းက ရိုးရှင်းတယ် ပိုင်ရှင်)
( အဲ့ဒါက သွေးဆာမှု၊ မကောင်းတဲ့ လှုံ့ဆော်မှုနဲ့ ကျင့်ကြံသူတွေရဲ့ ရှင်းလင်းတဲ့အသိစိတ်ကို အနှောက်အယှက်ပေးနိုင်တဲ့ အတွင်းမိစ္ဆာကို ဖိနှိပ်ပေးတယ်။ တစ်နာရီအထိ အသုံးပြုသူကို ဆာလောင်မှု ကင်းစေတယ်။ အတွင်းချီ သွေဖယ်ခြင်းကို တားဆီးပေးပြီး ရှင်းလင်းစွာ တွေးနိုင်စေတယ်။ မတည်ငြိမ်ပြီး အန္တရာယ်များတဲ့ သိုင်းပညာတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်စေတယ်။ အထူးသဖြင့် မိစ္ဆာလမ်းစဥ်နဲ့ ပတ်သတ်တဲ့ လူတွေနဲ့ ကြမ်းတမ်းစွာ အဆင့်တက်ဖို့ ကြိုးစားတဲ့ သူတွေအတွက် အကူအညီဖြစ်တယ်)
( အကယ်၍ ကျင့်ကြံသူ တစ်ယောက်က အစွမ်းတွေပေါက်ထွက်တဲ့ ပြောင်းလဲခြင်းမျိုးနဲ့ ကြုံရပြီး သွေးကြောတွေ နိုးထလာရင် ရူးမိုက်မှုက ဦးနှောက်ထဲ ပြည့်နှက်လာပြီး စိတ်ရူးဖောက်သွားလိမ့်မယ်။ အစွမ်းတွေနဲ့ လူရိုင်းအဖြစ် ပြောင်းတော့မဲ့ အချိန်မှာ အာလူးကြော်တစ်ထုပ်ကို ကျွေးလိုက်ရင် စဥ်စားဆင်ခြင်နိုင်စွမ်း ပြန်ရလာပြီး ချီစွမ်းအင် တည်ငြိမ်လာမယ်)
( ခပ်တိုတို ရှင်းရရင် ဒီအာလူးကြော်က မင်းရဲ့ စိတ်နဲ့ခန္ဓာ ထိန်းချုပ်မှု လွတ်တော့မဲ့ အချိန်မှာ ပြန်ထိန်းညှိပေးနိုင်တဲ့အရာပဲ)
( အဲ့ဒီနှစ်ယောက် ဘာမှမခံစားရတာက ဒီအစွမ်းက သူတို့အပေါ် မသက်ရောက်လို့ပဲ။ သူတို့ရဲ့ စိတ်ကတည်ကြည်ပြီး အတွင်းချီစွမ်းအင်က အေးချမ်းတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လို ဖောက်ပြားခြင်းမျိုးမှ မရှိဘူး။ ဒီတော့ သူတို့အရသာပဲ သိရပြီးအစွမ်း မသိရဘူးပေါ့)
ဟွာဖေးရှုကို စနစ်ရဲ့ပြောကြားချက်အတိုင်း ဟောင် ပြန်ရှင်းပြလိုက်သည်။ သေချာပေါက် တစ်ချို့အချက်တွေတော့ သူကျော်ခဲ့တာပေါ့… စနစ်ရဲ့ ရှည်လျားတဲ့ ရှင်းပြမှုကြီးကို သူ အကုန် မှတ်မိစရာ အကြောင်းရှိမလား?
ဒါပေမဲ့ ကံကောင်းတာက ဟွာဖေးရှုကော ယွဲ့ရှုယန်ကောက ဉာဏ်ပြေးသူတွေမို့ ကောင်းမွန်စွာ သဘောပေါက်လိုက်သည်။
ဟောင် မရှင်းပြတတ်တာတို့၊ သူမတို့ကို လျှောက်ပြောနေတယ်လို့ ထင်ရမဲ့အစား ဟောင်က သူမတို့ကို သေချာ စမ်းသပ်နေသည်လို့ သူမတို့ ထင်နေကြသည်။ သူမတို့ကို ကိုယ့်ဘာသာ တွေးပြီး သဘော ပေါက်အောင် လုပ်ချင်နေတာပဲ။
ဟွာဖေးရှု ခေါင်းတစ်ဆက်ဆက် ညိတ်လိုက်သည်။
“ ဒီတော့ ဒါကြောင့် ဘာမှ မခံစားရတာကိုး..”
ယွဲ့ရှုယန် နောက်ဆုံးတော့ နားလည်သွားသည်။.အာလူးကြော်ရဲ့ အစွမ်းသည် မက်မွန်လက်ဖက်ရည်နဲ့ ဆင်တူသည်။
မတူညီတဲ့ နည်းလမ်းများဖြင့် နှစ်ခုလုံးက အတွင်းချီကို ညီမျှအောင် ဖန်တီးပေးသည်။ လက်ဖက်ရည်က ချောမွေ့ပြီး.အာဟာရ ပေးတဲ့ နည်းလမ်းနဲ့ ကူညီချိန်မှာ အာလူးကြော်က ပရမ်းပတာအခြေအနေတွေကို ဖိအားပေး အနည်ကျစေနည်းဖြင့် ကူညီ၏။
‘ ကောင်းမွန်တဲ့ ပေါင်းစပ်ခြင်းပဲ’
တစ်ခုက သွေဖယ်ခြင်းကို မစလာခင် ရှင်းထုတ်ပေးသည်။ နောက်တစ်ခုက အရမ်း အရှိန်လွန်သွားချိန်မှ ပြန်တည်ငြိမ်အောင် ဖိနှိပ်ပေးသည်။
သူမတို့ ဘာမှ မခံစားရသော်ငြား သူမတို့ နှစ်ယောက်လုံး အာလူးကြော်ကို အသုံးမဝင်ဘူးလို့ မတွေးချေ။
သူမတို့ ရှင်းလင်းစွာ နားလည်သည်.. ဒီ ပစ္စည်းက သူမတို့ရဲ့ လက်ရှိအခြေအနေ အတွက် ပြုလုပ်ထားတာ မဟုတ်ဘူး။ သူမတို့ရဲ့ စိတ်က တည်ငြိမ်ပြီး ကျင့်ကြံရေး.လမ်းစဉ်သည် ချောမွေ့သည်။
ဒီတော့ သဘာဝအားဖြင့် သူမတို့အပေါ် အစွမ်းပြမည် မဟုတ်ပေ။
ဒါပေမဲ့ အခြေအနေတစ်ချို့မှာ ဒီအာလူးကြော်က တစ်ကယ့် အသက်ကယ်ဆေး.ဖြစ်လာနိုင်ပါ၏။
ကံဆိုးစွာဖြင့် ဒီမဟာမြို့တော်တွင် ရှင်းလင်းတဲ့နှလုံးသားနဲ့ တည်မြဲတဲ့ တာအိုလမ်းစဥ်နောက်ကို လိုက်တဲ့ စစ်မှန်တဲ့ အမှန်တရားကျင့်ကြံသူများသာ အရှိများတာ မလို့ အာလူးကြော်ကို လိုအပ်သူ ရှားပါးလောက်မည်ပင်။
ဒီအာလူးကြော်က ဆိုးဝါးနေ၍ မဟုတ်.. အာလူးကြော်က အရမ်းအရမ်းကို ထူးကဲတာပင်။
အကယ်၍ ဒီဆိုင်ကိုသာ နတ်ဆိုးဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းအနီးနားမှာ ဖွင့်မည်ဆိုပါက ချက်ချင်းပဲ ဒီအာလူးကြော်က ရောင်းအားအကောင်းဆုံး ပစ္စည်း ဖြစ်လာနိုင်သည်။
မိစ္ဆာသိုင်းကို လေ့ကျင့်သူတွေ၊ ပြင်းထန်တဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံသူတွေနဲ့ ကိုယ်တွင်းမှာ မိစ္ဆာလွှမ်းမိုးခြင်း ခံနေရသူတွေက ဒီအာလူးကြော်အတွက် အလုအယက် တိုက်ခိုက်ကြလိမ့်မည်။
သံသယ ဖြစ်စရာတောင် လိုနေမည် မထင်ပေ။
ဒါပေမဲ့ သူမတို့ အတွက်တော့ အာလူးကြော်က ဈေးကြီးလှသည်။ အမှန်စင်စစ်ကို အရသာက အရမ်း အံ့ဖွယ်ဖြစ်ပါ၏။ ဒါပေမဲ့ အရသာကလွဲလို့ သူမ ဘာမှ မရနိုင်ကြဘူး။
သူမတို့မှာ ဝိညာဥ်ကျောက်တုံး ပိုလျှံနေရင်တော့ မကြာခဏ ဝယ်စားမိလောက်မည်။ ဒါပေမဲ့ ခက်ခဲချိန်မှာတော့ တိကျတဲ့ ရွေးချယ်မှုကိုသာ သူမတို့ ရွေးချယ်ရမည်ပင်။
ဥပမာပြောရလျှင် အသင့်စားခေါက်ဆွဲပဲ။
ဒါ့အပြင် ဒီဆိုင်က ပစ္စည်းတွေက မျှဝေပေးလို့ မရတာမို့ အာလူးကြော်ကို ကြိုဆောင်ထားရင်တောင် လိုအပ်သူကို တွေ့ပါက ပေးနိုင်မည် မဟုတ်ချေ။ မင်း ပေးဖို့ကြိုးစားတာနဲ့ အာလူးကြော်ရဲ့ အစွမ်း ပျောက်ကွယ်လိမ့်မည်။
ဒါက သူများတွေကို ကယ်ဖို့ သုံးလို့မရဘူး.. ကိုယ့်ကိုယ်ကိုပဲ ကယ်တင်နိုင်မည်။
ဒါပေမဲ့လဲ အာလူးကြော်က ကိုယ်ပိုင် တန်ကြေးတော့ ရှိတာပင်။
သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားမည် ဆိုရင် အရေးပေါ် လိုအပ်ချိန်၌ သုံးနိုင်မှာပဲ။
အပြင်ဘက်လောကသည် ရှုတ်ထွေးသည်။ ကိစ္စတွေက အထိန်းအချုပ်မဲ့သွားမည်ဆိုလျှင် အာလူးကြော်တစ်ထုပ်လောက် လက်ထဲမှာ ရှိတာက ကွဲပြားမှုကို ဖန်တီးပေးနိုင်လိမ့်မည်။