← Chapters

( သတ်ဖြတ်သူ? မင်းပြောချင်တာ ဆိုင်အစောင့် ဖြစ်ဖို့ အရည်အချင်းရှိသူလို့လား?)

Vol. 5 Ch. 69

( သတ်ဖြတ်သူ? မင်းပြောချင်တာ ဆိုင်အစောင့် ဖြစ်ဖို့ အရည်အချင်းရှိသူလို့လား?)

Vol. 5 Ch. 69

ဆိုင်တံခါး ဖွင့်လိုက်သံက ကောင်မလေး နှစ်ယောက်ကို အတွေးဂယက်မှ ဆွဲခေါ် သွားလေ၏။

ယွဲ့ရှုယန်နဲ့ ဟွာဖေးရှု နှစ်ယောက်လုံး မော့ကြည့်လိုက်ကြသည်။

သူမတို့ထင်ခဲ့တာ ရှောင်လျန်ဖန်းနဲ့ လင်ယွီကျွင်းကို တွေ့ရမည်ဟူ၍။

ဒါပေမဲ့ အထဲဝင်လာသူက တစ်ယောက်မှ မဟုတ်နေခဲ့ပေ။

အမဲရောင် ဝတ်ရုံကို ဝင်ဆင်ထားတဲ့ ယောက်ျားတစ်ယောက် ဝင်လာခဲ့ပြီး ထိုသူရဲ့ ဝတ်ရုံစက ကြမ်းပြင်နဲ့တိုက်နေသည်။

ဝတ်ရုံကို အနားကွတ်ထားတဲ့ ငွေရောင် ချည်မျှင်များကြောင့် အလင်းရောင်အောက်မှာ အနည်းငယ် တောက်ပနေသည်။

ထိုသူရဲ့ နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်ရှည်များကို အမဲရောင်ကြိုးတစ်ခုနှင့် ခပ်လျော့လျော့ စည်းနှောင်ထားသည်။

ဆံပင်က ဖြောင့်တန်းစွာ စင်းကျနေပြီး ခါးအောက်ထိ ရောက်သည်။

အနည်းငယ် အက်နေတဲ့ မြေခွေးမျက်နှာဖုံး အနက်ရောင်သည် ရွှေရောင် လိုင်းတစ်ချို့ဖြင့် ထင်းနေသည်။ မျက်နှာဖုံးကို တပ်ဆင်ထားတာမို့ သူ့ရဲ့မျက်နှာကို မမြင်ရပေ။

ချောမွေ့ပြီး ဗလာဖြစ်တဲ့ခံစားချက်ကို ပေးစွမ်းနိုင်သည်…

မျက်လုံးပေါက်မှ တစ်ခုတည်းသော မြင်နိုင်တဲ့ အနီရောင်.မျက်ဝန်းတစ်စုံသည် လူတစ်ယောက်ရဲ့ ဝိညာဥ်အထိ ဖောက်မြင်နိုင်သလိုမျိုး စူးရှ၏။

ထိုသူရဲ့ ဘေးဘက်တွင် ရှည်လျားတဲ့ သတ္ထုကြိုးနဲ့ ချည်ထားတဲ့ စက်ဝိုင်းပုံ အမြွှာဓားကောက် နှစ်ခုရှိသည်။

ပုံစံကြည့်တာနဲ့တင် လေကိုပါ ထက်ပိုင်းဖြတ်နိုင်သည်အထိ ရှိန်ဖို့ကောင်းတာပင်။

ဖိအားအပြည့် မထုတ်လွှတ်ထားတာတောင်မှ သူ့ရဲ့တည်ရှိမှုက လမ်းတစ်ဝက်က လာနေတဲ့ ဓားတစ်ခုလို ချမ်းစိမ့်စေသည်။

ယွဲ့ရှုယန် တောင့်သွားသလို ဟွာဖေးရှုလဲ မျက်လုံးတွေ မှေးကျဥ်းလို​က်သည်။

သူမတို့ရဲ့ အာရုံခံမှုက အချက်ပြလာပြီ။ ဒီလူက အန္တရာယ်များသည်။

အရမ်း အန္တရာယ်များသည်။

ဒီလူက သေချာ အရှိန်အဝါကို ဖိနှိပ်ထားတာလား?

သူမတို့ကို သတိပေးချင်ရုံ သက်သက်လောက်ပဲ ထုတ်ပြထားတာလား သူမတို့ သေချာ မသိတော့ပေ။

ဒါပေမဲ့ သေချာတာတစ်ခု ရှိသည်။

သူသာ လုပ်ချင်ရင် မျက်စိတစ်မှိတ်အတွင်း သူမတို့ သေသွားနိုင်သည်။

ဟောင်ရဲ့ မျက်လုံးအရှေ့ကို ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာ၏။

( ပိုင်ရှင် ဆိုင်အစောင့် ဖြစ်နိုင်သူတစ်ယောက် ဝင်လာပါပြီ)

အမည်- ထျန်းလု။

အသက်- ၂၄၀နှစ်။

ကျင့်ကြံဆင့်- သိုင်းဧကရာဇ်နယ်ပယ် အဆင့်၆။

……….

ဟောင် မျက်ခုံးပင့်သွားလေသည်။

‘ ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ထက် တစ်ဆင့်ပဲ နိမ့်တယ်ပေါ့?’

‘ ဒီလူက ဘယ်သူလဲ?’

သူ့မျက်နှာမှာ ခပ်ဖြည်းဖြည်းပဲ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‘ ဒါပဲဖြစ်ရမယ်…’

‘ ဒါဆို နောက်ဆုံးအရန်မစ်ရှင်လေး..’

ဟောင် အချိန်ဆွဲမနေတော့ဘဲ စနစ်ကို ထျန်းလုရဲ့ နောက်ခံကို စစ်ဆေးခိုင်းတော့၏။

ဒီအချိန်မှာ ဝိညာဥ်ကျောက်တုံး တစ်ချို့တော့ သုံးရမှာပေါ့။

သူ့ရဲ့ အိတ်ကပ်ထဲမှာလဲ အများအပြား ရှိနေခဲ့ပြီပဲ။

ဘောစိအနေအထားတော့ မရောက်သေးသော်ငြား သေချာပေါက် အရင်လို ငမွဲ မဟုတ်တော့ဘူး။

(ထျန်းလုရဲ့ နောက်ခံ)

တစ်ချိန်က မြောက်ဘက်ပြည်နယ် တစ်လွှားမှာ ‘ကြေးနီရောင်ခေါင်းဖြတ်စက်’ လို့ နာမည်ကြီးတဲ့သူပဲ။ ထျန်းလုက ငွေယူပြီး လူသတ်ပေးတဲ့ ကြေးစားပဲ။

သူက မိစ္ဆာဖြစ်ဖြစ် အမှန်တရားဖြစ်ဖြစ် ဘယ်ဂိုဏ်းမျိုးနဲ့မှ ချည်နှောင်မခံဘူး။ ငွေက တိကျပြီး အကျိုးအကြောင်း ရှင်းလင်းသရွေ့ သူ့ရဲ့အလုပ်ကို တိကျရှင်းလင်းစွာ လုပ်ဆောင် ပေးလိမ့်မယ်။

သူ့ရဲ့ နာမည်ကို ကြောက်ရွံ့မှုကို လေးစားမှုကော ပြကြရတယ်။ ကျင့်ကြံသူတွေ လက်မှာ သွေးမစွန်းစေဘဲ လူသတ်ချင်တဲ့အခါမျိုးမှာ သူက အမှောင်ထဲက ဓားတစ်လက်အနေနဲ့ ဆောင်ရွက်ပေးတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က သူပျောက်ကွယ် သွားခဲ့တယ်။

ပြောတာတော့ သူက အရမ်းကိုကြီးမားတဲ့ အလုပ်တစ်ခုကို လက်ခံလိုက်မိတာတဲ့…. တစ္ဆေလေရိုင်း ဂိုဏ်းရဲ့ ဆက်ခံသူကို ရှင်းပြစ်ဖို့အလုပ်ပဲ။ သူ ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပေမဲ့ ခန္ဓာကိုယ်တစ်ပိုင်း ပျက်ဆီးပြီး ချီစွမ်းအင်တွေ ပျောက်ကွယ်လုနီးနီး ဖြစ်သွားတယ်။

တော်တော်များများက သူ့ကို သေပြီထင်ခဲ့တာ သူက အသက်ရှင်နေခဲ့တာပဲ။

မဟာမြို့တော်ကို ရောက်လာပြီး သူတောင်းစားတွေနဲ့ အိမ်ခြေမဲ့တွေကြားမှာ ပုန်းကွယ်နေရင်း သူ့ရဲ့ကျင့်ကြံမှုကို တစ်ဖြည်းဖြည်းချင်း ပြန်ကုစားနေခဲ့တယ်။

သူက ဘယ်တော့မှ အရင်အလုပ်ကို ပြန် မလုပ်တော့ဖို့ ဆုံးဖြတ်ထားတယ်။

ဟောင် ပုံရိပ်ယောင် မျက်နှာပြင်ကို မျက်လုံးများ မှေးစင်းစွာ ကြည့်လိုက်သည်။

ပထမက မိုရှီရှီ? အခု ဒီလူတဲ့လား?

ငါ့ဆိုင်က ဝရမ်းပြေးတွေကို ဆွဲဆောင်တဲ့ပုံ ပေါက်နေလား?

ဟောင် ချက်ချင်းပဲ ခေါင်းရမ်းပြီး အတွေးဖျောက်လိုက်သည်။

ဒါပေမဲ့ ထျန်းလုက အခြေအနေနဲ့ အပြည့်အဝ ကိုက်ညီနေသည်။

ဘယ်ဂိုဏ်းနဲ့မှ မဆက်နွယ်နေဘူး။ လူကောင်း မဟုတ်သော်ငြား.ကောင်းမွန်တဲ့ ရွေးချယ်ခံပဲ။

​ဟောင် ထျန်းလုကို တည့်တည့်ကြည့်လိုက်သည်။

“ ကြိုဆိုပါတယ်”

ထျန်းလု ခေါင်းညိတ်ပြကာ ကောင်တာဆီ လျှောက်လာလိုက်သည်။

သူ စကားဟတော့မဲ့ အချိန်မှာပဲ ဟောင်က အရင်ပြောလို​က်သည်။

“ မင်း ငါ့ရဲ့ ဆိုင်အစောင့် ဖြစ်လာချင်လား? ငါ ကောင်းကောင်းပေးမယ်”

ထျန်းလု ရပ်လိုက်သည်။

မျက်နှာဖုံးနောက်ကနေ သူ့အရှေ့က သူ ရူးသွားပြီလားဟု တွေးနေမိတာပင်။

ဒီလူ မကြောက်ဘူးလား?

သူ့ရဲ့ တည်ရှိမှုနဲ့တင် နှင်းပွင့်လာဂိုဏ်းက ဟိုနှစ်ယောက် ကြောက်ပြီးတောင့်တင်းနေတာ မြင်နိုင်သည်။

ဒါကို ဒီသေမျိုး ဆိုင်ရှင်က တစ်စက်တောင် ကြောက်ရွံ့ဟန် မပြဘူး?

အမှန်ဆို ဒီသေမျိုး ကြောက်လန့်ပြီး မေ့လဲနေသင့်တာ။

‘ ကောင်းကောင်းပေးမယ် တဲ့လား?’

အဲ့ဒါက ထျန်းလုရဲ့ အာရုံကို ဆွဲဆောင်သွားသည်။

ဒါပေမဲ့ ဘယ်လိုအလုပ်မျိုးလဲ?

“ အလုပ်?”

ထျန်းလုရဲ့ အသံက နက်ရှိုင်းသည်။

“ အလုပ်လေ?”

ဟောင်လဲ ခေါင်းစောင်းလိုက်သည်။

‘ ဒီလူ.နားမကောင်းလို့ ပြန်မေးနေတာလား?’

ဒါပေမဲ့ ဟောင် ပြန် ရှင်းပြလိုက်ပါသည်။

“ ငါပြောခဲ့သလို ဆိုင်အစောင့်လို့”

“ ငါမင်းကို တာဝန်ပေးတဲ့ နေရာကို မင်းက စောင့်ကြပ်ပေးရုံပဲ”

“ ပြောရရင် အပြင်မှာရပ်နေရပြီး ကြောက်ဖို့ ကောင်းအောင် လုပ်ရမယ်”

“ ပြဿနာတွေကို ပျောက်အောင်လုပ်ပေး”

“ ဒါပဲ ဘာမှ မထူးဆန်းဘူး”

“ ဈေးဝယ်တွေကလွဲလို့ပေါ့။ တစ်ချို့က ထူးဆန်းတယ်လေ”

“ အဲ့ဒါအပြင် ကျန်တာက ရိုးရိုးလေးပါပဲ”

ထျန်းလု အခု နားလည်သွားပြီ။

ဒါပေမဲ့ သူ့ခေါင်းထဲမှာ မေးခွန်းတစ်ခု ရှိဆဲပဲ။

ဒီသေမျိုးက သူ့ကို.ဘယ်လို ပေးမှာလဲ?

ပိုက်ဆံကော ရှိလို့လား?

သူ ဆိုင်တစ်ခုလုံး စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

စင်တွေက ထူးဆန်းပြီး ​အပြင်အဆင်က တိုင်းတစ်ပါးဆန်သည်။

မျက်စိနောက်စရာ မကောင်းပဲ.. ရိုးရိုးလေးနဲ့ ကောင်းမွန်သည်။

သူ မှန်းတာတော့ တစ်ရက်ကို ဝိညာဥ်ကျောက်တုံး တစ်တုံးကနေ သုံးတုံးလောက် ရဖို့ပင်။

သူ အရင်က ရှာခဲ့သလောက်နဲ့ သိပ်မကွာဘူး။

ပြီးတော့ အလုပ်ကို စဥ်းစားကြည့်ရင်လဲ မဆိုးဘူး။

လွယ်ကူပြီး စွန့်စားမှုနည်းသည်။

သူက ပိုက်ဆံသေလောက်အောင် လိုအပ်​နေသူ မဟုတ်ဘူး။

ဒါပေမဲ့ သူများလည်ပင်းပေါ် ဓားထောက်စရာ အလုပ်မဟုတ်သရွေ့ ဘယ်သူက ငြင်းမှာလဲ?

ထိုအချိန်မှာ ဟောင် စိတ်ထဲမှ ဆက်သွယ်လိုက်၏။

‘စနစ် စာချုပ်ယူခဲ့တော့’

ဟောင် လက်လှမ်းနိုင်တဲ့ နေရာ ကွက်တိလောက်မှာ အနက်ရောင် ဗလာနေဟာနယ် တစ်ခု ပွင့်သွားခဲ့သည်။

ထိုထဲမှ စာလိပ်တစ်ခု ထွက်လာ၏။

ဟောင်ရဲ့ လက်ပေါ်မှာ ဝဲပျံပြီး ရပ်တန့်သွားသည်။

ဟွာဖေးရှုကော ယွဲ့ရှုယန်ကော သတိမထားမိလိုက်ပေ။

ဒါပေမဲ့ ထျန်းလု သတိထားမိလိုက်သည်။

မျက်နှာဖုံးအောက်က သူ့ရဲ့မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။

အတိအကျ သူ မတွေ့ခဲ့ရပေမဲ့ သူ ခံစားလို့ ရသည်။

သူ့ရဲ့ ဦးရေခွံတင်းသွားပြီး တစ်ကိုယ်လုံးက အာရုံကြောတွေ တောင့်သွားသည်။

သူ အတိတ်မှာတုန်းက မိစ္ဆာဂိုဏ်းတွေရဲ့ အပြုံလိုက်သတ်ဖြတ်မှုကြားမှာလဲ မျက်တောင် တစ်ချက်မခတ်ဘဲ ဖြတ်လျှောက်ဖူးပါသည်။

ဒါပေမဲ့ ဒီစာလိပ်က…?

ဒီစာလိပ်က သူ့ရဲ့လက်နက်ကို မသိစိတ်က ဆုတ်ကိုင်မိသည်အထိ ဖြစ်စေခဲ့သည်။

စက္ကန့်အနည်းငယ်ပဲ ကြာခဲ့သော်ငြား သူ အမြန် သတိကြီးသွားခဲ့သည်.

ဟောင် ပုံမှန်လိုပဲ စာလိပ်ကို ဖြန့်ပြီးနောက်မှာ ထိုသူကို ကမ်းပေးလိုက်သည်။

“ ဒါက အလုပ်အတွက်စာချုပ်ပဲ။ ဖတ်ကြည့်ပေါ့”

“ မင်းသိချင်သမျှ အားလုံးအတွက် အဲ့မှာ အဖြေရှိတယ်”

ထျန်းလု ပြန်မဖြေပေ။

သူ စာလိပ်ကိုပဲ ယူလိုက်သည်။

သူ့ရဲ့လှုပ်ရှားမှုက နှေးကွေးသွားပြီး သတိတော့ထားနေဆဲပင်။

အရာအားလုံးအခု ပုံမှန်ဖြစ်သွားပြီ။

ဒါပေမဲ့ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်လောက်က သူ့ကို နတ်ဘုရားက စောင့်ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။

သူ စာလိပ်ကို ဖွင့်ဖို့ အသင့်ဖြစ်နေခဲ့ပြီ။

တစ်စုံတစ်ခုက သူ့ကို ဆွဲဆောင်ထားသည်.. သိချင်စိတ်လား ပင်ကိုယ်ဗီဇလား မသိနိုင်ပေမဲ့ပေါ့…။

ဒါက ဖုံးကွယ်ထားတဲ့ ထောင်ချောက်ဖြစ်ရင်တောင်မှ သူ ကိုယ်တိုင် အတည်ပြုချင်သည်။

ထျန်းလု ဖွင့်ကြည့်လိုက်သည်။

အထဲက စာချုပ်က ရိုးရှင်းလေ၏။

All Chapters