← Chapters

ဓမ္မပုံစံကိုဖျက်ဆီးခြင်း

Vol. 41 Ch. 763

ဓမ္မပုံစံကိုဖျက်ဆီးခြင်း

Vol. 41 Ch. 763

နဂါးနက်မှော်ဆရာနှင့်ကူဆာတို့သည် နှစ်ဦးလုံး ထိတ်ထိတ်ပျာပျာဖြစ်ကာ လန့်ဖြပ်သွားကြသည်။

သူတို့သည် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူဝမ်တောက်အားဖြင့် ကောင်းကင်ဘုံအစွန်း မသေမျိုးမြို့ကို ချိုးဖျက်ရန်အတွက် သံသယကင်းစွာပင် ဆယ်ဆပိုမို၍ ခက်ခဲသွားတော့မည် ဖြစ်သည်။

“ညီအစ်ကိုနဂါးနက်…”

ကူဆာ၏အမူအရာက အလွန်ရှုံ့မဲ့နေသည်။

ထိုအချိန်တွင် သူသည် သူတို့အစီအစဉ်ကိုဆက်လုပ်ရမည်လား မသေချာခဲ့ပေ။

အကယ်၍ သူတို့ဆက်သွားခဲ့လျှင် သူတို့ဘက်မှ ဆုံးရှုံးရမည်ကို ကြိုမြင်နိုင်ပါသည်။

သို့သော် အကယ်၍ သူတို့ ဆက်မသွားရန် ဆုံးဖြတ်ခဲ့လျှင် ယခုအချိန်ထိရောက်လာပြီးနောက်မှ ဝမ်းနည်းဖွယ်ကောင်းစွာ ပြန်ဆုတ်ရခြင်းသည်လည်း သူတို့လက်မခံနိုင်သော အရာတစ်ခုဖြစ်သည်။

“ညီအစ်ကို ကူဆာ၊ အခုအခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ငါတို့အခြားရွေးချယ်စရာ ရှိသေးလို့လား?”

နဂါးနက်မှော်ဆရာက ရုတ်တရက် ကောင်ကင်းအစွန်းမသေမျိုးမြို့ဘက်သို့ လည့်ကြည့်လိုက်သည်။

ထိုနေရာတွင် ဝမ်တောက် ပြောင်းလဲထားသောနက္ခတ်တာရာစွမ်းအင် ဓမ္မပုံစံသည် သူတို့ပေါ်တွင် ရှိနေခဲ့ပါသည်။

“မင်းက အရမ်းတွေးလွန်းနေပြီ။”

ကူဆာ၏မျက်လုံးထဲတွင် ပြင်းထန်သည့်အကြည့်က ပေါ်လာခဲ့သည်။

“အခြားတစ်ဖက်က ကစားချင်နေမှတော့၊ ညီအစ်ကိုနဂါးနက်၊ သူတို့နဲ့အတူ ကစားလိုက် ကြတာပေါ့။”

စကားပြောရင်းနှင့် ကူဆာ၏နောက်တွင်၊ ပေတစ်သောင်းခန့်မြင့်သည့် ဓမ္မပုံစံတစ်ခုက ရုတ်တရက် သိပ်သည်းလာခဲ့သည်။

၎င်းသည် ကြောက်စရာကောင်းသည့် ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့် ပင်လယ်နတ်ဆိုး ဖြစ်သည်။

လက်တစ်ချောင်းချင်းဆီတိုင်းက လက်နက်များ ကိုင်ဆောင်ထားသည်။

သုံးခွမှိန်း၊ ဓားရှည်၊ ကြီးမားသောတူ သို့ သံချိန်းကြိုးများဖြစ်သည်။

ပြီးနောက် ထိုလက်နက်များသည် သူ၏ဆန္ဒအတိုင်း ဆက်တိုက်ပြောင်းလဲနိုင်သည်။

ဟိန်းသံများ၊

တစ်ချိန်တည်းတွင်။

နဂါးနက်မှော်ဆရာ၏ ကြီးမားသည့်ဓမ္မပုံစံနောက်မှ အနက်ရောင်နေတစ်စင်းသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုအချိန်တွင်ကောင်းကင်တစ်ခုလုံးသည် အနက်ရောင်အရိပ်ဖြင့်ဖုံးလွမ်းထားပုံရကာ ထိုအရာကို မြင်သူတိုင်းကို အဆုံးမဲ့ကြောက်လန့်မှုကို ဖြစ်သွားစေသည်။

၎င်းသည် နဂါးနက်မှော်ဆရာ၏ ဓမ္မပုံစံ အနက်ရောင်နေဓမ္မပုံစံဖြစ်သည်။

“ဟမ့်။”

ဝမ်တောက်သည် အေးစက်စွာ ထေ့ငေါ့လိုက်သည်။

ခနအကြာတွင်၊ အေးစက်သည့်အလင်းများဖြင့် တောက်ပနေသောမရေတွက်နိုင်သည့် အရိပ်ဓားများသည် ရုတ်တရက် ပေါ်လာခဲ့သည်။

၎င်းသည် ကောင်းကင်အစွန်းမသေမျိုးမြို့၏ အကာအကွယ်အစီအရင်၏စွမ်းအားဖြစ်သည့် ထိုက်ကျီဓားအစီအရင်ကို အသက်သွင်းထားခြင်းဖြစ်သည်။

ချက်ခြင်းပင်၊ ပြင်းထန်သည့် အသံများက ကောင်းကင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့်လှိုင်းများက ချက်ခြင်းပင် မိုင်သောင်းချီထိပျံ့နှံ့သွားခဲ့သည်။

ဗလာနယ်ပြန်အဆင့်သို့ ထိုးဖောက်ပြီးသော ကျင့်ကြံသူများသည် တစ်ချက်လှုပ်ရှားရုံမျှဖြင့် ကြယ်များကို ရှင်းလင်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ပြီးနောက် ၎င်းသည် ဓမ္မပုံစံအဆင့်၏သာမန်လုပ်နိုင်စွမ်းပင်ဖြစ်သည်။

ကောင်းကင်အလင်းအဆင့်သို့ ရောက်ချိန်တွင် သူတို့၏လုပ်နိုင်စွမ်းမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းမည်မှာ မေးခွန်းထုတ်စရာမရှိပါ။

ထိုအချိန်တွင်၊

ကောင်းကင်တစ်ခုလုံးနှင့် မြေကြီးသည် ပြင်းထန်စွာတုန်လှုပ်လာခဲ့သည်။

ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ကို ဝန်းရံထားသည့်ပင်လယ်သည် အဆင့်တစ်ရာရှိသော လေပြင်းမုန်တိုင်းတိုက်နေပုံရကာ ချက်ခြင်းပင်၊ ပေသောင်းချီမြင့်သည့် လှိုင်းများသည် လောကတစ်ခုလုံးကိုဖျက်ဆီးရန် ရည်ရွယ်ထားသကဲ့သို့ဖြစ်နေသည်။

မြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုကဲ့သို့ကြီးမားသည့် အခြေအနေသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့အတွင်းတွင် ရှိနေသော ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့ သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။

ထိုအချိန်တွင် သူတို့သည် ဝမ်တောက်၏ဘေးတွင် စုဝေးနေကြကာ၊ မြို့ပြင်မှ တိုက်ပွဲအား စိတ်မသက်မသာအမူအရာဖြင့် ကြည့်နေကြသည်။

“ဂျူနီယာညီလေးကျန်း၊ ဂျူနီယာညီမလေး ဟုန်မေ၊ ကောင်းကင်အလင်းအဆင့် နတ်ဆိုးနဲ့ ပင်လယ်နက်လေလွင့်သူတွေကို ငါ့ကိုအပ်ထား။

ကျန်တဲ့ ဓမ္မပုံစံအဆင့်ကျင့်ကြံသူတွေက မင်းတို့ ရင်ဆိုင်လိုက်။

မှတ်ထား။ အစီအရင်ရဲ့ ပိုင်နက်အတွင်းကနေ မထွက်သွားနဲ့။ နဂါးနက်မှော်ဆရာနဲ့ ကူဆာတို့ရဲ့ အာရုံကို ဆွဲဆောင်မိရင် မင်းတို့ အန္တရာယ်များလိမ့်မယ်။” ဝမ်တောက်က အလေးအနက်ပြောလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့သည် ကောင်းကင်ဘုံအလင်းအဆင့်ပြိုင်ဘက်များသည် ထိုအချိန်၌ သူတို့ ရင်ဆိုင်နိုင်သော ပြိုင်ဘက်များ မဟုတ်ကြောင်း နားလည်ပါသည်။

ကျန်းချန်ရွှမ်သည်ပင် သူ၏အင်အားနှင့် ကောင်းကင်အလင်းအဆင့်ပြိုင်ဘက်နှင့် တိုက်ခိုက်နိုင်သော်လည်း ထိုကဲ့သို့ စွန့်စားမှုမျိုး ပြုလုပ်ရန်မလိုအပ်ပါ။

ဝမ်တောက်သည် ထိုနှစ်ဦးကို ကိုင်တွယ်နိုင်သည့် ယုံကြည်ချက်ကို ပြထားသဖြင့်၊ သူတို့သည် သူ့ထံ၌သာအပ်ထား၍ ကျန်သော ဓမ္မပုံစံအဆင့် ကျင့်ကြံသူများကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။

“ဂျူနီယာမောင်လေးကျန်း၊ တစ်ယောက်တစ်ဘက်ဆီ တိုက်ကြတာပေါ့။” ဟုန်မေက အကြံပေးလိုက်ကာ သူဘက်နှင့် သူမ၏ဘက်ကိုပြလိုက်သည်။

ကျန်းချန်ရွှမ်ကလည်း သဘောတူလျက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါြပီ။ ပြသနာမရှိပါဘူး။”

ထိုသို့ဖြင့် ကျန်းချန်ရွှမ်သည် သူ၏နေရာသို့ ပျံသန်းသွားခဲ့သည်။

သူနှင့် မနီးမဝေးတွင် ပင်လယ်နက်လေလွင့်သူမျိုးနွယ်မှ ဓမ္မပုံစံအဆင့်ကျင့်ကြံသူနှစ်ဦးသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ အကာအကွယ်ကို ဒေါသကြီးစွာ တိုက်ခိုက်နေကြသည်။

ကျန်းချန်ရွှမ်၏ မျက်လုံးက ချက်ခြင်းပင် အေးစက်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။

သူ၏နောက်တွင် ပေသောင်းချီမြင့်သော ဓမ္မစစ်မှန်ပုံစံက ချက်ခြင်းပေါ်လာပြီး သူနှင့်ဆင်တူကာ ဒြပ်စင်ငါးပါး၏အရောင်အဝါက ရစ်ပတ်နေလေသည်။

၎င်းသည် သူ၏မူလဝိညာဉ်မှ ပြောင်းလဲလာသော ဓမ္မပုံစံ၊ ဒြပ်စင်ငါးပါး ဓမ္မပုံစံဖြစ်သည်။

သူသည် လက်ကိုယမ်းလိုက်ကာ ပြီးနောက် အဆုံးမဲ့သော မီးတောက်များသည် ကောင်းကင်ပေါ်မှ လောင်းကျလာကြသည်။

မီးတောက်တစ်ခုဆီတိုင်းသည် ပေါက်ကွဲနိုင်ချေရှိသော ဒြပ်စင်များနှင့် ပေါင်းစပ်ထားသည်။

ပြီးနောက် ထိုမီးတောက်များက ဓမ္မပုံစံအဆင့်ရှိသော ပင်လယ်နက်လေလွင့်ကျင့်ကြံသူနှစ်ဦးနှင့် တိုက်သွားလျှင် သူတို့သည် ချက်ခြင်းပင် ပြင်းထန်သောပေါက်ကွဲခြင်းဖြင့် ပွင့်ထွက်သွားသည်။

ဂျုန်း…..

ကြီးမားသည့် မှိုပွင့်သဏ္ဍာန်တိမ်တိုက်က ကောင်းကင်ပေါ်တွင် ပျံဝဲသွားသည်။

ပင်လယ်နက်လေလွင့်ကျင့်ကြံသူနှစ်ဦး၏အမူအရာများက အကြီးအကျယ်ပြောင်းလဲသွားကြသည်။

“ဒီစွမ်းအားက…”

သူတို့မတုံ့ပြန်နိုင်ခင်၌ပင်၊ ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းက ဖြစ်ပေါ်လာခဲ့သည်။

ပေသောင်းချီမြင့်မားသည့် ကြီးမားသော တောင်ကြီးများသည် ကောင်းကင်ပေါ်မှ အမြောက်ဆံကဲ့သို့ ကျလာကာ သူတို့ပေါ်သို့ ကြောက်စရာကောင်းသောဖျက်ဆီးနိုင်စွမ်းဖြင့် ဖျက်ဆီးကာ ပင်လယ်နက်လေလွင့်ကျင့်ကြံသူနှစ်ဦး၏ မျက်ဆံကို ကျဉ်းမြောင်းသွားစေသည်။

“သေစမ်း။”

ချက်ခြင်းပင်၊ ကြီးမားသည့်ပုံရိပ်များက သူတို့၏နောက်တွင်ပေါ်ထွက်လာပြီး ကြီးမားသော ရေနဂါးများသည် ပင်လယ်ရေမျက်နှာပြင်မှ ပျံဝဲတက်လာကာ၊ ကျလာနေသော တောင်များကို မြင်လျှင် ဟိန်းဟောက်မြည်တမ်း နေကြလေသည်။

ဝုန်း…ဝုန်း…ဝုန်း….

သိပ်သည်းသောတိမ်တိုက်ဖုန်မှုန့်များက ကောင်းကင်ပေါ်တွင် မရေတွက်နိုင်သော မိုင်ပေါင်းများစွာ ထိ ယာယီထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ထဲမှ များစွာသော ကျင့်ကြံသူများက တိုက်ပွဲကို ရှင်းလင်းစွာ မမြင်ရသော်လည်း၊ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားက ဗလာနယ်ပြန်နတ်ဘုရားအရှင်တို့ထံမှ ထွက်ပေါ်လာသည်ကိုတော့ ရှင်းလင်းစွာ ခံစားမိနေကြသည်။

ထိုအချိန်တွင် တောက်ပသည့် ရွှေရောင်လိုင်းက သိပ်သည်းသောမြူမှုန်များကြားမှ ထွက်လာခဲ့သည်။

ကျယ်ပြောသည့် ပင်လယ်၏အပေါ်တွင်၊ ထက်ရှသည့် ဆူးတောင်များနှင့် အနက်ရောင် အကြေးခွံများ ဖုံးလွမ်းနေပြီး အဆုံးမဲ့ လှိုင်းများဖြင့် ဝန်းရံကာ ပေတစ်သောင်းခန့်မြင့်သည့် ဓမ္မပုံစံတစ်ခုက ရုတ်တရက် တစ်ဝက်ပိုင်းဖြတ်ခံလိုက်ရသည်။

ပြီးနောက် ဝှစ်ဟူသောအသံတစ်ခုဖြင့်၊ ထိုဓမ္မပုံစံသည် အလင်းမှုန်များအဖြစ်ပျောက်သွားကာ အဝေးသို့လွင့်စင်သွားခဲ့သည်။

“ဘာ?”

ထိုမြင်ကွင်းသည် ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် တိုက်ခိုက်နေသည့် ပင်လယ်နက်လေလွင့် ကျင့်ကြံသူနှစ်ဦး၊ အထူးသဖြင့် ဓမ္မပုံစံပျက်စီးသွားရသော ဆံပင်အညိုနှင့်လူအား ထိတ်လန့်သွားစေသည်။

သူ၏မျက်လုံးများက ပြင်းထန်ကာ မဖြိုခွဲနိုင်သည့် ထိတ်လန့်ခြင်းဖြင့် ပြည့်နေလေသည်။

၎င်းသည် သူနှစ်ပေါင်းသုံးထောင်တိုင်အောင် ဖွဲ့စည်းထားရသော ဓမ္မပုံစံတစ်ခုဖြစ်သည်ကို သိရမည်ဖြစ်သည်။

မှော်စွမ်းအား၊ အင်အား သို့ ခုခံခြင်းနှင့် ပက်သက်ပါစေ၊ ၎င်းသည် ဓမ္မပုံစ့အဆင့်ကျင့်ကြံသူများ အကြားတွင် ထိပ်တန်းအဖြစ်သတ်မှတ်နိုင်ပါသည်။ သို့သော် ရလဒ်ကမူ…

လုံးဝမမျှော်လင့်ထားခဲ့မိပါ။

ခီ..ခီ…ခီ..

ထိုအချိန်တွင်၊ ကြီးမားသည့် ရွှေရောင်လိုင်းသုံးခုသည် ရုတ်တရက်ထပ်မံပေါ်လာပြီး အနောက်တွင် အတောင်များပါကာ အဆုံးမဲ့လှိုင်းများဖြင့် လွမ်းခြုံနေ၍ ပေသောင်းချီမြင့်သော အခြား ဓမ္မပုံစံတစ်ခုအား လေထဲတွင်ပင် အေးခဲသွားစေသည်။

***

All Chapters