အဆင့် ၇ ခန္ဓာကိုယ်မွမ်းမံခြင်း၊ ဆီးသီး၏စွမ်းအားများ
Vol. 41 Ch. 767
ကျီ….
ရုတ်တရက်ကျယ်လောင်သွားသော အသံက ကောင်းကင်နှင့် မြေကြီးကို ခွဲခြားလိုက်ပုံပေါ်ကာ ဖျက်စီးခြင်းအရောင်အဝါများ နှင့် ပြည့်နေသော အနက်ရောင်ဓား၏အလင်းက ပင်လယ်ပေါ်တွင် ပေါက်ကွဲသွားခဲ့သည်။
ဝုန်း….
ချက်ခြင်းပင်၊ ထိုပင်လယ်၏မျက်နှာပြင်သည် သေကြေသည့်နေရာဖြစ်သွားကာ အနက်ရောင် အလင်း၏ လှိုင်းများဖြင့် ပျက်စီးနေလေသည်။
လူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်သောပုံစံများပေါ်လာခဲ့သည်။
“ဒါက ဝိညာဉ်ရတနာပဲ။ ပြီးတော့ တိုက်ခိုက်ခြင်းစွမ်းအားကိုအထူးပြုထားတာ။”
ဝုန်း…
ထိုအချိန်တွင် ပင်လယ်၏ ထိုနေရာအစိတ်အပိုင်း၌ ဓမ္မစွမ်းအားလိမ့်တက်လာခဲ့ပြီး ဂယက်ထ နေလေသည်။
အရိပ်များသည် ဦးဆောင်လာသည့်ပုံရိပ်၏ အစစ်မှန်မျက်နှာနှင့်အတူ လေဟာနယ်မှ ထွက်ပေါ်လာကြလေသည်။
ထိုပုံရိပ်မှ ထွက်ပေါ်လာသောအရောင်အဝါသည် ပေါ်ယွမ်ထပ် အားမနည်းပေ။
“သွေးနှောမျိုးနွယ်လား?”
ဝမ်တောက်နှင့် ဟုန်မေတို့၏ မျက်စိသူငယ်အိမ်များသည် ကျဉ်းမြောင်းသွားခဲ့သည်။
သူတို့သည် ပင်လယ်နက်လေလွင့်သူနှင့် နတ်ဆိုးတို့အပြင် တတိယအုပ်စုရှိမည်ဟု မမျှော်လင့်ထားခဲ့သည်။
ထို့အပြင်၊ ၎င်းသည် ဖုံးကွယ်ခြင်းနှင့် ခိုးဝှက်ခြင်းတို့တွင် အကောင်းဆုံးဖြစ်သည့် သွေးနှောမျိုးနွယ်များ ဖြစ်သည်။
သူတို့ယခင်က ခြေရာခံနိုင်ခြင်းမရှိသည်မှာ အံ့ဩစရာမရှိတော့ပါ။
သူတို့၏တည်ရှိမှုအား ကျွမ်းကျင်စွာ ဖုံးကွယ်ထားကြပုံရပါသည်။
“သွေးနှောတွေ၊ ဒါဘာကိုဆိုလိုတာလဲ? မင်းတို့က ငါတို့လူသားနဲ့ ဟောက်ရန်ဂိုဏ်းနဲ့ ရန်သူတွေလုပ်တော့မယ်လို့ ရည်ရွယ်ထားတာလား??”
ဝမ်တောက်သည် ချက်ခြင်းသည် မေးခွန်းထုတ်လိုက်သည်။
သို့ရာတွင် သွေးနှောမျိုးနွယ်က တုံ့ပြန်ခြင်းမရှိပေ။
သွေးနှောများ၏ အကြီးအကဲချုပ်အရိပ်မဲ့သည် ကျန်းချန်ရွှမ်ကိုပင် စိုက်ကြည့်နေလေသည်။
၎င်းသည် ယခင်က လူပင်ဖြစ်သည်။
ကျန်းချန်ရွှမ်ကြောင့်သာမဟုတ်ခဲ့လျှင်၊ သူတို့၏တည်ရှိမှုက ထိုကဲ့သို့လျှင်မြန်စွာ ပေါ်သွားခြင်း မရှိနိုင်ပါ။
ကျန်းချန်ရွှမ်သည် သွေးနှောအကြီးအကဲချုပ် အရိပ်မဲ့၏အကြည့်ကြောင့် သူ၏ဝိညာဉ်ရတနာ အမြစ်ဖြတ်ဓားကို ထပ်မံ၍ မြင့်လိုက်သည်။
ကျီ….
ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်ဆီးခြင်းအရောင်အဝါက လေထဲတွင် ထပ်မံ၍ ပြန့်သွားသည်။
ဓားတစ်ချက်တည်းဖြင့် သူသည် သွေးနှောအကြီးအကဲချုပ်အရိပ်မဲ့မှ ထုတ်လာသော ကောင်းကင်ဖျက်ဆီးခြင်းစက်လုံးကို လေထဲတွင် ဖျက်ဆီးပစ်လိုက်သည်။
ဝုန်း…
ထိုပေါက်ကွဲခြင်းသည် နားအူမတတ် ဆူညံ့သွားစေခဲ့သည်။
သို့သော် ယခုတင် သွေးနှောအကြီးအကဲချုပ်အရိပ်မဲ့နှင့် အခြားသူများ၏တိုက်ခိုက်မှုကြောင့် ကောင်းကင်ဘုံအစွန်း မသေမျိုးမြို့၏ အကာအကွယ်အစီအရင်၌ အပျက်အစီးကို ဖြစ်ပေါ်စေခဲ့ပါသေးသည်။
ရလဒ်အနေနှင့် အစီအရင်၏အလင်းက မှေးမှိန်သွားခဲ့သည်။
“ညီအစ်ကို အရိပ်မဲ့၊ အတူတူတိုက်ခိုက်ကြရအောင်။ ဆက်ပြီးပုန်းခိုနေဖို့ မလိုအပ်တော့ဘူး။”
ရုတ်တရက်၊ ထိုင်ခုံမြင့်ပေါ်တွင်ထိုင်နေသောပေါ်ယွမ်က သွေးနှောအကြီးအကဲချုပ် အရိပ်မဲ့ကို ကြည့်ကာ ကျယ်လောင်စွာအော်လိုက်သည်။
သူ၏စကားကိုကြားလျှင်၊ သွေးနှောအကြီးအကဲချုပ် အရိပ်မဲ့သည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်လေသည်။
ခနအကြာတွင်၊ ကောင်းကင်နှင့် မြေကြီး၏ကြားတွင် တောက်ပနေသည့် ဓားအလင်းက လမ်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးတော့မည့်စွမ်းအားကို သယ်ဆောင်ထားလေသည်။
ထိုဓားအလင်းများသည် ကျန်းချန်ရွှမ်ယခင်က ထုတ်လွတ်ခဲ့သောတစ်ခုနှင့် ဆင်တူပေသည်။
“အဲ့တာက သွေးနှောတွေရဲ့ အဆုံးမဲ့ဝိညာဉ်ဓားအစီအရင်ပဲ။”
ဝမ်တောက်၏ အမူအရာက ရုတ်တရက် အလေးအနက်ဖြစ်သွားခဲ့သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ဟုန်မေကိုကြည့်ကာ ပြောလိုက်သည်။
“ဂျူနီယာညီလေးကျန်း၊ ဂျူနီယာညီမလေးဟုန်မေ၊ ဒီအစီအရင်က ငါတို့မြို့ရဲ့အကာအကွယ် အစီအရင်ကို ချိန်းခြောက်မှု ဖြစ်လာစေနိုင်တယ်။ ငါအဲ့တာကိုရပ်ရမယ်။
ကျန်တဲ့ကိစ္စတွေကို မင်းတို့နဲ့ပဲထားခဲ့ရတော့မယ်။”
“ဟမ်?”
ဝမ်တောက်၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့်ဟုန်မေတို့သည် အံ့ဩခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကို ခံစားလိုက်ရကာ ရန်သူ၏ပြင်ဆင်ထားမှုများသည် သူတို့ကြိုတင်မျှော်လင့်ထားသည်ထပ် ပို၍ နားလည်ရခက်ကြောင်း သတိပြုမိသွားသည်။
ကျန်းချန်ရွှမ်က သေချာပြောလိုက်သည်။ “စီနီယာအစ်ကိုဝမ်တောက်၊ စိတ်ချပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စီနီယာအစ်မဟုန်မေနဲ့ ကျွန်တော်တို့ အစီအရင်မိန်မသွားအောင် ကျွန်တော်တို့ရဲ့စွမ်းအားနဲ့ အစွမ်းကုန်လုပ်ထားပါ့မယ်။”
“ကောင်းတယ်။”
ဝမ်တောက်က ခေါင်းညိတ်လိုက်သည်။
ပြီးနောက် သူ၏ပုံရိပ်သည် သူတို့၏ရှေ့မှပျောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်။
ပေါ်ယွမ်၊ ကူဆာနှင့် နဂါးနက်မှော်ဆရာတို့သည် သူတို့၏နောက်တွင် ပေထောင်ချီမြင့်သည့် ဓမ္မပုံစံများကို ထုတ်လွတ်ထားကြပြီး ကောင်းကင်အစွန်းမသေမျိုးမြို့သို့ တိုက်ခိုက်မှုကို ပစ်လွတ်လိုက်ကြသည်။
ဝုန်း…
မြို့ပေါ်ရှိ အကာအကွယ်အစီအရင်သည် ပြင်းထန်စွာ တုံ့ပြန်ခဲ့လေသည်။
ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့၏အမူအရာများသည်ထိုအရာကြောင့် အနည်းငယ် ပြောင်းလဲသွားကြသည်။
ကျန်းချန်ရွှမ်ကပြောလိုက်သည်။ စီနီယာအစ်မဟုန်မေ၊ မျိုးနွယ်စုသုံးခုက ဓမ္မပုံစံအဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ပေးပါ။ ဒီနေရာကိုကျွန်တော်နဲ့ထားခဲ့လိုက်ပါ။” ဟုန်မေသည် ကျန်းချန်ရွှမ်အား စိုက်ကြည့်ကာ တည်ငြိမ်စွာခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။”
ဟုန်မေ၏ပုံရိပ်သည် သက်တန့်အဖြစ်ပြောင်းလဲသွားကာ ပျောက်သွားခဲ့သည်။
ကျန်းချန်ရွှမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။
ခနအကြာတွင်၊ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်စတင်၍ မြင့်မားလာခဲ့သည်။
ပေသုံးရာ၊ ပေရှစ်ရာ၊ ပေတစ်ထောင်၊ ပေသုံးထောင်…
မျက်စိတစ်မှိတ်အတွင်းတွင်၊ ကျန်းချန်ရွှမ်၏ပုံရိပ်သည် ပေ ၃၀၀၀ ထိရောက်သွားခဲ့သည်။
သူ၏အရွယ်အစားသည် ပေါ်ယွမ်နှင့် အခြားသူများနှင့် ယှဉ်လျှင်သေးငယ်နေသေးသော်လည်း သူတို့၏အကြည့်အား ကျန်းချန်ရွှမ်က ဆွဲဆောင်နေသေးသည်။
“အဆင့် ၇ ခန္ဓာမွမ်းမံကျင့်ကြံသူ။” ပေါ်ယွမ်သည် အံ့အားသင့်စွာရေရွတ်လိုက်သည်။
ဝုန်း…
ကျန်းချန်ရွှမ်သည် သူ၏လက်ဖဝါးကိုထုတ်လိုက်ကာ ရုတ်တရက် လောကက ပြောင်းပြန်လည့်သွားသလို ဖြစ်သွားသည်။
ဖြူး…
ကြယ်များသည် သူ၏လက်ဖဝါးထဲတွင်ပေါ်လာခဲ့သည်။
သူ၏လက်များတွန်းလိုက်သည်နှင့် သူ၏ရှေ့မှနေရာလပ်သည် ကြောက်ရွံ့ဖွယ်စွမ်းအားဖြင့် ပေါက်ကွဲသွားကာ ပေါ်ယွမ်နှင့် အခြားကောင်းကင်အလင်းအဆင့်ကျင့်ကြံသူနှစ်ဦး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။
ကျန်းချန်ရွှမ်သည် သူ၏ကန့်သတ်ချက်ကိုပင်မရောက်သေးပါ။
သူ၏နောက်တွင် နဂါးနှင့် ဆင်တို့၏အရိပ်များပေါ်လာသည်နှင့် သူ၏လက်ဖဝါးသည် ပေသောင်းချီ ကျယ်အောင် ပြောင်းလဲသွားပြီး အရာအားလုံးကိုဖျက်ဆီးနိုင်သည့် လုပ်နိုင်စွမ်းကို သယ်ဆောင်ထားပြီး သူတို့သုံးဦးဆီသို့ ရောက်လာခဲ့သည်။
“ဘယ်လိုမာနကြီးနေတဲ့ ကောင်လဲ။”
ပေါ်ယွမ်နှင့် အခြားသူများ၏ မျက်စိသူငယ်အိမ်များသည် စူးရှသွားကြသည်။
ကျီဟူသောအသံမြည်သွားခဲ့သည်။
လခြမ်းကဲ့သို့ ဓားသွားသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
လျှင်မြန်သောအရှိန်ဖြင့် ဓားအလင်းသည် ပေသန်းပေါင်းများစွာလည့်ပတ်နေကာ ကျန်းချန်ရွမ် ထုတ်လိုက်သည့် လက်ဖဝါးအား ဖြတ်သန်းသွားသည်။
ဝုန်း..
ကြောက်မက်ဖွယ်ကောင်းသောဓားအလင်း၏အောက်တွင် ကျန်းချန်ရွှမ်၏လက်ဖဝါးတွင် သွေးများဖြန်းသွားခဲ့ကာ တစ်လက်မချင်းဆီကွဲကြေသွားခဲ့သည်။
သို့ရာတွင် သူတို့သည်မြန်ဆန်စွာ ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။
ကောင်းကင်ပေါ်တွင်။
နဂါးငွေ့တန်းပျက်စီးသွားသည့် မြင်ကွင်းကဖြတ်သန်းသွားသည်။
ပြီးနောက်၊ ကျန်းချန်ရွှမ်၏ပို၍ ရှိန်လောက်သည့်လက်ဖဝါးသည် သူတို့ထံသို့ထပ်မံ၍လာနေသည်။
“ချိုးဖျက်စေ။”
နဂါးနက်မှော်ဆရာသည် သူ၏ဝိညာဉ်ရတနာ နဂါးမျှော်စင်ကို ဆင့်ခေါ်လိုက်သည်။
လေသည် နဂါးအော်သံများဖြင့် ပြည့်သွားကာ မရေတွက်နိုင်သည့်နဂါးများသည် ကျန်းချန်ရွှမ်၏ လက်ဖဝါးပေါ်တွင် ရစ်ပတ်လာခဲ့သည်။
ခီ…ခီ..ခီ….
သာမန်မျက်စိနှင့် မြင်နိုင်သည်အထိ ကျန်းချန်ရွှမ်၏လက်ဖဝါးသည် လောင်ကျွမ်းနေသည့် အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး ပြာအဖြစ်သို့ပြောင်းလဲသွားလေသည်။
နဂါးနက်မှော်ဆရာနှင့်ပေါ်ယွမ်တို့ အံ့ဩသွားရစေရန်၊ နဂါးမျှော်စင်အားဖြင့် ကျန်းချန်ရွှမ်၏ လက်ဖဝါးသည် လောင်ကျွမ်းသွားပြီးနောက်၊ လက်ဖဝါးအသစ်သည် အဝေးရှိကောင်းကင်ပေါ်မှ ထွက်ပေါ်လာပြီး ကြယ်များလှုပ်ရှားသကဲ့သို့ သူတို့ထံသို့လာနေပြန်သည်။
“မပြီးနိုင်သေးဘူး ဟုတ်လား?”
ကူဆာထံမှထွက်ပေါ်နေသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ဓမ္မပုံစံသည် တစ်ပြိုင်နက်ထဲ လှုပ်ရှားလိုက်သည်။
ချက်ခြင်းပင်၊ ဝိညာဉ်ရတနာ လက်နက်ခြောက်ခုသည် ကျန်းချန်ရွှမ်၏လက်ဖဝါးကို တိုက်ခိုက်လိုက်လေသည်။
ဝုန်း….
သို့ရာတွင်၊ ထိုအချိန် ထိုသုံးဦးထိတ်လန့်သွားစေရန် ကူဆာ၏လက်နက်ခြောက်ခုသည် ကျန်းချန်ရွှမ်၏ လက်ကို မည်သည့်ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။
“ဘာဖြစ်တာလဲ?”
ပေါ်ယွမ်၏ ဓမ္မပုံစံက ထုတ်လွတ်လိုက်သည်။
ကျီ…..
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏လက်ဖဝါးသည်မျက်နှာပြင်ပေါ်တွင် အနည်းငယ်ရှသွားခဲ့သည်။
***