ဒြပ်စင်ငါးပါး သုတ်သင်ခြင်းဓားချီ
Vol. 41 Ch. 768
“ဘာ?”
သုံးဦး၏အမူအရာက ထိုအချိန်တွင် ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ပြိုင်ဘက်က ဓမ္မပုံစံအဆင့်သာရှိသေးသော်လည်း သာမန်ကောင်းကင်အလင်း အဆင့်ကျင့်ကြံသူတစ်ဦးနှင့် အင်အားချင်းယှဉ်နိုင်ကြောင်း သူတို့သတိပြုမိကြသည်။
မည်သို့သောသူကိုသူတို့ရင်ဆိုင်နေရပါသနည်း??
ပေါ်ယွမ်နှင့်အခြားသူများသည် ဓမ္မပုံစံအဆင့်တွင် ကောင်းကင်အလင်းအဆင့်၏စွမ်းအားကို ပြသခြင်းသည် မည်သည်ကိုဆိုလိုကြောင်း သေချာစွာသိပါသည်။
ဝုန်း…
နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏လက်ဖဝါးသည် အတားအဆီးများအားဖြတ်ကျော်ကာ ပေါ်ယွမ်နှင့် အခြားသူများထံသို့ရောက်သွားခဲ့သည်။
“ဟမ်..”
ပေါ်ယွမ်ကထေ့ငေါ့လိုက်သည်။
ခနအကြာတွင်၊ ကြီးမားသည့် ပါးစပ်ကြီးက သူ၏နောက်တွင်ပေါ်လာခဲ့ပြီး ကျန်းချန်ရွှမ်၏ ချဉ်းကပ်လာသည့် လက်ဖဝါးကို တစ်ချက်ထဲ ဝါးမြိုပစ်လိုက်သည်။
သို့ရာတွင်၊ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်၏လက်ကို မြိုလိုက်သည့် ကြီးမားသည့်ပါးစပ်ကြီးသည် ရုတ်တရက် မရေတွက်နိုင်သည့် အနက်ရောင်ဓားချီများဖြင့်ပေါက်ကွဲကာ အလွန်စွမ်းအားကြီးသည့် ဖျက်ဆီးခြင်း ဓားရည်ရွယ်ချက်ကို ထုတ်လွတ်လိုက်လေသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”
ပေါ်ယွမ်နှင့် အခြားနှစ်ဦး၏မျက်စိသူငယ်အိမ်များက ကျဉ်းမြောင်းသွားခဲ့သည်။
ထိုပါးစပ်ထဲတွင် အဆုံးမဲ့ဖျက်စီးခြင်းအရောင်အဝါများနှင့် လည့်ပတ်နေသော ဓားတစ်လက်သည် တစ်ခနအကြာတွင်ပင် ၎င်းကို အစိတ်စိတ်ဖြတ်လိုက်လေသည်။
၎င်းသည် ကျန်းချန်ရွှမ်၏ အမြစ်ဖြတ်ဓားပင်ဖြစ်သည်။
“ဟမ့်၊ မင်းရောက်လာပြီဆိုမှတော့ နေလိုက်တော့။” ပေါ်ယွမ်၏မျက်လုံးသည် ရုတ်တရက် အေးစက်သည့် အရောင်အဝါဖြင့် တောက်ပသွားသည်။
များစွာသော လက်များက သူ၏ခန္ဓာကိုယ်မှထွက်လာပြီး ဓားအလွှာတစ်ဆင့်ပြီးတစ်ဆင့် အဖြစ် ရစ်ပတ်စေခဲ့သည်။
“ဖျက်စီးကြ။”
ကျန်းချန်ရွှမ်သည် ရှုပ်ထွေးသည့် လက်စည်းကိုဖွဲ့စည်းလိုက်သည်။
ခနအကြာတွင်၊ အမြစ်ဖြတ်ဓားသည် တောက်ပသည့် ငါးရောင်ခြယ်အလင်းအဖြစ် ပေါက်ထွက်သွားကာ အဆုံးမဲ့အမြစ်ဖြတ်ခြင်း အရောင်အဝါကိုထုတ်လွတ်နေသည်။
“ပြီးတော့ ဒါက..?”
ကူဆာနှင့် အနက်ရောင်နဂါးမှော်ဆရာ၏မျက်လုံများသည် အံ့အားသင့်မှုဖြင့်လက်သွားခဲ့သည်။
ပြီးနောက် သူတို့သည် အလွန်အံ့ဩဖွယ်ကောင်းသည့် မြင်ကွင်းကိုမျက်မြင်တွေ့လိုက်ရသည်။
မတူညီသောအရောင်ငါးရောင်ရှိသည့် ဓားချီသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခီ…ခီ…ခီ….
ချက်ခြင်းပင်၊ အားလုံးသော ရေဘဝဲကဲ့သို့လက်တံများသည် ၎င်းကို ရစ်ပတ်သွားခဲ့သည်။
ပြီးနောက် ငါးရောင်ခြယ်အလင်းက တစ်ခုတည်းအဖြစ်ပြောင်းလဲသွားပြီး ပေါ်ယွမ်ဆီသို့ ဦးတည်ကာ လာနေခဲ့သည်။
ဝုန်း…
ပင်လယ်ရေမျက်နှာပြင်သည် ရုတ်တရက် လေဟာနယ်ဇုန်အဖြစ်ဖွဲ့စည်းသွားကာ မိုင်ပေါင်းများစွာ ကျယ်ပြန်သွားပြီး ရေများအားလုံးသည် နှစ်ဖက်စလုံးသို့ ခွဲခြမ်းသွားခဲ့သည်။
အလယ်တွင် ထက်သော အရောင်အဝါသည် လေထဲတွင် ကန့်လန့်ဖြတ်သွားလေသည်။
အရေးကြီးသည်မှာ ကောင်းကင်အလင်းအထွတ်အထိပ်အဆင့်တွင်ရှိသော ကျင့်ကြံသူ ပေါ်ယွမ်သည် သူ၏ခန္ဓာကိုယ်က ဘာမှမရှိတော့လောက်အောင် ပပျောက်သွားကာ ဖုန်မုန့်အဖြစ်ပြောင်းလဲသွားခဲ့လေသည်။
ကူဆာနှင့် အနက်ရောင်မှော်ဆရာတို့သည် မျက်လုံးများပြူးကာ ထိတ်လန့်၍ မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့သည် ပေါ်ယွမ်က မည်သို့ လူများအရှေ့တွင် ထိုကဲ့သို့ ကြီးမားစွာခံစားးလိုက်ရကြောင်း နားမလည်နိုင်ကြပေ။
၎င်းသည် အမှန်တကယ်ပင် ဓမ္မပုံစံအဆင့်ကျင့်ကြံသူတစ်ဦး၏လုပ်ရပ်ဖြစ်ပါသလား?
မည်သို့သောနတ်ဘုရားစွမ်းအားကို သုံးလိုက်ပါသနည်း?
ထိုအတွေးက သူတို့စိတ်ထဲတွင်ဝင်သွားသည်နှင့် ကျန်းချန်ရွှမ်၏ဓားချက်ကြောင့် ဘာမှ မရှိတော့အောင် ခွဲခြမ်းခံလိုက်ရသော ပေါ်ယွမ်၏ပုံရိပ်သည် စတင်၍ ပြန်လည် ဖွဲ့စည်းလာခဲ့သည်။ သို့ရာတွင် ပြန်လည်ပေါ်လာသည့်ပေါ်ယွမ်၏အရောင်အဝါသည် သိသာစွာ အားနည်းနေခဲ့သည်။
အေးစက်သောအကြည့်ဖြင့် သူသည် ကျန်းချန်ရွှမ်ကိုကြည့်ကာ တဖြည်းဖြည်းနှင့် ရေရွတ်လိုက်သည်။
“ဒြပ်စင်ငါးပါးအမြစ်ဖြတ်ဓားချီ။”
“ဘာ၊ ဒြပ်စင်ငါးပါးအမြစ်ဖြတ်ဓားချီလား?” ပေါ်ယွမ်၏ စကားကိုကြားလျှင် ကူဆာနှင့် နဂါးနက်မှော်ဆရာသည် နောက်ဆုတ်သွားခဲ့သည်။
သူတို့သည် ဒြပ်စင်ငါးပါးတာအိုမှပိုင်ဆိုင်သည့် ဒြပ်စင်ငါးပါးအမြစ်ဖြတ်ဓားချီ၏ နတ်ဘုရားစွမ်းအားနှင့် ဒြပ်စင်ငါးပါးအမြစ်ဖြတ် နတ်ဘုရားအလင်းတို့က ကိုယ်စားပြုသည့် အင်အားကို သိထားကြပါသည်။
ထိုနတ်ဘုရားစွမ်းအားကို သာမန်ဓမ္မပုံစံအဆင့်ကျင့်ကြံသူက ကိုင်တွယ်နိုင်ခြင်းရှိပါသလား?
သူတို့သည် ဝန်မခံချင်သော်လည်း ကူဆာနှင့် နဂါးနက်မှော်ဆရာတို့သည် ကျန်းချန်ရွှမ်က တကယ်ပင် ဒြပ်စင်ငါးပါးအမြစ်ဖြတ် နတ်ဘုရားအလင်းနှင့် ဓားချီကိုပိုင်ဆိုင်သည်ကို တွေ့မြင်ပြီးဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ချက်ခြင်းပင်တိုက်ပွဲပြီးနောက် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ မူလက တုန်လှုပ်နေသောအစီအရင်သည် တကယ်ပင် တစ်ဝက်ခန့် ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အစီအရင်သည် သူ၏မူလအခြေအနေသို့ ပြန်ရောက်ရန်အချိန်သာ လိုအပ်တော့မည်ဖြစ်သည်။
ကျန်းချန်ရွှမ်ကိုမကျော်ဘဲနှင့် မြို့၏အစီအရင်အားချိန်းခြောက်မှုဖြစ်စေနိုင်ရန်မှာ အလွန်ခက်ခဲသော အရာဖြစ်ပါသည်။
အခြားတစ်ဖက်၌ ဝမ်တောက်နှင့် ဟုန်မေတို့သည်လည်း ထိုအရာကိုမြင်နေကြသည်။ အစီအရင်၏ စွမ်းအားက ပြန်လည်ရရှိလာသည်နှင့် သူတို့သည် ၎င်း၏စွမ်းအားကိုပြန်လည်ရရှိနိုင်ပြီး မူလက အားလျော့နေခြင်းမှ တဖြည်းဖြည်းပြန်လည်၍ အထက်စီးသို့ ပြန်လည်ရောက်နိုင်မည်ဖြစ်သည်။ တစ်ဖက်၌မူ သွေးနှောမျိုးနွယ်အကြီးအကဲအရိပ်မဲ့နှင့် အခြားမျိုးနွယ်သုံးခုကျင့်ကြံသူများသည် အခက်အခဲဖြစ်နေကြသည်။
သူတို့သည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ အစီအရင်ကိုဖျက်ရန် အခွင့်အရေးကြီးကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သတိပြုမိကြသည်။
ထို့အပြင်၊ သူတို့သည်အချိန်ကြာလာလျှင်ဟောက်ရန်ဂိုဏ်းမှ အခြားကျင့်ကြံသူများလာရောက် ကူညီမည်မဟုတ်ဟု အာမခံနိုင်ခြင်းမရှိပါ။
အကယ်၍ လျို့ဝှက်နက်နဲအဆင့်အင်အားစုများသာရောက်လာခဲ့လျှင်၊ သူတို့ထွက်ပြေးရန် ဖြစ်နိုင်တော့မည်မဟုတ်ပေ။
သွေးနှောမျိုးနွယ်အကြီးအကဲအရိပ်မဲ့သည် ဝမ်တောက်၏နောက်ဆုံးတိုက်ခိုက်မှုကို တားဆီး ပြီးနောက်၊ တုံ့ဆိုင်းမနေတော့ပေ။ သူ၏မျိုးနွယ်ကိုဦးဆောင်ကာ တိုက်ပွဲမှ လျှင်မြန်စွာ ထွက်သွားခဲ့သည်။
သွေးနှောမျိုးနွယ်အကြီးအကဲ အရိပ်မဲ့၏ နောက်ဆုတ်ခြင်းကြောင့် ပေါ်ယွမ်နှင့် အခြားသူများသည် ဖိအားကိုပိုမို၍ ခံစားလိုက်ရသည်။
သူသည် အခြေအနေမဟန်သောကြောင့် အမြန်ဆုံးထွက်ခွာသွားသော သွေးနှောများအား အားကိုးရခြင်း မရှိသောကြောင့် ဒေါသထွက်နေခဲ့သည်။
သို့ရာတွင် သူတို့သည်လည်း ဤသို့သောအခြေအနေအောက်တွင်ဆက်လက်၍ တိုက်ခိုက်နေခြင်း က အကျိုးမရှိကြောင်း သတိပြုမိကြပါသည်။
သွေးနှောမျိုးနွယ်အကြီးအကဲ အရိပ်မဲ့၏နောက်ဆုတ်သွားမှုကြောင့် ပေါ်ယွမ်နှင့် သူ၏အင်အားစု တို့သည်လည်း လျှင်မြန်စွာ တိုက်ပွဲမှထွက်ခွာလိုက်ကြသည်။
.....
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်သည် တဖြည်းဖြည်းပြန်လည်ဆုတ်ခွာသွားသော မျိုးနွယ်စုသုံးခုမှ ကျင့်ကြံသူများကို မျက်လုံးထဲတွင် အေးစက်မှုနှင့် ကြည့်နေကြသည်။
ဟုန်မေက ရုတ်တရက်ပြောလိုက်သည်။ “စီနီယာအစ်ကိုဝမ်တောက်၊ ပင်လယ်နက်လေလွင့်သူတွေ၊ နတ်ဆိုးတွေနဲ့ သွေးနှောတွေက ကျွန်မတို့မြို့ကို လာတိုက်ခိုက်နေတာ တော်တော်များပြီ။ ဒီကိစ္စကို ဒီလိုပဲထားလိုက်တော့မှာလား?”
ဟုန်မေ၏ စကားကိုကြားလျှင် ကျန်းချန်ရွှမ်သည် မနေနိုင်ဘဲ ဝမ်တောက်ကိုကြည့်လိုက်သည်။ ဝမ်တောက်၏မျက်လုံးများထဲမှ အေးစက်ခြင်းသည် မပျောက်သွားသေးချေ။
သူကဖြည်းဖြည်းပြောလိုက်သည်။ “ငါတို့ဘယ်လိုလုပ်ဒီအတိုင်းထားလိုက်လို့ ဖြစ်မှာလဲ?
စောင့်နေလိုက်ပါ။ တစ်ယောက်ယောက်လာပြီး အဲ့ဒီကောင်တွေကိုသင်ခန်းစာပေးဖို့ မကြာတော့ဘူးဆိုတာ ငါသေချာသိတယ်။”
ဝှစ်…
သူစကားပြောပြီးသည်နှင့်၊ စူးရှသည့်အသံသည် ရုတ်တရက် အဝေးရှိကောင်းကင်မှ ရောက်လာခဲ့သည်။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့က ချက်ခြင်းပင် လှည့်ကြည့်လိုက်ကြသည်။
အဝေးရှိကောင်းကင်အစွန်းတွင်၊ အဖြူရောင်လပုံရိပ်သည် ရုတ်တရက် ကျန်းချန်ရွှမ်နှင့် အခြားနှစ်ဦး၏ရှေ့တွင် ပေါ်လာခဲ့သည်။
“ဒါက စီနီယာအစ်မရှီပဲ။”
ဟုန်မေသည် မနေနိုင်ဘဲ အံ့အားသင့်စွာပြောလိုက်လေသည်။
ထိုသို့ပြောပြီးနောက်၊ သူမသည် တုံ့ပြန်လိုက်ပြီး ကျန်းချန်ရွှမ်ကို အမြန်ကြည့်လိုက်သည်။ “ဂျူနီယာမောင်လေးကျန်း၊ စီနီယာအစ်မရှီက မင်းနဲ့ ဆရာအတူတူပဲမလား။”
ဟုတ်ပါသည်။
ဟုန်မေပြောသည့် စီနီယာအစ်မရှီသည် ချင်ရှန်းဝူ၏တပည့်ဖြစ်သောကျန်းချန်ရွှမ်နှင့် အခြားသူတို့၏ စီနီယာအစ်မ ရှီရှန်းယောင် ပင်ဖြစ်သည်။
***