← Chapters

သေးငယ်သောလောကတစ်ခုကို ရှာတွေ့ခြင်း၊ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ရောက်ရှိလာခြင်း

Vol. 41 Ch. 770

သေးငယ်သောလောကတစ်ခုကို ရှာတွေ့ခြင်း၊ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ရောက်ရှိလာခြင်း

Vol. 41 Ch. 770

စကားပြောပြီးနောက်၊ ဖန်ဟောက်ရန်သည် သူ၏အသင်းနှင့်အတူ ကောင်းကင်ဘုံအစွန်း မသေမျိုးမြို့ တစ်ဝိုက်တွင် ရှာဖွေစုံစမ်းတော့သည်။

ရက်ပေါင်းများစွာက အရေးကြီးသည့် ရှာဖွေတွေ့ရှိမှုတစ်ခုမှ ရှာမတွေ့ဘဲနှင့် ကုန်လွန်သွားခဲ့သည်။ ရက်ပေါင်းများစွာကြာပြီးနောက်၊ ဖန်ဟောက်ရန်သည် ရှီရှန်းယောင်ထံသို့ လေးနက်သည့် အမူအရာဖြင့် ချဉ်းကပ်လာခဲ့သည်။

ရှီရှန်းယောင်သည် တစ်ခုခုမှားနေကြောင်းချက်ခြင်းခံစားလိုက်မိပြီး လျှင်မြန်စွာမေးလိုက်သည်။

“စီနီယာအစ်ကိုဖန်၊ တစ်ခုခုရှာတွေ့လို့လား?”

ဖန်ဟောက်ရန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ငါတို့ အတော်လေးသာမန်ထပ်ပိုတဲ့အရာကို တွေ့ထားတယ်။”

“ဟမ်။”

ရှီရှန်းယောင်၏မျက်လုံးများသည် စူးရှသွားသည်။

သူမသည် ဖန်ဟောက်ရန်၏ အတွေ့အကြုံကို သိပါသည်။ အကယ်၍ သူသည် တစ်ခုခုအား အလွန်အရေးကြီးသည်ဟု ထင်လျှင် ၎င်းသည် တကယ်ပင် အရေးကြီးသောအရာဖြစ်လိမ့်မည်။

“အစ်ကို အဲ့တာဘာလဲဆိုတာသိလား?” သူမသည် မေးမြန်းလိုက်သည်။

လေးနက်သော အမူအရာဖြင့် ဖန်ဟောက်ရန်သည် ပြောပြလာသည်။ “အကယ်၍ ငါမမှားရင် အဲ့ဒီနေရာက သေးငယ်တဲ့လောကတစ်ခုနဲ့ ဆက်သွယ်နေတဲ့နေရာဖြစ်လိမ့်မယ်။”

“ဘာ? သေးငယ်တဲ့လောကတစ်ခုလား?”

ရှီရှန်းယောင်၏အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

သူမသည် ဖန်ဟောက်ရန်၏စကားက မည်သည်ကိုဆိုလိုကြောင်း သေချာစွာသိပါသည်။

လောကသစ်တစ်ခုသည် ကျယ်ပြောသည့် သယံဇာတများကိုကိုယ်စားပြုပြီး မည်သည့်ဂိုဏ်း သို့ မိသားစုမဆို ပိုင်ဆိုင်နိုင်သောအရာမဟုတ်ပါ။

“ပြီးတော့…”

ဖန်ဟောက်ရန်က ထပ်ပြောလိုက်သည်။ “ငါက ဒီသေးငယ်တဲ့လောကကို တစ်ခါမှ မရှာဖွေရသေးတဲ့နေရာလို့ ငါသံသယရှိတယ်။

အကယ်၍ဒီလိုသာဆိုရင်၊ အဲ့ဒီနေရာရဲ့ အရေးပါမှုနဲ့ တန်ဖိုးက ပိုကြီးလိမ့်မယ်။”

ရှီရှန်းယောင်သည် ယခုမူ ဤရှာဖွေတွေ့ရှိမှု၏အရေးကြီးမှုကို သေချာသိသွားခဲ့သည်။

ပင်လယ်နက်လေလွင့်သူများ၊ နတ်ဆိုးများနှင့် သွေးနှောများသည် ကောင်းကင်ဘုံအစွန်း မသေမျိုးမြို့ ကို ထပ်ခါထပ်ခါ တိုက်ခိုက်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပါ။

သူတို့သည် ထိုလျှို့ဝှက်ချက်ကို သိထားကြပုံပေါ်ပါသည်။

“ဂျူနီယာညီမရှီ၊ ဒီကိစ္စကို ငါဂိုဏ်းကိုပြန်ပြီး တင်ပြလိုက်ဦးမယ်။

ဂိုဏ်းက အကြီးအကဲချုပ်တွေ ရောက်လာဖို့ အချိန်မကြာလောက်ဘူး။ အဲ့ဒီအချိန်မတိုင်ခင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မြို့မကျသွားဖို့ သေချာအောင်လုပ်ရမယ်။ "

ဖန်ဟောက်ရန်၏စကားကိုကြားလျှင်၊ ရှီရှန်းယောင်သည် ထိုကိစ္စ၏အရေးကြီးမှုကို သိပါသည်။

သူမကခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့၊ လာမဲ့အချိန်တွေအတွင်း၊ ကျွန်မက ပတ်ဝန်းကျင်ကို အနီးကပ် စောင့်ကြည့်ထားပါမယ်။

အကယ်၍ ကျွန်မ ပုံမမှန်တာရှာတွေ့ရင်၊ လူတိုင်းကိုချက်ခြင်းအကြောင်းကြားပါမယ်။”

“ဟုတ်ပြီ။”

ဖန်ဟောက်ရန်က သဘောတူကာ ခေါင်းညိတ်လိုက်သည်။

“ငါတို့စုံစမ်းမှုမှာ ဘာအမှားမှမပါတာသေချာစေဖို့ ငါ ဒီလောကသစ်ရဲ့အခြေအနေကို ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသေးတယ်။”

...........

အချိန်တစ်ချို့ကြာပြီးနောက်။

ကျန်းချန်ရွှမ်သည် သူ၏စီနီယာအစ်မထံမှ ထိုနေရာ၏လျို့ဝှက်ချက်ကိုသိလိုက်ရသည်။

ရှီရှန်းယောင်သည် သူ့ကိုသာ ထိုအကြောင်းကိုပြောပြခဲ့သည်။

သူမသည် ဝမ်တောက်ကိုပင် မပြောခဲ့ပေ။

အဆုံး၌ ထိုအကြောင်းကို သိသူနည်းလေလေကောင်းလေဖြစ်သည်။

ကျန်းချန်ရွှမ်အား ပြောပြရသည့်အကြောင်းမှာ သူတို့သည် ဆရာတစ်ဦးတည်း၏ လက်အောက်တွင် ဖြစ်သောကြောင့်ဖြစ်သည်။

“ဂျူနီယာမောင်လေး၊ အကယ်၍ ဘာကိစ္စမှမဖြစ်လာရင်တော့ ကောင်းတယ်။

ဒါမဲ့ တစ်ခုခုဖြစ်လာခဲ့ရင် တကယ်ကို အရမ်းပြသနာတက်သွားနိုင်တယ်။” ရှီရှန်းယောင်သည် ကျန်းချန်ရွှမ်အား လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။

“ပြီးတော့လည်း၊ အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်၊ ငါမင်းကိုအာရုံစိုက်ဖို့ အစွမ်းရှိမှာမဟုတ်ဘူး။

အဲ့ဒီအချိန်ရောက်ရင်၊ မင်းကိုယ့်ကိုကိုယ်ကာကွယ်ရမယ် နားလည်လား?”

“ဟုတ်ကဲ့ပါ။ ကျွန်တော်နားလည်ပါတယ်။ စီနီယာအစ်မ။”

ကျန်းချန်ရွှမ်သည် ခေါင်းညိတ်လိုက်သည်။

ထိုကဲ့သို့ပင်၊ ရက်အနည်းငယ်က လျှင်မြန်စွာကုန်လွန်သွားသည်။

ကျန်းချန်ရွှမ်၊ ရှီရှန်းယောင်၊ ဖန်ဟောက်ရန်နှင့် အခြားသူများသည် ကောင်းကင်ဘုံအစွန်းမသေမျိုး မြို့ အပြင်ဘက်တွင် စိတ်လှုပ်ရှားစွာစောင့်နေကြသည်။

ပုံရိပ်တစ်ခုခုက ရုတ်တရက် ပေါ်လာခဲ့သည်။

ခနအကြာတွင်၊ ထိုပုံရိပ်သည် ကျန်းချန်ရွှမ်နှင့် အခြားသူများရှေ့တွင် ရောက်လာခဲ့သည်။

လူတိုင်းထိတ်လန့်သွားခဲ့သည်။

ကံကောင်းစွာပင်၊ ရှီရှန်းယောင်သည် လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ခြင်းပင် ဦးညွတ်လိုက်သည်။

“နှုတ်ဆက်ပါတယ်။ စစ်သည်တော်ဦးလေးဟယ်။”

ကျန်းချန်ရွှမ်နှင့် အခြားသူများရှေ့တွင်ပေါ်လာခဲ့သောသူသည် ကြီးမားတုတ်ခိုင်သောလူတစ်ဦး ဖြစ်သည်။

သူသည် နှစ်မီတာထပ်ပင် အရပ်ရှည်ပါသည်။

မတ်တပ်ရပ်နေခြင်းသည်ပင် မျှော်စင်ကဲ့သို့ဖြစ်ကာ မမြင်နိုင်သည့်ဖိအားကို ပေးနေခဲ့သည်။

ထိုသူသည် ဟောက်ရန်ဂိုဏ်းမှ ဂိုဏ်းချုပ်ရွယ်ပင်းနှင့် ချင်ရှန်းဝူတို့၏ဘေးမှ အခြား တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင် တစ်ဦးဖြစ်သည့် သူဖြစ်သည်။

ထိုသူ၏နာမည်မှာ ဟယ်ကျန်းပင်းဖြစ်သည်။

ပြောကြသည်မှာ ထိုသူ၏ချီနှင့် ခန္ဓာကိုယ်သည် နှစ်ခုစလုံး တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေပြီဟု ဆိုကြပေသည်။

ရှီရှန်းယောင်နှင့် အခြားသူများကိုမြင်လျှင် သူ၏ခက်ထန်သည့်မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူသည် ပထမဆုံး ရှီရှန်းယောင်ကို ခေါင်းညိတ်ပြလိုက်သည်။

“စစ်သည်တော် တူမရှီ။ ငါတို့အရင်တစ်ခေါက်ကတွေ့ပြီး မတွေ့ရတာ အချိန်တော်တော်ကြာခဲ့ပြီ။ ကြည့်ရတာ မင်းရဲ့ကျင့်ကြံခြင်းက ထပ်ပြီး တိုးတက်လာပြန်တာပဲ။”

ထိုသို့ဖြင့် သူသည် အခြားသူများဘက်သို့လှည့်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒီနေ့ကနေစပြီး၊ ဒီမြို့ကို ငါကိုယ်တိုင်စောင့်ကြပ်မယ်။”

ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ဟယ်ကျန်းပင်း၏နာမည်ကို ကြားဖူးကြပါသည်။ သူတို့သည် ဟယ်ကျန်းပင်းက သူသည် ကိုယ်တိုင်ထိုမြို့ကို စောင့်ကြပ်မည်ဟု ကြားလိုက်သောအခါ မအံ့ဩဘဲ မနေနိုင်ကြပေ။

အထူးသဖြင့် ဝမ်တောက်နှင့် ဟုန်မေတို့ဖြစ်ကြသည်။

ထိုသူနှစ်ဦးသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့က သေးငယ်သည့်လောကတစ်ခုနှင့် ဆက်စပ်နေကြောင်းကိုမသိကြပေ။

ထို့ကြောင့် သူတို့သည် ဟယ်ကျန်းပင်း၏ဆုံးဖြတ်ချက်အား အလွန်ထိတ်လန့်အံ့ဩနေကြသည်။

သူတို့သည် ဟောက်ရန်ဂိုဏ်းမှ တာအိုဖွဲ့စ့ည်းခြင်းသူတော်စင်အရှင်ကိုယ်တိုင် လာရောက်စောင့်ကြပ်ရသည်အထိ မည်သည့်အရာက ဆွဲဆောင်နေကြောင်းကို သိချင်နေကြသည်။

ဟယ်ကျန်းပင်း၏ ကိုယ်ခွဲတစ်ယောက်လာလျှင်ပင်၊ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်၏ ကိုယ်ခွဲသည် သေးငယ်သောကိစ္စတစ်ခုမဟုတ်ပါ။

ထိုကဲ့သို့သောစွမ်းအားသည် တာအိုဖွဲ့စည်းခြင်းအောက်ရှိအားလုံးကို လွမ်းမိုးနိုင်စွမ်းရှိပါသည်။

သို့ရာတွင်၊ ဟယ်ကျန်းပင်းသည် သူ၏အကြောင်းပြချက်ကို မဖော်ပြပဲ အချို့ညွန်ကြားချက်များကို ပေးကာ ရှီရှန်းယောင်နှင့် ဖန်ဟောက်ရန်တို့မှလွဲ၍ အခြားသူများကို ထွက်ခွာခွင့်ပေးလိုက်သည်။

.........

အချိန်တစ်ချို့ကြာပြီးနောက်၊

ရှီရှန်းယောင်နှင့် ဖန်ဟောက်ရန်တို့သည် ဟယ်ကျန်းပင်း၏နေရာမှထွက်လာခဲ့ကြသည်။

ရှီရှန်းယောင်သည် ထွက်လာသည်နှင့် ကျန်းချန်ရွှမ်ကိုရှာကာပြောလိုက်သည်။

“ဂျူနီယာမောင်လေးကျန်း၊ မင်းဒီမြို့မှာဆက်နေစရာမလိုတော့ဘူး။ ငါတို့အတူသွားရအောင်။”

“ဟမ်?”

ကျန်းချန်ရွှမ်က အံ့ဩသွားခဲ့သည်။

သိရမည်မှာ ကောင်းကင်ဘုံအစွန်းမသေမျိုးမြိုကိုစောင့်ကြပ်ခြင်းမှာ သူ့အားဂိုဏ်းမှ ပေးထားသောတာဝန်ဖြစ်သည်။

သူသည် ဤကဲ့သို့ထွက်သွားသည်မှာ အမှန်တကယ်ကောင်းပါသလား? ကျန်းချန်ရွှမ်၏ စိတ်ကိုဖတ်နိုင်သကဲ့သို့ ရှီရှန်းယောင်သည် မနေနိုင်ဘဲ‌ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ဒီအခြေအနေက အထူးအခြေအနေဖြစ်သွားပြီ။

မင်းတစ်ဝက်ကနေထွက်ရင်လည်း မင်းတာဝန်ကိုပြီးဆုံးတယ်လို့ သတ်မှတ်ပေးမှာပါ။

ဒါ့အပြင် ထွက်ခွာရတဲ့သူက မင်းတစ်ယောက်ထဲမဟုတ်ဘူး။

ဝမ်တောက်၊ ဟုန်မေနဲ့ အခြားသူတွေလည်း ပါတယ်။ သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ကြတော့မှာ။

ဒါပြီးရင် မင်းတို့နေရာမှာ အခြားသူတွေလွဲပြောင်းယူမဲ့သူတွေရှိတယ်။”

“ကျွန်တော်သိပါပြီ။”

ကျန်းချန်ရွှမ်သည် ထိုစကားကိုကြားလျှင် စိတ်ချသွားသည်။ သူသည် ရှီရှန်းယောင်၏ အကြံပြုချက်ကို မငြင်းခဲ့ပေ။ မကြာမီ၊ သူသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့မှ သူမ၊ ဟယ်ကျန်းပင်း ဝမ်တောက်၊ဟုန်မေ၊ အခြားသူများနှင့်အတူထွက်ခွာလာခဲ့သည်။

“စီနီယာအစ်မ၊ ကျွန်တော်တို့အခု ဂိုဏ်းကိုပြန်မှာလား?”

ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့မှ ထွက်ခွာလာပြီးနောက် ကျန်းချန်ရွှမ်သည် မနေနိုင်ဘဲ ရှီရှန်းယောင်ကိုကြည့်လိုက်သည်။

“ဟုတ်တယ်။”

ရှီရှန်းယောင်က ခေါင်းညိတ်လိုက်သည်။

“ငါ့မှာတော့ အခြားလုပ်စရာတွေရှိသေးတယ်။ ဒါကြောင့် ငါမင်းကို ဂိုဏ်းအရင်ပြန်ပို့ခဲ့မယ်။ မင်းဘာလုပ်ချင်လဲဆိုတာကတော့ တာဝန်တွေဆက်ယူမလား ဒါမှမဟုတ် တစ်ခုခုဆိုရင်လည်း မင်းသဘောပဲ။”

***

All Chapters