← Chapters

မိုးကြိုးချိုင့်ဝှမ်းသို့ရောက်ရှိခြင်း

Vol. 41 Ch. 771

မိုးကြိုးချိုင့်ဝှမ်းသို့ရောက်ရှိခြင်း

Vol. 41 Ch. 771

ရှီရှန်းယောင်သည် မြန်ဆန်လှသည်။

အချိန်များစွာမကြာမီတွင်ပင်၊ သူတို့သည် ဟောက်ရန်ဂိုဏ်းအနီးရှိ နေရာရွေ့ပြောင်းခြင်း အစီအရင်ဆီသို့ ရောက်လာခဲ့ကြသည်။

.....

ခနအကြာတွင်။

ကျန်းချန်ရွှမ်နှင့် ရှီရှန်းယောင်တို့သည် ဟောက်ရန်ဂိုဏ်းတောင်ဂိတ်၏ အတွင်းတွင် ရပ်နေကြပြီဖြစ်သည်။

“ဂျူနီယာမောင်လေး၊ မင်း အကြီးအကဲခန်းမကိုသွားပြီး တာဝန်အတွက် အစီအရင် သွားခံသင့်တယ်။

ငါ့မှာ အခြားကိစ္စလုပ်စရာရှိသေးတယ်။ အခုတော့ ငါမင်းနဲ့မလိုက်တော့ဘူး။” ရှီရှန်းယောင်က ညွန်ကြားလိုက်သည်။

“ကောင်းပါပြီ။”

ခနအကြာတွင် ဆရာတူ မောင်နှမ နှစ်ဦးသည် လမ်းခွဲလိုက်ကြသည်။

သူ၏တာဝန်ကို အကြီးအကဲခန်းမတွင် တင်ပြပြီးနောက်၊ ကျန်းချန်ရွှမ်သည် အရေးပါသည့် အမှတ်ကို ရရှိခဲ့လေသည်။

သူသည် သူ၏တိမ်တိုက်မြူတောင်ထိပ်တွင် ခနနားပြီးနောက်၊ ကျန်းချန်ရွှမ်သည် မိုးကြိုးချိုင့်ဝှမ်းသို့ သွားကာ ရှန်းရူယန်နှင့် တွေ့ပြီး သူမ၏လက်ရှိအခြေအနေကို သွားကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။

သူတို့သည် နှစ်ပေါင်းများစွာ အဆက်အသွယ်ရှိခဲ့သော်လည်း လူချင်းတွေ့ခဲ့သည်မှာ နှစ်ရာချီ ကြာခဲ့ပြီဖြစ်သည်။

ကျန်းချန်ရွှမ်သည် သူမအား သွား၍ တွေ့ချင်ပါသေးသည်။

လျှင်မြန်စွာပင်၊ ကျန်းချန်ရွှမ်သည် ဟောက်ရန်ဂိုဏ်၏ တောင်ဂိတ်မှထွက်ကာ မိုးကြိုးချိုင့်ဝှမ်းသို့ ဦးတည်ကာသွားလိုက်လေသည်။

မိုးကြိုးချိုင့်ဝှမ်း၏ ဝင်ပေါက်သည် မိုးကြိုးနှင့် လျှပ်စီးများအဆက်မပြတ်စီးဆင်းနေသည့်နေရာတွင် ရှိပေသည်။

သူရောက်ရှိသွားသည်နှင့် ကျန်းချန်ရွှမ်သည် ဂိတ်ဝတွင် ရင်းနှီးနေသည့်မျက်နှာကို အမှတ်ရသွားသည်။

ထိုသူမှာ သူတို့နှင့် မြစ်တစ်ထောင်လျို့ဝှက်နယ်မြေသို့ အတူဝင်ခဲ့သည့် ယောင်အန်းရွေ့ဖြစ်သည်။

ကျန်းချန်ရွှမ်ကိုမြင်လျှင်၊ ယောင်အန်းရွေ့သည် အစ၌ အံ့အားသင့်သွားကာ နောက်မှ တစ်ခုခုကို အမှတ်ရသွားပုံဖြင့် သူမသည် သူ့အား အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။

“စီနီယာအစ်ကိုကျန်း၊ ဘယ်လိုလုပ်မိုးကြိုးချိုင့်ဝှမ်းကိုရောက်လာတာလဲ?

စီနီယာအစ်မရှန်းကို လာတွေ့တာလား?”

“ဟုတ်တယ်။ ရူယန်ကအခုချိုင့်ဝှမ်းမှာရှိလား?”

ကျန်းချန်ရွှမ်သည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“စီနီယာအစ်မရှန်းက တကယ်ပဲ ချိုင့်ဝှမ်းထဲမှာရှိပါတယ်။

ဒါပေမဲ့ ကျွန်မစိုးရိမ်တာ သူ အစ်ကို့ကို အခုမတွေ့နိုင်လောက်ဘူး။” ယောင်အန်းရွေ့က ရှင်းပြလိုက်သည်။

“ဟမ်?”

ကျန်းချန်ရွှမ်က ပဟေဠိဖြစ်နေသည်။

ယောင်အန်းရွေ့က ထပ်မံ၍ ရှင်းပြလိုက်သည်။ “စီနီယာအစ်ကိုကျန်း၊ အထင်မလွဲပါနဲ့။ စီနီယာအစ်မ အစ်ကို့ကိုမတွေ့နိုင်သေးတာက သူအခုလောလောဆယ် အချိန်ယူဖို့လိုတဲ့ မိုးကြိုးချိုုင့်ဝှမ်း အမွေအနှစ်ကို လက်ခံနေလို့ပါ။”

“ငါသိပြီ။ ဒါကြောင့် သူငါ့စာတွေကိုမပြန်တာကိုး။” ကျန်းချန်ရွှမ်က သတိရသွားသည်။

ယောင်အန်းရွေ့က ဆက်ပြောလေသည်။ “ဒါမဲ့ ကျွန်မခန့်မှန်းရသလောက်၊ စီနီယာအစ်မက ဂူပိတ်ကျင့်ကြံခြင်း ပြီးတော့မယ်ထင်တယ်။

အကယ်၍ စီနီယာ အစ်ကိုကျန်း စိတ်မရှိရင်၊ ကျွန်မအထဲကိုခေါ်သွားပါရစေ။

ရက်အနည်းငယ်ကြာရင်၊ စီနီယာအစ်မရှန်းက သူ့ဂူကနေထွက်လာလောက်တယ်။”

“ကောင်းသားပဲ။” ကျန်းချန်ရွှမ်က သဘောတူလိုက်သည်။

“ဒါဆိုရင် ဂျူနီယာညီမယောင်ကိုပဲ ဒုက္ခပေးရတော့မယ်။”

“ဟီးဟီး၊ ပြသနာမရှိပါဘူး။ မြစ်တစ်ထောင်လျို့ဝှက်နယ်မြေမှာတုန်းက ကျွန်မက အစ်ကိုနဲ့အခြားသူတွေဆီက အများကြီးဂရုစိုက်ခံခဲ့ရပါတယ်။”

ယောင်အန်းရွေ့က မိုးကြိုးချိုင့်ဝှမ်းအတွင်းလမ်းပြခေါ်ဆောင်သွားရင်းတုံ့ပြန်ပြောလိုက်သည်။

“အစ်ကိုကျန်း၊ ဒါက ကျွန်မတို့ရဲ့ဧည့်လက်ခံရာတောင်ထိပ်ပါ။ ကြိုက်တဲ့ဂူတစ်ခုကို ရွေးနိုင်ပါတယ်။ အကယ်၍ တစ်ခုခုလိုအပ်ခဲ့ရင်၊ ကျွန်မကိုပြောလိုက်ပါ။ ကျွန်မစီစဉ်ပြီးတော့ ပို့ပေးပါ့မယ်။”

....

အချိန်တစ်ချို့ကြာပြီးနောက်။

ကျန်းချန်ရွှမ်သည် ဧည့်လက်ခံသည့်တောင်ထိပ်တွင် နေနေချိန်၌ ရုတ်တရက် အပေါ်သို့ ကြည့်လိုက်ရာ သူ့ရှေ့တွင် လူတစ်ဦးရှိနေခဲ့သည်။

အံ့အားသင့်စွာ သူသည် လျှင်မြန်စွာဦးညွတ်ကာ ပြောလိုက်သည်။

“ဂျူနီယာက စစ်သည်တော်ဦးလေးယွင်ကို နှုတ်ဆက်ပါတယ်။”

“ဟားဟား၊ တူလေးကျန်း၊ အဲ့လောက်ယှဉ်ကျေးနေစရာမလိုပါဘူး။”

ထိုသူသည် ချိုုင့်ဝှမ်းသခင် ယွင်ရီကျန်းဖြစ်သည်။

ထိုအချိန်တွင် သူသည် ကျန်းချန်ရွှမ်ကိုကြည့်ကာပြောလိုက်သည်။

“ဘာလို့မိုးကြိုးချိုင့်ဝှမ်းကို မင်းမလာခင် ငါ့ကိုမပြောရတာလဲ? ငါ့ကိုအပြင်လူတစ်ယောက်လိုသဘောထားနေတာလား?”

ကျန်းချန်ရွှမ်သည် ထိုမေးခွန်းကို ဖြေရခက်နေသည်။ ယွင်ရီကျန်းသည် မည်သူဖြစ်သနည်း။

အကယ်၍ ဂိုဏ်းနှစ်ခုသည် ရင်းနှီးသည့်ဆက်ဆံရေးရှိကာ သူ၏တာအိုအဖော်သည် ယွင်ရီကျန်း၏ လက်ရင်းတပည့်ဖြစ်ခဲ့လျှင်ပင် သူ ကျန်းချန်ရွှမ်သည် ဂျူနီယာတစ်ဦးဖြစ်နေပါသေးသည်။

၎င်းသည် ရှန်းရူယန်အား ပြောပြလျှင် လက်ခံနိုင်ပါသည်၊ သို့သော် ယွင်ရီကျန်းအား ပြောရန် သင့်တော်ပါသလား?

ကံကောင်းစွာပင် ယွင်ရီကျန်းက ထိုခေါင်းစဉ်အား ဆက်မပြောတော့ချေ။

သူက ဆက်ပြောလိုက်သည်။ “စကားပြောရင်း၊ ငါမင်းကို ဗလာနယ်ပြန်အဆင့်တက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုစကားမပြောရသေးဘူးပဲ။

ဟုတ်သားပဲ။ ရူယန်က အခု အမွေဆက်ခံနေသေးတယ်။ အကယ်၍ တစ်ခုခုမဖြစ်ခဲ့ရင် သူက နှစ်ရက်အတွင်း ထွက်လာလိမ့်မယ်။

အဲ့အချိန်ရောက်ရင် မင်းတို့ အပြင်သွားပြီး လျောက်လည်ကြပေါ့။”

မင်းတို့ မိုးကြိုးချိုင့်ဝှမ်းက ပတ်ဝန်းကျင်နဲ့ ဈေးတွေကိုလည်ပတ်လို့ရတယ်။”

“ဟုတ်ကဲ့ပါ။ ဆရာဦးလေး ယွင်။”

“ငါ့ပြောခဲ့သလိုပဲ။ ငါ့နဲ့ဆိုယဉ်ကျေးနေစရာမလိုပါဘူး။

အကယ်၍ တစ်ခုခုလိုအပ်ရင် ယောင်အန်းရွေ့ကိုသာ ပြောလိုက်ပါ။

ငါက ဒီမှာ ကြာကြာမနေတော့ဘူး။”

ထိုသို့ဖြင့် ယွင်ရီကျန်းသည် ကျန်းချန်ရွှမ်ကိုမစောင့်တော့ဘဲ ဧည့်လက်ခံရာတောင်ထိပ်မှ ပျောက်သွားခဲ့သည်။

နှစ်ရက်က လျှင်မြန်စွာကုန်လွန်သွားခဲ့သည်။

ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်၌ဓမ္မစွမ်းအင်များလည့်ပတ်သွားချိန်တွင်၊ လှပသည့်ပုံရိပ်တစ်ခုက ရုတ်တရက် သူ၏ရှေ့တွင်ပေါ်လာခဲ့သည်။

၎င်းမှာ ရှန်းရူယန်ကလွဲ၍ မည်သူဖြစ်နိုင်မည်နည်း?

“ရူယန်။”

ကျန်းချန်ရွှမ်သည် အံ့ဩဝမ်းသာသွားခဲ့သည်။

ရှန်းရူယန်သည်လည်း ပြုံးနေခဲ့သည်။

“ယောကျ်ား၊ ကျွန်မခုပဲဂူထဲက ထွက်လာပြီး ရှင် မိုးကြိုးချိုင့်ဝှမ်းကိုလာတာကိုကြားလို့ပါ။

ဘယ်လိုလဲ? စောင့်နေရတာကြာပြီလား?”

ကျန်းချန်ရွှမ်သည် ပြုံးကာ ခေါင်းခါလိုက်သည်။ “မစောင့်ရပါဘူး။ နှစ်ရက်လောက်ပါပဲ။”

“ဒါနဲ့ ရူယန် မင်းအခုအခြေအနေဘယ်လိုရှိလဲ?”

ရှန်းရူယန်သည် ဗလာနယ်ပြန်အဆင့်သို့ထိုးဖောက်ထားပြီးပုံရပါသည်။

ထို့အပြင်၊ အစောပိုင်းဓမ္မပုံစံအဆင့်မဟုတ်ပေ။

ထိုစုံတွဲသည် ချက်ခြင်းပင် ဧည့်လက်ခံရာနေရာတွင် စတင်၍ စကားပြောလိုက်ကြသည်။

စကားချင်းဖလှယ်ကြပြီးနောက်၊ ထိုစုံတွဲသည် ထိုကာလများအတွင်း အချင်းချင်း၏ အတွေ့အကြုံများအား နားလည်သွားကြသည်။

သူတို့၏ကျင့်ကြံခြင်းက အတော်လေး ချောမွေ့နေပါသည်။

သေချာပါသည်။

၎င်းသည် သူတို့၏ဓမ္မပုံစံအဆင့်ပင်ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့သည် ကောင်းကင်ဘုံအလင်းအဆင့်တွင်ရှိနေလျှင်၊ ကျင့်ကြံခြင်းက လွယ်ကူတော့မည်မဟုတ်ပါ။

များစွာသော သယံဇာတများနှင့် အခွင့်အလမ်းများအား သူတို့တိုက်ခိုက်ယူရန်လိုအပ်ပါသေးသည်။

“စကားမစပ်၊ ယောကျ်ား ဒါက ရှင်မိုးကြိုးချိုင့်ဝှမ်းကို ပထမဆုံးအကြိမ်လာတာမဟုတ်လား။ ကျွန်မလိုက်ပြရင်ကော ဘယ်လိုလဲ? ဒါပြီးရင် အပြင်သွားပြီး‌ခရီးလျောက်သွားကြတာပေါ့။ ဘယ်လိုလဲ?”

ကျန်းချန်ရွှမ်က သဘာဝကျစွာပင် သူ့ဇနီး၏ အကြံပြုချက်ကို မငြင်းပယ်ပါ။

မကြာမီ၊ သူသည် ရှန်းရူယန်နောက်သို့လိုက်ကာ မိုးကြိုးချိုင့်ဝှမ်းတစ်ဝိုက်ကို လည့်ပတ်ခဲ့သည်။

လမ်းတစ်လျှောက်တွင် သူသည် မိုးကြိုးချိုင့်ဝှမ်းမှကျင့်ကြံသူများစွာကိုတွေ့ရှိခဲ့ရလေသည်။

မိုးကြိုးချိုင့်ဝှမ်းမှ ထွက်ခွာပြီးနောက်၊ ရှန်းရူယန်သည် ပြုံးကာ ကျန်းချန်ရွှမ်ကိုပြောလိုက်သည်။

“ယောကျ်ား၊ ကျွန်မကြားတာ နတ်ဘုရားအရိပ်ဂိတ်လက်အောက်က အနန္တတာအိုမသေမျိုးမြို့မှာ ပွဲတစ်ခုရှိမယ်တဲ့၊ အဲ့ဒီကိုကျွန်မတို့သွားကြည့်ကြမလား? တစ်ခုခုရနိုင်တာပေါ့။”

“အနန္တတာအိုမသေမျိုးမြို့လား?”

ကျန်းချန်ရွှမ်သည် ရှန်းရူယန်ပြောသည့်မြို့ကို ကြားဖူးပါသည်။

ထို့အပြင် သူသည် ထိုနေရာတွင်ကြီးမားသည့် လေလံပွဲရှိမည်ဖြစ်ကြောင်းကိုလည်း ကြားထားပါသည်။

၎င်းသည် ယခုသွားဖို့ရန်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။

တုံဆိုင်းမနေတော့ဘဲ၊ ထိုစုံတွဲသည် ချက်ခြင်းပင် အနန္တတာအိုမသေမျိုးမြို့ဘက်သို့ ဦးတည်လိုက်ကြသည်။

နတ်ဘုရားအရိပ်ဂိတ်၏လက်အောက်ခံမြို့ကြီးတစ်မြို့အနေဖြင့် ထိုနေရာတွင် နေ့စဉ်နေတိုင်း မရေတွက်နိုင်သော ကျင့်ကြံသူများ လာရောက်ကြပါသည်။

အချိန်သိပ်မကြာခင်တွင်ပင် ကြီးမားသည့်လေလံပွဲကြီးကျင်းပမည့်သတင်းကို ထုတ်ပြန်လိုက်ရာ လူများပို၍ များပြားလာတော့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အတူရောက်ရှိသွားချိန်တွင် သူတို့သည် လူအုပ်ကြီးကို တွေ့လိုက်ကြရသည်။

***

All Chapters