← Chapters

အနန္တတာအိုမသေမျိုးမြို့

Vol. 41 Ch. 772

အနန္တတာအိုမသေမျိုးမြို့

Vol. 41 Ch. 772

အနန္တတာအိုမသေမျိုးမြို့တွင် ရက်ပေါင်းများစွာလည့်လည်ပြီးချိန်တွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အရှင်သခင်ဂိုဏ်းတစ်ခု၏ လက်အောက်တွင် ရှိသည့်မြို့ကြီးတစ်ခုအဖြစ် မျှော်လင့်ထားသကဲ့သို့ ဤနေရာတွင်ရနိုင်သည့် သယံဇာတများနှင့် ပစ္စည်းများသည် အလွန်ကျယ်ပြောကြောင်း တွေ့ရှိခဲ့ရသည်။

သူတို့၏လက်ရှိလိုအပ်ချက်အတွက်ပင် အသုံးဝင်သည့်အရာများစွာရှိနေခဲ့သည်။

သို့ရာတွင် သူတို့မျှော်လင့်နေသောအရာမှာ မြို့ထဲတွင်ကျင်းပမည့် လေလံပွဲပင်ဖြစ်သည်။

သူတို့၏တွက်ချက်မှုအရ လေလံပွဲက ယနေ့တွင် ဖြစ်ပုံပေါ်ပါသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ၊ ထိုစုံတွဲသည် အမြန်ပင် လေလံပွဲနေရာသို့သွားလိုက်ကြသည်။

သူတို့ရောက်သည်နှင့် တက်ရောက်သူများသည် သူတို့အားနှုတ်ဆက်ကြသည်။

တက်ရောက်သူများသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်နှစ်ဦးစလုံးဗလာနယ်ပြန်ကျင့်ကြံသူများ ဖြစ်ကြသောကြောင့်၊ ချက်ခြင်းပင်အထူးနေရာကိုရပေသည်။

ထိုအချိန်တွင်၊

လေလံပွဲနေရာတစ်ခုလုံးသည် ကျင့်ကြံသူများသောင်းချီနှင့် ပြည့်နေခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လူအုပ်ကိုကြည့်လိုက်ရာ လူပင်လယ်ကြီးကိုတွေ့လိုက်ရသည်။

အချိန်များကုန်လွန်သွားလျှင် များစွာသော ကျင့်ကြံသူများက ထပ်မံ၍ ရောက်လာခဲ့ကြသည်။

နေ့တစ်ဝက်ခန့်ကြာပြီးနောက်၊ အနန္တတာအိုမသေမျိုးမြို့၏ လေလံပွဲသည် နောက်ဆုံးတွင် စတင်ခဲ့လေသည်။

မျက်ခုံးဖြူနှင့်အကြီးအကဲက လေလံပွဲစင်ပေါ်သို့တက်လာခဲ့သည်။

သူရောက်လာခဲ့သည်နှင့် သူသည် အလွန်အင်အားကြီးသည့်အရောင်အဝါကို ထုတ်လွတ်လိုက်ကာ၊ ထိုးထွင်းသိမြင်ခြင်းအဆင့်ဖြစ်ကြောင်း ပြသခဲ့သည်။

သူသည် ပရိတ်သတ်များကိုတချက်ကြည့်လိုက်ပြီး အပြုံးဖြင့် လူအုပ်ကိုပြောလိုက်သည်။ “ပထမဦးစွာ၊ ကျွန်တော်တို့လေလံပွဲကိုလာတဲ့တာအိုရောင်းရင်းတို့ကိုကြိုဆိုပါတယ်။ အားလုံးက စည်းမျဉ်းတွေနဲ့ ရင်းနှီးနေကြပြီလို့ယုံကြည်ပါတယ်။

ရှည်ရှည်ဝေးဝေးလုပ်မနေတော့ဘဲ၊ ကျွန်တော်တို့ရဲ့ ပထမဆုံးလေလံပစ္စည်းကို ကြည့်လိုက်ရအောင်။”

ဤသို့ဖြင့် သူ၏ရှေ့မှ စားပွဲပေါ်တွင် ကျောက်စိမ်းပုလင်းတစ်ခုပေါ်လာခဲ့သည်။

“ပထမဆုံးပစ္စည်းကတော့ ပုံရိပ်ယောင်ပြန်ဆေးလုံးဖြစ်ပြီး ကျင့်ကြံသူကို ပုံရိပ်ယောင်မှ လွတ်မြောက်စေပြီး အမှန်တရားကိုမြင်စေပါတယ်။ ဒါက ဓမ္မပုံစံအဆင့်ကျင့်ကြံသူတွေ ကောင်းကင်ဘုံအလင်းကို ထိုးဖောက်တဲ့အခါမှာ အောင်မြင်နိုင်ချေကို ၂၀ ရာခိုင်နှုန်းထိ တိုးပေးပါတယ်။

ဒီဆေးလုံးအတွက် စတင်မဲ့ဈေးကတော့ ကောင်းကင်သလင်းကျောက် ၁၀၀၀ကနေစမှာဖြစ်ပြီး တစ်ခါလေလံဆွဲရင် ကောင်းကင်သလင်းကျောက် တစ်ရာအောက်မလျော့ရပါဘူး။”

ထိုစကားကိုကြားလျှင်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှစ်ဦးသားအတော်လေး အံ့ဩသွားကြသည်။ သူတို့သည် အနန္တတာအိုမသေမျိုးမြို့ သည် ထိုကဲ့သို့ အဖိုးတန်လှသည့် ရတနာနှင့် စတင်ဖွင့်လိမ်မည်ဟု မထင်ထားကြပါ။

ပုံရိပ်ယောင်ပြန်ဆေးလုံးသည် ဗလာနယ်ကျင့်ကြံသူများအတွက် မခုခံနိုင်သည့် အရာတစ်ခု ဖြစ်မည်ဖြစ်ပြီး ကောင်းကင်အလင်းအဆင့်သို့ ထိုးဖောက်ရန်ကြိုးစားသည့်အချိန်၌ လိုအပ်နိုင်သည့်အရာ ဖြစ်ပေသည်။ “ကောင်းကင်သလင်းကျောက် ၁,၃၀၀ ။”

“ကောင်းကင်သလင်းကျောက် ၁,၈၀၀ ။”

“ကောင်းကင်သလင်းကျောက် ၂,၃၀၀ ။”

“ကောင်းကင်သလင်းကျောက် ၃,၀၀၀ ။”

အချိန်တိုအတွင်းတွင်ပင်၊ ပုံရိပ်ယောင်ပြန်ဆေးလုံး၏ဈေးနှုန်းက ကောင်းကင်သလင်းကျောက် ၃,၀၀၀ အထိ တက်သွားခဲ့ပြီး ဆက်လက်၍ ဖြည်းဖြည်းချင်း တက်နေလေသည်။

“ကောင်းကင်သလင်းကျောက် ၃,၂၀၀ ။”

“ကောင်းကင်သလင်းကျောက် ၃,၅၀၀ ။”

“ကောင်းကင်သလင်းကျောက် ၃,၈၀၀ ။”

ကောင်းကင်သလင်းကျောက် ၃,၈၀၀အထိရောက်ရှိသွားချိန်တွင် ပုံရိပ်ယောင်ပြန်ဆေးလုံး၏ ဈေးသည် ယာယီရပ်သွားခဲ့သည်။

မျက်ခုံးဖြူအကြီးအကဲသည် လည့်ပတ်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ကောင်းကင်သလင်းကျောက် ၃,၈၀၀ ။ ဈေးထပ်မြင့်ချင်သူများ ရှိသေးလား?

“ကောင်းကင်သလင်းကျောက် ၃,၈၀၀ ။ တစ်ကြိမ်။ ကောင်းကင်သလင်းကျောက် ၃,၈၀၀ ။ နှစ်ကြိမ်။ ကောင်းကင်သလင်းကျောက် ၃,၈၀၀ ။ သုံးကြိမ်။”

“ပုံရိပ်ယောင်ပြန်ဆေးလုံးကိုအနိုင်ရသွားတဲ့တာအိုရောင်းရင်းကို ဂုဏ်ပြုပါတယ်။”

နောက်တစ်ခုသည် လက်သီးဆုပ်အရွယ် တရားမီးကျောက်ဖြစ်ပြီး ထိပ်တန်းအဆင့် ၇ သန့်စင်ခြင်းပစ္စည်းဖြစ်ကာ ကောင်းကင်သလင်းကျောက် ၂,၀၀၀ နီးပါးနဲ့ရောင်းလိုက်သည်။

နောက်တစ်ခုမှာ အဆင့် ၇ အဆောင်ဖြစ်ကာ ကျိန်စာတိုက်သတ်ဖြတ်ခြင်းကို ကာကွယ်နိုင်ပြီး ထိုပစ္စည်းသည်လည်း ကောင်းကင်သလင်းကျောက်၂၀၀၀ဖြင့် လေလံဆွဲလိုက်ကြသည်။

သုံးရက်ခန့်အကြာတွင်၊ များစွာသော ရတနာများအား လေလံဆွဲသည့်စင်ပေါ်မှ အောင်မြင်စွာထုတ်သွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ အသိမြင်ကို ချဲ့နိုင်ခဲ့သည်ဟု ခံစားခဲ့ရသည်။

အထူးဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ကာ ရတနာများနှင့်ပက်သက်၍ ဗဟုသုတများရှိသော်လည်း၊ လေလံပွဲတွင် သူတို့မမြင်ဖူးသော ရတနာများစွာရှိနေသေးသည်။

“လေလံပွဲ၏နောက်ပစ္စည်းတစ်ခုကတော့ ခင်ဗျားတို့စိတ်ဝင်စားမဲ့အရာဖြစ်ပါလိမ့်မယ်။” မျက်ခုံးဖြူနှင့် အကြီးအကဲက ပစ္စည်းကိုထုတ်လိုက်သည်။

၎င်းသည် လင်းလက်နေသော ဓားတစ်ချောင်းဖြစ်သည်။

“ခင်ဗျားတို့အများစုခန့်မှန်းထားသလိုပဲ၊ ဒီပစ္စည်းက တကယ်ပဲ ဝိညာဉ်ရတနာဖြစ်ပြီး အလယ်ဆင့်မှာ ရှိပါတယ်။”

ဝိညာဉ်အဆင့်တွင်ရှိသည့် ဝိညာဉ်ရတနာများသည် များစွာသောအဆင့်အဖြစ် ခွဲခြားထားသည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အထက်ဆင့်နှင့် အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာများဖြစ်သည်။

ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့တွင် နဂါးနက်မှော်ဆရာအသုံးပြုသည့် နဂါးမျှော်စင်သည် အဆင့်နိမ့် ဝိညာဉ်ရတနာဖြစ်ကာ ၎င်းသည် သူတို့မျိုးနွယ်အမွေ ဝိညာဉ်ရတနာဖြစ်သည်။

ကျန်းချန်ရွှမ်၏ အမြစ်ဖြတ်ဓားသည် အလယ်ဆင့်နှင့် အထက်ဆင့်ကြားရှိဝိညာဉ်ရတနာဖြစ်သည်။

၎င်း၏စွမ်းအားသည် သာမန်အလယ်ဆင့် ဝိညာဉ်ရတနာထပ် မြင့်ပါသည်၊ သို့သော် ၎င်းသည် အဆင့်မြင့်ဝိညာဉ်ရတနာထပ် အနည်းငယ်နိမ့်ပါသည်။

ယခုမျက်ခုံးဖြူအကြီးအကဲပြသနေသည့် ဝိညာဉ်ရတနာသည် အလယ်ဆင့် ဝိညာဉ်ရတနာ ဖြစ်သည်။

“ဒီဝိညာဉ်ရတနာအတွက် စတင်မဲ့လေလံဈေးကတော့ ကောင်းကင်သလင်းကျောက် ၂,၀၀၀ ဖြစ်ပါတယ်။ ထပ်တိုးမဲ့လေလံဈေးက ကောင်းကင်သလင်းကျောက် ၂၀၀ ထပ်နည်းလို့မရပါဘူး။”

ထိုအရာကိုကြားလျှင်၊ ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကိုလှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ရူယန်၊ မင်းမှာ ဝိညာဉ်ရတနာရှိပြီးပြီလား?”

ရှန်းရူယန်သည်ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ရှိပါပြီ။ ကျွန်မဗလာနယ်ပြန်အဆင့်ကိုထိုးဖောက်ပြီးတဲ့အချိန်မှာ ကျွန်မဆရာက ဝိညာဉ်ရတနာ တစ်ခု ပေးတယ်။ အဲ့ဒါကို မူလနတ်ဘုရားကျောက်စိမ်းလို့ခေါ်တယ်။”

သူမသည် စကားပြောနေရင်း ဝိညာဉ်ရတနာပျံသန်းခြင်းဓားကိုကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“ယောကျ်ား၊ ရှင်ကျွန်မအတွက်စိတ်ပူပေးစရာမလိုပါဘူး။ ပျံသန်းခြင်းဝိညာဉ်ဓားက ကောင်းပါတယ်။ ဒါမဲ့ ကျွန်မနဲ့ရှင့်အတွက် သင့်တော်တယ်လို့မထင်ဘူး။

သေချာပါတယ်၊ အကယ်၍ ဈေးနှုန်းက လက်ခံနိုင်ရင်တော့ လေလံဆွဲကြည့်ကြတာပေါ့။”

သူတို့စကားပြောနေရင်း၊ ပျံသန်းခြင်းဓား၏ဈေးမှာ ၃,၇၀၀ ကောင်းကင်သလင်းကျောက်အထိ ရောက်နေပြီဖြစ်ကာ ဆက်လက်၍ တိုးတက်နေလေသည်။

“ကောင်းကင်သလင်းကျောက် ၄,၀၀၀ ။”

“ကောင်းကင်သလင်းကျောက် ၄,၄၀၀ ။”

“ကောင်းကင်သလင်းကျောက် ၄,၈၀၀ ။”

“ကောင်းကင်သလင်းကျောက် ၅,၀၀၀ ။”

ထိုအချိန်တွင် ပျံသန်းခြင်းဓား၏တန်ဖိုးမှာ ကောင်းကင်သလင်းကျောက် ၅,၂၀၀ အထိ ရောက်ရှိသွားခဲ့သည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လေလံဆွဲမည့်အတွေးကို ဖျောက်လိုက်သည်။

ထိုတန်ဖိုးသည် သူတို့အတွက်အလွန်မြင့်မားနေပြီဖြစ်သည်။

သူတို့နှင့် မသင့်တော်သည့် ဝိညာဉ်ရတနာအပေါ်တွင် ပိုက်ဆံသုံးမည့်အစား သူတို့အတွက် သင့်တော်မည့် အရာတစ်ခုခုအတွက် ကောင်းကင်သလင်းကျောက်များကိုသိမ်းထားရန် ဆန္ဒရှိပါသည်။

နောက်ဆုံးတွင်၊ ပျံသန်းခြင်းဓားသည် ကောင်းကင်သလင်းကျောက် ၅,၅၀၀ ဖြင့် ကောင်းကင်အလင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ လက်ထဲရောက်ရှိသွားသည်။

ထိုကဲ့သို့ပင်၊

အချိန်များကုန်လွန်လာပြီး လေလံပွဲသည် ရှင်းလင်းစွာပင် အဆုံးသတ်သို့ရောက်ရှိရန် နီးကပ်လာခဲ့သည်။

မျက်ခုံးဖြူအကြီးအကဲ ယူထုတ်လာသည့် ရတနာများသည် ပို၍ တန်ဖိုးကြီးလာခဲ့ပြီး ပစ္စည်းအများစုသည် ထိုထွင်းသိမြင်ခြင်းအဆင့်မှ စွမ်းအားကြီးသောသူများနှင့်သက်ဆိုင်ပေသည်။

“နောက်တစ်ခုကတော့ ကျွန်တော်တို့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်ပါတယ်။

ခင်ဗျားတို့အားလုံး ဒီကိုမလာခင် သတင်းကြားပြီးသားပစ္စည်းဖြစ်လိမ့်မှာပါ။

ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ နောက်ဆုံးပစ္စည်းကတော့ အခြားပစ္စည်းတွေနဲ့မတူဘဲ၊ ကောင်းကင်အတိဒုက္ခကိုတားဆီးနိုင်တဲ့ အတိဒုက္ခကျော်လွန်ခြင်းရတနာဖြစ်ပါတယ်။”

***

All Chapters