နောက်ဆုံးပစ္စည်း၊ အတိဒုက္ခကျော်လွန်ခြင်းရတနာ
Vol. 41 Ch. 773
အတိဒုက္ခကျော်လွန်းခြင်းရတနာ အမည်ကိုကြားသည်နှင့် ထိုသို့သောသတင်းကို မသိထားသည့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် အခြားကျင့်ကြံသူများသည် သိသာစွာတုန်လှုပ်သွားကြသည်။
“အတိဒုက္ခကျော်လွန်ခြင်းရတနာ၊ ဒါက တကယ် အတိဒုက္ခကျော်လွန်ခြင်းရတနာပဲ။”
များစွာသောမျက်နှာများက စိတ်လှုပ်ရှားမှုကိုဖော်ပြနေကြသည်။
ရှင်းလင်းစွာပင်၊ လူတိုင်းက အတိဒုက္ခကျော်လွန်းခြင်းရတနာသည် မည်မျှရှားပါးကာ တန်ဖိုးရှိကြောင်း သိကြပါသည်။
၎င်းသည် ဗလာနယ်ပြန်အဆင့်ကျင့်ကြံသူတိုင်း လိုအပ်သည့် အရာဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် အတိဒုက္ခကျော်လွန်ခြင်းရတနာသည် သေခြင်းနှင့် ရှင်ခြင်းကြားအခြေအနေကို သတ်မှတ်ပေးနိုင်သည်။
အဆုံး၌၊ ဗလာနယ်ပြန်ကျင့်ကြံသူတိုင်းက အတိဒုက္ခကို ကျော်လွန်နိုင်ရန်ယုံကြည်ချက်မရှိကြသဖြင့် ထိုရတနာများသည် အလွန်အရေးကြီးပါသည်။
“အားလုံးပဲ။”
မျက်ခုံးဖြူအကြီးအကဲက ဆက်ပြောလိုက်သည်။
“ဒီလေလံပွဲက နောက်ဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ အတိဒုက္ခကျော်လွန်ခြင်းရတနာကို သုံးခု ပြင်ဆင်ထားပါတယ်။
ဒီသုံးခုကို သုံးကြိမ်လေလံဆွဲပါမယ်။
ဒါကြောင့်၊
အကယ်၍ ခင်ဗျားတို့ကံကောင်းခဲ့မယ်ဆိုရင် မျှတတဲ့အခွင့်အရေးတစ်ခုကိုရရှိနိုင်မှာဖြစ်ပါတယ်။”
စကားပြောပြီး၊ အကြီးအကဲသည် ကြက်သွေးရောင်ကျောက်စိမ်းကိုယူထုတ်လာကာ ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ ဒီပထမဆုံး အတိဒုက္ခကျော်လွန်ခြင်းရတနာကို မှတ်မိကြပါလိမ့်မယ်။ ဒါက အနီရောင်တိမ်တိုက်သလင်းကျောက်လို့ခေါ်ပြီး ဓမ္မပုံစံအဆင့် နဲ့ ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူတွေအတွက် ကောင်းကင်အတိဒုက္ခကိုတစ်ကြိမ် ခံနိုင်ရည်ရှိအောင်ကူညီပေးနိုင်ပါတယ်။
သေချာပါတယ်။ ဒါက ခင်ဗျားတို့အသုံးပြုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။”
ဝိညာဉ်လောကတွင် မည်သည့် အတိဒုက္ခကျော်လွန်ခြင်းရတနာမဆို တစ်ကြိမ်သာသုံးနိုင်ပါသည်။
အကယ်၍ ထိုအနီရောင်တိမ်တိုက်သလင်းကျောက်အား ကောင်းကင်အတိဒုက္ခခံရန် အသုံးပြုလိုက်လျှင်၊ သင်သည့်နောက်တစ်ကြိမ်အတိဒုက္ခအတွက် ထိုအရာကို ထပ်မံ၍ အသုံးပြု၍ မရတော့ပါ။
သဘာဝကျစွာပင် အများစုက အကယ်၍ အခြားအတိဒုက္ခကျော်လွန်ခြင်းရတနာကိုတွေ့လျှင် ကောင်းကင်အတိဒုက္ခကိုရှောင်လွဲကာ ထာဝရနေနိုင်ပြီဟု ထင်ထားကြသည်။
ဟုတ်ပါသည်။ သီအိုရီအရ ၎င်းသည် မှန်ပါသည်။
သို့သော် ပြသနာမှာ အတိဒုက္ခကျော်လွန်ခြင်းရတနာများသည် အလွန်ရှားပါးခြင်းပင်ဖြစ်သည်။
ထို့ကြောင့် အတိဒုက္ခကျော်လွန်ခြင်းရတနာများကို ဆက်တိုက်ရှာဖွေတွေရှိနိုင်မည်ဟု မည်သို့ ထင်ထားနိုင်မည်နည်း?
သာမန်ဗလာနယ်ပြန်ကျင့်ကြံသူများအနေဖြင့်၊ အတိဒုက္ခကျော်လွန်ခြင်းရတနာအား သက်တမ်းတစ်လျှောက်တွင် တစ်ခုပိုင်ဆိုင်နိုင်လျှင်ပင် အတော်လေးအောင်မြင်ပေသည်။ ဒုတိယတစ်ခု၊ တတိယတစ်ခု သို့ ထပ်မံ၍ မျှော်လင့်နေပါသလား?
၎င်းသည် မဖြစ်နိုင်ပါ။
အဓိပ္ပာယ်လည်းမရှိပါ။
အကယ်၍ အထူးဂိုဏ်းသို့ အရှင်သခင်ဂိုဏ်းမှဖြစ်လျှင်ပင် အတိဒုက္ခကျော်လွန်ခြင်းရတနာများကို ဆက်တိုက်ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်ပေ။
သုံးခုလေးခုပိုင်ဆိုင်နိုင်လျှင်ပင် အတော်လေးအထင်ကြီးစရာကောင်းနေပြီဖြစ်သည်။
ထို့ကြောင့်၊ မျက်ခုံးဖြူနှင့် အကြီးအကဲသည် ပထမဆုံး အတိဒုက္ခကျော်လွန်ခြင်းရတနာ အနီရောင်တိမ်တိုက်သလင်းကျောက်ကို မိတ်ဆက်လိုက်သည့်အချိန်တွင် ချက်ခြင်းပင် တက်ရောက်သူများက လေလံစဆွဲကြတော့သည်။
“ကောင်းကင်သလင်းကျောက် ၃,၀၀၀ ။”
“ကောင်းကင်သလင်းကျောက် ၄,၀၀၀ ။”
“ကောင်းကင်သလင်းကျောက် ၅,၀၀၀ ။”
“ကောင်းကင်သလင်းကျောက် ၆,၀၀၀ ။”
အချိန်တိုအတွင်းတွင်ပင်၊ အနီရောင်တိမ်တိုက်သလင်းကျောက်၏ဈေးနှုန်းမှာ ကောင်းကင်သလင်းကျောက် ၆,၀၀၀ အထိမြင့်တက်သွားကာ ဆက်လက်၍လည်း မြန်ဆန်စွာမြင့်တက်နေသည်။
“ကောင်းကင်သလင်းကျောက် ၇,၀၀၀ ။”
“ကောင်းကင်သလင်းကျောက် ၈,၀၀၀ ။”
“ကောင်းကင်သလင်းကျောက် ၉,၀၀၀ ။”
အချိန်သိပ်မကြာခင်တွင်ပင်၊ အနီရောင်ကောင်းကင်သလင်းကျောက်၏ဈေးသည် ကောင်းကင်သလင်းကျောက် ၉,၀၀၀ အထိ ရောက်ရှိသွားသည်။
ထိုအချိန်မှသာ လေလံဈေးက နှေးသွားခဲ့သည်။
နောက်ဆုံးတွင် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူတစ်ဦးက အနီရောင်ကောင်းကင် သလင်းကျောက်အား ကောင်းကင်သလင်းကျောက် ၉,၇၀၀ ဖြင့် ရရှိသွားခဲ့သည်။
ဒုတိယ အတိဒုက္ခကျော်လွန်ခြင်းရတနာအားမိတ်ဆက်သောအခါ လေထုက ပို၍ ပြင်းထန်လာသည်။
၎င်းသည် အလွန်ရှားပါးကာ တန်ဖိုးကြီးသည့်ရတနာဖြစ်သော အဇူရာမှော်ပုလဲ ဖြစ်ပြီး ကောင်းကင်သလင်းကျောက် ၁၄,၀၀၀ ဖြင့် ရောင်းထွက်သွားသည်။
နောက်ဆုံး အတိဒုက္ခကျော်လွန်ခြင်းရတနာ အတိဒုက္ခကျော်ဖြတ်ခြင်းလက်ချောင်းဖြစ်ပြီး လူသားလက်ချောင်း၏အရိုးနှင့်တူကာ အမြင့်ဆုံးဈေး ကောင်းကင်သလင်းကျောက် ၂၃,၀၀၀ ဖြင့် အနီရောင်တိမ်တိုက်သလင်းကျောက်၏ စတင်သည့်ဈေး၏နှစ်ဆဖြင့် ထွက်သွားလေသည်။
ဤသို့ဖြင့် လေလံပွဲက ပိတ်သိမ်းတော့မည်အချိန်သို့ရောက်လာခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပစ္စည်းတစ်ခုမှ မဝယ်ခဲ့သော်လည်း၊ သူတို့ရရှိခဲ့သည့် အတွေ့အကြံနှင့် အသိအမြင်များမှာ တန်ဖိုးဖြတ်၍မရနိုင်ပါ။
ထိုလေလံပွဲမှထွက်ခွာလာပြီးနောက် သူတို့သည် လေလံပွဲနှင့် ရှေ့ဆင့်နောက်ဆင့်ကျင်းပနေသည့် တာအိုဆွေးနွေးပွဲအစည်းအဝေးသို့ ဦးတည်သွားလိုက်သည်။
ထို့ကြောင့်၊
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တာအိုဆွေးနွေးပွဲအစည်းအဝေးသို့ရောက်သောအခါ စတင်နေဆဲအချိန် ဖြစ်သည်။
ထိုဆွေးနွေးပွဲသည် များစွာသောနေရာများအဖြစ်ခွဲခြားထားကာ သူတို့ကဲ့သို့ ဗလာနယ်ပြန် ကျင့်ကြံသူများအား အမြင့်ဆုံးအဖြစ် ဧည်ခံကြသည်။
နောက်တစ်နေရာမှာ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံများအတွက်ဖြစ်ကာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အောက် ကျင့်ကြံသူများအတွက် နေရာလည်းရှိသည်။
ထိုအချိန်တွင်၊
တာအိုဆွေးနွေးပွဲအစည်းအဝေး၌ နတ်ဘုရားအရိပ်ဂိတ်မှ ထိုးထွင်းသိမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ကျင့်ကြံခြင်းနှင့်တာအိုအပေါ် အသိအမြင်များအား ရှင်းပြနေသည်။
သူ၏အကျယ်တဝင့်ဖော်ပြချက်များက တိကျမှုမရှိသော်လည်း၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အယူအဆနှင့် ရှုထောင့်များကို တောက်ပလာစေပါသည်။
ထိုဆွေးနွေးပွဲသည် တစ်ဦး သို့ နှစ်ဦးပင်မဟုတ်ဘဲ များစွာသော ထိုးထွင်းသိမြင်ခြင်းအဆင့် ကျင့်ကြံသူများက သူတို့၏ဗဟုသုတများကို မျှဝေကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အထူးသဖြင့် တာအို၏အကြောင်းအရင်းနှင့် သက်ရောက်မှုအား စိတ်ဝင်စားခဲ့သည်။
ထိုးထွင်းသိမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးမှရှင်းလင်းပေးသော နိယာမများသည် ကျင့်ကြံခြင်းနှင့် အနန္တလောကကို စိမ့်ဝင်ပျံနှံ့ကာ ထာဝရနှင့် မပြောင်းလဲသောဥပဒေသများကို ကိုယ်စားပြု နေပါသည်။
အစေ့၏ကြီးထွားခြင်း၊ ပွင့်လန်းခြင်းနှင့် အသီးသီးခြင်းတို့သည် များစွာသော အကြောင်းအရင်းများ ပေါ်တွင် မူတည်နေပါသည်။
၎င်းသည် သူ၏နောက်ဆုံးအဆင့်ကိုရောက်ရှိရန် မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်၊ စွမ်းအား စသည့် အကြောင်းအရင်းများအားလုံးရှိရန် လိုအပ်ပေသည်။
အကယ်၍ သူတို့ထဲမှ တစ်ခုလွတ်သွားလျှင်၊ လမ်းလည်ခေါင်တွင် သေသွားနိုင်ချေရှိသည်။
ဆင်တူစွာပင်၊ ကျင့်ကြံသူ၏လမ်းတွင် များစွာသော ကောင်းမွန်သည့်အကြောင်းရင်းများပေါ် မူတည်သည်။
ကောင်းခြင်းမျိုးစုံရှိမှသာလျှင် တိုးတက်ရန် ဖြစ်နိုင်ချေရှိလိမ့်မည်။
ထို့အပြင်၊ ပြောင်းလဲခြင်းများစွာလည်း ရှိသေးသည်။
ပြောင်းလဲခြင်းတစ်ခုချင်းဆီသည် ကွဲပြားသောရလဒ်များဆီသို့ဦးတည်နေပါသည်။
တာအို၏အကြောင်းရင်းနှင့်သက်ရောက်မှုအားထပ်မံပြောဆိုရလျှင်၊ ပြောဆိုသူသည် ယင်နှင့်ယန်တာအို၊ ဖျက်ဆီးခြင်းတာအိုနှင့် ဘဝတာအိုများအပါအဝင် အခြားတာအိုများ အကြောင်းပြောသွားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနန္တတာအို မသေမျိုးမြို့၏ အခြားနေရာများသို့ သွားရောက်စူးစမ်းခဲ့ကြသည်။
သူတို့သည် မြို့မှထွက်ခွာရန်ပြင်ဆင်နေသည့်အချိန်တွင်၊ ကျင့်ကြံသူနှစ်ဦးသည် ဂူဝသို့ ရောက်လာခဲ့ပေသည်။
တံခါးဖွင့်လိုက်သောအခါ တာအိုဝတ်ရုံအပြာရောင်ခြုံထားသည့် လူက အသစ်လာသူများကို တည်ငြိမ်စွာကြည့်လိုက်သည်။
ကျင့်ကြံသူနှစ်ဦးသည် လေးစားစွာဦးညွတ်လိုက်သည်။
“နှုတ်ဆက်ပါတယ်။ စီနီယာအစ်ကို ကူမင်။”
“အမ်။”
စီနီယာအစ်ကိုကူမင်ဟုခေါ်သောသူက ခေါင်းညိတ်လိုက်သည်။
“မင်းတို့ဘာလို့ငါ့ကိုရှာတာလဲ?”
***