မိုးကြိုးမိခင် ဓမ္မပုံစံ
Vol. 41 Ch. 774
ထိုစကားကိုကြားလျှင်၊ ကျင့်ကြံသူနှစ်ဦးက ချက်ခြင်းပြောလိုက်သည်။
“စီနီယာအစ်ကိုကူမင်၊ ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ကို ရှာတွေ့ခဲ့တယ်။”
“ဟမ်?”
ထိုနာမည်နှစ်ခုကိုကြားလျှင် စီနီယာအစ်ကို ကူမင်၏မူလက တည်ငြိမ်နေသော အမူအရာသည် ချက်ခြင်းပင် စူးရှသွားခဲ့သည်။
သူသည် လျှင်မြန်စွာ ရပ်လိုက်ကာ သူ၏ရှေ့မှလူနှစ်ဦးကိုကြည့်လိုက်သည်။
“မင်းတို့မှားမြင်တာမဟုတ်တာသေချာလား?”
နှစ်ဦးစလုံးက ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်တို့မှားမြင်တာမဟုတ်ဘူးဆိုတာ အာမခံနိုင်ပါတယ်။
ပြီးတော့ ကျွန်တော်တို့ သူတို့တွေ အနန္တတာအိုမသေမျိုးမြို့ကနေထွက်ခွာသွားတော့မယ်လို့လည်း သံသယရှိတယ်။"
“သွားကြစို့၊ ငါ့ကို အဲ့ဒီကိုခေါ်သွား။”
စီနီယာအစ်ကို ကူမင်သည် ချက်ခြင်းပင်ပြောလိုက်သည်။
“ငါတို့သူတို့နဲ့တွေ့ရပြီဆိုတော့၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုလွတ်မြောက်ခွင့်မပေးနိုင်ဘူး။”
ကျင့်ကြံသူနှစ်ဦးကလည်း ချက်ခြင်းပင် သဘောတူလိုက်ကြသည်။
ပြီးနောက်၊ သုံးဦးသားသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏နောက်သို့ လိုက်တော့သည်။
.....
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မြို့၏ဂိတ်သို့ပင်ရောက်နေပြီဖြစ်သည်။
ထိုစုံတွဲသည် အချိန်ကြာကြာမနေဘဲ၊ မကြာမီ သူတို့သည် အတူတူ မြို့ပြင်သို့ထွက်ခဲ့ကြသည်။
ယခုမူ သူတို့သည် သွားစရာနေရာအတိအကျမရှိသေးပေ။
ထို့ကြောင့်၊ သူတို့သည် အနန္တတာအိုမသေမျိုးမြို့မှထွက်ခွာပြီး လမ်းတစ်လျှောက်သာ ပျံသန်းသွားကြသည်။
သူတို့သည် ဤလောကအား သေချာစွာကြည့်ရှုရန် ပြင်ဆင်ထားကြသည်။
တစ်ချိန်တည်းမှာပင်၊
ဂူမှထွက်ခွာပြီးနောက်၊ သုံးဦးသားသည် လျှင်မြန်စွာဖြင့်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ရှာဖွေနေကြလေသည်။
ခနအကြာတွင် သူတို့သည် ထိုစုံတွဲက အနန္တမသေမျိုးမြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
၎င်းသည် စီနီယာအစ်ကိုကူမင်နှင့် အခြားနှစ်ဦး၏အမူအရာများကို အနည်းငယ်ပြောင်းလဲသွား စေသည်။
တုံ့ဆိုင်းခြင်းမရှိဘဲနှင့် သုံးဦးသားသည် အနန္တတာအိုမသေမျိုးမြို့မှ ထွက်ခွာကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နောက်သို့ လိုက်ကြသည်။
“ဟမ်?”
ရှေ့သို့ ပျံသန်းနေသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို၏နောက်မှ ဓမ္မစွမ်းအားလှိုင်းကို အာရုံခံမိလိုက်ကြသည်။
သူတို့သည် အချင်းချင်းကြည့်လိုက်သည်။
နှစ်ဦးသားသည် သူတို့၏နောက်တွင် ဓမ္မစွမ်းအင်လှိုင်းများမှ အန္တရာယ်ရှိသောရည်ရွယ်ချက်များ ပါဝင်ကြောင်း သေချာစွာသိလိုက်ကြသည်။
ပြောစရာမလိုအောင်ပင် လာနေသောသူများသည် သေချာပေါက် ရည်ရွယ်ချက်မကောင်းပါ။
ထိုအချိန်တွင် ထိုစုံတွဲသည် ချက်ခြင်းရပ်လိုက်ကာ သူတို့၏အနောက်သို့ကြည့်လိုက်သည်။
ထိုနေရာတွင်
ပုံရိပ်သုံးခုသည် လျှင်မြန်စွာချဉ်းကပ်လာလေသည်။
“ဟမ်? ဘယ်သူတွေလဲ?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများကျဉ်းမြောင်းသွားသည်။
အကြောင်းမှာ သူတို့သည် ထိုလူသုံးဦးထဲတွင်၊ ဓမ္မပုံစံအဆင့်ထပ် ကျော်လွန်နေသော သူတစ်ဦး ရှိနေသည်။
၎င်းသည် စီနီယာအစ်ကိုကူမင်ဖြစ်သည်။
ထိုသူသည် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူဖြစ်ပေသည်။
ထို့အပြင် သူ၏ဝတ်စားပုံမှ ခန့်မှန်းရလျှင် အခြားတစ်ဘက်မှ အထောက်အထားမှာ အလွန်သိသာပါသည်။
သူသည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှဖြစ်သည်။
ထိုစုံတွဲသည် သူတို့၏ခရီးတွင် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှ လူများနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ထိုအချိန်တွင်၊
ကူမင်နှင့် အခြားသူများသည်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ချဉ်းကပ်လာကြသည်။
ထိုသုံးဦးသည် သူတို့၏လူသတ်ချင်စိတ်အား ဖုံးကွယ်မထားပါ။
ချက်ခြင်းပင် ထိုသုံးဦးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဦးတည်ချက်သုံးခုမှ ဝန်းရံလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်ကပြောလိုက်သည်။ “ငါက ဘယ်သူလဲဆိုတာသိချင်နေတာ၊ ဒြပ်စင်ငါးပါးဂိုဏ်းကလူတွေဖြစ်နေတာပဲ။ ဘာလို့လဲ? ငါ့ကိုဒီမှာ မြေမြုပ်ဖို့ စီစဉ်နေတာလား?”
စီနီယာအစ်ကိုကူမင်၏ဘေးမှ မှုတ်ဆိတ်နှင့်လူက နှာခေါင်းရှုံလိုက်သည်။
“ဒီတော့ ငါအဲ့လိုလုပ်ချင်တော့ ဘာဖြစ်လဲ? မင်းတို့ဒီနေ့ လွတ်နိုင်မယ်လို့ထင်လား?”
စကားပြောနေစဉ်တွင်ပင်၊ သူနှင့် အခြားဆံပင်ရှည်သောသူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်တော့သည်။
ချက်ခြင်းပင်၊ လင်းလက်နေသည့်အလင်းနှစ်ခုက ကောင်းကင်ပေါ်တွင် လင်းလက်သွားသည်။
ဓမ္မရတနာနှစ်ခု၊ တစ်ခုသည် ဆူးချွန်ဖြစ်၍ တစ်ခုသည် ဓားဖြစ်ကာ၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တိုက်ခိုက်နေသည်။
တစ်ချိန်တည်းမှာပင်၊
မုတ်ဆိတ်နှင့်လူနှင့် ဆံပင်ရှည်သောသူ၏နောက်တွင် ပေနှစ်ထောင်ရှည်သည့် ဓမ္မပုံစံက ဖွဲ့စည်းလာသည်။
ဝုန်း…ဝုန်း…
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ လာနေသည်။
“ဟမ့်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှာခေါင်းရှုံ့လိုက်သည်။
ခနအကြာတွင် ထိုစုံတွဲ၏ခေါင်းများပေါ်တွင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။
ငါးရောင်ခြယ်အလင်းက ပေါ်ထွက်လာခဲ့သည်။
အခြားအလင်းတစ်ခုသည် အဆုံးမဲ့မိုးကြိုးများဖြင့် ပြည့်နေသည်။
ထိုနေရာတွင် ဝုန်းဟူ၍ အသံမြည်သွားခဲ့သည်။
ဆူးချွန်တစ်ခုနျင့် ဓားတစ်ခု ရတနာနှစ်ခုက နောက်ပြန်ဆုတ်သွားခဲ့သည်။
ငါးရောင်ခြယ်အလင်းနှင့် မိုးကြိုးအလင်းတို့သည် ဓမ္မပုံစံနှစ်ခုကိုထိုးဖောက်သွားခဲ့ပြီး သူတို့၏ဓမ္မပုံစံနှစ်ခု၏ ခန္ဓာကိုယ်များပေါ်တွင် ကြီးမားသည့်အပေါက်တစ်ခုဖြစ်စေခဲ့သည်။
“မင်းကများ..”
ထိုအရာကိုမြင်လျှင်၊ စီနီယာအစ်ကို ကူမင်က ရုတ်တရက် သူ၏မျက်လုံးထဲ အေးစက်သွားခဲ့သည်။
လျှပ်တစ်ပြက်အတွင်း သူသည် အမြင်မှပျောက်ကွယ်သွားခဲ့သည်။ ကြီးမားသော လူအဖြစ် ပြန်ပေါ်လာခဲ့ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏တိုက်ခိုက်မှုကို မခန့်မှန်းနိုင်သောစွမ်းအားနှင့် လွယ်ကူစွာဖြင့် ဖယ်ရှားလိုက်လေသည်။
ဝှစ်…
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်သို့ပြန်ဆုတ်နေရာကာ ခြေကိုထိန်းနိုင်ရန် ခက်ခဲနေသဖြင့် သူတို့၏ပုံစံများသည် လေထဲတွင် ခြေရာများကျန်ခဲ့ပြီး လမ်းတစ်လျောက် အရိပ်ထင်နေလေသည်။
ကျီ…
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏ပုံရိပ်က ပေသုံးရာထိ မြင့်တက်လာခဲ့သည်။
ကြယ်များကြွေလာသည့်မြင်ကွင်းက ရုတ်တရက် ကောင်းကင်ပေါ်တွင် တောက်ပသွားခဲ့သည်။
ပြီးနောက်တွင် ကျယ်လောင်သည့်ဟိန်းသံဖြင့် ကြီးမားသောလက်ဖဝါးကြီးသည် ကောင်းကင်ပေါ်မှ ကျဆင်းလာကာ စီနီယာကူမင်ပေါ်သို့ မရပ်တန့်နိုင်သော အင်အားဖြင့် ဖိနှိပ်လိုက်သည်။
၎င်းသည် သူ၏ခန္ဓာကိုယ်နတ်ဘုရားစွမ်းအား၊ ကောင်းကင်ခန္ဓာပြိုကွဲခြင်းဖြစ်သည်။
“ဟမ်?”
စီနီယာအစ်ကိုကူမင်၏ အကြည့်သည် မမျှော်လင့်ထားသည့် ချိန်းခြောက်မှုကို ခံစားလိုက်ရသည့် အခါ ကျဉ်းမြောင်းသွားခဲ့သည်။
တုံ့ပြန်နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်ရေစီးကြောင်းများပေါ်လာခဲ့သည်။
ဖြန်း..ဖြန်း…ဖြန်း….
ကြီးမားသည့် ဓမ္မပုံစံတစ်ခုလုံးသည် ချက်ခြင်းပင် ပင်လယ်အဖြစ်ပြောင်းလဲသွားခဲ့သည်။
မျက်စိတမှိတ်အတွင်း ကျန်းချန်ရွှမ်သည် ရေနစ်သွားခဲ့သည်။
၎င်းသည် စီနီယာအစ်ကိုကူမင်၏ ပင်လယ်ဓမ္မပုံစံ၊ဖြစ်ပြီး သဘာဝ၏စွမ်းအားသည် ခုခံနိုင်ရန်ပင်မရှိပါ။
ထိုတိုက်ခိုက်မှုမှလွမ်းမိုးခံလိုက်ရသောအခါ ကျန်းချန်ရွမ်၏ခန္ဓာကိုယ်စွမ်းအားသည် မည်မျှသန်မာပါစေ၊ သူသည် စွမ်းအားထုတ်နိုင်ရန် မေ့သွားနိုင်ပေသည်။
မှုတ်ဆိတ်နှင့်လူနှင့် ဆံပင်ရှည်သောသူတို့သည် မနေနိုင်ဘဲ ကျေနပ်သည့်အမူအရာများ ဖြစ်နေကြသည်။
ဂျုန်း…
သို့ရာတွင် ထိုအချိန်၌ပင်၊ ရှန်းရူယန်၏နောက်တွင်…
မနှိုင်းယှဉ်နိုင်သည့် စွမ်းအားကြီးသော မိုးကြိုးများဖြင့် ကောင်းကင်ဘုံတရားခွင်မှ မိုးကြိုးမိခင်နှင့်တူသည့် ကြီးမားသည့် ဂုဏ်ကျက်သရေပုံရိပ်က ထွက်ပေါ်လာခဲ့သည်။
ဝှစ်ဟူသောအသံဖြင့် ပုံရိပ်သည် ပင်လယ်ထဲသို့ လျှင်မြန်စွာဦးတည်သွားခဲ့သည်။
ဂျုန်း…
ရှင်းလင်းစွာမြင်နိုင်သည်မှာ၊ ပမာဏများပြားလှသည့် ပင်လယ်ရေများသည် အဆုံးမဲ့မိုးကြိုးများကြောင့်အငွေ့ပျံသွားကြလေသည်။
မှုတ်ဆိတ်လူနှင့် ဆံပင်ရှည်သောသူတို့သည် မျက်လုံးများပြူးသွားကြသည်။
“ဒါက… ဒါက ဒဏ္ဍာရီလာမိုးကြိုးမိခင် ဓမ္မပုံစံလား?”
နှစ်ဦးသားသည် ချက်ခြင်းပင်၊ စီနီယာအစ်ကိုကူမင်အားကြည့်လိုက်ကြသည်။
ထိုအချိန်တွင်၊ သူ၏မျက်လုံးများသည်လည်း ထိတ်လန့်မှုဖြင့် ပြည့်သွားခဲ့သည်။
အကြောင်းမှာ မိုးကြိုးဒြပ်စင်ကျင့်ကြံသူတစ်ဦးသည် မိုးကြိုးမိခင် ဓမ္မပုံစံကိုဖွဲ့စည်းခြင်းရန် မည်မျှခက်ခဲကြောင်း မည်သူမှသူ့ထပ်ပိုမသိနိုင်သောကြောင့်ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ၊ ထိုကဲ့သို့သော ဓမ္မပုံစံသည် သူကဲ့သို့သော ရေဒြပ်စင်ဓမ္မပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ဖြစ်သည်။
သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကျွမ်းကျင်သူကိုလည်းရင်ဆိုင်နေရသေးသည်ကို ထည့်ပြောရန်ပင်မလိုပါ။
ဝုန်း….
ထိုအချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံသည် စီနီယာအစ်ကိုကူမင်နှင့် အခြားသူများ၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
ကြီးမားသောလက်ကြီးသည် ပင်လယ်ထဲမှ ထွက်လာခဲ့ပေသည်။ ထို့အပြင်၊ တစ်ချက်တည်းဖြင့် ပင်လယ်ရေများစွာကို ဖြိုခွဲပစ်လိုက်သည်။
***