ဒြပ်စင်ငါးပါး နတ်ဘုရားအလင်း၊ မင်းတကယ်ပဲ ဒြပ်စင်ငါးပါးနတ်ဘုရားအလင်းကို သန့်စင်ခဲ့တာပဲ။
Vol. 41 Ch. 775
“ဘာ”
စီနီယာအစ်ကိုကူမင်နှင့် သူ၏အဖော်တို့သည် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
သို့သော် သူတို့မတုံ့ပြန်နိုင်ခင်တွင်ပင်၊ ကျန်းချန်ရွှမ်၏နောက်မှ ဒြပ်စင်ငါးပါးအလင်းသည် ထွက်ပေါ်လာခဲ့သည်။
ဝှစ်ဟူသောအသံမြည်သွားခဲ့သည်။
ဒြပ်စင်ငါးပါးအလင်းသည်လည်းချက်ခြင်းပင် သူတို့သုံးဦးကိုဖြတ်သွားခဲ့သည်။
ထိုအချိန်တွင် စီနီယာအစ်ကိုကူမင်နှင့် အခြားနှစ်ဦးတို့သည် ချက်ခြင်းပင် သူတို့၏မူလဝိညာဉ်၏ နက်ရှိုင်းသောနေရာမှထွက်ပေါ်နေသည့် ပျောက်ကွယ်ခြင်းကို ခံစားလိုက်ရသည်။
သူတို့သည် သုံးရက်သုံးည မရပ်မနားဘဲ တိုက်ခိုက်ခဲ့ခြင်းကို ကြုံတွေခဲ့ရခြင်းကြောင့် မူးဝေခြင်းကိုခံစားလိုက်ရသည်။
ဂျုန်း….
ထိုအချိန်တွင်၊ မိုးကြိုးမိခင် ဓမ္မပုံစံ၏ အကန့်အသတ်မဲ့ ငွေဖြူရောင်မိုးကြိုးများသည် သူမ၏ မျက်လုံးထဲမှ ထွက်ပေါ်လာခဲ့သည်။
ပြင်းထန်သည့် လေမုန်တိုင်း တိုက်ခိုက်သွားသလိုပင်၊
ဝှစ်ဟူသောအသံဖြင့်၊ အဆုံးမဲ့ပင်လယ်သည် ချက်ခြင်းပင် လုံးဝအငွေ့ပျံသွားခဲ့သည်။
“အား….”
စီနီယာအစ်ကိုကူမင်သည် ပါးစပ်အပြည့်သွေးများအန်လိုက်သည်။ သူ၏အရောင်အဝါသည် ချက်ခြင်း ညိုးနွမ်းလာသည်။
ဖူး….
....
တစ်ချိန်တည်းတွင်ပင်၊
ကျန်းချန်ရွှမ်၏ဘက်တွင်၊ ဒြပ်စင်ငါးပါးအမြစ်ဖြတ်နတ်ဘုရားအလင်းကိုရုတ်တရက် သိပ်သည်းလိုက်သည်။
နတ်ဘုရားအလင်းသည် စီနီယာအစ်ကိုကူမင်၏ပေါ်ကျရောက်လာသောအခါ ၎င်းသည် ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်အား ဘာမှမရှိသည်ထိ ချက်ခြင်း သုတ်သင်လိုက်တော့သည်။
“စီနီယာအစ်ကို ကူမင်။”
မုတ်ဆိတ်နှင့်လူနှင့် ဆံပင်ရှည်သည့်သူတို့သည် နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့သည်။
သူတို့၏အရိုးများထဲမှ ကြက်သီးထသွားကြသည်။
ဓမ္မပုံစံအဆင့်ကျင့်ကြံသူတစ်ယောက်အနေနှင့် သူသည် တကယ်ပင် ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူအား သုတ်သင်လိုက်ပေသည်။
သူတို့သည် ထိုအရာကို တစ်ခါမှ မကြုံဖူး မမြင်ဖူးပါ။
ကောင်းကင်ဘုံအလင်းအဆင့်ကျင့်ကြံသူ၏ရှင်သန်နိုင်ရန်လုပ်နိုင်စွမ်းရှိသော်လည်း ယခုမူ ထိုစွမ်းအားသည် စီနီယာအစ်ကို ကူမင်အားသတ်နိုင်ခြင်းက အလွန်ကြောက်စရာ ကောင်းလှပါသည်။
ဝှစ်….
ကောင်းကင်ပေါ်တွင်၊ စီနီယာအစ်ကို ကူမင်၏ပုံရိပ်သည် ထပ်မံ၍ သိပ်သည်းသွားခဲ့သည်။
သို့ရာတွင်၊ သူ၏လက်ရှိအခြေအနေသည် ရှင်းလင်းစွာပင် ယခင်ကထပ်ပို၍ ဆိုးသွားသည်။
သူ၏မျက်နှာသည်အနည်းငယ်ဖြူဖျော့နေကာ၊ သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အကြောက်တရားဖြင့် ကြည့်လိုက်လေသည်။
“ငါတကယ်ပဲ၊ မင်းတို့နှစ်ယောက်ရဲ့စွမ်းအားကို ဒီအဆင့်ထိရောက်နေမယ်လို့မထင်ထားဘူး။
ဝိညာဉ်နယ်ပယ်တစ်ခုလုံးမှာ မင်းတို့လို လူတွေက လက်ချိုးရေတွက်လို့ရတယ်။
ငါမင်းတို့နှစ်ယောက်ကို ဒီနေ့တွေ့ရမယ်လို့မမျှော်လင့်ထားဘူး။”
ထိုအချက်ကြောင့်သူသည် ထိုနှစ်ဦးကိုသတ်ဖြတ်ရန်အတွေးမရှိတော့ပေ။
ထိုအစားသူသည် ဂိုဏ်းသိုပြန်သွားကာ ထိုတွေ့ရှိမှုကို သတင်းပို့ရန်သာ ဆန္ဒရှိနေသည်။
ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့မှ ထိုကဲ့သို့ သူများအား ဆက်လက်၍ တိုးတက်စေ၍ ချိန်းခြောက်မှုဖြစ်လာစေရန် ခွင့်ပြုထား၍မရပါ။
သူတို့သည် မည်သို့ပင်ဖြစ်ပါစေ သူတို့၏ နုနယ်သေးသည့် ကာလတွင်ပင် ရှင်းလင်းပစ်ရမည် ဖြစ်သည်။
အကယ်၍ဂိုဏ်းနှစ်ခုအကြား အစွမ်းကုန်တိုက်ခိုက်ရမည်ဆိုလျှင်ပင် ရပါသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့ပြိုင်ဘက်၏ ရည်ရွယ်ချက်အား သိခဲ့ပြီး သူတို့ထဲတွင် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ မြင့်တက်လာခဲ့သည်။
သူတို့ရှေ့မှ သုံးဦးကို အသက်ရှင်ရန် ခွင့်ပြု၍မဖြစ်ပါ။ သူတို့ ဤနေရာတွင်ပင် သေရမည်။
ဝုန်း….
ထိုအချိန်တွင်၊ ဒြပ်စင်ငါးပါးအလင်းဖြင့်လွမ်းခြုံထားပြီး လွမ်းမိုးနိုင်သောအရောင်အဝါများ ထွက်နေသည့် ကြီးမားသောပုံရိပ်ကြီးသည် ကျန်းချန်ရွှမ်၏နောက်မှထွက်လာခဲ့သည်။
၎င်းသည် သူ၏ဓမ္မပုံစံ ဒြပ်စင်ငါးပါး ဓမ္မပုံစံဖြစ်သည်။
ကျီ…
ကျန်းချန်ရွှမ်၏ ဒြပ်စင်ငါးပါးဓမ္မပုံစံပေါ်လာသည်နှင့် ငါးရောင်ခြယ်နတ်ဘုရားအလင်းက လျှင်မြန်စွာ သူ၏ပတ်လည်တွင် သိပ်သည်းလာခဲ့သည်။
ဝှစ်ဟူသောအသံဖြင့်၊ ၎င်းသည် စီနီယာအစ်ကိုကူမင်နှင့်အခြားနှစ်ဦးအပေါ်သို့ ကျရောက်သွားသည်။
ချက်ခြင်းပင်၊ ယခင်ထပ်ပို၍ ပြင်းထန်သော အာရုံတစ်ခုက စီနီယာအစ်ကိုကူမင်၏နှလုံးသားထဲတွင် လိမ့်တက်လာခဲ့သည်။
မုတ်ဆိတ်နှင့်လူနှင့်ဆံပင်ရှည်သောသူတို့သည် ပို၍ ဆိုးရွားသောအခြေအနေတွင်ရှိပေသည်။
ချက်ခြင်းနီးပါးပင်၊ နှစ်ဦးသားသည် ယာယီသူတို့၏လှုပ်ရှားနိုင်စွမ်းကိုဆုံးရှုံးခဲ့ရသည်။
ခွပ်….
ထိုအချိန်တွင်ပင် ရှန်းရူယန်သည် မိုးကြိုးမိခင်ဓမ္မပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
မိုးကြိုးသွားများ သောင်းချီသည် သူတို့၏လက်ထဲတွင် သိပ်သည်းသွားခဲ့သည်။
ဝုန်း…ဝုန်း…ဝုန်း…..
မုတ်ဆိတ်နှင့်လူနှင့် ဆံပင်ရှည်နှင့်လူတို့သည် အသံပင်ထွက်ရန်အချိန်မရှိဘဲ၊ သူတို့၏ခန္ဓာကိုယ်များသည် ချက်ခြင်းပင် ဘာမှမရှိသည်အထိ ရှင်းလင်းသွားခဲ့သည်။
“သေစမ်း။”
ထိုမြင်ကွင်းကိုမြင်လျှင် စီနီယာအစ်ကိုကူမင်၏အမူအရာသည် အလွန်ဆိုးရွားသွားသည်။
သူ၏လက်ဖဝါးများကို အင်အားအပြည့်ဖြင့် လက်ခုပ်တီးလိုက်ခြင်းဖြင့် ကောင်းကင်နှင့် မြေကြီးကြားပေါက်ကွဲခြင်းဖြစ်ပေါ်လာလေသည်။
ဝုန်း…
မီးတောက်များသည် ကောင်းကင်ပေါ်တွင်တက်လာခဲ့ပြီး သူ၏အောက်ခြေမှပင်လယ်သည်လည်း မြင့်တက်လာလေကာ ရေနှင့်မီးက ချက်ခြင်းပင် အတူတကွပေါင်းစည်းသွားသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ဖြူး…..
ရုတ်တရက် ကောင်းကင်နှင့်မြေကြီးတခွင်တွင် အပြာရောင်က ရေကိုကိုယ်စားပြုကာ အနီရောင်က မီးကိုကိုယ်စားပြုနေပြီး ဆန့်ကျင်ဘက်အင်အားများက ယင်ယန်ရေမီးအစီအရင်ချပ်ပြားဝိုင်းအဖြစ် သိသာထင်ရှားလာပြီး ကျန်းချန်ရွှမ်နှင့်ရှန်းရူယန် တို့၏အပေါ်နှင့်အောက်တွင် ပေါ်လာခဲ့သည်။
သာမန်ကျင့်ကြံသူဆိုလျှင် ထိုနတ်ဘုရားစွမ်းအားကြောင့် ဖုန်မှုန့်အဖြစ်ချေမွခံနေရပြီဖြစ်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဖြစ်သောကြောင့်…
သူတို့၏ဓမ္မပုံစံသည် ယာယီပင် ယိမ်းယိုင်သွားခဲ့ပြီး သူတို့၏တည်ငြိမ်ခြင်းသမာဓိကို ပြန်လည်ရရှိခဲ့သည်။
ဝှစ်….
စီနီယာအစ်ကိုကူမင်သည် ထိုအခြေအနေကို အပြည့်အဝနားလည်ခြင်းမရှိခင်တွင်ပင်၊ ကျန်းချန်ရွှမ်၏ ဒြပ်စင်ငါးပါး နတ်ဘုရားအလင်းက တစ်ကြိမ်ထပ်မံ၍ ပေါ်လာခဲ့သည်။
သို့ရာတွင် ဤတစ်ကြိမ်သည် ပြိုင်ဘက်၏စွမ်းအားကိုအားနည်းစေမည့်အစား၊ ကျန်းချန်ရွှမ်၏ နတ်ဘုရားအလင်းသည် စီနီယာကူမင်ယခုထုတ်လွတ်ထားသော နတ်ဘုရားစွမ်းအားကို အလင်းမှုန်များအဖြစ် ပြောင်းလဲသွားစေကာ လေထဲတွင် ပျောက်ကွယ်သွားစေခဲ့သည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
စီနီယာအစ်ကိုကူမင်၏မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။
ရုတ်တရက်။
သူသည် တစ်ခုခုကိုပြန်လည် သတိရသွားပုံရပြီး မယုံသင်္ကာဖြင့်အော်လိုက်လေသည်။
“ဒြပ်စင်ငါးပါးနတ်ဘုရားအလင်းပဲ။ မင်းကတကယ်ပဲ ဒြပ်စင်ငါးပါးနတ်ဘုရားအလင်းကို ကျွမ်းကျင်တာပဲ။”
ထိုအချိန်တွင် စီနီယာအစ်ကိုကူမင်၏နှလုံးသားသည် အစစ်အမှန်ကြောက်ရွံ့မှုများဖြင့် လွမ်းမိုးသွားခဲ့သည်။
သူသည် ကျန်းချန်ရွှမ်က ဒြပ်စင်ငါးပါးနည်းစနစ်၏အလွန်နက်နဲသည့် လျို့ဝှက်ချက်အားတကယ်ပင် နားလည်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပါ။
ဒြပ်စင်ငါးပါးနတ်ဘုရားအလင်း။
သိရမည်မှာ ၎င်းသည် ကြီးမြတ်သောနတ်ဘုရားအလင်းဖြစ်ကာ သူတို့ဂိုဏ်း၏အကြီးအကဲ တက်ရောက်သွားပြီဖြစ်သော မသေမျိုးဖြစ်သည့် တာအိုဖွဲ့စည်းခြင်းအကြီးအကဲသည်ပင် နားလည်နိုင်ခဲ့ခြင်းမရှိပေ။
ထိုအချိန်တွင်၊ စီနီယာအစ်ကိုကူမင်သည် ကျန်းချန်ရွမ်နှင့် အတူ ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခု
သေချာပေါက်ရှိလိမ့်မည်ဖြစ်ကြောင်း သေချာသွားခဲ့သည်။
ကျီ…
စီနီယာအစ်ကိုကူမင်သည် ကံကောင်းမည့်အရိပ်အယောင်တစ်ခုကိုမှမမှီခိုတော့ပေ။
နေရာလပ်စည်းမျဉ်းများထုတ်လွတ်နေသည့် ရှေးဟောင်းပစ္စည်းတစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။
၎င်းသည် ကြီးမြတ်သောနေရာလပ်ရွေ့ပြောင်းခြင်းအဆောင် အဆင့်မြင့်အသက်ကယ်ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။
ယခုမူ သူသည် သူတွေ့ရှိထားသည့် သတင်းအား မည်သို့ပင်ဖြစ်ပါစေ၊ ပြန်လည် သယ်ဆောင်သွားရန် ဆုံးဖြတ်ထားသည်။
သူသည် သတင်းကိုပြန်ပို့နိုင်လျှင်၊ ငွေကြေးများစွာရရှိလိမ့်မည်။
ထိုအချိန်တွင် ဂိုဏ်းမှအခြားသူများသည် ကျန်းချန်ရွှမ်နှင့် ရင်ဆိုင်ကြလိမ့်မည်။
စီနီယာအစ်ကိုကူမင်၏လက်ထဲမှ ကြီးမြတ်သောနေရာလပ်ရွေ့ပြောင်းခြင်းအဆောင်ကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏အမူအရာများ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူတို့သည် စီနီယာအစ်ကိုကူမင်က ထွက်ပြေးတော့မည်ဖြစ်ကာ နောက်တွင်ရင်ဆိုင်ရမည့် ပြသနာက ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း သူတို့သိပါသည်။
ဒေါင်…ဒေါင်….ဒေါင်….
ချက်ခြင်းပင် စီနီယာအစ်ကိုကူမင်၏နားထဲတွင် နက်ရှိုင်းသောမူလဝိညာဉ်မှ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊
မူလဝိညာဉ်သည်ပင် ဖမ်းဆုပ်နိုင်ရန်ခက်ခဲ့သော ထွင်းဖောက်မြင်ရသည့်အပ်တစ်ချောင်းသည် စီနီယာအစ်ကိုကူမင်၏ မူလဝိညာဉ်ကိုချက်ခြင်း ထိုးဖောက်သွားပြီး သူ၏အသိစိတ်ပင်လယ်ကို အလွန်နာကျင်စေခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်၏ အခြားမူလဝိညာဉ်တိုက်ခိုက်ခြင်းနည်းစနစ်၊ တိမ်တိုက်ထိုးဖောက်ခြင်း ဖြစ်သည်။
သို့ရာတွင်၊ စီနီယာအစ်ကိုကူမင်၏ကျင့်ကြံခြင်းနှင့် အင်အားကြောင့် တိမ်တိုက်ထိုးဖောက်ခြင်းသည် သူ့အား ယာယီသာသက်ရောက်မှုရှိခဲ့သည်။
မကြာမီ သူသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။
***