နတ်ဆိုးလမ်းကြောင်းကျင့်ကြံသူများ
Vol. 41 Ch. 778
“ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက တာအိုရောင်းရင်းတွေကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။" ချင်မန်ချန်းက လက်များကိုဆုပ်ကာ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။
“ကျွန်မတို့မသေမျိုးတောင်ထိပ်ဂူကိုဝင်တဲ့အချိန်ကျရင်၊ အကယ်၍ ကံကြမ္မာက ပြန်လည်ဆုံခွင့်ပေးခဲ့ရင်၊ ကျွန်မတို့ အချင်းချင်းကူညီနိုင်ပြီး အခြားမျိုးနွယ်က ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်တာပေါ့။”
“ဟမ်? အခြားမျိုးနွယ်က ကျင့်ကြံသူတွေလား?”
ချင်မန်ချန်း၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
အခြားမျိုးနွယ်များမှ ကျင့်ကြံသူများသည်လည်း ဤနေရာသို့လာကြမည်လား?
ချင်မန်ချန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှုပ်ထွေးသွားမှုကိုမြင်သွားပုံရသည်။ သူမသည် အစ၌ အံ့ဩသွားပုံရသော်လည်း ပြုံးကာပြောလိုက်သည်။
“ကြည့်ရတာ ဒါက ရှင်တို့တာအိုဝိညာဉ်တောင်ကိုပထမဆုံးလာဖူးတာဖြစ်လိမ့်မယ် ဟုတ်လား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အဖြေကိုမစောင့်ဘဲနှင့် ချင်မန်ချန်းသည် ဆက်လက်၍ ပြောလိုက်သည်။
“ရိုးရိုးသားသားပြောရရင် ကျွန်မတို့ ကောင်းကင်ရေတံခွန်ဂိတ်က ဝိညာဉ်နယ်ပယ်ထဲမှာ တာအိုဝိညာဉ်တောင်ရှိတဲ့ တစ်ခုတည်းသောနယ်ပယ်မဟုတ်ပါဘူး။”
“တစ်ခုတည်းမဟုတ်ဘူးလား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထပ်မံ၍ ထိတ်လန့်သွားသည်။
ချင်မန်ချန်း၏စကားများမှသူတို့နားလည်လိုက်သည်မှာ တာအိုဝိညာဉ်တောင်သည် ဝိညာဉ်နယ်ပယ်တစ်ခွင်လုံးတွင် များစွာသော နယ်ပယ်များတွင်ရှိပုံပေါ်ပါသည်။
၎င်းသည်အလွန်အထင်ကြီးစရာကောင်းပါသည်။
ဝိညာဉ်နယ်ပယ်တစ်ခွင်လုံးတွင် မည်သို့သောတောင်က များစွာသောနယ်ပယ်များတွင် ထွက်ပေါ်လာနိုင်ခြင်းရှိပါသနည်း?
ယခုချိန်ထိ တာအိုဝိညာဉ်တောင်မှလွဲ၍ ဒုတိယတစ်ခုကိုမကြားဖူးသေးပါ။
“မှန်တယ်။”
ချင်မန်ချန်းကခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ ကောင်းကင်ဘုံရေတံခွန်ဂိတ်အပါအဝင်၊ နတ်ဆိုးတွေဦးဆောင်တဲ့ ထျန်းယောင်နယ်ပယ်၊ သွေးနှောမျိုးနွယ်တွေ ဦးဆောင်တဲ့ ထျန်းလင်းနယ်ပယ်နဲ့ ပင်လယ်နက်လေလွင့်သူတွေဦးဆောင်တဲ့ ချန်းဟိုင်နယ်ပယ်တို့မှာ တာအိုဝိညာဉ်တောင် ရှိကြတယ်။
မသေမျိုးတောင်ထိပ်ဂူဝဖွင့်တိုင်း ဝိညာဉ်နယ်ပယ်တစ်ခွင်လုံးမှာ တစ်ချိန်တည်းပွင့်လိမ့်မယ်။
အရေးအကြီးဆုံးအချက်က မသေမျိုးတောင်ထိပ်ဂူထဲဝင်ပြီးရင် နယ်ပယ်မတူတဲ့နေရာက လူတွေဟာ ရင်ဆိုင်တွေ့ရလိမ့်မယ်။
တစ်ခါတစ်လေဆို ဒီဂူထဲက စမ်းသပ်မှုတွေက မျိုးနွယ်အချင်းချင်းတိုက်ခိုက်ရတဲ့ပုံစံကိုသွားတယ်။”
ထိုအရာကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အခြေအနေကိုနားလည်သွားကြသည်။
သို့သော် သူတို့နားလည်သွားသောကြောင့် သူတို့သည် မသေမျိုးတောင်ထိပ်ဂူ၏ ဖန်တီးသူ၏ ကြီးမြတ်မှုကို ခံစားလိုက်ရသည်။
မည်သူက ဝိညာဉ်နယ်ပယ်အသီးသီး၌ ဂိတ်ဝကိုဖန်တီးကာ မတူညီသောနယ်ပယ်များကို ဆက်သွယ်ထားရန် စွမ်းအားရှိနိုင်ပါသနည်း?
ထိုကဲ့သို့လုပ်နိုင်စွမ်းသည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်သည်ပင် ရရှိနိုင်ရန်ခက်ခဲပါလိမ့်မည်။
အခြားတစ်ဘက်မှလူသည် မသေခြင်းကိုလက်ခံရရှိထားသည့် မသေမျိုးဖြစ်နိုင်ပါသလား?
သူတို့သည် စဉ်းစားဆင်ခြင်နေစဉ်တွင် များစွာသောအလင်းတန်းများက အဝေးရှိကောင်းကင်မှ ချဉ်းကပ်လာကြလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ဘေးတွင်ရပ်နေသော ချင်မန်ချန်းက အကြည့်တစ်ချက်ဖြင့် မှတ်မိသွားခဲ့သည်။
ထိုအသစ်လာရောက်သူများသည် အထူးဂိုဏ်းတစ်ခုဖြစ်သော တစ္ဆေခန်းမမှဖြစ်ကာ နတ်ဆိုးလမ်းစဉ်ကိုကျင့်ကြံသောဂိုဏ်းတစ်ခုဖြစ်သည်။
၎င်းသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ချင်မန်ချန်းတို့အား မျက်မှောင်ကုပ်သွားစေသည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ နတ်ဆိုးလမ်းစဉ်၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် မှန်ကန်သောဂိုဏ်းများ၊ မိသားစုများနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ဖြစ်သည်။
နှစ်ဘက်စလုံးအတွက် ပူးပေါင်းရန်မပြောနှင့် အတူနေထိုင်ရန်ပင် ရှားပါးပါသည်။
ပွင့်လင်းစွာပြောရလျှင်၊ အကယ်၍ သူတို့သည် မသေမျိုးတောင်ထိပ်ဂူဖွင့်သည့်အချိန် တိုက်ခိုက်မှုမဖြစ်ပွားလျှင်ပင် ကံကောင်းသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
ထိုအချိန်တွင်။
တစ္ဆေခန်းမမှကျင့်ကြံသူများသည် ကျန်းချန်ရွှမ်၊ ချင်မန်ချန်းနှင့် သူတို့အုပ်စုထံသို့ ချဉ်းကပ်လာလေသည်။
သူတို့ထဲမှလူတစ်ဦးသည် ရက်စက်ကြမ်းကြုတ်သည့်ရုပ်ရည်ဖြင့် ကျန်းချန်ရွှမ်နှင့် ချင်မန်ချန်းတို့အား စကားတစ်လုံးမှမပြောပဲ တိတ်ဆိတ်စွာဖြင့် ရပ်ကြည့်နေလေသည်။
၎င်းသည် ချင်မန်ချန်းနှင့် သူမတို့အုပ်စုအား စိတ်အေးသွားစေသည်။
သူတို့သည် တစ္ဆေခန်းမမှလူများသည် အခြေအနေကိုနားမလည်ဘဲ ထိုနေရာတွင်ပင် ပြသနာစတင်ကာ အလွန်ပြသနာဖြစ်လာလိမ့်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
“ဟမ်။”
သို့သော်ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်၏အကြည့်သည် အဝေးရှိကောင်းကင်သို့တဖန်ပြန်ရောက်သွားခဲ့သည်။
ထိုနေရာတွင်။
အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့် များစွာသော ပုံရိပ်များပေါ်လာခဲ့ကာ တစ်ဦးချင်းဆီ၌ အရိုးခေါင်းပုံစံများ ထွင်းထားလေသည်။
အစ၌ ချင်မန်ချန်းသည် ထိုစုံတွဲ၏အမူအရာကြောင့် ပဟေဠိဖြစ်နေခဲ့သည်။
သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့် သူမသည်လည်း အဝေးရှိကောင်းကင်တွင် လူအနည်းငယ်ကို မြင်ခဲ့ရသောအခါ သူမ၏အမူအရာသည် ချက်ခြင်းပင် ပြောင်းလဲသွားခဲ့သည်။
အကြောင်းမှာ သူမသည် ထိုလူများသည် သူတို့၏ ရက်စက်ခြင်း၊ မခန့်မှန်းနိုင်ခြင်းနှင့် အဆင့်နိမ်ကျင့်ကြံသူများနှင့် လူသားများအား စတေးခြင်း စသည့်အရာများနှင့် သိကြသည့် အရိုးအထွတ်အမြတ်ဂိုဏ်းမှလူများဖြစ်ကြောင်း သတိထားမိသွားသည်။
သူတို့သည် လောက၏ အစစ်အမှန်နတ်ဆိုးများဖြစ်ကြသည်။
ချက်ခြင်းပင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ချင်မန်ချန်းတို့သည် မျက်ခုံးများကုပ်လိုက်ကြသည်။
သူတို့သည် အရိုးအထွတ်အမြတ်ဂိုဏ်းမှကျင့်ကြံသူများရောက်လာသောကြောင့် သူတို့၏ငြိမ်းချမ်းနေသည့်အချိန်ကာလသည် ပြိုကွဲတော့မည်ဟု ကြိုတင်ခန့်မှန်းခဲ့ကြသည်။
“ဟားဟားဟား…”
ထို့နောက်တွင် အရိုးအထွတ်အမြတ်ဂိုဏ်းမှ ဦးဆောင်သူဖြစ်သည့် လည်ပင်း၌အရိုးဖြူများ ဆွဲထားကာ အဖြူရောင်ခေါင်းစွပ်ဝတ်ဆင်ထားသော သူသည် ရယ်လိုက်သည်။
“တစ္ဆေခန်းမက ရောင်ရင်းတွေက ကျုပ်တို့ထပ်အရင်ရောက်လာမယ်လို့ မထင်ထားဘူး။”
ထိုသို့ဖြင့်၊ သူနှင့် ကျန်ရှိနေသည့် အရိုးအထွတ်အမြတ်ဂိုဏ်းမှလူများသည် ရက်စက်ကြမ်းကြုတ်သည့်သူနှင့် သူတို့အုပ်စုထံသို့ချဉ်းကပ်သွားခဲ့သည်။
“ကျုပ်က အရိုးအထွတ်အမြတ်ဂိုဏ်းက ခန်းယွမ်ဖေးပါ။ အကယ်၍ ကျုပ်မမှားရင် ခင်ဗျားက နတ်ဘုရားအရှင် ထျန်းယိုဖြစ်လိမ့်မယ် ဟုတ်လား?”
ခန်းယွမ်ဖေး၏စကားကိုကြားလျှင် ထျန်းယိုဟုခေါ်သည့် လူသည် အပြုံးတစ်ခုထွက်လာရန် ညစ်ထုတ်လိုက်သည်။
“ကျုပ်ပါ။”
ခနရပ်ပြီးနောက်၊ ထျန်းယိုက ထပ်မံ၍ စကားပြောခဲ့သည်။
“တာအိုရောင်ရင်းခန်း၊ အကယ်၍ စိတ်မရှိရင် ကျုပ်တို့မသေမျိုးတောင်ထိပ်ဂူကိုဝင်ရင် အင်အားပူးပေါင်းကြရအောင်။”
ထိုစကားကိုကြားလျှင်၊ ခန်းယွမ်ဖေးသည် ရယ်ပွဲကျသွားသည်။
“သေချာတာပေါ့။ ကျုပ်တို့တွေက နတ်ဆိုးလမ်းစဉ်ကပဲ၊ ဒါကြောင့် အချင်းချင်းကူညီတာက မှန်တာပေါ့။
ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ကျုပ်တို့ အချို့မတည်ငြိမ်တဲ့သူတွေကို ထုတ်ရလိမ့်မယ်။”
စကားပြောရင်း ခန်းယွမ်ဖေး၏အကြည့်သည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ချင်မန်ချန်းတို့ဆီသို့ ရောက်သွားခဲ့သည်။
“မင်းတို့ကိုယ့်ခြေထောက်နဲ့ကိုယ်ထွက်သွားမလား သို့မဟုတ် ငါတို့မင်းတို့ကိုထုတ်ပေးရမလား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
ချင်မန်ချန်း၏မျက်နှာသည်လည်း ပြောင်းလဲသွားသည်။
“ခန်းယွမ်ဖေး၊ မင်းဘာကိုဆိုလိုတာလဲ? မင်းကငါတို့ကို အခုကတည်းက ချောင်ပိတ်နိုင်မယ်လို့ ထင်နေလား?”
“ငါလုပ်ရင်ကော?”
ရုတ်တရက်၊ ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါက ခန်းယွမ်းဖေးပတ်ဝန်းကျင်တွင် လိမ့်တက်လာသည်။
သူ၏နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့်အရောင်အဝါကိုထုတ်လွတ်နေသော အရိုးများနှင့် ပြုလုပ်ထားသော ဓားတစ်ချောင်းထွက်လာခဲ့သည်။
“ဝိညာဉ်ရတနာ။”
ချင်မန်ချန်းနောက်မှ ချင်မိသားစုအကြီးအကဲများ၏အမူအရာများသည် စတင်၍ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
ဝိညာဉ်ရတနာများသည် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများသာ အများစုပိုင်ဆိုင်ကြသည်ကို သိကြပါသည်။
သူတို့ကဲ့သို့ ဓမ္မပုံစံအဆင့်ကျင့်ကြံသူများသည် ဝိညာဉ်ရတနာပိုင်ဆိုင်ခြင်းမှာ အလွန်ရှားပါးပါသည်။
အထူးမိသားစုများတွင်မွေးဖွားလာကြသော ကျင့်ကြံသူများအတွက်ပင် အမှန်ဖြစ်ပါသည်။
သို့ရာတွင် ဓမ္မပုံစံအဆင့်ကျင့်ကြံသူများသည် လက်ထဲ၌ ဝိညာဉ်ရတနာရှိပါက သူတို့၏အင်အားကို အလွန်မြင့်တက်စေကာ အဆင့်တူများကြားတွင် လွမ်းမိုးနိုင်ခြင်းရှိပေသည်။
***