← Chapters

ဖွင့်ခြင်း၊ ဝင်ရောက်ခြင်း

Vol. 41 Ch. 779

ဖွင့်ခြင်း၊ ဝင်ရောက်ခြင်း

Vol. 41 Ch. 779

ထိုအချိန်တွင်၊ ချင်မန်ချန်းနှင့် အနည်းငယ်သောချင်မိသားစုကျင့်ကြံသူများသည် အလွန်မှိုင်နေကြသည်။

သူတို့သည် ဝိညာဉ်ရတနာရှိသော ခန်းယွမ်ဖန်းနှင့်ရင်ဆိုင်ရသောအခါ သူတို့အတွက် မတ်တပ်ရပ်ရန်ပင် အခွင့်အရေးရမည် မဟုတ်ကြောင်းသိကြသည်။

သို့ရာတွင်၊ ထွက်ခွာသွားပေးရန်မှာလည်း မဖြစ်နိုင်သည့်မေးခွန်းပင်ဖြစ်ပါသည်။

မသေမျိုးတောင်ထိပ်သို့ဝင်ရန်အခွင့်အရေးမှာ အလွန်ရှားပါးပါသည်။

ထိုအခွင့်အရေးကိုဖမ်းဆုပ်နိုင်ရန် ၎င်းသည် ကံကြမ္မာနှင့် ကံတရားတို့လုံလောက်ရန်လည်း လိုအပ်ကာ အင်အား သို့ စွမ်းအားကြီးသော နောက်ခံရှိရန်လိုအပ်ပေသည်။

ထို့ကြောင့်…

ချင်မန်ချန်းနှင့် သူမတို့အဖော်များသည် ခန်းယွမ်ဖေး၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိကြသော်လည်း နောက်ဆုတ်ရန်လည်း ရည်ရွယ်ချက်မရှိကြပါ။

သို့သော် ချင်မန်ချန်းနှင့် အခြားသူများသည် လှုပ်ရှားမှုမပြုလုပ်ရသေးခင်၌ပင်၊ ကျန်းချန်ရွှမ်က ရှေ့သို့တိုးသွားသည်။

သူ၏လက်ထဲ၌၊ ရတနာဓားတစ်လက်က တစ်မဟုတ်ခြင်း ပေါ်ထွက်လာခဲ့သည်။

ထိုဓားသည် နက်ရှိုင်းကာ အနက်ရောင်ရှိပြီး ထွက်ပေါ်လာသည်နှင့် အန္တရာယ်ရှိသည့်အာရုံကို ထုတ်လွတ်နေလေသည်။

အဆုံးမရှိဖျက်ဆီးခြင်းစွမ်းအင်များက ရတနာဓားပေါ်တွင် လည့်ပတ်နေကြသည်။

“ဘာ?”

ထိုအရောင်အဝါကိုခံစားရလျှင် ခန်းယွမ်ဖေးနှင့် ထျန်းယိုတို့၏မျက်ဆံများ ကျဉ်းမြောင်းသွားကြသည်။

ချင်မန်ချန်း၏မျက်နှာတွင် အံ့ဩမှုပေါ်လာခဲ့သည်။

ထိုအချိန်တွင် မည်သူမှ ကျန်းချန်ရွှမ်သည်လည်း ဝိညာဉ်ရတနာကိုပိုင်ဆိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

ထို့အပြင်၊ ထိုဝိညာဉ်ရတနာမှ ထုတ်လွတ်နေသည့် အရောင်အဝါသည် ခန်းယွမ်ဖေးထပ်ပင် ပို၍ သန်မာနေပုံရပါသည်။

၎င်းသည် အလယ်ဆင့် ဝိညာဉ်ရတနာပင်ဖြစ်နိုင်ပါသလား?

ထိုအတွေးဖြင့် ခန်းယွမ်ဖေးနှင့် ထျန်းယိုတို့သည် ကျန်းချန်ရွှမ်အား သူတို့မျက်လုံးများတွင် ဒေါသဖြင့် ကြည့်လိုက်လေသည်။

“မင်းအခုပဲပြောတယ်၊ ငါတို့ထွက်သွား ဒါမှမဟုတ် ငါတို့ကို ဖြုတ်ပစ်မယ်ဆို။

အခုငါပြောချင်တာက၊ ငါကိုယ့်ကိုကိုယ်လည်းထွက်မသွားချင်သလို မင်းတို့ဆီကလည်း အတွန်းထုတ်မခံနိုင်ဘူး။

ငါထင်တာ မင်းတို့ပဲထွက်သွားသင့်တယ်လို့ထင်တယ်။”

“မင်းဘာပြောလိုက်တာလဲ?”

ခန်းယွမ်ဖေး၏အမူအရာက ရုတ်တရက် အလွန်ပြင်းထန်သွားသည်။

သူ၏မျက်လုံးများသည် ကန့်သတ်မဲ့ရက်စက်သည့် ရည်ရွယ်ချက်များဖြင့် ပြည့်နေခဲ့သည်။

“မင်းကငါတို့ကိုထွက်သွားစေချင်တယ်ပေါ့။”

သူသည် ကိုယ့်ကိုကိုယ်ညွန်ပြကာ ရုတ်တရက် ရယ်မောလိုက်လေသည်။

“ဟားဟားဟား။

မာနကြီးနေလိုက်တာ၊ မင်းက ဝိညာဉ်ရတနာတစ်ခုလေးပိုင်တာနဲ့ ငါတို့ရှေ့မှာ အဲ့လိုလုပ်လို့ရပြီလို့ထင်နေလား?”

စကားပြောရရင်း ခန်းယွမ်ဖေး၏မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းရည်ရွယ်ချက်ပေါ်လာခဲ့သည်။

သို့ရာတွင် သူမလှုပ်ရှားနိုင်ခင်၌ပင်၊ ကျန်းချန်ရွှမ်သည် အမြစ်ဖြတ်ဓားအား သူ့ထံသို့ဦးတည်၍ ပစ်လွတ်လိုက်သည်။

ကျီ…

ချက်ခြင်းပင် မီးခိုနှင့်အနက်ရောင်ဓားအလင်းသည် တိတ်ဆိတ်ကာ လျှင်မြန်စွာဖြင့် သူ့ထံသို့ ရောက်လာခဲ့သည်။

ခန်းယွမ်ဖေး၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး ဒေါသထွက်နေသည့်အော်သံကို ထုတ်လွတ်လိုက်သည်။

ခနအကြာတွင် သူ၏အရိုးဓားသည် ဖျက်ဆီးခြင်းစွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာလေသည်။

နေရာလပ်ထဲတွင်၊ ဖျော့တော့သည့်ဓားချီက ချက်ခြင်းပင် ကျန်းချန်ရွှမ်၏မီးခိုးနှင့်အနက်ရောင် ဓားအလင်းကို ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။

ဝှစ်….

ဖြူး….

အသံနှစ်ခုက လေထဲတွင် ပဲ့တင်ထပ်သွားကာ ခန်းယွမ်းဖေး၏အမူအရာကို ချက်ခြင်း ပြောင်းလဲသွားစေခဲ့သည်။

အကြောင်းမှာ ထိုအချိန်၌ သူထုတ်လွတ်လိုက်သည့် ဖျော့တော့သည့် အဖြူရောင်ဓားချီသည် မီးခိုအနက်ရောင်ဓားအလင်းနှင့် တွေ့သည်နှင့် ချက်ခြင်းပျောက်ကွယ်သွားခဲ့ရသည်။

ခန်းယွမ်ဖေး၏နောက်တွင် ကြီးမားသည့် ဓမ္မပုံစံတစ်ခုက ပေါ်လာခဲ့ပြီး ၎င်း၏မျက်လုံးများသည် အစိမ်းရင့်ရောင် မီးတောက်နှစ်ခုကိုထုတ်လွတ်နေသည်။

ဝုန်…

ထိုတစ္ဆေမီးသည်လည်း စတင်၍ ပျောက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဓေားအလင်းက ရှေ့ဆက်လာကာ သူ့ထံသို့တန်းတန်းမတ်မတ် ဖြစ်ပေသည်။

ခန်းယွမ်ဖေး၏အမူအရာက လုံးဝပြောင်းလဲသွားခဲ့သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”

စကားပြောရင်းသူသည် ရုတ်တရက် အရိုးဖြူအလံများကိုထုတ်လာသည်။

ထိုအလံသည် လေထဲတွင် ရှည်လာခဲ့သည်။

ဝုန်း…

ချက်ခြင်းပင် မရေတွက်နိုင်သည့် အစိမ်းရင့်ရောင််အလင်းတန်းများ ထွက်လာခဲ့သည်။

ဝုန်း….ဝုန်း…ဝုန်း…

ပေါက်ကွဲသံများသည် လေထဲတွင်ဆက်တိုက်မြည်နေခဲ့ပြီး ခန်းယွင်ဖေးသည်လည်း ယာယီ မီးခိုးအနက်ရောင်ဓားအလင်းအား တားဆီးနိုင်လိုက်သည်။

သို့ရာတွင် ခန်းယွမ်ဖေး၏မျက်နှာတွင် ထိုတိုက်ခိုက်မှုကို ကာကွယ်နိုင်သောကြောင့် ဝမ်းသာမှုကိုမပြပေ။

တစ်ဖက်တွင် သူ၏အမူအရာများသည် ပြောင်းလဲလာခဲ့သည်။

သူသည် ပြိုင်ဘက်၏ဝိညာဉ်ရတနာသည် အလွန်စွမ်းအားကြီးလိမ့်မည်ဟု မထင်မှတ်ထားပဲ၊ သူ၏အရိုးဓားထပ် ပို၍ သန်မာမည်ဖြစ်ကြောင်း မထင်ထားခဲ့ပေ။ ကံကောင်းစွာပင်၊ ထိုအချိန်၌ တောင်ပတ်လည်တွင် နေရာလပ်တစ်ခုက ရုတ်တရက် ဆုတ်ပြဲသွားကာ ပွင့်သွားခဲ့သည်။

စွမ်းအားကြီးသည့် နေရာလပ်လှိုင်းများသည် ပွင့်လာသည့်နေရာလပ်မှ ပျံ့နှံ့လာခဲ့သည်။

“မသေမျိုးတောင်ထိပ်ဂူပေါက်ဝပွင့်သွားပြီ။”

ချင်မန်ချန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့ မသေမျိုးတောင်ထိပ်ဂူက ပွင့်တာ အချိန်တိုအတွင်းပဲ အရင်ဝင်သွားပြီးမှ စကားပြောကြပါ။”

ဤသို့ဖြင့် သူသည် ချင်မိသားစုကျင့်ကြံသူများကိုဦးဆောင်ကာ ဂူထဲသို့လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့သည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ချင်မန်ချန်ပြောသည်မှာ ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

သူတို့သည် ခန်းယွမ်ဖေးတို့နှင့် အချိန်ဖြုန်းမနေတော့ရန်ဆုံးဖြတ်လိုက်သည်။

အကယ်၍ အခြားတစ်ဖက်က သူတို့အတွက်ကောင်းသည့်အရာကိုမသိလျှင်၊ သူသည် ဂူထဲတွင် နောက်မှ ရင်ဆိုင်နိုင်ပေသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏ပုံရိပ်များသည် ဂူ၏ဝင်ပေါက်တွင် ပျောက်ကွယ်သွားခဲ့လျှင်၊ ထျန်းယိုက ခန်းယွမ်ဖေးဘက်သို့လှည့်ကာပြောလိုက်သည်။

“တာအိုရောင်ရင်းခန်း၊ အထဲဝင်ရအောင်။ ကျုပ်တို့ရှိတဲ့ပြသနာကို ဂူထဲဝင်ပြီးမှ ဆက်ဆွေးနွေးနိုင်တယ်။”

ခန်းယွမ်ဖေး၏အမူအရာသည် တစ်ချက်ပြောင်းလဲသွားခဲ့သည်။

သူသည်နောက်မှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။”

ထို့နောက်တွင် နှစ်ဖွဲ့လုံးဂူထဲသို့ဝင်ပြီဖြစ်သည်။

မြင်ကွင်းကပြောင်းလဲသွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထပ်မံကြည့်လိုက်သောအခါ သူတို့သည် ကြီးမားသောကျွန်းတစ်ခုပေါ်တွင် မိမိကိုယ်ကိုတွေ့လိုက်ရသည်။

သူတို့၏ဘေးတွင် ချင်မန်ချန်းနှင့် အခြားချင်မိသားစုကျင့်ကြံသူအချို့ဖြစ်သည်။ချင်မန်ချန်းနှင့် အခြားသူကျင့်ကြံသူများသည် ဝမ်းသာနေကြသည်။

အဆုံး၌ သူတို့သည် ကျန်းချန်ရွှမ်၏အမူအရာကိုယခုမြင်ပြီးဖြစ်၍ သူ၏အင်အားသည် ဓမ္မပုံစံအဆင့်ကိုကျော်လွန်နေကြောင်း သိကြသည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ ကျန်းချန်ရွမ်နှင့် အခြားသူများသည် ခန်းယွမ်ဖေးနှင့် ထျန်းယိုတို့သည် ထိုကျွန်းပေါ်တွင် မရှိကြတော့ပေ။

“နတ်သမီးမန်ချန်း၊ မင်းဒီတာအိုဝိညာဉ်တောင်နဲ့ပက်သက်ပြီးဘယ်လောက်သိထားသေးလဲ?”

ရှန်းရူယန်သည် ချင်မန်ချန်းဘက်သို့လည့်ကာ အပြုံးဖြင့်မေးလိုက်သည်။

ချင်မန်ချန်းက ခေါင်းကိုခါလိုက်သည်။

“တကယ်တော့ ကျွန်မသေချာမသိဘူး။ ကျွန်မသိတာက မသေမျိုးတောင်ထိပ်ဂူကိုဝင်ရင် အမျိုးမျိုးသောစမ်းသပ်မှုတွေတွေ့ကြုံရဦးမယ်ဆိုတာပဲ။

အဆုံးမှာ ဂူရဲ့သခင်က ဒီစမ်းသပ်မှုတွေမှာလုပ်ဆောင်ချက်ကိုကြည့်ပြီး ဆုလဒ်ပေးမှာပါ။”

စကားပြောရင်း သူမသည်ကျွန်းကိုပတ်ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။

“ကျွန်မခန့်မှန်းရသလောက်၊ ကျွန်မတို့အတွက်စမ်းသပ်မှုက ဒီကျွန်ပေါ်မှာပေါ်လာတာနဲ့ စနေပြီထင်တယ်။”

“ဟမ်?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အမူအရာများသည် မရေတွက်နိုင်သည့် ပင်လယ်မကောင်းဆိုးဝါး များသည် သူတို့ဆီသို့ဦးတည်လာနေသည်ကို တွေ့လိုက်ရလျှင် ပြောင်းလဲသွားပြီး စမ်းသပ်ချက်က အမှန်တကယ်ပင်စတင်နေပြီဖြစ်ကြောင်း ပြသနေပါသည်။

***

All Chapters