← Chapters

ပင်လယ်နတ်ဆိုးကို သုတ်သင်ခြင်း၊ ဒုတိယစမ်းသပ်မှု

Vol. 41 Ch. 780

ပင်လယ်နတ်ဆိုးကို သုတ်သင်ခြင်း၊ ဒုတိယစမ်းသပ်မှု

Vol. 41 Ch. 780

တစ်ပြိုင်နက်ပင်၊ ကျန်းချန်ရွှမ်နှင့် လူတိုင်း၏ စိတ်ထဲတွင် သတင်းတစ်ခုပေါ်လာခဲ့သည်။

သူတို့သည် ကျွန်းကိုကာကွယ်၍ ပင်လယ်နတ်ဆိုးများ ခြေချနိုင်ခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။

ထိုအုပ်စုသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ပြီးနောက် ကျန်းချန်ရွှမ်သည ရုတ်တရက်မေးလိုက်သည်။ “နတ်သမီးမန်ချန်း၊ ဒီမသေမျိုးတောင်ထိပ်ဂူ ထဲကို ဝင်တဲ့ ကျင့်ကြံသူတွေက အချိန်တိုင်းမတူတဲ့ စမ်းသပ်မှုကိုရင်ဆိုင်ရတာလား?”

သူမသည် ကျန်းချန်ရွှမ်က အဘယ်ကြောင့် ဤမေးခွန်းကိုမေးသည်ကို မသိသော်လည်း ချင်မန်ချန်းက တုံ့ပြန်ရန်ခေါင်းညိတ်လိုက်သည်။

“ကျွန်မသိထားသလောက်၊ အဲ့လိုပဲဖြစ်ပုံရတယ်။ ဒီမသေမျိုးတောင်ထိပ်ဂူထဲဝင်သူတိုင်း ကွဲပြားတဲ့ စမ်းသပ်မှုတွေရင်ဆိုင်ရတယ်။”

“ငါသိပြီ။”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“လူတိုင်းပဲ၊ စစ်ဆေးတာက စနေပြီဆိုတော့၊ အချိန်မဆွဲကြရအောင်၊ အဲ့ဒီနတ်ဆိုးတွေကို ဒီကမ်းစပ်ကို လာနေတာကနေရပ်နိုင်ဖို့ နည်းလမ်းတစ်ခုခုရှာကြတာပေါ့။”

ကျန်းချန်ရွှမ်၏အကြံပြုချက်ကိုမည်သူမှ မကန့်ကွက်ကြပေ။

ချက်ခြင်းပင်၊ သူတို့သည် ဦးတည်ချက်များကိုရွေးချယ်လိုက်ကာ ပင်လယ်နတ်ဆိုးများကိုတားဆီးရန် စတင်၍ လုပ်ဆောင်ကြသည်။

ကျန်းချန်ရွှမ်သည် ရှန်းရူယန်အားကြည့်လိုက်သည်။

“မိန်းမ၊ ကိုယ်တို့လည်း သွားရအောင်။ ကိုယ်တို့ ဦးတည်ချက်တစ်ခုကို ရွေးရမယ်။”

“ကောင်းပါပြီ။”

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

မကြာမီ၊ ထိုစုံတွဲသည် ပင်လယ်နတ်ဆိုးသောင်းချီ ရောက်နေပြီးသားဖြစ်ကာ ပင်လယ်နတ်ဆိုးများ၏ အာရုံစိုက်ရာနေရာ အရှေ့ပိုင်းရှိနေရာတစ်ခုကို ရွေးလိုက်လေသည်။

ကျန်းချန်ရွှမ်သည် သူ၏နတ်ဘုရားအာရုံဖြင့် ထိုနေရာကိုအာရုံခံလိုက်ပြီး ထိုပင်လယ်နတ်ဆိုးများ၏ အင်အားသည် အဆင့် ငါး သို့ ခြောက်ခန့်ရှိကာ အနည်းငယ်သည် အဆင့် ခုနစ် သို့ရောက်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင်၊ သူသည် အချိန်ဖြုန်းမနေပါ။

သူသည် လက်နှစ်ဖက်စလုံးနှင့် စည်းချလိုက်သည်။

ဂျုန်း…

သူ၏လက်မှလင်းသွားကာ၊ သူ၏နောက်မှငါးရောင်ခြယ်အလင်းရောင်တစ်ချို့ လင်းလက်နေသည့် ပုံရိပ်က ပေါ်လာခဲ့သည်။

၎င်းသည် သူ၏ဓမ္မပုံစံ၊ ဒြပ်စင်ငါးပါးဓမ္မပုံစံဖြစ်သည်။

ဓမ္မပုံစံသည် လက်မှ မြင့်တက်လာကာ ချက်ခြင်းပင် မရေတွက်နိုင်သည့် ဒြပ်စင်ငါးပါးက ကောင်းကင်ပေါ်တွင် ဖုံးလွမ်းသွားကြသည်။

ဒြပ်စင်ငါးပါးမန္တာန်သည် အဆင့် ၇ နတ်ဘုရားစွမ်းအား နှင့်ယှဉ်နိုင်ပြီး ပင်လယ်နတ်ဆိုးများအပေါ်သို့ မိုးကဲ့သို့ကျလာခဲ့သည်။

ဝုန်း..ဝုန်း…ဝုန်း…

ချက်ခြင်းပင်၊ မရေတွက်နိုင်သော ပင်လယ်နတ်ဆိုးများသည် ကျန်းချန်ရွှမ်၏မန္တာန်များ၏အောက်တွင် သုတ်သင်ခံလိုက်ရသည်။

ဟိန်းသံများ..

တစ်ချိန်တည်းမှာပင်။

ပင်လယ်နတ်ဆိုးများကြားတွင် ရုတ်တရက် ဟိန်းသံသုံးခုလောက်က ထွက်ပေါ်လာခဲ့သည်။

၎င်းနှင့်အတူ ကျန်းချန်ရွှမ်သည် ပေတစ်သောင်းခန့်ရှိသောပင်လယ်မြွေ၊ ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်းပါသည့် ရောင်စုံပင်လယ်ကင်းခြေများနှင့် ပေတစ်သောင်းမြင့်သော ပင်လယ်နွားရိုင်းတို့ကို ရှင်းလင်းစွာမြင်လိုက်ရသည်။

ထိုပင်လယ်နတ်ဆိုးသုံးကောင်၏ စွမ်းအားသည် အဆင့် ၇သို့ ရောက်နေပြီဖြစ်ကာ ဗလာနယ်ပြန်အဆင့် လူသားကျင့်ကြံသူနှင့်ကိုက်ညီပါသည်။

ထိုအချိန်တွင် ထိုအဆင့် ၇ ပင်လယ်နတ်ဆိုးသုံးကောင်၏ ခံစားချက်မျာ အလွန်ဒေါသထွက်နေပုံ ပေါက်ပါသည်။

ကျန်းချန်ရွှမ်အားမြင်သွားသည့်အချိန်တွင် သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက် လိုက်ကြတော့သည်။

ထိုအချိန်တွင် ဂျုန်းဟူ၍ အသံမြည်သွားခဲ့သည်။

ကွဲပြားသောအရောင်နှင့်တိုက်ခိုက်မှုသုံးခုသည် တပြိုင်နက်ထဲ ကျန်းချန်ရွှမ်၏ဓမ္မပုံစံကို ဦးတည်နေခဲ့သည်။

“ဟမ့်။”

ကျန်းချန်ရွှမ်သည် နှာခေါင်းရှုံ့လိုက်သည်။

ခနအကြာတွင်၊ သူထုတ်လွတ်ထားသည့်ဓမ္မပုံစံသည် ရုတ်တရက် တောက်ပသည့် ငါးရောင်ခြယ်အလင်း လည့်ပတ်လာခဲ့သည်။

ကောင်းကင်ပေါ်တွင်၊ ကြီးမားသည့်ဓားချီသည် အရောင်ငါးရောင်နှင့် တောက်ပနေကာ အောက်သို့ကျလာခဲ့သည်။

ထိုနေရာတွင် ဝုန်းဟူသောအသံမြည်သွားသည်။

ပူနေသည့်ဓားက ထောပတ်ကိုဖြတ်သွားသကဲ့သို့ လာနေသည့် တိုက်ခိုက်မှုသုံးခုသည် လေထဲတွင် ဘာမှမရှိသည်ထိ ပျောက်ပျယ်သွားခဲ့သည်။

တစ်ချိန်တည်း၌။

ကျန်းချန်ရွှမ်က ပြောင်းလဲလိုက်သည့် ဓမ္မပုံစံသည်ရုတ်တရက် လေထဲတွင် လက်သီးတစ်ခု ထွက်လာခဲ့သည်။

ဂျုန်းဟူ၍အသံမြည်သွားခဲ့သည်။

ဂယက်များသည် လေဟာနယ်ထဲဖြတ်သွားခဲ့သည်။

ပြီးနောက်၊ နေကဲ့သို့ပြင်းထန်သော လက်သီးသုံးချက်သည် ရုတ်တရက် အဆင့် ၇ ပင်လယ်နတ်ဆိုးများ၏ မျက်လုံးထဲ ပေါ်လာခဲ့သည်။

ဝုန်း…

မမျှော်လင့်ထားဘဲ ပင်လယ်နတ်ဆိုးသုံးကောင်သည် ပြင်းထန်သောအရာကချဉ်းကပ်လာသည်ကို ခံစားရကာ သူတို့အား ဟိန်းသံများ ထွက်လာခဲ့သည်။

သူတို့၏ခန္ဓာကိုယ်သည် စတင်၍ မြန်ဆန်စွာကျယ်ပြန့်လာခဲ့ပြီး မျက်စိတမှိတ်အတွင်းတွင်၊ သူတို့သည် ကျန်းချန်ရွှမ်၏ဓမ္မပုံစံ အရွယ်အစားထိ ကြီးမားလာခဲ့ပေသည်။

ဝုန်း…ဝုန်း…ဝုန်း…

ပြင်းထန်သောလက်သီးသုံးခုက ပင်လယ်နတ်ဆိုးသုံးကောင်အားတိုက်သွားချိန်၌ ကျယ်လောင်စွာ ပေါက်ကွဲခဲ့ပြီးနောက် နောက်သို့ဆုတ်သွားစေခဲ့ပြီး သွေးများပမာဏများပြားစွာအန်စေခဲ့သည်။

သို့ရာတွင် ၎င်းသည် အဆုံးသတ်မဟုတ်သေးပါ။

ကျန်းချန်ရွှမ်သည် ကြီးမားလာသည်နှင့် သူ၏အရောင်အဝါသည် ပို၍ ထွက်လာခဲ့သည်။

စနစ်မှပေးထားသည့် နတ်ဆိုးသုတ်သင်ခြင်းအရည်အသွေးသည် အပြည့်အဝပြည့်သွားခဲ့သည်။

ထိုနေရာတွင် ဆုတ်ပြဲသွားသောအသံမြည်သွားခဲ့သည်။

လေထဲတွင် အစိမ်းရောင်ဓားအလင်းသည် ရုတ်တရက်ပေါ်လာခဲ့သည်။

ချက်ခြင်းပင် ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုကို ခုခံနေသော အဆင့် ၇ ပင်လယ်နတ်ဆိုးသုံးကောင်သည် ရုတ်တရက် တောင့်သွားခဲ့သည်။

ပြီးနောက် သူတို့၏ခန္ဓာကိုယ်သည် အမှုန့်အဖြစ်ချေမွခံလိုက်ရပြီး ချက်ခြင်းပင် ခြေရာပင်မကျန်သည် အထိ ပျောက်ကွယ်သွားခဲ့သည်။

ကျန်ရှိသည့် ပင်လယ်နတ်ဆိုးများကိုရင်ဆိုင်ပြီးနောက်၊ ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏တည်နေရာသို့ သွားလိုက်သည်။

ထိုအချိန်တွင် ရှန်းရူယန်သည် သူမကိုယ်ကိုယ် မိုးကြိုးအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။

ထူထဲသောမိုးကြိုးသွားများသည် ပင်လယ်နတ်ဆိုးများအပေါ် ကျရောက်နေပြီး အချိန်မကြာမီပင် သူမ၏နေရာရှိ ပင်လယ်နတ်ဆိုးများသည် လုံးဝချေမှုန်းခံလိုက်ရသည်။

မကြာမီတွင်ပင် ထိုစုံတွဲသည် ချင်မန်ချန်းနှင့်အခြားသူတို့ တာဝန်ရှိသောနေရာသို့ သွားလိုက်သည်။

ရှင်းလင်းစွာပင်၊ သူတို့နှင့်ယှဉ်လျှင် ချင်မန်ချန်နှင့် သူမ၏အုပ်စုတို့အရှိန်သည် မမြန်ဆန်ပါ။

သိုသော်ကံကောင်းစွာပင် သူတို့သည် ပင်လယ်နတ်ဆိုးများ ကျွန်းပေါ်သို့ခြေချလာခြင်းမှ ကာကွယ်ထားနိုင်ပါသည်။

.....

အချိန်တစ်ချို့ကြာပြီးနောက်။

သူတို့၏ကျွန်းကိုတိုက်ခိုက်ရန် ကြိုးစားနေသည့်ပင်လယ်နတ်ဆိုးများသည် သူတို့ထံမှ သုတ်သင်ခံလိုက်ရသည်။

ဖတ်..ဖတ်…

တပြိုင်နက်တည်းပင် ကျွန်း၏အပြင်ဘက်တွင် ဆူနာမီလှိုင်းများမြင့်တက်လာပြီး အဖြူရောင်မြူများလည်း တက်လာခဲ့လေသည်။

ထိုမြူများသည် နတ်ဘုရားအာရုံကို တားဆီးနိုင်သည့် သက်ရောက်မှုများရှိကာ၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မြူများကြား မမြင်နိုင်အောင် လုပ်ထားသည်။

“ဒါက…?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုအခြေအနေကို မျက်မှောင်ကုပ်လိုက်သည်။

ထိုအချိန်တွင်၊ ချင်မန်ချန်းကပြောလိုက်သည်။

“ဒါက ငါတို့လမ်းမှာတွေ့ရတဲ့ ဒုတိယစမ်းသပ်မှုဖြစ်လိမ့်မယ်။”

“ဒုတိယစမ်းသပ်မှုလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ကျောရိုးထဲထိစိမ့်သွားကြသည်။

သူတို့သည် မသိစိတ်မှ ဒုတိယစမ်းသပ်မှုသည် ယခင်တစ်ခုလောက်လွယ်ကူမည်မဟုတ်ကြောင်း သိလိုက်သည်။

အမှန်မှာ ယခင်စမ်းသပ်မှုမှာလည်း မလွယ်ကူခဲ့ပါ။

၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှင့်တွေ့သောကြောင့်သာဖြစ်ပါသည်။

အခြားသူများသည် ထိုမျှလောက်မြန်ဆန်စွာကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ပါ။

သူတို့သည် စဉ်းစားဆင်ချင်နေစဉ်တွင် သတင်းတစ်ခုသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ချင်မန်ချန်းနှင့် အခြားသူများ၏စိတ်ထဲသို့ရောက်လာခဲ့သည်။

“ကျင့်ကြံသူတစ်ယောက်ဆီတိုင်းက သူတို့ကျွန်းကို ပင်မကျွန်းဆီသို့ သုံးရက်အတွင်း သတင်းပို့ရပါလိမ့်မယ်။”

၎င်းသည် သူတို့အတွက် ဒုတိယစမ်းသပ်ချက်ဖြစ်သည်။

ထိုသတင်းကိုရရှိပြီးနောက်၊ ချင်မန်ချန်းနှင့် အခြားသူများ၏အမူအရာသည် တည်ငြိမ်သွားခဲ့သည်။

သူတို့သည် အတွင်းထဲ၌များစွာသော ကြိုတင်မသိနိုင်သော အန္တရာယ်များစောင့်ဆိုင်းသည်ကို မဆိုသေးနှင့်၊ သူတို့၏တည်နေရာအားရှင်းလင်းစွာမြင်နိုင်ခြင်းမရှိဘဲ ညွန်ပြရန်မှာ မည်မျှခက်ခဲကြောင်း နားလည်ကြပါသည်။

သူတို့ရင်ဆိုင်လိုက်သည်နှင့် သူတို့နောက်ကျမည်သာမကဘဲ ရှိနေသည့်လူတိုင်းသည် ရှင်းလင်းခံရနိုင်သည့် စွန့်စားမှုရှိနိုင်သည်။

“တာအိုရောင်းရင်းကျန်း၊ နတ်သမီးရှန်း ရှင်တို့အခြေအနေကိုဘယ်လိုမြင်လဲ?”

ထိုအချိန်တွင် ချင်မန်ချန်းက ထိုစုံတွဲကိုကြည့်ကာ မေးလိုက်သည်။

***

All Chapters