← Chapters

ပြန်ဆုတ်ခြင်း

Vol. 41 Ch. 764

ပြန်ဆုတ်ခြင်း

Vol. 41 Ch. 764

“ဘယ်လို..”

နှာခေါင်းကောက်သောသူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

သူမတုံ့ပြန်နိုင်ခင်၌ပင်၊ ကောင်းကင်ပေါ်မှ သူ၏ဓမ္မပုံစံသည်လည်း ဆံပင်ညိုနှင့်လူကဲ့သို့ပင် မရေတွက်နိုင်သည့် အလင်းစက်များ အဖြစ် ပပျောက်သွားခဲ့ပေသည်။

ဓမ္မပုံစံကိုဆုံးရှုံးလိုက်ရခြင်းသည် ဗလာနယ်ပြန်နတ်ဘုရားအရှင်တစ်ဦးကျဆုံးသွားခြင်းမဟုတ်ပေ၊ ဓမ္မပုံစံသည် မူလဝိညာဉ်ထင်ရှားခြင်းကို ကိုယ်စားပြုခြင်းသာဖြစ်သည်။

၎င်းမရှိလျှင်၊ လက်တစ်ဖက်ကိုဆုံးရှုံးသွားသည်နှင့် ဆင်တူပြီး အင်အားနှင့် လုပ်နိုင်စွမ်းနှစ်ခုစလုံးကို သိသာစွာ လျော့ကျသွားစေသည်။

ဒင်..ဒင်..ဒင်

ရုတ်တရက်၊ မူလဝိညာဉ်အဆင့်တွင်ရှိသော ခေါင်းလောင်းသံက ဆံပင်ညိုရောင်လူနှင့် နှာခေါင်းကောက်သည့်လူတို့၏ နားထဲသို့ ဆက်တိုက်ဝင်လာခဲ့သည်။

အစ၌ သူတို့သည် များစွာမခံစားမိကြချေ၊ သို့သော်၊ ခေါင်းလောင်သံက ပို၍ မြည်လာသည်နှင့် သူတို့၏အကြည့်များသည် တဖြည်းဖြည်း အသက်မဲ့လာကြသည်။

အပြင်လူများအတွက်မူ သူတို့သည် ရုတ်တရက်နေရာတွင်ပင် ငြိမ်သက်သွားကြသည်။

သူတို့သည် လှုပ်ရှားမှုကင်းမဲ့လာကြသည်။

သူတို့သည် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုနီးကပ်လာသည်အထိ ခေါင်းလောင်းသံပုံရိပ်ယောင်မှ နိုးထနိုင်ခြင်းမရှိခဲ့ပေ။

ဖူး…ဖူး…

တောက်ပသော အလင်းက ဖြတ်သွားခဲ့ပြီး ဆံပင်ညိုရောင်နှင့် နှာခေါင်းကောက်သောသူတို့၏ ခန္တာကိုယ်များသည် ဘာမှမကျန်တော့သည်အထိ ဖျက်ဆီးခံလိုက်ရလေသည်။

ဗလာနယ်ပြန်နတ်ဘုရားအရှင်နှစ်ဦး ကျဆုံးခြင်းသည် ရှိနေသောလူတို့၏အာရုံစိုက်ခြင်းကို ဆွဲဆောင်လိုက်သည်။

ဗလာနယ်ပြန်နတ်ဘုရားအရှင်များသည် ဂိုဏ်းသို့ မိသားစုများ၏ ကျောရိုးများဖြစ်ကြသည်။ ပြီးနောက်၊ ထိုကဲ့သို့လူနှစ်ဦးကျဆုံးခြင်းက ဝမ်တောက်နှင့်တိုက်ခိုက်နေသည့် ကူဆာအား စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်စေခဲ့သည်။

သူ၏အကြည့်သည် ကျန်းချန်ရွှမ်ဆီသို့ပြောင်းလဲသွားပြိး သူ၏မျက်နှာသည် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ပြနေလေသည်။

“မင်းသေရမယ်။”

စကားပြောရင်းပင် သူ၏ခေါင်းသုံးလုံးနှင့် လက်သုံးချောင်းဓမ္မပုံရိပ်မှ များစွာသောလက်နက်များ သည်၊ သက်တံရောင်အလင်း အဖြစ်ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်ဆီသို့ ဦးတည်၍ လာနေလေသည်။

သို့ရာတွင် သူသည် ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ အစီအရင် အတွင်းတွင် ရှိနေသည်ကို မေ့နေခဲ့ပုံပေါ်လေသည်။

ဝုန်းဟူ၍ အသံများမြည်သွားခဲ့သည်။

ကျန်းချန်ရွှမ်သည် ကူဆာ၏တိုက်ခိုက်မှုကိုရိုးရှင်းစွာပင် အစီအရင်၏ စွမ်းအားအနည်းငယ်ကို သုံးကာ တားဆီးလိုက်သည်။

၎င်းသည် ကူဆာ၏ဒေါသကို လောင်စာဖြည့်ပေးသကဲ့သို့ဖြစ်သွားသည်။

သို့သော် သူ၏လက်ရှိပြိုင်ဘက်သည် ကျန်းချန်ရွှမ်မဟုတ်ဘဲ သူနှင့် အဆင့်တူဖြစ်သည့် ဝမ်တောက်ဖြစ်ပေသည်။

ရန်သူက ကြီးမားသောအစီအရင်ကတားဆီးပေးထားသဖြင့်၊ ကူဆာသည် ကျန်းချန်ရွှမ်ဆီသို့ ဦးတည်၍ တိုက်ခိုက်ရန် အခွင့်အရေးမရှိပါ။

ထိုအစား၊ ကျန်းချန်ရွှမ်သည် ပင်လယ်နက်လေလွင့်ကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်ပြီးသောအခါ သူသည် ဟုန်မေတာဝန်ရှိသောနေရာသို့ ရွေ့သွားခဲ့သည်။

ထိုအချိန်တွင် ဟုန်မေသည် အစီအရင်၏စွမ်းအားအကူအညီနှင့် ဓမ္မပုံစံအဆင့်ရှိ နတ်ဆိုးနှစ်ကောင်နှင့် ရင်ဆိုင်လျှက်ရှိသည်။

ဟုန်မေသည် သူ၏ဘက်တွင် ကောင်းမွန်စွာလုပ်ဆောင်နေပုံရပါသည်။

သို့ရာတွင် ကျန်းချန်ရွှမ်က သူမနှင့် ပူးပေါင်းရန်ရွေးချယ်လိုက်ခြင်းသည် သူ၏ပန်းတိုင်မှာ ခုခံရန်သက်သက်ပင်မဟုတ်ပါ။

ဒင်..ဒင်..ဒင်…

ယခင်အတိုင်းပင်၊ မူလဝိညာဉ်အဆင့်ရှိ ခေါင်းလောင်းသံသည် ရုတ်တရက် နတ်ဆိုးကျင့်ကြံသူနှစ်ဦး ၏ နားထဲတွင် မြည်လာခဲ့လေသည်။

နတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် သူတို့၏အဖော်များ၌ မည်သို့ဖြစ်သွားသည်ကို ရှင်းလင်းစွာ သိကြပါသည်။

ထို့ကြောင့် ထိုအချိန်တွင် သူတို့သည် ကံဆိုးစွာပင်၊ ကျန်းချန်ရွှမ်၏ ပုံရိပ်ယောင်ကောင်းကင် ခေါင်းလောင်းသံ၏ သက်ရောက်မှုမှ လွတ်မြောက်ခြင်းမရှိနိုင်ပါ။

သူတို့သည် သတိကြီးစွာထားနေသော်လည်း၊ ထိုမူလဝိညာဉ်တိုက်ခိုက်မှုနည်းစနစ်မှ လွမ်းမိုးခံနေရသေးသည်။

ကွဲပြားချက်မှာ သူတို့သည် ပင်လယ်နက်လေလွင့်ကျင့်ကြံသူများကဲ့သို့ ပုံရိပ်ယောင်ခေါင်းလောင်းမှ လုံးဝဆွဲဆောင်ခြင်းမခံရပေ။

သို့သော်၊ အဆင့်တူသော ပြိုင်ဘက်နှင့် တိုက်ခိုက်နေချိန်တွင်၊ စိတ်အနှောက်အယှက်ဖြစ်ခြင်းသည် သူတို့အတွက် အကျိုးမရှိဖြစ်စေခဲ့သည်။

ဟုန်မေက ထိုအခွင့်အရေးကိုယူလိုက်သည်။

ရုတ်တရက်၊ ကြီးမားသော အနီရောင်ဖဲပြားများက ကောင်းကင်နှင့် မြေကြီး၏ကြားတွင် ပေါ်ထွက်လာခဲ့သည်။

ဝှစ်..ဝှစ်..ဝှစ်…

ထိုအချိန်တွင်၊ သူတို့သည် နတ်ဆိုးနှစ်ဦး၏ခန္ဓာကိုယ်တွင် ရစ်ပတ်နေသောခုခံမှုကြားများကို ထိုးဖောက်လိုက်သည်။

တစ်ချိန်တည်းတွင်၊

ကြောက်မက်ဖွယ်ကောင်းသော ဓားချီက လေဟာနယ်ထဲတွင် ဆုတ်ပြဲသွားသည်။

၎င်းသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ ထိုက်ကျီဓားအစီအရင် စွမ်းအားပင်ဖြစ်သည်။

စူးရှသောအသံများနှင့်အတူ၊ နတ်ဆိုးကျင့်ကြံသူနှစ်ဦး၏ဓမ္မပုံစံသည်အဆုံးမဲ့ဓားချီမှ စာရွက်များကဲ့သို့ စုတ်ဖြဲခံလိုက်ရကာ မရေတွက်နိုင်သည့် အလင်းများအဖြစ် ပျောက်ကွယ် သွားတော့သည်။

“အား…….”

တစ်ချိန်တည်းမှာပင်။

နတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် ငိုကြွေးမြည်တမ်းလိုက်ကြသည်။

သူတို့၏ခန္ဓာကိုယ်များသည် သွေးများဖြင့် ဖုံးလွမ်းသွားပြီး လွမ်းမိုးနိုင်သည့်သန်မာသောစွမ်းအားမှ ဆုတ်ဖြဲခြင်းခံလိုက်ရသည်။

ကြီးမားသောပုံရိပ်နှစ်ခုက သူတို့၏ပုံစံများအား ပြန်လည် စုစည်းနေချိန်တွင် ပင်လယ်ရေ မျက်နှာပြင်သည် ပြင်းထန်စွာ လည့်ပတ်နေခဲ့သည်။

သူတို့သည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ဘက်သို့ကြည့်ကာ သူတို့၏မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြည့်နေကြသည်။

သူတို့သည် ပင်လယ်နက်လေလွင့်သူ‌နှစ်ဦးကဲ့သို့ လုံးဝချေမှုန်းခံရမည်ကို ရှောင်လွဲနိုင်ခဲ့သည်။

အကယ်၍ သူတို့၏ အရေးကြီးသည့်အချိန်တွင် အသက်ကယ်ပစ္စည်းကိုမသုံးခဲ့လျှင်၊ သူတို့သည် ထိုတိုက်ခိုက်မှုမှ ရှင်သန်လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့ရာတွင်၊ ၎င်းသည် သူတို့က နှစ်တစ်သောင်းကြာတစ်ခါဖြစ်မည့် အတိဒုက္ခအတွက် အသက်ကယ်ပစ္စည်းကို ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုခြင်းဖြစ်သည်။

“အာ.. နှမြောစရာပဲ။”

ဟုန်မေက နောက်တဖြင့် သက်ပြင်းချလိုက်သည်။

အတိဒုက္ခရှောင်လွဲခြင်းကဲ့သို့ အရေးကြီးသော အသက်ကယ်ပစ္စည်းသည် ကျင့်ကြံသူများအတွက် မည်မျှအရေးကြီးကြောင်း သူမသိပါသည်။

၎င်းသည် ကောင်းကင်ဘုံအတိဒုက္ခကို ခံနိုင်ရည်ရှိနိုင်သည်သာမကဘဲ သေလုမျောပါးအခြေအနေ ဖြစ်နေချိန်တွင်လည်း အသက်ကယ်ရန်သုံးနိုင်သေးသည်။

အကယ်၍ ထိုနတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် သူတို့အပေါ်တွင် ထိုအတိဒုက္ခရှောင်လွဲခြင်းပစ္စည်းသာ မရှိခဲ့လျှင်၊ သူတို့သည် ထိုတိုက်ခိုက်ခြင်းမှ လွတ်မြောက်သွားရန်ခက်ခဲလိမ့်မည်ဖြစ်သည်။

ထိုအတွေးဖြင့် ဟုန်မေသည် မတတ်နိုင်ဘဲ ကျန်းချန်ရွှမ်ဘက်သို့လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

“ဂျူနီယာမောင်လေးကျန်း၊ အခုလုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။”

“စီနီယာအစ်မဟုန်မေ၊ ကျေးဇူးတင်စရာမလိုပါဘူး။”

ကျန်းချန်ရွှမ်သည် ပြုံးကာ သူ၏ခေါင်းခါလိုက်သည်။

“ကျွန်တော်သူတို့ကို တိုက်ခိုက်နိုင်တာက အစ်မက သန်မာပြီးသားမလို့ပါ။

စကားမစပ်…”

ထိုအချက်ကြောင့် ကျန်းချန်ရွှမ်သည် တစ်ခုခုကိုစဉ်းစားမိပုံဖြင့် ဝမ်တောက်၏ဘက်ကို ကြည့်လိုက်သည်။

“စီနီယာအစ်မ ဟုန်မေ၊ ကျွန်တော်နဲ့ အစ်မက ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကိုရင်ဆိုင်ပြီးပြီ။ စီနီယာဝမ်တောက်ကိုကူပြီး အဲ့ဒီကောင်းကင်အလင်းအဆင့် ကျင့်ကြံသူနှစ်ယောက်နဲ့ ရင်ဆိုင်ကြရင်ကော ဘယ်လိုလဲ?”

“ဟုတ်။”

ဟုန်မေသည် ကျန်းချန်ရွှမ်၏အကြံပြုချက်ကို ကန့်ကွက်ရန်မရှိပေ။

သူတို့နှစ်ဦးသည် ဝမ်တောက်၏ဘက်သို့ ဦးတည်၍ သွားလိုက်ကြသည်။

ဝမ်တောက်အတွက်မူ အစီအရင်ကြောင့် သူသည် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူနှစ်ဦး နဂါးနက်မှော်ဆရာနှင့် ကူဆာတို့၏ အပေါ်တွင်ရှိနေသည်။

ကျန်းချန်ရွှမ်သည် မတတ်နိုင်ဘဲ အချင်းချင်းကြည့်လိုက်ကြသည်။

ခနအကြာတွင်၊ ဝမ်တောက်အားကူညီပေးနေသည့် အစီအရင်၏စွမ်းအားကို ထိန်းချုပ်လိုက်ကြသည်။

ချက်ခြင်းပင်၊ ဝမ်တောက်၏တိုက်ခိုက်မှုသည် အလွန်ပို၍အင်အားကောင်းသွားသည်။

၎င်းသည် နဂါးနက်မှော်ဆရာနှင့် ကူဆာတို့၏ အမူအရာက ပို၍ ရှုံမဲ့သွားကြသည်။

ထိုအချိန်တွင်၊

သူတို့သည် ကောင်းကင်ဘုံအစွန်းမြို့ကို သိမ်းပိုက်နိုင်ရန်မဖြစ်နိုင်တော့ကြောင်း သိသွားကြသည်။

ထိုအချိန်တွင်၊ သူတို့သည် မတတ်နိုင်ဘဲ ဝမ်တောက်၊ ကျန်းချန်ရွှမ်နှင့် အခြားသူများကို ကြည့်ကာ လူတိုင်းကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်လေသည်။

***

All Chapters