တိုက်ပွဲသို့ သွေးနှောမျိုးနွယ်များဝင်လာခြင်း
Vol. 41 Ch. 765
နဂါးနက်မှော်ဆရာနှင့် ကူဆာတို့၏အုပ်စု ပြန်ဆုတ်သွားသည်ကိုကြည့်ကာ ဝမ်တောက်သည် သူတို့နောက်လိုက်ရန် မလှုပ်ရှားပဲ ကျန်းချန်ရွှမ်နှင့် ဟုန်မေကိုသာကြည့်လိုက်ကာအနည်းငယ်ပြုံး၍ ပြောလိုက်သည်။
“ဂျူနီယာညီလေးကျန်း၊ ဂျူနီယာညီမလေးဟုန်မေတို့က ဒီကိစ္စမှာ အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ကြတာပဲ။
အထူးသဖြင့် မင်း၊ ဂျူနီယာညီလေးကျန်း..”
သူသည် ခနရပ်လိုက်ကာ ကျန်းချန်ရွှမ်ဆီသို့ကြည့်လိုက်သည်။
“ပင်လယ်နက်လေလွင့်မျိုးနွယ်က ဗလာနယ်ပြန်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖို့ဆိုတာ မလွယ်ဘူး။
မင်းရဲ့အောင်မြင်မှုတွေကို ငါတို့ဂိုဏ်းကိုသေချာသတင်းပြန်ပို့ပေးပါ့မယ်။”
အမှန်ဆိုရလျှင်၊ ဝမ်တောက်သည် ကျန်းချန်ရွှမ်၏လုပ်ဆောင်မှုအား အတော်လေး အံ့ဩသွားရသည်။
အကယ်၍ သူ၏မှတ်ဉာဏ်ကမှန်ကန်ခဲ့လျှင်၊ ကျန်းချန်ရွှမ်သည် ဗလာနယ်ပြန်အဆင့်သို့ တက်လာသည်မှာ သိပ်မကြာသေးပါ။
၎င်းသည် နှစ်ရာပေါင်းအနည်းငယ်သာ ကြာဦးမည်ဖြစ်သည်။ နှစ်သောင်းချီသက်တမ်းရှိသည့် ကျင့်ကြံသူများအတွက်မူ အတော်တိုတောင်းသောအချိန်ဖြစ်သည်။
၎င်းသည် အတော်လေး အံ့ဩစရာကောင်းသည်။ သူသည် ချင်ရှန်းဝူမှ လက်ရင်းတပည့်အဖြစ် တန်ဖိုးထားခြင်းခံရသည်မှာအံ့ဩစရာမရှိတော့ပါ။
အမှန်တကယ်ပင် သူ၌ တစ်ခုခုက သာလွန်နေပါသည်။
အချို့ပြသနာများကိုကိုင်တွယ်ပြီးနောက်၊ ထိုသုံးဦးသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ အဓိကခန်းမသို့ ပြန်လည် အစီရင်ခံရန် ပြန်သွားခဲ့သည်။
သူတို့သည် ဤတစ်ခေါက်၏ကိစ္စအား ပြန်လည်လေ့လာကာ သုံးသပ်ပြီးနောက် သုံးဦးသာ ထွက်လာခဲ့ကြသည်။
ပင်လယ်နက်လေလွင့်သူများနှင့် နတ်ဆိုးများဆီမှာ ကျူးကျော်ခြင်းမရှိဘဲနှင့် ဆယ်စုနှစ်များစွာ ကျော်လွန်သွားသည်။
တည်ငြိမ်နေသော်လည်း ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့သည် သူတို့၏ရန်သူများသည် ထိုမျှလောက်လွယ်ကူစွာလက်လျော့မည့်ပုံမပေါ်သဖြင့် သတိမလွတ်ထားပါ။
အထူးသဖြင့်၊ သူတို့၏ဘက်တွင် ခုခံသည့်အင်အားအကြောင်း အနည်းနှင့်အများသိသွားပြီ ဖြစ်သည်။
ယခုတစ်ခေါက်တိုက်ခိုက်မှုသည် ယခင်တစ်ခေါက်ကထပ် စကေးနှင့် စွမ်းအားက ပို၍ သာလွန်လာနိုင်သည်မှာ ဖြစ်နိုင်သည်။
နှစ်ပေါင်းတစ်ရာနှင့် ငါးဆယ်အကြာအထိ ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့သည် တည်ငြိမ်နေခဲ့သည်။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့သည် မလွယ်ကူသည်ခံစားမှုကိုရနေကြပြီး ပင်လယ်နက်လေလွင့်သူနှင့် နတ်ဆိုးမျိုးနွယ်တို့်သည် သူတို့၏မြို့ကိုတိုက်ခိုက်မည့် ရည်ရွယ်ချက်ကို မစွန့်လွတ်သေးသည်ကို သံသယဖြစ်နေကြသည်။
သူတို့၏လှုပ်ရှားမှုမရှိခြင်းသည် သူတို့က အခွင့်အရေးရမည့်အချိန်ကို စောင့်နေခြင်းဖြစ်ကြောင်း သိနိုင်သည်။ ပင်လယ်ထဲမှ နန်းတော်ထဲတွင် ပေဒါဇင်များစွာ မြင့်မားကာ နဖူး၌ ကျောက်မျက်ရတနာအမှတ်ရှိသော ပုံရိပ်တစ်ခုသည် ကျင့်ကြံသူများအားကြည့်ကာ ဂရုမစိုက်စွာ ပြောလိုက်သည်။
“ဒါဆို၊ သွေးနှောတွေဆီက သတင်းမရသေးဘူးလား?”
မျက်နှာပေါ်တွင် အပြာရောင်အကြေးခွံများနှင့် ကူဆာက ဦးညွတ်ကာ တုံ့ပြန်လိုက်သည်။
“အရှင် ပေါ်ယွမ်၊ ကျွန်တော်တို့ သွေးနှောတွေဆီက အခုလေးတင်ပဲသတင်းရပါတယ်။ သူတို့မကြာခင်ပဲ ကျွန်တော်တို့နဲ့ လာပေါင်းမှာပါ။
ဒီတစ်ကြိမ်တော့ သူတို့က သွေးနှောအကြီးအကဲ အရိပ်မဲ့က ဦးဆောင်ပြီးလာမှာပါ။”
“ဟမ်? သွေးနှောတွေရဲ့အကြီးအကဲ အရိပ်မဲ့လား?”
ထိုနာမည်ကို ကြားသည်နှင့်၊ အရပ်မြင့်သောသူသည် သက်တောင့်သက်သာနေနေရာမှ မတ်မတ်ထိုင်လိုက်ကာ သူ၏ပုံစံသည် အလေးအနက်ဖြစ်သွားခဲ့သည်။
“အကယ်၍ ညီအစ်ကို အရိပ်မဲ့က သူ့ကိုယ်တိုင်ဦးဆောင်ရင် ကောင်းကင်အစွန်းမသေမျိုးမြို့ကို တိုက်ခိုက်တာက အမှားမရှိနိုင်တော့ဘူး။”
သူသည် အခြားငါးအမြီးနှင့်လူဘက်သို့လှည့်လိုက်သည်။ “ကိုမို၊ ငါတို့လူတွေကိုချက်ခြင်းပြင်ဆင်ဖို့ လူစုလိုက်သည်။
ပြီးတော့ ကူဆာ…” သူသည် ကူဆာကိုထပ်ကြည့်လိုက်သည်။
“နဂါးနက်မှော်ဆရာနဲ့အခြားသူတွေကိုလည်း သတင်းပို့လိုက်ပါ။
ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ကို တိုက်ခိုက်တာမှာ ကျဆုံးတာက ရွေးချယ်စရာ တစ်ခုမဟုတ်ဘူး။”
“ဟုတ်ကဲ့ပါ။ အရှင်ပေါ်ယွမ်။”
ကူဆာနှင့် ကိုမိုဟုခေါ်သောသူတို့က သဘောတူလျက် ခေါင်းညိတ်လိုက်သည်။
.........
အချိန်တစ်ချို့ကြာပြီးနောက်။
များစွာသော ရှိန်လောက်သည့်ပုံရိပ်များက ပင်လယ်နက်လေလွင့်သူတို့၏ ပိုင်နက်ထဲတွင် ပေါ်လာခဲ့ပြီး ပေါ်ယွမ်က သူတို့အား နှုတ်ဆက်ရန် ရှေ့တိုးသွားခဲ့သည်။
သူသည် လူအုပ်ထဲမှ မျက်နှာကိုသေချာမမြင်ရသောလူတစ်ဦးအား ကြည့်ကာပြောလိုက်သည်။
“ညီအစ်ကိုအရိပ်မဲ့၊ ကျွန်တော် ခင်ဗျားကိုဒီမှာတွေ့ရမယ်လို့မထင်ထားဘူး။
သွေးနှောမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုတို့နဲ့ပူးပေါင်းထားရင် ကျွန်တော်တို့ လူသားမျိုးနွယ်တွေကို သင်ခန်းစာကောင်းကောင်း ပေးနိုင်မှာပါ။”
မထင်ရှားသောမျက်နှာနှင့်လူကရယ်ကာ တုံ့ပြန်လိုက်သည်။
“ဒါကတော့ ညီအစ်ကိုပေါ်ယွမ်ရဲ့နည်းလမ်းအပေါ်မှာ မူတည်ပါတယ်။ သွေးနှောမျိုးနွယ်တွေက ပင်လယ်နက်လေလွင့်သူတွေနဲ့ နတ်ဆိုးတွေကို ကူညီဖို့သာလာတာပါ။
ပြီးတော့ လုံးဝမလိုအပ်သရွေ့ သွေးနှောမျိုးနွယ်က လုံးဝ ရှေ့တန်းတက်မှာမဟုတ်ဘူး။”
သွေးနှောမျိုးနွယ်၏ အကြီးအကဲ အရိပ်မဲ့၏စကားကိုကြားလျှင်၊ ပေါ်ယွမ်၊ နဂါးနက်နှင့် အခြားသူများက သူတို့၏နှလုံးထဲတွင် မဆဲဘဲမနေနိုင်ခဲ့ပေ။
သွေးနှောမျိုးနွယ်သည် သူတို့ကိုယ်တိုင်အတွက် အရန်အစီအစဉ်ကိုအမြဲပြင်ဆင်ထားတတ်သည်။
သူတို့သိသင့်သည်မှာ ဤတစ်ကြိမ်မျိုးနွယ်စု သုံးခုပူးပေါင်းခြင်းသည် အကယ်၍ သူတို့ကျရှုံးခဲ့လျှင် သွေးနှောမျိုးနွယ်စုများက ဤကိစ္စ၏အပြင်ဘက်တွင် နေနိုင်လိမ့်မည်ဟု ထင်နေပါသလား?
သို့ရာတွင်၊ မည်သူမှ ထိုကဲ့သို့စကားကိုထုတ်မပြောကြပါ။
မကြာမီ မျိုးနွယ်စုသုံးခုသည် သူတို့၏တိုက်ခိုက်ရန် အစီအစဉ်ကိုအပြီးသတ်လိုက်ကြသည်။ ပင်လယ်နက်လေလွင့်သူများနှင့် နတ်ဆိုးများသည် အဓိကတိုက်ပွဲနေရာကိုတာဝန်ယူမည်ဖြစ်ပြီး သွေးနှောမျိုးနွယ်များသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ကို ချုံခိုတိုက်ခိုက်မည့်နေရာတွင် သူတို့ကိုယ်တိုင်နေရာယူထားကြသည်။
ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့တွင် မြို့ကိုစောင့်ကြပ်ရန်တာဝန်ကျနေသော ဟုန်မေ၏ စိတ်ထဲတွင် မရှင်းပြနိုင်သည့် ဂယက်တစ်ခုပေါ်လာခဲ့သည်။
၎င်းသည် သူမ၏ ကျင့်ကြံခြင်းကို ချက်ခြင်း ရပ်လိုက်ပြီး ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင်မူ အနည်းငယ်သောခံစားချက်များသည် နောက်ကွယ်၌ အကြောင်းအရင်းရှိပါသည်။ အထူးသဖြင့် မသက်မသာခံစားရသည့်အချိန်တွင်ဖြစ်သည်။
၎င်းသည် အရေးကြီးသောအရာတစ်ခုခုကဖြစ်လာတော့မည်ကို ပြသနေပါသည်။
ထိုအတွေးဖြင့်၊ ဟုန်မေသည် ကျန်းချန်ရွှမ်နှင့် ဝမ်တောက်တို့အား အနည်းငယ်တုံ့ဆိုင်းနေပြီးမှ သတင်းပို့လိုက်လေသည်။
မကြာခင်တွင်ပင် သူတို့ ၏သက်ဆိုင်ရာဂူများထဲတွင်ကျင့်ကြံနေကြသော နှစ်ဦးစလုံး သူမ၏ဘေးတွင်ပေါ်လာကြသည်။
“ဘာအရေးကြီးကိစ္စဖြစ်လို့လဲ။ ညီမဟုန်မေ?” ဝမ်တောက်က ချက်ခြင်းသူမကို ကြည့်လိုက်သည်။
ထိုမေးခွန်းကိုကြားလျှင်၊ ကျန်းချန်ရွှမ်သည် ဟုန်မေကိုအာရုံစိုက်လိုက်သည်။ အချိန်အနည်းငယ်စဉ်းစားပြီးနောက်၊ ဟုန်မေသည် သူမစိုးရိမ်နေသည့်အရာကို မျှဝေလိုက်သည်။
“စီနီယာအစ်ကိုဝမ်တောက်၊ ဂျူနီယာမောင်လေးကျန်း၊ ရှင်တို့ တစ်ခုခုမှားနေသလို မခံစားရဘူးလား?
သို့မဟုတ် ဆူပူအုံ့ကြွမှုတစ်ခုခုရဲ့ခံစားချက်များ မရမိဘူးလား?”
“ဆူပူအုံကြွမှုလား?”
ထိုစကားကိုကြားလျှင် အမျိုးသားနှစ်ဦးလုံး၏အမူအရာသည် တည်ငြိမ်သွားသည်။ အထူးသဖြင့် ကျန်းချန်ရွှမ်ဖြစ်သည်။
သူသည် ဟုန်မေ၏စကားကိုကြားသည်နှင့် အကြောင်းအရင်းမရှိဘဲ နှလုံးခုန်မြန်နေသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အမူအရာကချက်ခြင်းပြောင်းလဲသွားခဲ့သည်။
သူသည် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့သို့ အရေးပါသောအခြေအနေတစ်ခု ဖြစ်ပေါ်လာပြီ ဖြစ်ကြောင်းကို ခံစားလိုက်ရသည်။
ဝမ်တောက်သည်လည်းတစ်ခုခုကိုသတိပြုမိပုံပေါ်ပြီး သူ၏အမူအရာသည် စိုးရိမ်ဖွယ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် အတူ သူတို့သည် ကောင်းကင်ဘုံမသေမျိုးမြို့၏ အပြင်ဘက်သို့ ကြည့်လိုက်ကြကာ သူတို့၏နတ်ဘုရားအသိများကို မိုင်ထောင်ချီ ဖြန့်ကျက်လိုက်သည်။
သို့သော်လည်း သူတို့သည် မည်သည့်အရာကိုမှ ရှာဖွေတွေ့ရှိခြင်းမရှိကြသဖြင့် စိတ်ချခြင်းမရှိဘဲ သတိကပ်လိုက်ကြသည်။
ဝမ်တောက်ကလေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
“ဂျူနီယာညီမဟုန်မေ မင်းရဲ့ခံစားချက်က အခြေအမြစ်မရှိတာမဟုတ်ဘူး။ ဒီမှာတကယ်ပဲ ဖုံးကွယ်ထားတဲ့ အန္တရာယ်က ငါတို့မြို့နားရောက်နေပုံရတယ်။ ဒါကငါတို့အတွက် ချိန်းခြောက်မှုကြီး တစ်ခုဖြစ်လာနိုင်တယ်။”
***