← Chapters

မြေပုံ၊ တာအိုဝိညာဉ်တောင်

Vol. 41 Ch. 776

မြေပုံ၊ တာအိုဝိညာဉ်တောင်

Vol. 41 Ch. 776

သို့သော် အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျန်းချန်ရွှမ်၏ “နှစ်ကာလ” ရေနတ်ဘုရားစွမ်းအား သည် စီနီယာအစ်ကိုကူမင်အပေါ်သို့ကျလာခဲ့ပြီဖြစ်သည်။

ချက်ခြင်းပင် ကြီးမြတ်သော နေရာလပ်ရွေ့ပြောင်းခြင်းအဆောင်က မူလကသူ၏လက်ထဲရှိနေရာမှ သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။

“ဒါက အချိန်နောက်ဆုတ်ခြင်းလား?” စီနီယာအစ်ကိုကူမင်သည် အခြားထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဒြပ်စင်ငါးပါးနတ်ဘုရားအလင်းမှစ၍ စီနီယာအစ်ကိုကူမင်သည် ကျန်းချန်ရွှမ်ထံမှ အခြား မှတ်သားလောက်စရာ နတ်ဘုရားစွမ်းအားဖြစ်သည့် “နှစ်ကာလ”ကိုပါ တွေ့ရှိခဲ့ရသည်။

ထိုနတ်ဘုရားစွမ်းအားသည် ကြီးထွားခြင်းမရှိသေးကာ သာမန်အခြေအနေတွင်သာ ရှိနေသေးသော်လည်း၊ ၎င်းသည် အဆင့်တူကျင့်ကြံသူအပေါ် သေစေနိုင်သည့်အန္တရာယ်ကို ဖြစ်စေနိုင်ပါသည်။

သို့ရာတွင်၊ ၎င်း၏ အချိန်ကိုနောက်ပြန်ဆုတ်နိုင်ခြင်းသည် အရေးကြီးသည့်အချိန်တွင် အရေးပါကြောင်းကို ယခုကဲ့သို့ သက်သေပြနေပါသည်။

စီနီယာအစ်ကိုကူမင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူ့အား သိုလှောင်လက်စွပ်မှ ကြီးမြတ်သောနေရာလပ်ရွေ့ပြောင်းခြင်းအစီအရင်ကိုထပ်မံ၍ ထုတ်ခွင့်ပေးမည်မဟုတ်ကြောင်း သတိပြုမိခဲ့သည်။

ဂျုန်း…

ထိုအချိန်တွင်၊ ငါးရောင်ခြယ်မိုးကြိုးအလင်းက ကောင်းကင်ပေါ်တွင်ဖြတ်သွားခဲ့သည်။

၎င်းသည် ရှန်းရူယန်၏ အလွန်အင်အားကြီးသောနတ်ဘုရားစွမ်းအား “မဟာဒြပ်စင်ငါးပါးနတ်ဘုရားမိုးကြိုး” ဖြစ်သည်။

ဝုန်း…

ချက်ခြင်းပင်၊ စီနီယာအစ်ကိုကူမင်၏ခန္ဓာကိုယ်သည် အဆုံးမဲ့မိုးကြိုးများဖြင့်ဖုံးလွမ်းခံခဲ့ရသည်။

တစ်ချိန်တည်းမှာပင်။

ကျန်းချန်ရွှမ်သည် အမြစ်ဖြတ်ဓားကိုသုံးလိုက်ကာ မရှင်းပြနိုင်သောဖျက်ဆီးခြင်းအရောင်အဝါကို ထုတ်လွတ်လာသည်။

ဝှစ်…

အမြစ်ဖြတ်ဓားသည် ချက်ခြင်းပင် အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး စီနီယာအစ်ကို ကူမင်၏ခန္ဓာကိုယ်အားထိုးလိုက်သည်။

“အား….”

ထိုအချိန်တွင် စီနီယာအစ်ကို ကူမင်သည်နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသည့်အော်သံကို ထုတ်လွတ်လိုက်သည်။

အကြောင်းမှာသူသည် ရှင်းလင်းစွာပင်၊ သူ၏အသက်ဓာတ်သည် ရှန်းရူယန်၏ မဟာဒြပ်စင်ငါးပါး နတ်ဘုရားမိုးကြိုးနှင့် ကျန်းချန်ရွှမ်၏ အမြစ်ဖြတ်ဓား၏ တိုက်ခိုက်မှုအောက်တွင် လျှင်မြန်စွာ မှေးမှိန်နေသည်ကို ခံစားလိုက်ရကာ ကောင်းကင်အလင်းအဆင့်၏ မသေနိုင်သောစွမ်းအင်အား မှီခိုနိုင်ရန် မသေချာကြောင်း ဆင်ခြင်လိုက်မိသည်။

၎င်းသည် မူလဝိညာဉ်နှင့် စိတ်ဝိညာဉ်အဆင့်ဖျက်ဆီးခြင်းဖြစ်ပေသည်။

“ငါ့ရဲ့ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက သေချာပေါက်မင်းကိုခွင့်လွတ်မှာမဟုတ်ဘူး။”

စီနီယာကူမင်၏အော်သံနှင့်အတူ သူ၏ မူလဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တိုက်ခိုက်မှုနှစ်ခုကြောင့် တဖြည်းဖြည်းနှင့်ဘာမှမရှိတော့သည်အထိ ဖြစ်သွားခဲ့သည်။

ဝှစ်…..

သူတို့၏သိုလှောင်လက်စွပ်များကိုသိမ်းလိုက်ပြီးနောက်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ထိုနေရာတွင် ကြာကြာမနေတော့ပေ။

သူတို့၏ပုံရိပ်များသည် ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ခနအကြာတွင်။

ထိုကိစ္စကိုအာရုံခံမိကြသော အခြားကျင့်ကြံသူများသည်စတင်၍ စုံစမ်းစစ်ဆေးခဲ့ကြသည်။

သူတို့သည် လေထဲမှ ဓမ္မစွမ်းအား လှိုင်းအကြွင်းအကျန်ကို ခြေရာခံမိလျှင်၊ သူတို့၏ အမူအရာများသည် အကြီးကျယ်ပြောင်းလဲသွားကြသည်။

“ဒီနေရာမှာဗလာနယ်ပြန်အဆင့် တိုက်ပွဲတစ်ခုဖြစ်သွားခဲ့တာပဲ။ ပြီးတော့ ဓမ္မပုံစံအကြွင်းအကျန်တွေကနေ ဝေဖန်ရရင် ဗလာနယ်ပြန်ကျင့်ကြံသူတစ်ယောက် ကျဆုံးသွားပုံပေါ်တယ်။

တစ်ယောက်ထပ်ပိုတာတောင် ဖြစ်နိုင်တယ်။”

“အမြန်လုပ် သွားကြမယ်။ ငါတို့ဒီကိစ္စကို မြို့ကိုတင်ပြရမယ်။”

.......

တစ်ချိန်တည်းမှာပင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သီးခြားဖြစ်၍ လူသူကင်းမဲ့သည့်တောင်ထိပ်ပေါ်တွင် ရောက်နေကြသည်။

နှစ်ဦးသားသည် ချက််ခြင်းပင် စီနီယာအစ်ကိုကူမင်နှင့် အခြားသူတို့၏သိုလှောင်လက်စွပ်များကို ယူထုတ်လိုက်သည်။

နေ့ဝက်ခန့်ကြာပြီးနောက် လက်စွပ်မှ မူလဝိညာဉ်စည်းကိုဖျက်ပြီးလျှင် သူတို့သည် အထဲမှပစ္စည်းများအား အမြန်ပင် စုံစမ်းလိုက်ကြသည်။

ထိုသုံးဦးသည် အလွန်ချမ်းသာကြပါသည်။အထူးသဖြင့် စီနီယာအစ်ကို ကူမင်ဖြစ်သည်။

သူသည် ကောင်းကင်သလင်းကျောက် တစ်သောင်းနီးပါးပင်ပိုင်ဆိုင်ကာ အမျိုးမျိုးသော ဆေးလုံးများ၊ ရတနာများ၊ သတ္တုရိုင်းများနှင့် အခြားတန်ဖိုးရှိသည့် ပစ္စည်းများလည်း ပိုင်ဆိုင်သည်။

အရေးအကြီးဆုံးမှာ သူတို့သည် စီနီယာကူမင်၏သိုလှောင်လက်စွပ်ထဲမှ အနီရောင်တိမ်တိုက် သလင်းကျောက်ထပ်ပို၍ တန်ဖိုးရှိကာ တစ်သောင်းသုံးထောင် ကောင်းကင်ကျောက်တုံး ခန့်ထိ တန်သော အတိဒုက္ခရှောင်လွဲခြင်းပစ္စည်းဖြစ်သည့် သစ်သားအဆီအနှစ်ပုတီးကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် သူတို့၏စိတ်ဝင်စားမှုကိုဆွဲဆောင်ခဲ့သည့်အရာမှာ မသိရသည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည့် မြေပုံတစ်ခုဖြစ်သည်။

တာအိုဝိညာဉ်တောင်ဟုခေါ်သော မှတ်သားထားသည့်တည်နေရာသည် သူတို့၏ လက်ရှိတည်နေရာဖြစ်သည့် နေရာနှင့် အတော်လေးဝေးကွာပုံပေါ်ပေသည်။

သို့ရာတွင် ထိုနေရာအတွင်းမည်သည့်တို့ရှိမည်နည်းဆိုသည့်အရာမှာ ဆန်းကြယ်မှုတစ်ခု ဖြစ်နေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မနေနိုင်ဘဲသိချင်နေကြသည်။

အထူးသဖြင့် သူတို့သည် မြေပုံအား အလွန်တန်ဖိုးရှိသည့် ကျောက်စိမ်းခြင်ဆီထဲတွင် သိမ်းထားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

အလွန်တန်ဖိုးရှိသည့်ပစ္စည်းဖြင့် သိမ်ထားသည့်မြေပုံသည် သူ၏အရေးပါမှုကိုပြသနေပါသည်။

“ဘယ်လိုလဲ? ယောကျ်ား၊ ကျွန်မတို့ မြေပုံရဲ့ အမှတ်အသားတွေနောက်လိုက်ပြီး တာအိုဝိညာဉ်တောင်ကိုသွားကြည့်ကြမလား?”

ရှန်းရူယန်သည် ကျန်းချန်ရွှမ်အားကြည့်ကာမေးလိုက်သည်။

ကျန်းချန်ရွှမ်သည် အချိန်အနည်းငယ်စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။

“သေချာတာပေါ့။ မဟုတ်ရင်လည်း ငါတို့အခုသွားစရာနေရာမရှိသေးဘူး။

ဒါမဲ့ အဲ့တာမလုပ်ခင်မှာ ငါတို့ ဒီလူတွေနဲ့ အချို့အရာတွေဆွေးနွေးဖို့လိုအပ်မှာကို စိုးရိမ်မိတယ်။”

သူစကားပြောရင်း ကျန်းချန်ရွှမ်သည် သူ၏လက်ကိုမြောက်ကာ စီနီယာအစ်ကိုကူမင်နှင့် အခြားနှစ်ဦး၏ သိုလှောင်လက်စွပ့်များအားပစ်ထုတ်လိုက်ကာ အခြားအမှတ်အသား ဖြစ်နိုင်သည့်ပစ္စည်းများကိုလည်း ပစ်လိုက်သည်။

“ပြီးရင် ကိုယ်က တာအိုဝိညာဉ်တောင်ကိုရောက်တဲ့အထိ ဒီမြေပုံကိုကိုင်ထားလိုက်မယ်။”

ကျန်းချန်ရွှမ်သည် အကယ်၍ တစ်စုံတစ်ယောက်ကသူတို့၏တည်နေရာအားခြေရာခံနိုင်ရန် ထိုမြေပုံကိုသုံးလိုပါက၊ အကယ်၍ ရှန်းရူယန်ဆိုလျှင်ပင်၊ ခြေရာခံနိုင်ခြင်းမှ ရှောင်လွဲနိုင်ရန် ခက်ခဲပါသည်။

သို့ရာတွင် အကယ်၍ သူသာဆိုလျှင် သူ့အားခြေရာခံနိုင်ရန် မလွယ်ကူပါ။

အကယ်၍ သူ၏ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းလမ်းဖြင့် သူသည် သူ့ကိုယ်ကို ခြေရာခံခြင်းမှကာကွယ်နိုင်ပါသည်။

ထို့ကြောင့်။

မြေပုံအား သူ့ဆီ၌ထားခြင်းက အလုံခြုံဆုံးရွေးချယ်မှုဖြစ်သည်။

အဘယ်ကြောင့် သူသည် စီနီယာအစ်ကိုကူမင်နှင့်အခြားသူများ၏ ပိုင်ဆိုင်မှုများကို စွန့်ပစ်ခဲ့ရသည့်အကြောင်းမှာ ကြိုတင်သတိထားခြင်းပင်။

ပက်သက်သည့်ပစ္စည်းများကို သယ်ဆောင်ထားခြင်းက ဖော်ထုတ်ခံရနိုင်ချေများသည်။

ကျန်းချန်ရွှမ်သည် မကြောက်သော်လည်း သတိထားခြင်းက ကောင်းသည်။

မကြာမီတွင် ထိုစုံတွဲသည် တောင်ထိပ်မှ ထွက်ခွာခဲ့ကာ သူတို့ပုံရိပ်များသည် အဝေးသို့ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း၏ ဝိညာဉ်ခန်းမတွင်၊ ထိတ်လန့်နေသည့် တပည့်က သူ၏ရှေ့မှ ကွဲကြေသွားသော ဝိညာဉ်တံဆိပ်သုံးခုကိုတွေ့လျှင် မျက်စိများပြူးကျယ်နေလေသည်။ သူ၏မျက်နှာအရောင်သည် ဖြူဖျော့သွားခဲ့သည်။

“စစ်သည်တော်ဦးလေးချန်းဖန်၊ စစ်သည်တော်ဦးလေးဟွမ်းထန်း နဲ့ ကူ…

စစ်သည်တော်ဦးလေးကူမင်ရဲ့ ဝိညာဉ်တံဆိပ်ပြားတွေက ပျက်စီးသွားပါတယ်။”

ကလန်…ကလန်…ကလန်

ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းတစ်ခွင်လုံး ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားကာ အကြီးအကဲများ သေဆုံးသွားသည်ကို အချက်ပြလိုက်သည်။

ဝှစ်..ဝှစ်..ဝှစ်….

ချက်ခြင်းပင်၊ ဂိုဏ်းထဲတွင်ရှိနေသောဗလာနယ်ပြန်အထက်ရှိ အကြီးအကဲများအားလုံး အကြီးအကဲခန်းမတွင် ရောက်လာခဲ့သည်။

***

All Chapters