← Chapters

#ရှီရှန်း၊ ဂျူနီယာညီလေးမု၊ ဒီမှာအပေါက်တစ်ပေါက်ရှိတယ်#

Vol. 79 Ch. 1120

#ရှီရှန်း၊ ဂျူနီယာညီလေးမု၊ ဒီမှာအပေါက်တစ်ပေါက်ရှိတယ်#

Vol. 79 Ch. 1120

ယေဘုယျအားဖြင့်ဆိုရပါက ဆန်းကြယ်နယ်မြေ သို့မဟုတ် စမ်းသပ်မှုတစ်ခုတွင် အရာတိုင်းနှင့် မြင်ကွင်းတိုင်း၌ သက်ရောက်မှုကိုယ်စီရှိသည်။ ဒါကို အကြောင်းမဲ့ ဒီနေရာ၌ ထားရှိမည်မဟုတ်။ 

ဒီကျောက်သစ်တောကလည်း အလားတူပင်။ 

အကယ်၍ ဒီကျောက်သစ်တောတွင်သာ မုဖူရှန်းပြောခဲ့သလို ထောင်ချောက်နှင့် သတ်ဖြတ်ခြင်းအစီအရင်များ ရှိမနေပါက ဒါကို ဘာအတွက်ကြောင့် ဒီလိုပုံစံထုတ်ခဲ့လေသနည်း။ 

ဒါမှမဟုတ် သဘာ၀အတိုင်း ဖြစ်လာတာလား!

ဒါကသဘာ၀အတိုင်း ဖြစ်လာလျှင်ပင် လနတ်ကျောက်တောင်နှင့် သေချာပေါက် ဆက်စပ်မှုတစ်ခုတော့ ရှိမည်သာ။ 

ဒါကိုတွေးမိသောအခါ ရှီရှန်း ချိုးဖျက်မှုတစ်ခုကို ရှာတွေ့မိသွားပုံရသည်။ 

....

သို့စေကာမူ ဒီနေရာကနေ အခြေအနေရပ်တစ်ခုလုံးကို မည်သူမှမမြင်နိုင်ပါ။ ဒီကန့်သတ်ထားသည့် နေရာတွင် ကျောက်သစ်တော၏ အပြည့်အ၀ အသွင်အပြင်ကို မမြင်နိုင်ပေ။ 

ဒီ၀င်္ကပါကဲ့သို့ ကျောက်သစ်တောလမ်း၏ တည်ဆောက်ပုံက ဘာများဖြစ်လေသနည်း။ 

ဒါကရှုပ်ထွေးလှသည်။ မြင့်မားသည့် ကျောက်တောင်ထိပ်နှင့် နိမ့်ကျသည့် ကျောက်တောင်ထိပ်တို့ အတူတကွရှိလာသောအခါ ဘာဖြစ်လာမည်နည်း။ 

ထို့နောက် ရှီရှန်း ကျောက်သစ်တော၀င်္ကပါထဲသို့ ပြန်၀င်သွား၏။ 

ဒီအတိုင်း ခေါက်တုံ့ခေါက်ပြန်လုပ်နေစဉ် နေထွက်လာပြီး နေ၀င်သွားသည်။ ဒီလိုအကြိမ်ရေ အနည်းငယ်ထပ်လုပ်ပြီး နောက်ဆုံးတွင်သာ ရှီရှန်းရပ်လိုက်သည်။ 

"သိပြီ"

လူတိုင်း၏ပဟေဠိဖြစ်နေသည့် အကြည့်များအောက်တွင် ရှီရှန်း ရှေ့က ကျောက်တုံးထိပ်ကို သွားပြီး သူ့လက်ကို တင်လိုက်၏။ 

ကျောက်တုံးထိပ်တွင် အဖြူရောင်အလင်းစက်တစ်ခု ကခုန်နေသည်။ 

ရှီရှန်း ကျောက်သစ်တောထဲသို့ ပြန်လျှောက်သွားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း တစ်စုံတစ်ရာကို ခံစားမိပုံရသည်။ သူတို့မော့ကြည့်လိုက်စဉ် ကျောက်သစ်တောအထက်တွင် လေထဲသို့ လွင့်မြောနေသည့် အဖြူရောင်အလင်းစက်များအား တွေ့လိုက်ရသည်။ 

ဒီအဖြူရောင်အလင်းစက်များက ကြယ်တာယာကောင်းကင်၌ လွင့်မြောနေပြီး ဦးချိုပျောက်နေသည့် တောက်ပသည့်လအနီးတွင် အလင်းစက်၀ိုင်းတစ်ခုဖွဲ့နေသည်။ 

အလင်းစက်ဝိုင်း၌ အဖြူရောင်အလင်းစက်များက ပြန့်ကြဲနေသည်။ 

"ဒါပေမယ့်ဒါကဘာအတွက်လဲ" ကျန်းချင်းလန်သိချင်စိတ်ဖြင့်မေးသည်။ 

"သဲလွန်စမရှိသေးပုံပဲ"

စုန့်ရှောင်ကလည်း ပဟေဠိဖြစ်နေပုံရသည်။ 

အလင်းဖြူက တောက်ပသည့်လကို ၀န်းရံထားလျှင်ပင် ပျောက်နေသည့်ထောင့်က ပြန်မပေါ်လာသေး။ အပြစ်အနာအဆာကင်းမဲ့သည့် လရောင်ကမရှိသေးပါ။ 

"မင်းနားလည်လား" စုန့်ရှောင် ယဲ့ချိုးပိုင်ကို မေးသည်။ 

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"ငါနားမလည်ဘူး"

"ဒါဆိုမင်းဘာလို့ပြုံးနေတာလဲ"

"ဒါကဂျူနီယာညီလေးရှီရဲ့ အလုပ်ပဲလေ၊ ကြယ်စွမ်းအားနဲ့ ကြယ်တာယာကောင်းကင်အကြောင်း ငါတို့ဘာမှမသိဘူး" ယဲ့ချိုးပိုင် အတွေးနက်နေသည့် ရှီရှန်းကို ကြည့်ရင်း ပြုံးသည်။ 

"ဒါက သူ့ကျွမ်းကျင်မှုနဲ့ သက်ဆိုင်တယ်၊ ကျန်တဲ့သူတွေက ကြယ်တာယာကောင်းကင်စွမ်းအားအကြောင်း ဘာတစ်ခုမှ မသိဘူး"

ယဲ့ချိုးပိုင်က ဓားတာအိုနှင့်ပတ်သက်ပြီး တပည့်များအကြား နံပါတ်တစ်ဖြစ်သည်။ 

ကိုယ်ခန္ဓာအချိုးအစားအရဆိုပါက ရှောင်ဟိုင်က သံသယမရှိနံပါတ်တစ်ပင်။ 

ကွန်ဖြူးရှပ်တာအိုအရ နင်းချန်ရှင်းဖြစ်သည်။ 

အဆောင်က မုဖူရှန်း!

အဂ္ဂိရတ်ပညာက မု၀မ်အာ!

အစီအရင်က ဖန်ချန်း!

လူတိုင်းတွင် သူတို့၏ကိုယ်ပိုင်ထူးခြားသည့်လမ်းကြောင်းရှိကြသည်။ 

ကျွမ်းကျင်မှုနယ်ပယ်၌ မည်သူမှ တစ်ဦးကိုတစ်ဦး မဝေဖန်နိုင်သလို မငြင်းခုံနိုင်ပါ။ 

ထို့ကြောင့် သူတို့ထဲကဘယ်သူမှ ရှီရှန်း၏ လုပ်ရပ်ကို သံသယမဖြစ်ကြပါ။ သူတို့ ရှီရှန်းကို ရာနှုန်းပြည့်ယုံကြည်မှုပေးထားပြီး ပြင်ပအကြောင်းခံများကနေ ကာကွယ်ပေးထားကြသည်။ 

ရှီရှန်း တောက်ပသည့်လနံဘေးက အလင်းစက်ဝိုင်းကို ကြည့်လိုက်၏။ တစ်ခဏကြာ တွေးတောပြီးနောက် သူလက်အစုံကို ဆန့်ထုတ်ကာ ဘယ်ဘက်သို့လှုပ်ယမ်းသည်။ 

တောက်ပသည့် လနံဘေးက အလင်းစက်ဝိုင်းက ရှီရှန်းလက်နှင့်အတူ စတင်လည်ပတ်ပြီး အထဲက အလင်းစက်များကလည်း လှုပ်ယမ်းနေသည်။ 

သို့စေကာမူ ကြယ်စွမ်းအားကုန်ခမ်းနှုန်းက ဒီလောက်ထိ ကြီးမားလိမ့်မည်ဟု ရှီရှန်းမျှော်လင့်မထားခဲ့ပေ။ 

သူ အလင်းစက်ဝိုင်းကို လှုပ်ယမ်းသောအခါ တုံ၊ တုံ၊ တုံဟူသောအသံနှင့်အတူ ကျယ်လောင်သည့်အသံက ကျောက်သစ်တောအတွင်း ရုတ်တရက်မြည်ဟီးကာ လူတိုင်း၏အာရုံကို ဆွဲဆောင်ပစ်သည်။  

ကျောက်တောင်ထိပ်တိုင်းက စတင်လှုပ်ရှားလာကြသည်။ 

သူတောက်ပသည့်လနံဘေးက အလင်းစက်ဝိုင်းကို မော့ကြည့်သောအခါ အလင်းစက်များ၏ လှုပ်ရှားမှုလမ်းကြောင်းက ကျောက်တောင်ထိပ်များနှင့် တစ်ထပ်တည်းကျနေတာကို ရုတ်တရက်သဘောပေါက်လိုက်သည်။ 

ကျောက်သစ်တောပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ကြယ်စွမ်းအားစီးကြောင်းများက စတင်မြောလွင့်ကာ ဒီနေရာ၌ တဖြည်းဖြည်းပြည့်နှက်သွားရသည်။ 

အမည်မသိအချိန်ကာလတစ်ခု ကြာပြီးနောက် ရှီရှန်း၏မျက်နှာက စတင်ဖြူရော်လာသည်။ 

ကြယ်တာယာကောင်းကင်ရှိ ကြယ်အနည်းငယ်မှ ကြယ်ရောင်ကလည်း စတင်အားနည်းလာသည်။ 

ကံကောင်းစွာပင် အလင်းစက်များက တောက်ပသည့်လ၏ ပျောက်နေသောထောင့်ကို လုံး၀ပြည့်သွားစေသည်။ 

တစ်ချိန်တည်းမှာပင် ကျောက်သစ်တော၀င်္ကပါတစ်ခုလုံး လုံး၀ပျောက်ကွယ်သွားပြီး ကြေးမုံကဲ့သို့ လနတ်ကျောက်တောင်များက အစားထိုးသွားသည်။ 

လူတိုင်းလှမ်းကြည့်လိုက်ကြ၏။ 

ဒါကလခြမ်းကွေ့တစ်ခုနှင့်တူသည်။ 

ဒီအချိန်မှာပင် တောက်ပသည့်လရောင်ကနေ ငြိမ်းချမ်းသည့် အပြာနုရောင်လရောင်တစ်ခု ထွန်းလင်းနေသည်။ 

၎င်းက လနတ်ကျောက်တောင်များနှင့် ကျောက်သစ်တောကနေ ဖွဲ့စည်းထားသည့် လခြမ်းပေါ်သို့ကျသွားကာ အလင်းနှစ်ခုက တောက်ပစွာ ထွန်းလင်းနေခဲ့သည်။ 

ဝှီး.......!

လရောင်က အလုံးတစ်လုံးအဖြစ် ကျုံ့သွားပြီး လရောင်နှစ်ခုဆုံသည့်ကောင်းကင်ပေါ် ထိုးတက်သွား၏။ 

ကောင်းကင်ထက်တွင် တောက်ပသည့် လတစ်စင်းပေါ်လာခဲ့သည်။ 

ရှီရှန်းဒါကိုမြင်သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချရင်း မြေပေါ်ထိုင်လိုက်သည်။ 

သူ့မျက်နှာကဖြူရော်နေပြီး သူ့နှုတ်ခမ်းများကမူ အရောင်အဆင်းပင် ကင်းမဲ့သွားခဲ့သည်။ 

မု၀မ်အာချက်ချင်းရှေ့တိုးပြီး ဆေးလုံးတစ်လုံးထုတ်ယူကာ လေးနက်စွာပြောသည်။ 

"စီနီယာအစ်ကို၊ ဒီဆေးလုံးကို ‌သောက်လိုက်ပါ"

ရှီရှန်းတုံ့ဆိုင်းမနေဘဲ မျိုချလိုက်သည်။ 

သူ့ကိုယ်ထဲက ကြယ်စွမ်းအားက ပြန်လည်လည်ပတ်ကာ သက်သာလာသည်။ 

ဒါက မု၀မ်အာ ရှီရှန်းအတွက် အထူးပြုလုပ်ထားသည့် ဆေးလုံးပေတည်း။ 

ယေဘုယျအားဖြင့် ဆိုရပါက ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီကို ဖြည့်ဆည်းပေးသည့် ဆေးလုံးများက ရှီရှန်းအတွက် အသုံးမဝင်ပါ။ 

မည်သို့ပင်ဆိုစေကာမူ ရှီရှန်းကိုယ်ခန္ဓာက ကြယ်စွမ်းအားနှင့် အဓိကပြည့်နှက်နေသည် မဟုတ်ပေလော။ 

ထို့ကြောင့်လည်း မု၀မ်အာ ကြယ်စွမ်းအားကို ပြန်လည်ဖြည်းဆည်းရန်အတွက် ဒီလိုဆေးလုံးမျိုးကို အချိန်အတော်ကြာ သုသေသနလုပ်ခဲ့ရသည်။ 

အမွေးတိုင်တစ်တိုင်စာခန့်အချိန်တွင် ရှီရှန်း၏မျက်နှာက အရောင်အဆင်းပြန်ရလာသည်။ 

"ကျေးဇူးပါ၊ ဂျူနီယာညီမလေး၀မ်အာ"

သူမု၀မ်အာကို ကျေးဇူးတင်စွာကြည့်သည်။ 

မု၀မ်အာဘာတစ်ခုမှ မလုပ်ခဲ့ပုံရသော်လည်း သူမက အထူးသဖြင့်သူတို့အတွက် အများကြီးလုပ်ပေးခဲ့တာကို သူသိပါသည်။ 

လူတိုင်းအတွက် မု၀မ်အာ စီနီယာအစ်ကိုအစ်မများ၊ ဂျူနီယာမောင်လေးများနှင့် သင့်တော်သည့်ဆေးလုံးများကို အချိန်အတော်ကြာ သုသေသနလုပ်ခဲ့သည်။ 

ရှီရှန်းအတွက်တင်မဟုတ်ဘဲ တခြားသူများအတွက်လည်းဖြစ်သည်။ 

မု၀မ်အာတခစ်ခစ်ရယ်လိုက်သည်။ 

"ဒါဆိုကျွန်မကို စီနီယာအစ်မလို့ခေါ်လေ"

ရှီရှန်းခေါင်းကုတ်ရင်း သူမကိုပြန်မဖြေဘဲ ခပ်အအပင် ပြုံးလိုက်၏။ 

ဒါကမု၀မ်အာကို ဒေါသထွက်သွားစေသည်။ 

မုဖူရှန်း ကောင်းကင်ပေါ်က လခြမ်းကို ကြည့်ရင်းပြုံးသည်။ 

"ကောင်းပြီ၊ တောက်ပတဲ့လနှစ်စင်းထဲက တစ်စင်းရှိနေပြီဆိုတော့ အနားယူပြီး နောက်တစ်နေရာကို သွားဖို့အချိန်ကျပြီ"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"မှန်ပါတယ်၊ ဒီနေရာက ထောင်ချောက်တွေ၊ လိုက်ဖမ်းသူတွေ၊ သတ်ဖြတ်ခြင်းအစီအရင်တွေနဲ့ ပုံရိပ်ယောင်အစီအရင်တွေနဲ့ ပြည့်နှက်နေလောက်တယ်"

မုဖူရှန်း မျက်နှာထားရှည်ရှည်ဖြင့်ပြောသည်။ 

"ဘာဖြစ်တာလဲ၊ အစ်ကို ဒီကိစ္စကို ကျော်လွှားလိုက်လို့ မရဘူးလား၊ ကျွန်တော့်ခေါင်းကို အခေါင်းပေါက်တစ်ခုထဲ ဝှက်ထားရအောင် လုပ်နေတာလား"

ရှီရှန်း အပေါက်လေးတစ်ပေါက်ဖြစ်နေသည့် ဘေးဘက်ကို လက်ညိုးထိုးပြပြီး လေးနက်စွာပြောသည်။ 

"အခုလေးတင် ကျောက်သစ်တောရွေ့လျားသွားတော့ ဒီမှာ အပေါက်လေးတစ်ပေါက် ပေါ်လာခဲ့တယ်" ထို့နောက် သူမုဖူရှန်းခေါင်းကို ဂရုတစိုက်တိုင်းတာကြည့်ရင်း ခေါင်းညိတ်သည်။ 

"အင်း၊ ဟုတ်တယ်၊ မင်းနဲ့လိုက်ဖက်မှာပါ"

မုဖူရှန်း "...ကျေးဇူးတင်ပါတယ်"

ရှီရှန်းခေါင်းကုတ်သည်။ 

"ငါတို့ကမိသားစုတွေပဲလေ၊ ယဉ်ကျေးနေစရာမလိုပါဘူး"

လူတိုင်းကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ 

မုဖူရှန်းဆွံအနေသည်။ 

ယဉ်ကျေးတာလား၊ ကျွန်တော်က ယဉ်ကျေးပုံပေါက်နေလို့လား!

မုဖူရှန်း ရှင်းပြတော့မည့်အချိန်တွင် အနောက်ဘက်ကောင်းကင်၌ တောက်ပသည့်လတစ်စင်း မြှင့်တက်လာခဲ့သည်။ 

ဘာဖြစ်နေတာလဲ!

ခွန်းလွန်အပျက်အစီးကို ဖွင့်ချင်နေတဲ့သူ တစ်ယောက်ရှိသေးတာလား!

အပိုင်း(1121) coming။ 

All Chapters