← Chapters

#မင်းအတွေးတွေက စင်ကြယ်ပုံမပေါ်ဘူး....#

Vol. 79 Ch. 1107

#မင်းအတွေးတွေက စင်ကြယ်ပုံမပေါ်ဘူး....#

Vol. 79 Ch. 1107

"ရှင့်ဘာလုပ်နေတာလဲ" ဟွမ်ချင်း မြေပေါ်၌ အမြစ်တွယ်နေသည့်ပမာ ရပ်နေပြီး သူမကိုယ်က တင်းမာနေကာ မျက်ခုံးများက ကျုံ့နေသည်။ 

"ငါအရေးကြီးလက္ခဏာရပ်တွေကို စိစစ်ကြည့်နေတာ"

"ဘယ်လောက်ကြာဦးမလဲ"

"ငါလည်းမသိဘူး"

ထို့ကြောင့် ဟွမ်ချင်းသူ့ကို ကန်ကျောက်ပစ်သည်။ 

လုချန်ရှန်း တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မူလနေရာသို့ ပြန်သွားပြီး ဆက်လက်စောင့်ကြည့်ကာ လေးနက်သည့် အမူအရာဖြင့် ပြောသည်။ 

"ဟန်ပျက်အောင်လုပ်နေတာရပ်လိုက်၊ ငါတို့က စီးပွားရေးတစ်ခုရဲ့ အလယ်မှာရှိနေတယ်၊ မင်းလှုပ်ရှားမယ်ဆိုရင် ငါ့ကို သက်ရောက်နိုင်တယ်"

....

ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်စဉ် သူတို့မျက်လုံးများ၌ ထိတ်လန့်မှုများပြည့်နှက်နေသည်။ 

ဒါကအရမ်းမများလွန်းဘူးလား!

သို့စေကာမူ သူတို့နှစ်ယောက်ခေါင်းငုံ့ကာ လှည့်လိုက်ကြသည်။ 

မဟုတ်ပါက ပြီးသွားသည်နှင့် သူတို့ အသတ်ခံရတော့မည်ဟု ခံစားနေရသည်။ 

ဟွမ်ချင်း လုချန်ရှန်းကို 'ဘ၀လက္ခဏာ'များကို ဆက်လက်လေ့လာစိစစ်ကြည့်ရန်အတွက် အခွင့်အရေးမပေးဘဲ ရှက်သွေးဖြာသွားပြီး ချက်ချင်းထွက်ပြေးသွားလေတော့သည်။ 

သူမလက်ပိုက်ကာ ပင့်သက်ရှိုက်ရင်း လုချန်ရှန်းကို စိုက်ကြည့်နေသည်။ 

လုချန်ရှန်းစိတ်ရှုပ်ထွေးသွားသည်။ 

"မင်းငါ့ကိုဘာလို့အဲလို ကြည့်နေရတာလဲ၊ မသိရင် ငါကိုယ်ကျင့်သိက္ခာကင်းမဲ့တာ တစ်ခုခုကို လုပ်မိထားသလိုမျိုးပဲ"

ဟွမ်ချင်း ဒေါသတကြီးပြောသည်။ 

"ဒါက သစ္စာဖောက်တာနဲ့ မခြားနားဘူး"

"ရှင့်ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

အကယ်၍တခြားတစ်ယောက်သာဆိုပါက ဟွမ်ချင်း နတ်ဖီးနစ်မီးတောက်နှင့် ပြာဖြစ်သွားသည်အထိ မီးရှို့ပစ်ပေလိမ့်မည်။ ထိုလူအတွက် ကိုယ်ခန္ဓာနှင့် ဝိဉာဉ်ဆက်ရှိနေရန်ဆိုတာကပင် မဖြစ်နိုင်ပါ။ 

လုချန်ရှန်းအတွက်မူ သေစေလောက်သည့် အချက်တစ်ချက်က သူမသူ့ကို အနိုင်မယူနိုင်ခြင်းပင်။ 

မှန်ပေသည်။ ဒီလိုအကြောင်းပြချက် အသေးလေးက ရှိနေသရွေ့ တခြားအကြောင်းပြချက်များက မထင်မရှားဖြစ်နေဦးမည်သာ။ 

လုချန်ရှန်း လက်အစုံကိုဖြန့်လိုက်၏။ 

"ငါမင်းကိုပြောပြီးပြီ၊ ငါဘ၀ရဲ့ စရိုက်လက္ခဏာရပ်တွေကို လေ့လာနေတာ"

ဟွမ်ချင်း၏မျက်နှာက နီရဲသွားပြန်သည်။ 

"ဒါဘယ်လိုအမူအရာမျိုးလဲ"

ဟွမ်ချင်း လုချန်ရှန်းအား မျက်လုံးလိမ့်လိုက်မိသည်။ 

"ရှင့်ဘယ်လိုထင်လဲ"

လုချန်ရှန်း တစ်ခဏမျှတွေးလိုက်ပြီးနောက် ရုတ်တရက်ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွားသဖြင့် လက်ကာပြသည်။ 

"မင်းဘာတွေစဉ်းစားနေတာလဲ၊ ဘာလို့ဒီလောက်ညစ်ပတ်နေရတာလဲ"

ငါ့စိတ်ကပဲ ညစ်ပတ်နေတာလား၊ မင်းစကားလုံးတွေကပဲ ညစ်ပတ်နေတာလား!

လုချန်ရှန်း ဒေါသတကြီးပြောသည်။ 

"ငါ့ကိုနားလည်မှုမလွဲနဲ့၊ ငါ့မှာအဲလို အတွေးမျိုးမရှိဘူး၊ ဒါ့အပြင် ငှက်တစ်ကောင်ကို ငါဘာလို့စိတ်၀င်စားရမှာလဲ"

ကလေးမွေးဖို့အချိန်ရောက်လာသောအခါ သူဘယ်လိုလုပ်မည်နည်း။ 

လုချန်ရှန်း ဒီမြင်ကွင်းကို တွေးမိသွားသောအခါ တုန်ယင်သွားရသည်။ 

ရုတ်တရက် လုချန်ရှန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူချက်ချင်း ပျောက်ကွယ်သွား၏။ 

သူရပ်နေခဲ့သည့် နေရာ၌ ဖီးနစ်မီးလုံးတစ်လုံး ပစ်၀င်လာသည်။

ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့ အချင်းချင်းကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။ 

ဟူးးး၊ ဟွမ်ချင်းက သနားစရာကောင်းလိုက်တာ!

သို့စေကာမူ သူတို့မပြောရဲကြပါ။ 

ဟွမ်ချင်းက လောလောဆယ် ဒေါသထွက်နေသည့် အတိုင်းအတာ၌ ရှိနေသည် မဟုတ်ပေလော။ 

လုချန်ရှန်းကရော!

ဟမ်၊ လုချန်ရှန်းတည်ငြိမ်နေတယ်ဆိုရင်တောင် ငါတို့သူ့ကို ရန်စလို့မရဘူး!

သူနှင့်ဆက်ဆံခြင်းက သူတို့အရိုက်ခံရခြင်းသက်သက်သာဖြစ်သည်။ 

လုချန်ရှန်း အလျင်အမြန်လက်ဝှေ့ယမ်းသည်။ 

"ဒေါသမထွက်ပါနဲ့၊ ဒေါသမထွက်ပါနဲ့၊ ငါတောင်းပန်ပါတယ်"

ဟွမ်ချင်း လုချန်ရှန်းကို စိုက်ကြည့်သည်။ သူမရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ သူမမကျေမနပ်ဖြစ်နေသေးပုံပင်။ 

ဒါကိုမြင်သောအခါ လုချန်ရှန်း အကြောင်းအရာကို အလျင်အမြန် ပြောင်းပစ်သည်။ 

"ကြည့်၊ အဲဒီနဂါး မင်းကို နဂါးမျိုးနွယ်အတွက် နဂါးတစ်ကောင်ရယူဖို့အတွက် ပြောခဲ့တယ်မလား၊ တခြားသူတွေကို ကတိပေးထားတာကို ငါတို့လုပ်ရမယ်"

မျှော်လင့်ထားသည့်အတိုင်းပင် ဒီအကြောင်းအရာကြောင့် ဟွမ်ချင်း ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။ 

"ဒါပေမယ့် ရှင့်နဂါးတစ်ကောင် ဖန်တီးတော့မယ့်အချိန် ဘာလို့ကျွန်မကို ကြည့်နေရတာလဲ"

"မင်းမေ့သွားပြီလား၊ အဲဒီနဂါးက သွေးကြောကို မင်းသွေးကြောထဲ ပေါင်းစပ်ထားတယ်လေ" လုချန်ရှန်း အချက်အလက်ကျကျပြောသည်။ 

"ဒီတော့ ငါက မင်းအခြေအနေကို မထိခိုက်စေဘဲ နဂါးသွေးကြော အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ပြီး နဂါးတစ်ကောင်ဖန်တီးဖို့ နည်းလမ်းတစ်ခု ရှာနေတာပဲ"

ဒါကိုကြားရသောအခါတွင်မူ ဟွမ်ချင်း၏ မျက်လုံးများထဲက ဒေါသက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမနှလုံးသားက နွေးထွေးသွားရသည်။ 

ဒီတော့ ဒါကဒီလိုပေါ့!

ရှန်းလျို အရိုးတောင်ပံမြွေကျားကို တိုးတိုးပြောသည်။ 

" ဟွမ်ချင်း 'မင်းအခြေအနေကို မထိခိုက်စေဘဲ' ဆိုတဲ့စကားလုံးတွေကိုပဲ နားထောင်ခဲ့တယ်ဆိုတာ ငါလောင်းကြေးထပ်ရဲတယ်"

ဒါကိုကြားသော် အရိုးတောင်ပံမြွေကျား အလျင်အမြန်ခေါင်းခါယမ်းသည်။ ထို့နောက် ချွေးအေးများနှင့်အတူ ခေါင်းခါယမ်းရင်း ရှန်းလျိုနှင့် ခပ်ခွာခွာနေလိုက်သည်။ 

သူတစ်ခုခုပြောရဲသည်အထိ ဘယ်လိုလုပ် ရဲတင်းနိုင်မည်နည်း။ 

အနာဂတ်တွင် ဒီကောင်ဆီကနေ သူဝေးဝေးနေရပေမည်။ မဟုတ်ပါက တစ်နေ့ သူ့လည်း ဆွဲချခံရပေလိမ့်မည်။ 

လျိုကျိယုက ဒီနေရာတွင်မရှိပါ။ 

လုချန်ရှန်း မည်သူ့ကို လက်ဝှေ့ထိုးအိတ်အဖြစ် အသုံးပြုမည်နည်း။ 

ရှန်းလျို အရိုးတောင်ပံမြွေကျားကို အထင်အမြင်သေးစွာ ကြည့်သည်။ 

ငါ့ထက်နည်းနည်းနိမ့်ကျပေမယ့် ဒီလောက်ကြီးမားတဲ့ ခန္ဓာနဲ့ မင်းက နည်းနည်း ကျောရိုးမဲ့လွန်းမနေဘူးလား!

"ဘာမှားနေလို့လဲ၊ မင်းရဲ့ကျောရိုးက အရိုးတောင်ပံတွေအထိ ကြီးထွားလာပြီလား"

တခြားတစ်ဘက်တွင် ဟွမ်ချင်းမေးသည်။ 

"ဒါပေမယ့် ရှင့်နဂါးတစ်ကောင်ဖန်တီးဖို့ နည်းလမ်းတစ်ခုတွေ့ပြီးပြီလား၊ နဂါးတစ်ကောင်ရဲ့ သွေးအဆီအနှစ်တစ်ခုတည်းနဲ့ နဂါးတစ်ကောင်ဖန်တီးဖို့ဆိုတာက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်မလား"

လုချန်ရှန်းပြံးရင်းမေးသည်။ 

"ရှောင်လျို၊ မင်းလုပ်နိုင်လား"

မိုးမခကိုင်းက လှုပ်ယမ်းသွားပြီး အထဲကနေ သိမ်မွေ့သည့်အသံတစ်သံ ထွက်လာခဲ့သည်။ 

"မင်းငါ့ကို အရင်ကတည်းက မေးခဲ့တာမလား"

မှန်ပေသည်။ နဂါးနှင့်ဖီးနစ်ကြားက စစ်ပွဲနေရာမှ ပြန်လာကတည်းက သူမိုးမခပင်ကို မေးမြန်းခဲ့သည်။ 

အလယ်တွင် လုပ်စရာအများကြီးရှိခဲ့သော်လည်း ဥဖောက်သည့်အစီအစဉ်က အတောမသတ် ပြီးစီးခဲ့သည်။ 

ယခုက ပထမဆုံးအကြိမ် ကြိုးစားရမည့် အချိန်ပေတည်း။ 

ဟွမ်ချင်းမေးသည်။ 

"ကျွန်မတို့ဘာလုပ်ကြမလဲ"

လုချန်ရှန်း မီးဖိုတစ်လုံးကို ထုတ်ယူလိုက်၏။ 

ဒီမီးဖိုက အဂ္ဂိရတ်ဖိုနှင့်တူသော်လည်း အပေါက်ပါသည့်နေရာမရှိပါ။ 

ထူးခြားချက်တစ်ခုအဖြစ် ပြွန်တစ်ခုသာရှိပြီး မီးဖို၏နှစ်ဘက်စလုံးတွင် လုံးဝိုင်းသော ပြွန်နှစ်ခုရှိကာ အတော်လေး ထူးဆန်းနေသည်။ 

"ဒါဘာလဲ" ဟွမ်ချင်းမေးသည်။ 

လုချန်ရှန်း မီးဖိုကိုပွတ်လိုက်၏။ 

"ပေါင်းစပ်မီးဖို"

"ပေါင်းစပ်မီးဖိုလား"

"မှန်တယ်" လုချန်ရှန်း လုံးဝိုင်းသည့်ပြွန်ကို လက်ညိုးထိုးပြရင်း ပြောသည်။ 

"ငါစဉ်းစားပြီးပြီ၊ နဂါးတစ်ကောင်ရဲ့ သွေးကြောက နဂါးလိုမျိုး ကြီးမားတဲ့ ခန္ဓာတစ်ခုကို ထောက်ပံ့ပေးဖို့အတွက် မလုံလောက်ဘူး"

သွေးက ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းသို့ စီးဆင်းရမည်ဖြစ်သလို ဒါက နှလုံးကို အသက်သွင်းရန်အတွက် အရေးအကြီးဆုံးအရာဖြစ်သည်။ 

အကယ်၍ သူသာနဂါးတစ်ကောင်က သုညကနေ တစ်ဖြစ်သည်အထိ ဖန်တီးမွေးမြူလိုပါက သည်းခြေငါးချောင်းရွှေနဂါးက ပေးသည့် သွေးကြောတစ်ခုတည်းက မလုံလောက်ပုံရသည်။ 

ထို့ကြောင့် လုချန်ရှန်းပြောသည်။ 

"မင်းသွေးကြောက ငါ့သွေးကြောကနေတဆင့် နဂါးသွေးကြောနဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်တာဆိုတော့ ပြောင်းပြန်အနေနဲ့ မင်းရဲ့နတ်ဖီးနစ်သွေးကြောနဲ့ဆိုရင် နှလုံးကို ဖန်တီးဖို့ဆိုတာက ပြဿာနာမရှိဘူး"

"ဒီလိုဆိုရင် ငါ့သွေးကြောနဲ့ အသက်ကို ပြန်လည်တည်ဆောက်ရမှာကို ငါစိတ်ကူးကြည့်လို့ မရနိုင်သေးဘူး"

လုချန်ရှန်းပြုံးရင်း လက်ကို ဆန့်ထုတ်လိုက်၏။ 

ထို့နောက် မိုးမခပင်ရှိရာသို့ ဆန့်ထုတ်သည်။ 

ခရက်ခ်.....!

မိုးမခကိုင်းတစ်ကိုင်းက လုချန်ရှန်းလက်ထဲ ကျလာသည်။ 

"နှလုံးနဲ့သွေးကြောပြဿာနာကို ဖြေရှင်းပြီးသွားသရွေ့ ကျန်တာတွေကို ငါထားခဲ့နိုင်ပြီ" ထို့နောက် လုချန်ရှန်း နောက်ထပ် နဂါးအရိုးပုံကြီးတစ်ပုံကို ထုတ်ယူလိုက်၏။ 

ဒါက စစ်မြေပြင်၌ နတ်ဖီးနစ်အလောင်းကို ရင်ဆိုင်နေသည့် နဂါးအလောင်းပင်။ 

ဟွမ်ချင်းဆွံအသွားရသည်။

"ရှင့်ဒါကိုတောင် ရခဲ့တာလား....."

"ဒီမှာဆက်ရှိနေတာက အသုံးမ၀င်ဘူး" လုချန်ရှန်း နောက်ထပ်ဆေးပုလင်းများ ထုတ်ယူလိုက်၏။ 

ထို့နောက်တွင်သာ သူပြောသည်။ 

"ကောင်းပြီ၊ စလိုက်ကြရအောင်"

"ငါနဂါးတစ်ကောင်ဖန်တီး မွေးမြူတော့မှာဆိုတော့ တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် ကြိုးစားရတော့မှာပေါ့..."

အချိန်ကျလာသောအခါ သူဒါကိုမြှင့်တင်ရပေတော့မည်။ ၎င်းရင့်ကျက်လာသောအခါ သေချာပေါက် သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုပေလိမ့်မည်။ 

၎င်းက လုံလောက်စွာအားကောင်းလာပါက သူ့ကိုပင်လျှင် ကူညီထောက်ပံ့ပေးနိုင်သည်။ 

အပိုင်း(1108) coming။ 

All Chapters