← Chapters

#ကောင်းကင်ဘုံတာအိုက ခွင့်မပြုဘူး#

Vol. 79 Ch. 1108

#ကောင်းကင်ဘုံတာအိုက ခွင့်မပြုဘူး#

Vol. 79 Ch. 1108

သူနဂါးဘုရင်၏အရိုးများကို ၎င်း၏ အရိုးများအဖြစ်သုံးပြီး သည်းခြေငါးချောင်းရွှေနဂါး၏ သွေးအဆီအနှစ်၊ ဟွမ်ချင်း၏ နတ်ဖီးနစ်သွေးအဆီအနှစ်နှင့် လုချန်ရှန်း၏ သွေးအဆီအနှစ်တို့ကို ၎င်း၏ သွေးနှင့် အသားအဖြစ် သုံးလိုခြင်းပင်။ 

၎င်း၏ရုပ်ခန္ဓာကို ကြီးထွားရန်အတွက် ဓာတ်ကူပစ္စည်းအဖြစ် သူအဆုံးမဲ့ရှင်ခြင်းဆန္ဒနှင့် မိုးမခကိုင်းကို အသုံးပြုခဲ့သည်။ 

တခြားတစ်ဘက်တွင် ဝိဉာဉ်ကမူ လုချန်ရှန်း၏ ဆေးလုံးများအပေါ် မူတည်သည်။ 

တစ်ချိန်တည်းမှာပင် ဒါကအရေးအကြီးဆုံးအရာလည်းဖြစ်သည်။ ဝိဉာဉ်ကို ပုံသွင်းရန်အတွက် ဒီဆေးလုံးများကို သူသုံးနိုင်မလားဆိုတာ လုချန်ရှန်းပင်လျှင် ယုံကြည်မှုမရှိပါ။ 

မည်သို့ပင်ဆိုစေကာမူ လူသားတစ်ယောက်၏ကိုယ်တွင်ပင် ဝိဉာဉ်က အလျှို့ဝှက်၊ အဆန်းကြယ်ဆုံးနေရာ မဟုတ်ပေလော။ 

ကျင့်ကြံခြင်းလောက၌ ဆိုရိုးစကားတစ်ခုရှိသည်။ 

....

လူတစ်ယောက်၏ ခန္ဓာ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားလျှင်ပင် ဝိဉာဉ်မပျက်စီးသွားသရွေ့ ပြန်လည်မွေးဖွားလာနိုင်ပါသေးသည်။ 

နတ်ဝိဉာဉ်ပျက်စီးသွားသောအခါ ဒါက ထိုလူအမှန်တကယ်သေဆုံးပျောက်ကွယ်သွားရသည့် အချိန်ပေတည်း။ 

ဒီအချိန်တွင် ဟွမ်ချင်း မီးဖိုး၏ဘယ်ဘက်ခြမ်းတွင် ရပ်နေသည်။ လုချန်ရှန်း၏ ညွှန်ကြားချက်အတိုင်း သူမပိုက်ပြွန်အပေါ် လက်ကို တင်ထားသည်။ 

ပြွန်ပေါ်၌ ထက်ရှသည့်ဆူးချွန်တစ်ခုက ဟွမ်ချင်းလက်ဖဝါးကို ထိုးဖောက်ပြီး အထဲကနေ စုပ်ယူအားတစ်ခုထွက်လာသည်။ 

ဒီအခိုက်အတန့်၌ လုချန်ရှန်းပြောသည်။ 

"သွေးကြောစွမ်းအားကို အသက်သွင်းလိုက်"

ဟွမ်ချင်းခေါင်းညိတ်ပြီး ပြောသည့်အတိုင်း လုပ်ဆောင်သည်။ 

နတ်ဖီးနစ်၊ သည်းခြေငါးချောင်းရွှေနဂါးနှင့် လုချန်ရှန်းသွေး၏ အော်ရာတို့က တစ်ချိန်တည်းမှာပင် ဟွမ်ချင်းကိုယ်ထဲကနေ ပေါက်ကွဲထွက်လာခဲ့သည်။ 

စံအိမ်တော်တည်ရှိသည့် တောင်က ယခုတွင် ဒီသွေးကြောအော်ရာ၏ လွှမ်းခြုံခြင်းကို ခံရသည်။ 

ရှန်းလျို ဒီမြင်ကွင်းကို အံ့ဩသင့်တကြီးကြည့်နေသည်။ 

"သူက နတ်ဖီးနစ်သွေးကြောကို နိုးထစေခဲ့ပြီး သည်းခြေငါးချောင်းရွှေနဂါးရဲ့ သွေးကြောအော်ရာလည်း ပါ၀င်တာလား"

နဂါးများနှင့် ဖီးနစ်များက သဘာ၀ရန်သူများဖြစ်ကြသည်။ ဒီနှစ်ခု၏ သွေးကြောစွမ်းအားကို ပေါင်းစပ်ရန်ဟူသည် မဖြစ်နိုင်ပေ။ 

ဒါ့အပြင် ဒါက မျိုးနွယ်စုနှစ်စုက ဧကရာဇ်၊ ဧကရီများ၏ သွေးကြောဖြစ်နေသည်။ 

သို့စေကာမူ ရှန်းလျိုကို ပို၍အံ့ဩသင့်စေတာက လုချန်ရှန်း၏အော်ရာပင်။ ၎င်းက အလွန်သေးငယ်သော်လည်း နတ်ဖီးနစ်သွေးကြောနှင့် သည်းခြေငါးချောင်းရွှေနဂါး၏ သွေးကြောကို အပြည့်အ၀ ဖုံးလွှမ်းထားနိုင်သည်။ 

သွေးအဆီအနှစ်များက ပြွန်ထဲကနေ မီးဖိုထဲသို့ စီးဆင်းလာသည်။ 

ဒါကိုမြင်သော် လုချန်ရှန်းကလည်း သူ့လက်ကို ညာဘက်ပြွန်ပေါ်တင်ထားကု ဆူးချွန်အား သူ့လက်ဖဝါးအား ထိုးဖောက်စေသည်။ 

ထို့နောက် သူ့သွေးကြောအော်ရာကို ဖော်ထုတ်လိုက်လေသည်။ 

ဘန်း၊ ဘန်း၊ ဘန်း....!

ရှေးဦးမူလ၊ လျှပ်စီး၊ သူတော်စင်ဆန္ဒ၊ အဆုံးမဲ့အသက်ဓာတ်(ရှင်ခြင်း)... အစရှိသည့် အော်ရာမျိုးစုံက လုချန်ရှန်းကိုယ်ထဲက တစ်ချိန်တည်းမှာပင် ထွက်လာကြ၏။ 

ဒါက အခြေခံနိယာမမျိုးစုံရှိခြင်း၏ အကျိုးကျေးဇူးများပင်။ 

ထို့နောက် ဒါက ရှေးဦးမူလနှင့် လုံး၀ပေါင်းစပ်သွားပေလိမ့်မည်။ ၎င်းတို့အကြားတွင် တွန်းကန်ခြင်းဟူ၍ ရှိမည်မဟုတ်။ 

ရုတ်ချည်းဆိုသလို ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးက လုချန်ရှန်း၏သွေးကြောအော်ရာကြောင့် လွှမ်းခြုံခံရသည်။ 

ကုန်းပေါ်ကသားရဲများ၊ ပင်လယ်ထဲက ရေနဂါးများနှင့် ကောင်းကင်ထက်က ငှက်များပင်လျှင် လုချန်ရှန်း၏ သွေးကြောအော်ရာကြောင့် သက်ရောက်ခံရပြီး ဒီတဒင်္ဂ၌ ၎င်းတို့၏သွေးကြောများနှင့် ရုပ်ခန္ဓာများက အကြီးအကျယ် ပြောင်းလဲသွားကြ၏။ 

ကျင့်ကြံခြင်းအခြေအနေ၊ ရုပ်ခွန်အားနှင့် တစ်ချို့သားရဲများကမူ နိယာမတာအိုစွမ်းအားကိုပင် သုံးနိုင်လာသည်။ 

အဆုံးမဲ့ရှင်ခြင်းဆန္ဒက မြင့်မားသည့်သစ်ပင်များကို ကောင်းကင်ထိ ထပ်မံထိုးတက်သွားစေပြီး ကောင်းကင်နှင့်နေမင်းကို ဖုံးကွယ်စေသည်။ ဉာဏ်ရည်အမျှင်စတစ်စ ပေါက်ဖွားလာခဲ့သည်။ 

ရှန်းလျို ထိတ်လန့်မှုကနေ မကောင်းမွန်လာသေးပါ။ 

အရိုးတောင်ပံမြွေကျားမှာ ဒီလိုဖြစ်ပျက်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ ၎င်းကချက်ချင်းဆိုသလို လုချန်ရှန်းအနား တိုးကပ်လိုက်၏။ ထို့နောက် ခံနိုင်ရည် အကန့်အသတ်ကို ရောက်လာသောအခါ လှဲချရင်း ကျင့်ကြံရန်အတွက် ဒီအော်ရာကို စုပ်ယူလိုက်၏။ 

ရှန်းလျို ဒါကိုမြင်သောအခါ ကြက်သေသေသွားပြီးနောက် ချက်ချင်းအော်ဟစ်သည်။ 

"မင်း၊ ကျောရိုးမဲ့တဲ့ကောင်၊ ငါ့အတွက် နေရာတစ်နေရာထားဦးဟ"

နေရာတစ်နေရာတော့ ရှိပါသေးသည်။ 

အရိုးတောင်ပံမြွေကျား ရှန်းလျိုကို လျစ်လျူရှုထားသည်။ 

ဒီအသစ်ရောက်လာသောသူက တကယ်ကို အတွေ့အကြုံနည်းလွန်းသည်။ များသောအားဖြင့် ဒီကာလတွင် သူ့နယ်ပယ်၊ ခန္ဓာနှင့် သွေးကြောက အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခုကို ကြုံတွေ့ရမည်သာ။ သူသာ ဒီအခွင့်အလမ်းကို အလျင်အမြန် မဖမ်းဆုပ်ပါက ဘယ်အချိန်ရယူနိုင်မည်နည်း။ 

ဒါကိုမြင်သော် မိုးမခပင်၏ အကိုင်းများက ဆက်လက်လှုပ်ယမ်းနေသည်။ 

လုချန်ရှန်း၏ သွေးကြောအော်ရာက သူ့အတွက်အသုံးမ၀င်တာ ရှင်းနေသည်။ 

ဒါကသွေးအဆီအနှစ်ဖြစ်နေပါက သူ့အတွက် အသုံး၀င်နိုင်ပါသေးသည်။ 

"ဒီအထိတောင် ရောက်လာပြီပဲ...."

ဟွမ်ချင်းက လုချန်ရှန်းနှင့် အနီးစပ်ဆုံးပင်။ 

သို့စေကာမူ ဟွမ်ချင်း ဒီသွေးကြောအော်ရာကို ခံနိုင်ရည်ရှိနေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူမ၏သွေးကြောထဲတွင် လုချန်ရှန်း၏ သွေးတစ်စက်ရှိနေသေးသည် မဟုတ်ပေလော။ 

ဒီအော်ရာအောက်တွင် ဟွမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာ တိုးလာနေသည်။ 

တစ်ချိန်တည်းမှာပင် သူမအလွန်အမင်း ထိတ်လန့်သွား၏။ 

ဒါက လုချန်ရှန်း၏သွေးကြောက လုံး၀ပေါက်ကွဲသွားတာကို သူမပထအဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။ 

အထဲတွင် ဒီလောက်ကြောက်စရာကောင်းသည့် အော်ရာများစွာရှိလိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့ပေ။ 

ကမ္ဘာကြီးထဲက ထိပ်တန်းသွေးကြောအားလုံးက လုချန်ရှန်းကိုယ်ထဲတွင် စုစည်းနေသည့်အလားပင်။ 

ဒါကရယ်စရာကောင်းသည်။ 

လုချန်ရှန်းအရမ်းကြီးဂရုမစိုက်ပေ။ 

ထာ၀ရသက်တမ်းကမ္ဘာတွင် အပြင်လူများမရှိလေရာ အရမ်းကြီးဖုံးကွယ်ထားစရာမလိုပါ။ 

သို့သော် လုချန်ရှန်း ထာ၀ရသက်တမ်းကမ္ဘာ၏ အတားအဆီးကို အသက်သွင်းလိုက်သေးသည်။ 

သူဒါကိုမသိစိတ်က လုပ်နေမိသည်။ 

ဒီတဒင်္ဂတွင် လုချန်ရှန်း၏ သွေးအဆီအနှစ်နှင့် ဟွမ်ချင်း၏ သွေးအဆီအနှစ်တို့က ပေါင်းစပ်မီးဖိုထဲသို့ သွန်လောင်းခံရသည်။ 

"လူတိုင်း၊ ဝေးဝေးနေကြ" လုချန်ရှန်း၏ အမူအရာက အနည်းငယ်လေးနက်သွား၏။ 

ဒါကိုကြားသော် ဟွမ်ချင်းနှင့် ကျန်သောသူများတုံ့ဆိုင်းနေသည့်တိုင် သူတို့စတင်နောက်ဆုတ်နေကြသည်။ 

အကယ်၍ ဟွမ်ချင်းသာ နောက်ထပ်အော်ရာအနည်းငယ် စုပ်ယူနိုင်ပါက သူမအစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်ကို ချိုးဖျက်နိုင်လောက်သည်။ 

အရိုးတောင်ပံမြွေကျားနှင့် ရှန်းလျိုတို့ကလည်း အများကြီးတိုးတက်လာခဲ့ကြသည်။ 

မိုးမခပင်ကလွဲ၍ အားလုံးက တောင်ထိပ်ကနေ စွန့်ခွာသွားကြသည်။ 

လုချန်ရှန်း မီးဖိုကို ‌စိုက်ကြည့်ပြီးနောက် လေးနက်သောအသံဖြင့်ပြောသည်။ 

"ရှောင်လျို၊ ငါမင်းအတွက် ချန်ထားခဲ့တော့မယ်"

မိုးမခပင်ပြန်မဖြေဘဲ မိုးမခကိုင်းများက လွင့်မြောလာပြီး စံအိမ်တောက်၏ တောင်ထိပ်တစ်ခုလုံးကို လုံး၀လွှမ်းခြုံပစ်သည်။ 

သူကျရှုံးသွားပါကရော!

‌မီးဖိုက ပေါက်ကွဲသွားမည်ဖြစ်ကာ အကျိုးဆက်များက စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်။ 

ထာ၀ရသက်တမ်းကမ္ဘာက ပျက်စီးမည်မဟုတ်သော်လည်း အထဲကသက်ရှိများက အဆုံးသတ်ကောင်းမည်မဟုတ်ပါ။ 

လုချန်ရှန်း ကာကွယ်ရေးအစီအမံတစ်ချို့ လုပ်ဆောင်ပြီးနောက် လက်ဖဝါးကို မြှောက်လိုက်၏။ 

ရှေးဦးမူလစွမ်းအားက ပေါင်းစပ်မီးဖိုတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံပစ်သည်။ 

နှစ်ဦးစလုံး၏ သွေးအဆီအနှစ်က စတင်ပေါင်းစပ်လာခဲ့သည်။ 

ခရက်ခ်၊ ခရက်ခ်၊ ခရက်ခ်....!

ပေါင်းစပ်ခြင်းဖြစ်စဉ်အတွင်း မီးဖိုက စတင်တုန်ခါလာသည်။ 

ပေါင်းစပ်မီးဖိုထဲတွင် ပါ၀င်သည့် စွမ်းအင်က ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ မည်သူမှ မတွေးတောနိုင်ကြပေ။ 

လုချန်ရှန်း၏ ငါးရောင်စုံသွေးအဆီအနှစ်နှင့် ဟွမ်ချင်း၏ မီးတောက်နီရောက်သွေးအဆီအနှစ်တို့က လိမ်ယှက်ရစ်ပတ်နေသည်။ 

သွေးအဆီအနှစ်ပေါင်းစပ်ခြင်းက ရှေးဦးမူလစွမ်းအား၏ အကူအညီနှင့် ရှောင်လွှဲ၍မရပေ။ 

သို့စေကာမူ လုချန်ရှန်း၏ သွေးအဆီအနှစ်က လွှမ်းမိုးသည့်အားတစ်ခုဖြစ်သည်။ 

ဒါက ဟွမ်ချင်း၏ သွေးကြောနှင့် သည်းခြေငါးချောင်းရွှေနဂါးသွေးကြောတို့ကို အရောင်အဆင်းအားလုံး ဆုံးရှုံးသွားခဲ့သည်။ 

ဒါအလုပ်မဖြစ်ဘူးဆိုတာ လုချန်ရှန်းသိသည်။ 

နဂါးက ကြီးထွားရမည့်နဂါးမျိုး ဖြစ်ရမည်ဖြစ်လေရာ နဂါးသွေးအဆီအနှစ်က သဘာ၀အတိုင်း ဦးဆောင်ရမည်ဖြစ်ပြီး ကျန်အရာအားလုံးက ထောက်ပံ့မှုသက်သက်သာဖြစ်ရမည်။  

လုချန်ရှန်းလုပ်ဖို့လိုတာက ဒီဟန်ချက်ကို အောင်မြင်အောင်လုပ်ရန်အတွက် နည်းလမ်းတစ်ခုရှာဖွေခြင်းပင်။ 

မိုးမခပင် တစ်ချိန်လုံး ဒီမြင်ကွင်းကို ကြည့်နေပြီး သက်ပြင်းချသည်။ 

"ခန္ဓာကိုပြန်လည်တည်ဆောက်ခြင်း၊ ဝိဉာဉ်ကို သိပ်သည်းခြင်းနဲ့ သက်ရှိပုံစံအသစ်တစ်ခု ဖန်တီးခြင်း....ဒါက ကောင်းကင်ဘုံတာအိုကတောင် သည်းမခံနိုင်တဲ့ အရာတစ်ခုပဲ"

"ကံကောင်းချင်တော့ ထာ၀ရသက်တမ်းကမ္ဘာကို လုချန်ရှန်းက လုံး၀ဖန်တီးထားတာပဲ၊ သူက ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုပဲ"

မိုးမခပင်က သူ့စကားလုံးများကို ဖုံးကွယ်မထားပေ။ 

ဟွမ်ချင်း ဒါကိုကြားသောအခါ မေးလိုက်သည်။ 

"တကယ်လို့ ကျွန်မတို့တခြားနယ်မြေတစ်ခုမှာသာဆိုရင် ကောင်းကင်ဘုံတာအိုရဲ့ အပြစ်ပေးခြင်းကို ခံရမှာမလား"

ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့က အသေအချာနားထောင်နေကြသည်။ 

သို့စေကာမူ မိုးမခပင်ရယ်မောရင်း သိမ်မွေ့သည့်အသံနှင့် ကြောက်စရာအကောင်းဆုံးစကားလုံးများကို ပြောခဲ့သည်။ 

"နတ်ဘုရားအပြစ်ပေးမှုလား၊ သူ့နောက်က အကြာကြီးနောက်မှာ သူ့ခွန်အားကို မင်းသိသင့်တယ်၊ ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုကို ကြည့်မယ်ဆိုရင် သူက ဒီကမ္ဘာထဲက ကောင်းကင်ဘုံတာအိုအတွက် နတ်ဘုရားအပြစ်ဒဏ်ပဲ"

ဟွမ်ချင်း လေးနက်စွာခေါင်းညိတ်သည်။ 

ရှန်းလျိုကမူ ငိုချင်သော်လည်း မျက်ရည်မကျပါ။ 

ငါဘယ်လို မွန်းစတားတစ်ယောက်နောက်ကနေ လိုက်နေရတာလဲ!

မိုးမခပင်၏အဆိုအရ ဒီကမ္ဘာထဲက ကောင်းကင်ဘုံတာအိုက လုချန်ရှန်းအတွက် ဘာမှမဟုတ်ပါ။ 

အပိုင်း(1109) coming။

All Chapters