← Chapters

#အထီးကျန်ဆန်သည့် အဖိုးအိုလုချန်ရှန်း#

Vol. 79 Ch. 1109

#အထီးကျန်ဆန်သည့် အဖိုးအိုလုချန်ရှန်း#

Vol. 79 Ch. 1109

ပေါင်းစပ်မီးဖိုထဲတွင် လုချန်ရှန်း သူ့သွေးကြောကို ထိန်းချုပ်ရန်အတွက် အကောင်းဆုံး ကြိုးစားနေသည်။ 

သို့စေကာမူ လုချန်ရှန်းအတွက် အားနည်းခြင်းကနေ အားကောင်းခြင်းအဖြစ် ပြောင်းရန် လွယ်ကူသော်လည်း အားကောင်းခြင်းကနေ အားနည်းခြင်းအဖြစ် ပြောင်းရန်အတွက်မူ အနည်းငယ်ခက်ခဲသည်။ 

မည်သို့ပင်ဆိုစေကာမူ သည်းခြေငါးချောင်းရွှေနဂါး၏ သွေးကြောက လုချန်ရှန်း၏ သွေးအဆီအနှစ်ထက် အများကြီး နိမ့်ကျနေဆဲပင် မဟုတ်ပေလော။ 

လုချန်ရှန်း မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားပါစေ သည်းခြေငါးချောင်းရွှေနဂါးက သူနှင့် မနှိုင်းယှဉ်ရဲပေ။ 

သူ့သွေးကြောဖိနှိပ်ခြင်းဖြင့် ပေါ်လာသည့် လွှမ်းမိုးနေသည့်နေရာကို သူစွန့်လွှတ်၍ မရနိုင်လေရာ သည်းခြေငါးချောင်းရွှေနဂါး၏ သွေးကြောကို အားကောင်းအောင်လုပ်ပြီး တစ်ချိန်တည်းမှာပင် သူ့သွေးကြောကို ဖိနှိပ်ထားနိုင်မည်လား။ 

....

ဒါကပြောရတာလွယ်ကူသော်လည်း သောက်ကျိုးနည်းလှအောင် နာကျင်ရသည်။ 

ဒီအဆင့်အတွက် ပုလင်းနှင့်အိုး အစိတ်အပိုင်းများကိုပင် ပြင်ဆင်ထားသည်။ 

သူသည်းခြေငါးချောင်းရွှေနဂါး၏ သွေးကြောတစ်ခုတည်းကို အားကောင်းအောင် လုပ်နေလေရာ သူ့သွေးကြောစွမ်းအားနှင့် ပေါင်းစပ်၍မရပေ။ 

နှလုံးကို သည်းခြေငါးချောင်းရွှေနဂါးသွေးကြောက ကြီးစိုးရန်လိုအပ်သည်။ 

မဟုတ်ပါက ဖန်တီးလိုက်တာက နဂါးလား သို့မဟုတ် လုချန်ရှန်းကလေးလား သဲကွဲမည်မဟုတ်တော့။ 

ဒါကိုတွေးမိသောအခါ လုချန်ရှန်း မီးဖိုထဲသို့ ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ထည့်လိုက်၏။ 

ထို့နောက် သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် ပေါင်းစပ်ရန်အတွက် ထိန်းချုပ်သည်။ 

ထိုသာမန်ဟုထင်ရသည့် ဆေးလုံးများက သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် ပေါင်းစပ်သွားသောအခါ 'ဂျုန်း...' ဟူသော အသံတစ်သံနှင့်အတူ နောက်အခိုက်အတန့်၌ ပေါင်းစပ်မီးဖိုထဲက သည်းခြေငါးချောင်းရွှေနဂါးသွေးကြောက ဆူပွက်နေသည့်ရေကဲ့သို့ စတင်ဆူပွက်လာသည်။ 

မရေမတွက်နိုင်လောက်သည့် သွေးရောပူဖောင်းများပေါ်လာပြီး အလွန်အမင်း ပရမ်းပတာဖြစ်နေသည်။ 

၎င်းက တစ်ချက်တည်းနှင့်ကိုက်စားဝါးမြိုပစ်မည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။ 

သို့သော် ဒီအခိုက်အတန့်၌ သွေးကြောအော်ရာက လုံး၀လှုံ့ဆော်ခံရသည်။ 

သားရိုင်းသားရဲသဘာ၀နှင့် နဂါးမျိုးနွယ်၏ ဧကရာဇ်အဖြစ် ဂုဏ်ယူမှုက သည်းခြေငါးချောင်းရွှေနဂါးသွေးကြောကို မည်သည့်ခြိမ်းခြောက်မှုကိုမဆို လျစ်လျူရှုစေသည်။ ၎င်းရှေ့တွက် ကမ္ဘာပေါ်ရှိ အကောင်းဆုံးလူတစ်ယောက် ရပ်နေမည်ဆိုလျှင်ပင် ၎င်းက မကြောက်မရွှံ့တိုက်ခိုက်ရန်အတွက် ပြေးသွားပေလိမ့်မည်။ 

ဒါကိုမြင်သောအခါ လုချန်ရှန်းပြုံးသည်။ 

ပထမအဆင့်က ၎င်း၏ ရိုင်းစိုင်းသော သဘာ၀နှင့် မောက်မာမှုကို နှိုးဆွရန်ပင်။ 

မဟုတ်ပါက လုချန်ရှန်းသွေးကြော၏ အကြွင်းမဲ့ဖိနှိပ်မှုအောက်တွင် ၎င်း၏ သွေးကြောစွမ်းအားက ဘယ်လောက်ပင် တိုးတက်လာပါစေ ဒီဖိနှိပ်မှုကို ချိုးဖျက်ရန်ဟူသည် မဖြစ်နိုင်။ 

"ဒါဆို... ဒုတိယအဆင့်အတွက် အချိန်ကျပြီပေါ့"

နောက်ထပ်ဆေးလုံးအပုံလိုက်ကို ပေါင်းစပ်မီးဖိုထဲသွန်ထည့်ကာ ဆူပွက်နေသည့် သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် ပေါင်းစပ်လိုက်၏။ 

ဒီဆေးလုံးများက သွေးချီ၏ ကြီးထွားမှုကို ကူညီနိုင်သည့် ဆေးလုံးများဖြစ်ပြီး နဂါးကလန်အတွက် အထူးပြုလုပ်ထားခြင်းပင်။ 

ရုတ်ချည်းဆိုသလို သည်းခြေငါးချောင်းရွှေနဂါးသွေးကြော၏ သွေးချီက အဆုံးစွန်ထိ ကျယ်ပြန့်သွားပြီးနောက် စတင်ဖိသိပ်ကာ ထပ်မံကျယ်ပြန့်လာသည်။ 

အကြိမ်ရေအနည်းငယ် ထပ်တလဲလဲဖြစ်နေပြီးနောက်တွင် အထဲက သွေးချီက အလွန်အမင်း ကြောက်စရာကောင်းသည့် အဆင့်တစ်ခုကို ရောက်နေလေပြီ။ 

အကယ်၍ ဒီနည်းလမ်းကို သက်ရှိများအပေါ်တွင် သုံးမည်ဆိုပါက သူတို့ဘာတစ်ခုမှ မကျန်ရစ်ဘဲ ချက်ချင်းပေါက်ကွဲကာ သေဆုံးရပေလိမ့်မည်။ 

သို့စေကာမူ ထာ၀ရအသက်ဓာတ်ဆန္ဒ၏ အကာအကွယ်အောက်တွင် လုချန်ရှန်း လုပ်ချင်တာမှန်သမျှကို လုပ်နိုင်သည်။ 

ထို့ကြောင့် ဒီအခြေအနေကို ရောက်လာခြင်းပင်။ 

လုချန်ရှန်း သူမဦးဆောင်မိစေရန်အတွက် သူ့သွေးကြောကို ထပ်မံဖိနှိပ်လိုက်၏။ 

ထို့နောက်တွင်သာ သည်းခြေငါးချောင်းရွှေနဂါးသွေးကြောက ကြီးစိုးသည့်နေရာကို အလျင်အမြန် စတင်သိမ်းပိုက်သည်။ 

ဒီတဒင်္ဂမှာပင် လုချန်ရှန်း မိုးမခကိုင်းကို အမြန်ဖယ်ရှားပစ်သည်။ 

လူနှင့်သစ်ပင်၏ အဆုံးမဲ့ဆန္ဒက ထပ်တူကျနေပြီး သည်းခြေငါးချောင်းရွှေနဂါး၏ သွေးကြောက တဖြည်းဖြည်းအသားအဖြစ် စတင်သိပ်သည်းလာသည်။ 

အသားနံရံ၊ လေပြွန်.....!

တစ်ရက်ကုန်ဆုံးသွားခဲ့သည်။ 

ဒုတ်....!

ဒုတ်.... ဒုတ်....!

ပေါင်းစပ်မီးဖိုထဲကနေ ရုတ်တရက် နှလုံးခုန်သံထွက်လာပြီး ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။ 

အသက်ဓာတ်စွမ်းအားကလည်း တဖြည်းဖြည်းပျံ့နှံ့လာသည်။ 

ဒီနဂါးက ဒီနေရာတစ်ခုလုံးကိုပင် စတင်ခြိမ်းခြောက်နေလေသည်။ 

သို့သော် လုချန်ရှန်းသွေးကြောအော်ရာ၏ သွန်းလောင်းခြင်းကို ခံရပြီးနောက် ထာ၀ရသက်တမ်းကမ္ဘာက မှော်သားရဲများက ဒီနဂါးစွမ်းအားကို လုံး၀မကြောက်ကြပါ။ 

လုချန်ရှန်းမရပ်ဘဲ ယင်းအစား သွေးကြောတည်ဆောက်ရန်အတွက် သူ့သွေးကြောစွမ်းအားနှင့် ဟွမ်ချင်း၏ နတ်ဖီးနစ်သွေးကြောစွမ်းအားကို ထိန်းချုပ်လိုက်၏။ 

နှလုံးကနေ သွေးကြောများစထွက်လာသည်။ 

ငယ်ရွယ်သည့်နဂါးတိုင်းက ကလေးဘ၀ကတည်းက အင်မတန်ကြီးမားကြသည်။ 

ထို့ကြောင့် လုချန်ရှန်း ပေါင်းစပ်မီးဖိုကို ပိုကြီးမားအောင် လုပ်ခဲ့သည်။ 

ဒါက တောင်သေးသေးလေးတစ်လုံး အရွယ်ပင်ရှိနေလေပြီ။ 

သွေးကြောများ၏ တည်ဆောက်ပုံက အတော်လေးရိုးရှင်းသည်။ ရက်တစ်၀က်အတွင်းမှာပင် အားလုံးပြီးသွားပြီဖြစ်ကာ မီးဖို၌ သိပ်သည်းစွာ ပြည့်နှက်နေသည်။ 

ထို့နောက် အဆုံးမဲ့ရှင်ခြင်းဆန္ဒနှင့် မိုးမခကိုင်း၏ အကူအညီနှင့်အတူ အသားနှင့် အရိုးများ စတင်ကြီးထွားလာကြသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ဟွမ်ချင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ 

လူတိုင်းသက်ပြင်းချမိကြသည်။ 

ရှင်ခြင်းနိယာမ!

ဒါက မဟာတာအိုသုံးထောင်အတွင်း ထိပ်တန်းတာအိုနိယာမတစ်ခုဖြစ်သည်။ 

အမြင့်ဆုံးအထိ ကျင့်ကြံထားပါက အသားနှင့်အရိုးများကို ကြီးထွားလာစေရန်အတွက် ဒီသွေးကြောကို အားထားနိုင်သည်။ 

ဒါကထိုကုသဆေးလုံးများထက် အများကြီး ပိုအသုံး၀င်သည်မဟုတ်ပေလော။ 

အသား၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို လုံး၀ပြန်ပေါက်ဖွားစေပြီးနောက် နောက်ဆုံးအဆင့်ကို ရောက်လာသည်။ 

ဝိဉာဉ်ကို သိပ်သည်းအောင်လုပ်ခြင်းက အခက်ခဲဆုံးခြေလှမ်းဖြစ်သည်။ 

မိုးမခကိုင်းက လုချန်ရှန်း၏ ထာ၀ရဆန္ဒဖြစ်သည်။ 

ထို့အပြင် ဆေးလုံးမျိုးစုံကိုလည်း ထည့်လိုက်၏။ 

လုချန်ရှန်း သူ့ဝိဉာဉ်အမျှင်စတစ်ခုကိုပင် ပို့လွှတ်လိုက်သေးသည်။ 

ဝိဉာဉ်က စတင်သိပ်သည်းလာသည်။ 

ဒီဖြစ်စဉ်အတွင်း လုချန်ရှန်း ရုတ်တရက် မိုးခမပင်ကို ကြည့်ရင်း အပြုံးဖြင့်ပြောသည်။ 

"ရှောင်လျို...."

"ဒီအကြောင်းကို တွေးတောင်မတွေးနဲ့"

အမ်....!

လုချန်ရှန်းဆွံအသွားရသည်။ 

"ငါဘာမှမပြောရသေးဘူးလေ"

မိုးမခပင်ထူးမခြားနားစွာပြောသည်။ 

"မင်းပြောစရာမလိုဘူး"

"ဆွေးနွေးကြရအောင်လေ"

"ဆွေးနွေးဖို့ နေရာမရှိဘူး"

အကယ်၍ မိုးမခပင်၏ဝိဉာဉ်ကို ၎င်း၏ဝိဉာဉ်ထဲတွင် ထပ်ပေါင်းထည့်ပါက နဂါးလေးက ထိန်းချုပ်မှုလွတ်ကင်းသွားပေလိမ့်မည်။ 

အနာဂတ်တွင် ၎င်းဘယ်လောက်ထိ ကြီးထွားလာနိုင်မယ်၊ ဘယ်လိုမွန်းစတားမျိုးကို မွေးဖွားစေမလဲဆိုတာ မည်သူမှ မခန့်မှန်းနိုင်ပါ။ 

ဒါ့အပြင် မိုးမခပင်က ခေးအောစ့်မဖြစ်ပျက်ခင်ကတည်းက ကမ္ဘာကြီးထဲတွင် မွေးဖွားလာခဲ့သည်။ ၎င်း၏တည်ရှိမှုက မဟာတာအိုကို အစကတည်းက သက်ရောက်ခဲ့သည်။ 

၎င်းက မဟာကံကြမ္မာနှင့် တည်ရှိသူဖြစ်ပြီး လုချန်ရှန်းတစ်ဦးတည်းသာလျှင် သူ့ကို ထိန်းချုပ်နိုင်သည်။ 

"မင်းရဲ့နတ်ဝိဉာဉ်က လုံလောက်ပါတယ်၊ ငါ့ဝိဉာဉ်ကို သုံးစရာမလိုပါဘူး" မိုးမခပင်က ဘယ်တော့မှ မလိမ်ပါ။ 

ခုနှစ်ရက်ကုန်ဆုံးသွားပြီးနောက် နတ်ဝိဉာဉ်က စတင်ပုံဖော်လာသည်။ 

ကြက်ဥခွံကဲ့သို့အလွှာများက ၎င်း၏ကိုယ်ထည်ကို ၀န်းရံပစ်သည်။ 

ဒါကိုထုတ်ယူပြီးနောက် လုချန်ရှန်း မိုးမခကိုင်းကို ဧရာမနဂါးဥပေါ်၌ တင်လိုက်ပြီး နဂါးဥကို ကျွေးမွေးရန်နှင့် ကြီးထွားမှုကို အရှိန်မြှင့်ရန် သူ့သွေးအဆီအနှစ်တစ်စက်ကို သုံးလိုက်၏။ 

ဝိဉာဉ်က အပြည့်အ၀ရင့်ကျက်လာသောအခါ ၎င်းက ဥခွံထဲကနေ ကွဲထွက်လာပေလိမ့်မည်။ 

ဒီနေရာထိ ရောက်လာသောအခါ လုချန်ရှန်းစိတ်သက်သာရာရစွာ သက်ပြင်းချသည်။ 

"နောက်ဆုံးတော့ ပြီးသွားပြီ"

"ဒီနဂါးဥက ပေါက်ဖွားလာတဲ့အခါ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် ငါတကယ်စိတ်ကျရောဂါရလိမ့်မယ်"

လုချန်ရှန်း ဒီအတွက် ကြိုးစားအားထုတ်မှု အများကြီးထည့်ခဲ့သည်။ 

သူသွေးဘယ်လောက်ပင် ဆုံးရှုံးခဲ့ရလေသနည်း။ 

"ဒီလိုမဖြစ်စေရဘူး၊ လာမယ့်ရက်အနည်းငယ်အတွက် ငါအာဟာရပြည့်၀တဲ့ အစာတွေ စားဖို့လိုနေပြီ" လုချန်ရှန်း ဟွမ်ချင်းကို ကြည့်လိုက်၏။ 

ဟွမ်ချင်းလှည့်ထွက်သွားသည်။ 

"ကျွန်မကျင့်ကြံချင်တယ်"

ရှန်းလျို "ကျွန်တော်လည်း အဆင့်ချိုးဖျက်တော့မယ်"

အရိုးတောင်ပံမြွေကျားကလည်း ညည်းညူသည်။ 

လုချန်ရှန်း သူ့ကိုကြည့်ပင်မကြည့်။ 

ဒီကောင်ကို ချက်ပြုတ်ဖို့အတွက် အားကိုးရမှာလား၊ ဒီအစား သူရှောင်ဟိုင်ကိုသာ ချက်ပြုတ်ခိုင်းပေးမည်။ 

လုချန်ရှန်း သက်ပြင်းချရင်း လှည့်ကြည့်သည်။ 

"လျိုကျိယု သူ့လုပ်ငန်းမပြီးသေးဘူးလား၊ သူဘာလို့ ပြန်မလာရသေးတာလဲ"

"ငါနောက်ထပ်တပည့်တစ်ယောက် လက်ခံသင့်လား"

"စနစ်ရေ၊ ချက်ပြုတ်ခြင်းနတ်ဘုရားရုပ်ခန္ဓာနဲ့ တပည့်တစ်ယောက်ယောက်များရှိလား"

စနစ် "မရှိပါဘူး...."

လုချန်ရှန်းနှာခေါင်းရှုံ့သည်။ 

"အသုံးမကျဘူး"

စနစ် "....."

"ဟူး၊ အချိန်ကျလာတဲ့အခါကျရင် ငါအမှောင်ပိုင်နက်ကိုသွားပြီး အဲဒီအမှောင်သခင်ဆိုတဲ့သူကို ပြောရမယ်၊ ဘာလို့သူအခုထိ တာ၀န်တွေအတွက် စေလွှတ်နေရသေးတာလဲ၊ လျိုကျိယုမရှိဘူးဆိုရင် ငါကိုယ်တိုင်ချက်ပြုတ်ရတော့မယ်၊ ငါဒေါသထွက်တဲ့အချိန် ဒါမှမဟုတ် စိတ်ဆိုးတဲ့အချိန် ထိုးရမယ့် လက်ဝှေ့အိတ်လည်းမရှိဘူး"

"ပျင်းစရာကောင်းလိုက်တာ၊ ပျင်းစရာကောင်းလိုက်တာ...." လုချန်ရှန်း လက်နှစ်ဖက်ကို ကျော၌ထားပြီး မီးဖိုချောင်ထဲ ၀င်သွားသည်။ 

သူကနေ၀င်ချိန်နောက်ပိုင်းအလင်းနှင့်အတူ အထီးကျန်ဆန်နေသည့် အဖိုးအိုတစ်ဦးအလား ထင်ရသည်။ 

အပိုင်း(1110) coming။ 

All Chapters