#နဂါးနှင့်ကျား၊ အတူတကွချိုးဖျက်ခြင်း#
Vol. 79 Ch. 1110
အင်မော်တယ်နယ်မြေ၊ အင်မော်တယ်ဧကရာဇ်နန်းတော်!
အင်မော်တယ်ဧကရာဇ် စားပွဲတွင်ထိုင်ပြီး ဝိုင်တစ်ခွက်သောက်လိုက်၏။ ထို့နောက် အသက်ရှုလိုက်စဉ် သူ့မျက်နှာက အနည်းငယ် ပန်းရောင်သမ်းနေသည်။
"သေချာပေါက် လုချန်ရှန်းပြောတာမှန်တယ်၊ အရက်သောက်တဲ့အခါ ကျင့်ကြံခြင်းအားလုံးကို စွန့်လွှတ်ပြီး သေမျိုးတစ်ယောက်လို ပြုမူသင့်တယ်၊ ဒါပေမယ့် ထပ်ပြောရရင် သူ့ဝိုင်က တကယ်မဆိုးဘူး၊ ငါပြီးခါနီးနေပြီ၊ အချိန်ကျလာတဲ့အခါကျရင် ငါသူ့ဆီက ထပ်တောင်းရမယ်"
သို့စေကာမူ သူ လုချန်ရှန်းဘယ်မှာရှိသလဲဆိုတာကို လုံး၀ရှာမတွေ့နိုင်သလို ခြေရာတစ်ခုမှ မရှိသည့်အချက်ကို တွေးမိသောအခါ အင်မော်တယ်ဧကရာဇ်၏ ခေါင်းက နာကျင်လာရသည်။
သူ့ကို လုချန်ရှန်းကဲ့သို့ မည်သူမှ အားကိုးရာမဲ့အောင် မလုပ်နိုင်ပါ။
....
ရုတ်တရက် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် အပြုံးနှင့်အတူ လျှောက်လာသည်။
"ကျွန်တော်မ၀င်လာခင်ကတည်းက ဝိုင်အနံ့ရခဲ့တယ်၊ ဒါတောင် အင်မော်တယ်ဧကရာဇ်ဆီက ဝိုင်တစ်ခွက် အထူးတောင်းဖို့ လာခဲ့တာပါ"
အင်မော်တယ်ဧကရာဇ် ဒါကိုကြားသောအခါ မျက်လုံးလိမ့်ရင်း လက်ယမ်းပြလိုက်သည်။
"ငါ့ဆီက ဝေးဝေးသွားစမ်း၊ ဝိုင်က အကန့်အသတ်ရှိတယ်၊ ငါ့အတွက် နည်းနည်းသိမ်းထားရဦးမယ်"
ထိုလူရယ်မောသည်။
"ဝိုင်ဆိုတာက တခြားသူတွေနဲ့အတူ သောက်သင့်တာမလား၊ ကမ္ဘာကြီးရဲ့ စိတ်ကူးယဉ်အချစ်နဲ့ သူရဲကောင်းတွေအကြောင်း ပြောရတာ ပိုစိတ်၀င်စားစရာမကောင်းဘူးလား"
"ငါမလိုဘူး" အင်မော်တယ်ဧကရာဇ် သူ့ကိုယ်သူလက်ညိုးထိုးရင်း စိုက်ကြည့်သည်။
"ငါတစ်ယောက်တည်းသောက်ရတာ သဘောကျတယ်၊ ကမ္ဘာကြီးအကြောင်းကို မစဉ်းစားဘဲ ထိုင်ပြီးဖြည်းဖြည်းချင်းပဲ သောက်နေချင်တယ်"
သူ အင်မော်တယ်ဧကရာဇ်ကို သောက်သုံးရန်အတွက် လှည့်စား၍မရတော့တာကို မြင်ရသောအခါ ထိုလူဆွံအသွားရသည်။ အင်မော်တယ်ဧကရာဇ် ဝိုင်ခွက်ကို ဂရုတစိုက်ကိုင်ပြီး မော့သောက်နေတာကို သူအကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ကောင်းပြီ၊ အဖိုးကြီး၊ ဒီနေရာမှာ မင်းသောက်စရာတစ်ခုခုတောင်းဖို့အတွက်ပဲ လာတာမဟုတ်ပါဘူးနော်" အင်မော်တယ်ဧကရာဇ် ထိုလူကို စိုက်ကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"ဖင်းယန်ချိုင့်ဝှမ်းမှာ တစ်ခုခုဖြစ်ပျက်သွားခဲ့လို့လား"
မှန်ပေသည်။ ထိုလူက ဖင်းယန်ချိုင့်ဝှမ်းသခင်ပေတည်း။
လုချန်ရှန်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု ထူထောင်ပြီးကတည်းက ဖင်းယန်ချိုင့်ဝှမ်းသခင် အင်မော်တယ်ဧကရာဇ်နန်းတော်နှင့် တဖြည်းဖြည်းနီးစပ်လာခဲ့သည်။
အင်မော်တယ်ဧကရာဇ်နန်းတော်နှင့် ပတ်သက်နေသဖြင့် ဖင်းယန်ချိုင့်ဝှမ်း၏ အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ချိုင့်ဝှမ်းသခင်ပြုံးသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ အင်မော်တယ်ဧကရာဇ်ဆီက ဘာတစ်ခုကိုမှ ဖုံးကွယ်ထားလို့မရဘူး"
ဒီနေရာတွင် ချိုင့်ဝှမ်းသခင်၏ အမူအရာက လေးနက်သွား၏။
"ကျွန်တော်တို့ ငရဲနတ်ဆိုးနယ်မြေက လျှို့ဝှက်စွာ စီစဉ်ထားတဲ့ နောက်ထပ်ဂိုဏ်းတစ်ဂိုဏ်းကို တွေ့ခဲ့တယ်"
အင်မော်တယ်ဧကရာဇ် မျက်မှောင်ကြုတ်ကာ လက်ထဲက ခွက်ကိုချလိုက်၏။ အင်မော်တယ်ချီလှည့်ပတ်မှုအောက်တွင် သူ့မျက်နှာပေါ်က နီမြန်းမှုက ပျောက်ကွယ်သွား၏။
"ဘယ်သူလဲ"
"ဒုတိယတန်းစားအင်အားစု၊ သစ်ခွပြာဂိုဏ်း"
အင်မော်တယ်ဧကရာဇ် ပို၍ပင် မျက်မှောင်ကြုတ်သည်။
"သစ်ခွပြာဂိုဏ်းကလည်း ငရဲနတ်ဆိုးဒေသရဲ့ ပုန်းကွယ်နေတဲ့ လက်ကိုင်တုတ် တစ်ခုဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ ကြည့်ရတာ အင်မော်တယ်နယ်မြေထဲမှာ ငရဲနတ်ဆိုးဒေသက နက်ရှိုင်းစွာ စိမ့်၀င်ထားပုံပဲ"
ဒုတိယတန်းစား ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတဖြစ်လဲ သစ်ခွပြာဂိုဏ်းတွင် အင်မော်တယ်နယ်မြေ၌ ပြောပိုင်ခွင့်တစ်ခုရှိသည်။
"မှန်ပါတယ်" ချိုင့်ဝှမ်းသခင်ခေါင်းညိတ်ရင်း လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"အင်မော်တယ်အရှင်မင်းကြီး ရှာဖွေမှုကို အရှိန်မြှင့်ဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်၊ တကယ့်ဝှက်ထားတဲ့ စစ်တုရင်အပိုင်းအစကြီးက မပေါ်လာသေးဘူးလို့ ကျွန်တော်ထင်တယ်"
ငရဲနတ်ဆိုးဒေသက အင်မော်တယ်ဧကရာဇ်များပင် လျှော့မတွက်ရဲကြသည်အထိ အလွန်အစွမ်းထက်သည်။
ထို့ကြောင့်သူခေါင်းညိတ်သည်။
"ငါသိပြီ၊ ဒါကိုငါစီစဉ်လိုက်ပါမယ်" ထို့နောက် သူချိုင့်ဝှမ်းသခင်ကို လေးနက်သည့်အမူအရာဖြင့် ကြည့်သည်။
"ဒါက အင်မော်တယ်နယ်မြေရဲ့ ဘေးကင်းမှုနဲ့ သက်ဆိုင်တယ်၊ သဲလွန်စတွေဆက်ရှာဖို့အတွက် မင်းကိုပဲ ဆက်ပြီး ဒုက္ခပေးရတော့မယ်"
"သေချာတာပေါ့" ချိုင့်ဝှမ်းသခင် အလျင်အမြန်ပြောသည်။
"ဒီကိစ္စကို အတည်ပြုပြီးပြီဆိုတော့ ကျွန်တော်အရင်ထွက်သွားလိုက်ပါဦးမယ်"
အင်မော်တယ်ဧကရာဇ်ခေါင်းညိတ်သည်။
အင်မော်တယ်ဧကရာဇ်နန်းတော်ကနေ ထွက်ခါနီး ချိုင့်ဝှမ်းသခင် ရုတ်တရက် လှည့်ကာ ပြောလာသည်။
"ကျွန်တော်တို့ဝိုင်ကို မျှဝေသင့်တယ်လို့ ကျွန်တော်ထင်နေတုန်းပဲ"
အင်မော်တယ်ဧကရာဇ်မျက်မှောင်ကြုတ်ရင်း နာကျင်နေသည့် အမူအရာဖြင့် ဝိုင်ဖြူပုလင်းလေးတစ်ပုလင်းကို ပစ်ပေးလိုက်၏။
"ယူပြီးထွက်သွားတော့"
"ကောင်းပါပြီ" ထို့နောက်တွင်သာ ချိုင့်ဝှမ်းသခင် ပျော်ပျော်ရွှင်ရွှင်ထွက်သွားသည်။
ချိုင့်ဝှမ်းသခင်ထွက်သွားပြီးနောက် အင်မော်တယ်ဧကရာဇ် ဝိုင်ကိုသိမ်းဆည်းရင်း တံခါးအပြင်ဘက်က ကောင်းကင်ကို စိုက်ကြည့်သည်။ သူအတန်ကြာစိုက်ကြည့်နေပြီးနောက် ခပ်မှိန်မှိန် သက်ပြင်းချသည်။
"ကြည့်ရတာ ငါဆရာနဲ့တွေ့ဖို့လိုအပ်ပုံပဲ၊ ဒါက နောက်ဆုံးနည်းလမ်းတစ်ခုပဲလေ"
အကယ်၍ ငရဲနတ်ဆိုးဒေသကသာ အမှန်တကယ်ပြန်လာပြီး ဝှက်ထားသော စစ်တုရင်အပိုင်းအစအားလုံးကို စပစ်လွှတ်ပါက ထိုအချိန်တွင် အရမ်းနောက်ကျသွားပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ အင်မော်တယ်ဧကရာဇ်၏ ပုံရိပ်က ထိုနေရာကနေ ချက်ချင်းပျောက်ကွယ်သွား၏။
အင်မော်တယ်ဧကရာဇ်နန်းတော်ထဲတွင် သင်းပျံ့သော ဝိုင်နံ့သာလျှင် ကျန်ရစ်နေခဲ့သည်။
.....
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်က အင်မော်တယ်နယ်မြေက ကျင့်ကြံသူတိုင်း လိုလားတောင့်တကြသည့် နေရာတစ်ခုပင်။
၀င်ရန်အတွက် အရည်အချင်းပြည့်မီနေသရွေ့ သူတို့၏ ဆန်းကြယ်သောကံကြမ္မာကို တိုးမြှင့်ရန်နှင့် ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်းတစ်ခုကို ရရှိစေရန်အတွက် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို ရယူနိုင်ကြသည်။
သို့စေကာမူ အင်မော်တယ်တွေ့ဆုံခြင်းတောင်၏ အနောက်ဘက်တွင် မမြင်နိုင်သော အပေါက်တစ်ပေါက်ရှိနေတာကို မည်သူသိမည်နည်း။
ဂူဝင်ပေါက်တွင် အတားအဆီးတစ်ခုရှိပြီး အော်ရာအားလုံးကို ဖုံးကွယ်ပေးထားသည်။
အင်မော်တယ်ဧကရာဇ် ဂူ၀င်ပေါက်ကို ရောက်လာပြီး ဦးညွတ်ကာ လေးစားစွာပြောသည်။
"တပည့်အင်မော်တယ်တွေ့ဆုံသူပိုင် ဆရာတို့ကို နှုတ်ဆက်ပါတယ်"
များမကြာမီ အထဲကနေ အသံတစ်သံထွက်လာခဲ့သည်။
"၀င်လာပါ...."
အတားအဆီးကအသက်၀င်လာသည်။
အင်မော်တယ်ဧကရာဇ်၀င်သွားသည်။
ရှည်လျားသည့်လမ်းကြောင်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် လုံး၀ကွဲပြားခြားနားသည့် ကမ္ဘာတစ်ခုဖြစ်နေခဲ့သည်။
စိမ်းလန်းသည့်ကမ္ဘာကြီးက အင်မော်တယ်ဧကရာဇ်ရှေ့တွင် ပေါ်လာခဲ့သည်။
လေပြေလေညင်းများက အစိမ်းရောင်လှိုင်းများကို တိုက်ခတ်သည်။ မြက်ခင်းတစ်ခုလုံးတွင် အမြင်ကိုပိတ်ဆို့ထားသည့် သစ်ပင်ဟူ၍ တစ်ပင်မှမရှိပါ။
ပင်လယ်တစ်စင်းကဲ့သို့ပင် အစိမ်းရောင်လှိုင်းများက အဆုံးမဲ့နေသည်။
မြက်ခင်းပြင်၌ သစ်သားအိမ်သုံးလုံးရှိသည်။
အင်မော်တယ်ဧကရာဇ် ဒီလှပသည့်ရှုခင်းကို သာယာမခံစားနေဘဲ ယင်းအစား သစ်သားအိမ်သုံးလုံးရှိရာသို့ တည့်တည့်လျှောက်သွားသည်။
ထို့နောက် သူမြက်ခင်းပေါ်၌ ဒူးထောက်လိုက်၏။
"တပည့်က ဖြည့်မတွေးပေးတတ်ပါဘူး၊ ဆရာတို့ရဲ့ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးမိပါတယ်"
"ထပါ" အလယ်က သစ်သားအိမ်ကနေ အိုမင်းတက်ကြွသည့်အသံတစ်သံ ထွက်လာသည်။
ထိုအသံက အသက်ကြီးနေပုံရသော်လည်း အားအင်အပြည့်ပါ၀င်နေသည်။
"ငါ့ကိုပြောပါ၊ မင်းဘာလို့ငါတို့ဆီ လာရတာလဲ"
ဘယ်ဘက်က သစ်သားအိမ်ကနေ မကျေမနပ်ဖြစ်နေသည့် အမျိုးသမီးအသံတစ်သံ ထွက်လာသည်။
"ဒါကနောက်ဆုံးနည်းလား၊ ငါတို့သီးသန့်ကျင့်ကြံတာကို မင်းနှောင့်ယှက်ဖို့ လိုလို့လား"
အင်မော်တယ်တွေ့ဆုံသူပိုင် တစ်ခုခုပြောချင်သော်လည်း ညာဘက်က သစ်သားအိမ်ကနေ တည်ငြိမ်သောအသံတစ်သံ ထွက်လာခဲ့သည်။
"ဘာလို့လဲ၊ မင်းဆိုတဲ့အင်မော်တယ်ဧကရာဇ်က ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်တွေကို ရှာမတွေ့နိုင်လို့များလား၊ မင်းငါတို့သုံးယောက်ကို လုပ်စေချင်သေးတာလား"
သူတို့သုံးယောက် သူ့ကိုအပြစ်တင်နေတာကို ကြားရသည့်တိုင် အင်မော်တယ်ဧကရာဇ် မကျေမနပ်မဖြစ်ရဲပေ။
မည်သို့ပင်ဆိုစေကာမူ ဒီသုံးယောက်က သူ့ဆရာများဖြစ်ကြသည် မဟုတ်ပေလော။
သူတို့ရှေးခေတ်က အင်မော်တယ်နယ်မြေတစ်ခုလုံး၌ ကျော်ကြားခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်သလို အင်မော်တယ်နယ်မြေ အထွတ်အထိပ်၌ ရပ်တည်နေသော တည်ရှိမှုများလည်းဖြစ်သည်။
"ဆရာသုံးယောက်ကို အစီရင်ခံတင်ပြပါတယ်၊ ဒီရက်ပိုင်းရှာဖွေမှုအပြီးမှာ ငရဲနတ်ဆိုးနယ်မြေက ချထားတဲ့ ပုန်းလျှိုနေတဲ့ စစ်တုရင်အပိုင်းအစတွေက ကျွန်တော်တို့ စိတ်ကူးထားတာထက် အများကြီးပိုနက်ရှိုင်းပြီး အားကောင်းနေတာကို တွေ့ခဲ့ရပါတယ်၊ ဒါကြောင့်....."
ဒီမမြင်ရသည့်ဖိအားကို ရင်ဆိုင်နေရသောအခါ အင်မော်တယ်ဧကရာဇ်၏ မျက်နှာက ချွေးအေးများနှင့် ပြည့်နှက်နေသည်။
"ဟမ့်၊ ငရဲနတ်ဆိုးဒေသကသာ မင်းထင်ထားသလောက် ရိုးရှင်းနေမယ်ဆိုရင် အဲဒီကြောင်သူတော်တွေကို ခြိမ်းခြောက်နိုင်တဲ့အထိ အရမ်းကြွယ်၀ခဲ့တဲ့ သေမျိုးနယ်မြေရဲ့အမွေအနှစ်ကို ဘယ်လိုလုပ် ပြတ်တောက်သွားစေနိုင်မှာလဲ"
အင်မော်တယ်ဧကရာဇ်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။
ဒါက သူ့ဆရာနှင့်ကျန်သောသူများက နတ်ဘုရားနယ်ပယ်ကို ကြောင်သူတော်အုပ်စုဟု ပြောတာကို သူကြားခဲ့ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပါ။
"အတိုချုပ်ပြောရရင် နတ်ဆိုးနယ်မြေရဲ့ အကြွင်းအကျန်တွေကို မင်းကိုယ်တိုင်ရှာဖွေရဦးမယ်" ညာဘက်က သစ်သားအိမ်က အဖိုးအိုပြောသည်။
"အခုငါတို့သုံးယောက်အတွက် အရေးယူဆောင်ရွက်ဖို့ဆိုတာက မသင့်တော်ဘူး၊ အနည်းငယ်လှုပ်ရှားမှုက အခြေအနေတစ်ခုလုံးကို သက်ရောက်သွားလိမ့်မယ်"
"ငါတို့လှုပ်ရှားလိုက်တာနဲ့ ငရဲနတ်ဆိုးဒေသက သတင်းအချက်အလက်တွေ ရသွားနိုင်တယ်၊ နားလည်လား"
အင်မော်တယ်ဧကရာဇ် ချက်ချင်းထိတ်လန့်သွားပြီး အလျင်အမြန်ပင်ပြောသည်။
"ကျွန်တော် ဒါကိုမတွေးမိခဲ့ဘူး"
သူ့ဆရာများက အမှောင်ထဲတွင် ပုန်းနေကြခြင်းပင်။ သူတို့သာတိုက်ခိုက်ပါက ထုတ်ဖော်ခံရပေလိမ့်မည်။
အလင်းထဲတွင် ဆောင်ရွက်ခြင်းထက် အမှောင်ထဲတွင် ဆောင်ရွက်နိုင်သည့် အရာများက ပိုများသည်။
"ဒါပေမယ့် ရှောင်ဟန်ကို မင်းနဲ့အတူသွားဖို့ ပြောကြည့်လို့ရတယ်"
ရုတ်တရက် အမူအရာကင်းမဲ့ကာ လှပသည့်အမျိုးသမီးတစ်ဦး အင်မော်တယ်ဧကရာဇ်ရှေ့တွင် ပေါ်လာခဲ့သည်။
အင်မော်တယ်ဧကရာဇ် အံ့ဩသင့်တကြီးပြောသည်။
"ကျေးဇူးပါ ဆရာတို့"
ထို့နောက် သူထရပ်ကာ ရှောင်ဟန်အား လက်နှစ်ဖက်ဆုပ်ပြသည်။
"စီနီယာဟန်၊ ခင်ဗျားကိုပဲ လက်လွှဲပေးရတော့မယ်"
ရှောင်ဟန် အမူအရာကင်းမဲ့စွာ ခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဆက်လုပ်တော့"
"ဒီကာလအတောအတွင်း ငါတို့နောက်ဆုံးအရှိန်တစ်ခုကို ရယူဆောင်ရွက်ရမယ်၊ အဲဒီတုန်းက ငါတို့သုံးယောက် သေမျိုးကမ္ဘာကို အကြွေးတင်နေခဲ့ကြတယ်၊ ဒီတစ်ကြိမ် ငါတို့ပြန်ပေးဆပ်ရမယ်"
အင်မော်တယ်ဧကရာဇ် လေးနက်စွာ ခေါင်းညိတ်ပြီးနောက် ရှောင်ဟန်နှင့်အတူ ထွက်သွားလေတော့သည်။
"နဂါးနဲ့ကျားတွေက စုစည်းလာပြီ၊ ပြိုကွဲပျက်စီးရမယ့်အချိန်ကျပြီ"
"ဒီတစ်ကြိမ်တော့ ငါတို့သုံးယောက် ပထမဆုံးကာကွယ်ရေးလမ်းကြောင်းကို ဖွဲ့စည်းကြမယ်"
အပိုင်း(1111) coming။