← Chapters

#လေးလံဓားပိုင်နက်နှင့် ဘုရင့်ဓား#

Vol. 79 Ch. 1111

#လေးလံဓားပိုင်နက်နှင့် ဘုရင့်ဓား#

Vol. 79 Ch. 1111

"ဟတ်ချိုး...."

ရုတ်တရက် အမှောင်ထုထဲတွင် ပုန်းနေသည့်လျိုကျိယုမှာ နှာချေလိုက်မိသည်။ သူချက်ချင်းပါးစပ်ပိတ်ကာ သူ့အသိအာရုံကို ဂရုတစိုက်ထုတ်လွှတ်လိုက်၏။ အနားတွင် မည်သူမှ မရှိတာကို သဘောပေါက်သွားသောအခါမှသာ စိတ်သက်သာရာရသွားသည်။ 

ဘယ်သူငါ့အကြောင်းကို ထပ်ပြီးစဉ်းစားနေတာတုန်း!

လျိုကျိယု နှလုံးသားထဲကနေ ညည်းညူလိုက်မိသည်။ 

သူ့လက်ရှိအခြေအနေတွင် ဒီပြဿာနာကို အများကြီးတွေးတောနေရန် မသင့်တော်ပါ။ သူက တာ၀န်တစ်ခုတွင်ရှိနေသည် မဟုတ်ပေလော။ 

လက်ရှိသူက ရှေးဟောင်းစစ်မြေပြင်၏ ၀င်ပေါက်တွင်ရှိနေသည်။ 

....

သို့စေကာမူ ၀င်ပေါက်လုံခြုံရေးက အရမ်းတင်းကျပ်သည်။ 

၀တ်စုံဖြူစစ်ဆေးသူဆယ်ဦးကျော်၊ ခရမ်း၀တ်စစ်ဆေးသူများနှင့် ၀တ်စုံနီစစ်ဆေးသူများပါ ရှိလေရာ ကြီးကြပ်ရေးဗိမာန်က လူအားလုံး ဒီကိုပြောင်းရွေ့လာသလားပင် ထင်ရသည်။ 

ဒါ့အပြင် လွင့်မြောနေသည့်တဲထဲတွင် သူပင်လျှင် အပြည့်အ၀မြင်နိုင်စွမ်းမရှိသည့် အော်ရာနှစ်ခုရှိသည်။ 

သူတို့က ကြီးကြပ်ရေးဗိမာန်က နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများ ဖြစ်ရပေမည်။ 

လျိုကျိယုခါးသီးစွာ ရယ်မောလိုက်မိသည်။ 

အမှောင်သခင်က သူ့ကို အရမ်းအမြင့်ကြီးတွေးလွန်းသည်။ 

သူနတ်သခင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်ကို လျစ်လျူရှုထားလျှင်ပင် မျက်စိကွယ်ရာနေရာဟူ၍မရှိဘဲ ကင်းထောက်အများအပြားရှိနေသောအချက်က သူ့ကို ခေါင်းကိုက်စေသည်။ 

သူဒီနေရာကအစောင့်များကို အရင် မှတ်တမ်းတင်ထားရပေမည်။ 

လျိုကျိယု ကျောက်စိမ်းပိုင်းတစ်ပိုင်းကို ထုတ်ယူပြီး မြင်ကွင်းနှင့်အော်ရာကို မှတ်တမ်းတင်ပြီးနောက် သိမ်းဆည်းလိုက်၏။ 

"အချိန်ကျလာတဲ့အခါကျရင် ငါအမှောင်သခင်ကို ငါ့ကို ဆုလာဘ်တွေပိုပေးဖို့ ပြောရမယ်၊ ဒီလိုလေးလံတဲ့အလုပ်အတွက် သူပိုပေးရမယ်"

ထို့နောက် သူသိုလှောင်လပ်စွပ်ထဲက ဆေးလုံးတစ်လုံးထုတ်ယူကာ ကြိတ်ချေကာ တစ်ကိုယ်လုံး၌ ဖြန့်ကြက်ပစ်သည်။ 

ဒါက လုချန်ရှန်း အော်ရာကိုဖုံးကွယ်ရန်အတွက် အထူးတီထွင်ခဲ့သည့် ဆေးလုံးပေတည်း။ 

ဒါကိုအသုံးပြုပြီးနောက်တွင် နတ်သခင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်ပင်လျှင် သူ့အော်ရာကို အာရုံခံနိုင်မည်မဟုတ်။ 

သူဒါကိုတစ်ခါမှ မသုံးဖူးသော်လည်း နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာက လုချန်ရှန်းကို ယုံကြည်သည်။ 

ထို့နောက် သူစစ်ဆေးသူကင်းထောက်များ၏ မျက်စိကွယ်ရာနေရာများကို ရှာပြီး အလျင်အမြန်လျှို၀င်ရန်အတွက် နည်းလမ်းတစ်ခု စဉ်းစားရပေတော့မည်။ 

ဒါက ကြယ်ငါးပွင့်ကွပ်မျက်သူဖြစ်သည့် လျုကျိယုနှင့် အတော်လေးရင်းနှီးလွန်းသည်။ 

အမှောင်ပိုင်နက်က ပုန်းလျှို့ပြီး စိမ့်၀င်ရာ၌ အကောင်းဆုံးပင်။ 

အကယ်၍သူသာ ဒီအချက်နှစ်ချက်ကို မလုပ်နိုင်ပါက တိကျသည့်ပတ်၀န်းကျင်က သတင်းအချက်အလက်များကို ဘယ်လိုလုပ် ရနိုင်မည်နည်း။ 

ရက်တစ်၀က်ခန့်စောင့်ကြည့်ပြီးနောက် လျိုကျိယု အပေါက်လေးတစ်ပေါက်ကို တွေ့လိုက်ရသဖြင့် လျှို၀င်လာခဲ့သည်။ 

သို့စေကာမူ သူရှေးဟောင်းစစ်မြေပြင်ထဲကို ၀င်လိုက်သည့် အခိုက်အတန့်၌ အနီရောင်၀တ်စုံနှင်က ပုံရိပ်တစ်ရိပ်က ကောင်းကင်မှ အလျင်အမြန်ပျံသန်းနေတာကို သတိထားလိုက်မိသည်။ 

လျိုကျိယု ဒီမြင်ကွင်းကို သတိထားမိသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ 

ဒီအော်ရာက အရမ်းရင်းနှီးနေသလို သူခံစားနေရသည်။ 

သို့သော် တစ်ခဏကြာ ဒါကသူ့စိတ်ထဲက မည်သူနှင့်မှ ကိုက်ညီမနေပေ။ 

"မေ့လိုက်တော့၊ ဟိုကောင်စုတ်လေးတွေကို အရင်ဆက်သွယ်ပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကြည့်ရမယ်"

.....

တခြားတစ်ဘက်တွင် ဧကရာဇ်တစ်ရာမြို့၏ အပြာရောင်ခန်းမ၌ စုန့်ရှောင် ဘေးဘီဝဲယာကြည့်လိုက်သော်လည်း ကြီးကြပ်ရေးဗိမာန်ကလူများအပြင် ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပါ။ 

သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ 

"သူတို့ဘယ်ကိုသွားလိုက်ကြတာလဲ"

ကျန်းချင်းလန်ရှေ့သို့လျှောက်လာသည်။ 

"ပိုင်ကောင်းကျွင်းနဲ့ ရှန်းချောင်ယွမ်တို့က အမွေရပြီးတာနဲ့ ချက်ချင်းထွက်သွားကြတယ်၊ ကြီးကြပ်ရေးဗိမာန်က လူတွေကျတော့....စုန့်စီက အစစ်အမှန်နတ်ဘုရားနယ်ပယ် စီနီယာတစ်ချို့ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပေမယ့် သူလှည့်ထွက်သွားခဲ့တယ်၊ သူအမွေအနှစ်ကို လုံး၀ဂရုမစိုက်ခဲ့ဘူး"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။ 

အစစ်အမှန်နတ်ဘုရားတစ်ဦး၏ အမွေအနှစ်ကိုပင် လက်လျှော့ရန် ရွေးချယ်ခဲ့ပါက ဒါက ကြီးကြပ်ရေးဗိမာန်တွင် ပိုအရေးပါသည့် တာ၀န်တစ်ခုရှိလောက်သည်ဟု ဆိုလိုနေခြင်းပင်။ သူတို့၏ပန်းတိုင်က အစစ်အမှတ်နတ်ဘုရားနာ်ပယ် အမွေအနှစ်ထက် ပိုဆွဲဆောင်မှုရှိရပေမည်။ 

စုန့်စီက မရိုးရှင်းတာကို ပြောနေစရာပင်မလို။ 

သူ့အရင်လုပ်ရပ်များက သူ့၏ကြောက်မက်ဖွယ်ရာပါရမီကို ဖုံးကွယ်ရန် ဖြစ်လောက်သည်။ 

"ဒါပေမယ့် ဘာလို့သူအမြဲ သူ့ခွန်အားကို နိမ့်ကျပြီး အသုံးအဖြုန်းကြီးတဲ့သူတစ်ယောက်လိုမျိုး သဘောထားနဲ့ အမြဲလိုလို ဖုံးကွယ်ထားပြီးမှ အခုတခြားသူတွေရှေ့မှာ ဖော်ပြလိုက်ရတာလဲ" ဖန်းယန်ပြောဆိုရင်း မျက်မှောင်ကြုတ်လိုက်သည်။ 

နင်းချန်ရှင်းနှင့် မုဖူရှန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ခေါင်းခါယမ်းလိုက်ကြ၏။ 

စုန့်စီနှင့်ပတ်သက်၍ တစ်ခုခုမှားနေတာကို သူတို့သတိထားမိကြသော်လည်း သူလုပ်နေတာတွေကို သူတို့နားမလည်ကြပါ။ 

သူ့အမြင်နှင့် နှောင့်ယှက်နေတာလား ဒါမှမဟုတ် သူပိုအရေးကြီးသော အရာတစ်ခုခုကို ဖုံးကွယ်ရန်အတွက် တမင်တကာ လှည့်စားမှုများစွာကို ဖန်တီးနေသည်လား။ 

သိထားသည့်သတင်းအချက်အလက်များက နည်းလွန်းသည်။ 

ဒီအချိန်မှာပင် ကျိချန်းယောင်လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။ 

"ရှင့်တို့မှာ လုပ်စရာတွေရှိဦးမှာပါ၊ ကျွန်မတို့မလိုက်တော့ပါဘူး"

ကျင်းဝူကျင်းကလည်း အလားတူပြောခဲ့သည်။ 

နှုတ်ဆက်ပြီးနောက် ကျိချန်းယောင်နှင့် ကျင်းဝူကျင်းတို့ အတူတကွထွက်သွားကြ၏။ 

မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်တို့က ပေါင်းစည်းပြီးသား မဟုတ်ပေလော။ 

ဒီအချိန်တွင် ချန်ရုံကျိ အပြုံးနှင့်အတူ လျှောက်လာသည်။ 

"မူလက ငါတို့အမွေအနှစ်ပစ္စည်းတွေ ဆက်ရှာဖို့အတွက် ထွက်သွားသင့်တာ၊ ဒါပေမယ့် အမွေကိုရပြီးနောက်မှာ ဘယ်အဆင့်ကို ရောက်နိုင်မလဲဆိုတာ မင်းလည်း ကြိုးစားကြည့်ချင်မယ်လို့ ငါထင်တယ်"

ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းညိတ်သည်။ 

"သေချာတာပေါ့"

ထွက်သွားရန်ပြင်နေသည့် တုယွန်မှာ သူတို့စကားများကို ကြားသောအခါ ရပ်လိုက်ပြီး တိုက်ပွဲကြည့်ရန်အတွက် နေရာကောင်းတစ်ခုကို ရှာတွေ့သွားသည်။ 

သူဓားသမားနှစ်ဦးကြားက ထိပ်တိုက်တွေ့ဆုံမှုကို အတော်လေးစိတ်၀င်စားနေဆဲပင်။ 

ဒါ့အပြင် တစ်ဘက်လူက ယဲ့ချိုးပိုင်ဖြစ်သည်။ လူငယ်ဓားသမားများအနက် တုယွန်က သူ့ထက် ပါရမီပိုမြင့်သည့် ဓားသမားအဖြစ် အသိအမှတ်ပြုခံရသည့် တစ်ဦးတည်းသောသူပင်။ 

ယဲ့ချိုးပိုင်သဘောတူသည့်အသွင် ခေါင်းညိတ်လိုက်တာကို မြင်ရသောအခါ ချန်ရုံကျိ အတော်လေးပျော်သွားသည်။ 

ထို့နောက် သူ့လက်မောင်းထဲက လေးလံသည့်ဓားက လက်ဖဝါးပေါ်သို့ လျှော့ကျလာပြီး သူဖမ်းကိုင်ကာ အပေါ်အောက် လွှဲယမ်းလိုက်၏။ 

ဝှီး...... ဝှီး.....!

ရုတ်ချည်းဆိုသလို လေပြင်းက အေးစက်ကာ မြည်ဟီးနေသည်။ 

အာကာသပင်လျှင် ဆုတ်ဖြဲခံနေရသည့်အလားထင်ရသည်။ 

ချန်ရုံကျိ၏ ဓားက ဘယ်လောက်ထိ လေးလံသလဲဆိုတာ သိသာထင်ရှားနေသည်။ 

လေးလံသည့်ဓားကိုကိုင်ထားသည့် ချန်ရုံကျိမှာ ချက်ချင်းလေးနက်သွားပြီး ယဲ့ချိုးပိုင်အား တည့်တည့်စိုက်ကြည့်သည်။ 

"မင်းအားအပြည့်သုံးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

ယဲ့ချိုးပိုင် ချန်ရုံကျိ၏ဓားကို အတော်လေး စိတ်၀င်စားနေသည်။ 

ဒါက လေးလံသည့်ဓားကျွမ်းကျင်သူတစ်ယောက်နှင့် သူပထမဆုံးအကြိမ် တိုက်ခိုကခြင်းလည်းဖြစ်သည်။ 

ရှေးဟောင်းရွှေနတ်ဓားက သူ့လက်ထဲသို့ ရောက်လာသည်။ 

"ငါကလည်း ဓားသမားတစ်ယောက်ပဲ"

ဆိုလိုတာက ယဲ့ချိုးပိုင် ထိန်ချန်ထားမည်မဟုတ်။ 

ဒါက ချန်ရုံကျိကို ‌လေးစားမှုကြောင့်ပင်။ 

ချန်ရုံကျိခေါင်းညိတ်ကာ ကြမ်းပြင်ကို တက်နင်းလိုက်၏။ ရုတ်တရက်ဆိုသလို သူ့ပတ်၀န်းကျင်က လေထုကနစ်၀င်သွား၏။  

ယဲ့ချိုးပိုင် သူ့ပခုံးပေါ်က ဖိအားကို ရှင်းလင်းစွာ ခံစားနိုင်သည်။ ဒီဖိအားက သူ့ကို ငုံ့ရန် တွန်းအားပေးနေသည်။ 

တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲက ဓားတာအိုပင်လျှင် ဖိနှိပ်ခံလိုက်ရပုံပင်။ 

"လေးလံဓားပိုင်နက် " ချန်ရုံကျိ လေးနက်စွာပြောသည်။ 

"ဒါကအမွေအနှစ်ကနေ ငါရခဲ့တာပဲ"

ချန်ရုံကျိ ကျင့်ကြံခြင်းနယ်ပယ်ကို မသုံးခဲ့ပေ။ 

ဓားသမားများအကြားတိုက်ပွဲတွင် ကျင့်ကြံခြင်းနယ်ပယ်ကို အားမကိုးကြပါ။ 

တုယွန် စိတ်၀င်စားသည့် အမူအရာတစ်ခုကို ဖော်ပြသည်။ 

ဒီလိုတိုက်ပွဲနည်းစနစ်မျိုးက တကယ်စိတ်၀င်စားစရာကောင်းသည်။ 

ယဲ့ချိုးပိုင်ပြုံးသည်။ 

"တကယ်လို့မင်းသာ လေးလံဓားပိုင်နက်ကို ပိုမြင့်မားတဲ့နယ်ပယ်တစ်ခုအထိ ကျင့်ကြံခဲ့မယ်ဆိုရင် ငါတို့တိုက်ခိုက်နိုင်လောက်သေးတယ်၊ ဒါပေမယ့်အခုတော့...."

ဓားပိုင်နက်က အသက်၀င်လာလေပြီ။ 

ပြောင်းလဲသွားသည့် ဓားနတ်ဘုရားဓားဆန္ဒက ခန်းမ၏ အမိုးခုံးဆီသို့ပင် တည့်တည့်ဦးတည်သွား၏။ 

တုယွန်ရော ချန်ရုံကျိပါ ထိတ်လန့်သွားသည်။ 

သူတို့ကိုယ်ထဲက ဓားဆန္ဒက သံသယမရှိ ဖိနှိပ်ခံရသည်။ ခုခံရန်အတွက် အခွင့်အလမ်းမရှိပါ။ 

အကယ်၍ ချန်ရုံကျိ၏ လေးလံဓားပိုင်နက်က ပြိုင်ဘက်၏ကိုယ်ခန္ဓာနှင့် ဓားအယူဝါဒအပေါ် ဆွဲငင်အားဖိအားတစ်ခုကို ဖြစ်စေသည်ဆိုပါက ယဲ့ချိုးပိုင်၏ ဓားတာအိုက အစစ်အမှန်ဘုရင့်ဓားဖြစ်သည်။ 

ယဲ့ချိုးပိုင်က ဓားပိုင်နက်ထဲတွင် အကြွင်းမဲ့ဘုရင်တစ်ပါးပင်။ 

ဓားသမား၏ပိုင်နက်က ဘယ်လိုပင်ဖြစ်နေပါစေ ယဲ့ချိုးပိုင်ကြောင့် ရှုထောင့်တိုင်းက ချေမှုန်းခံရပြီး သူ့အား အညံ့ခံအောင် လုပ်ခြင်းခံရပေလိမ့်မည်။ 

ချန်ရုံကျိ ဓားဆန္ဒကို အတင်းထုတ်လွှတ်ရင်း အံကြိတ်ကာ အပြုံးဖြင့်ပြောသည်။ 

"ဒီအသက်အရွယ်နဲ့ ဓားနတ်ဘုရားနယ်ပယ်ထိ ကျင့်ကြံနိုင်တဲ့ ဓားသမားဆိုတဲ့အတိုင်းပါပဲ၊ ဘုရင့်ဓားက ဘာလဲဆိုတာ ကြည့်တာပေါ့"

အပိုင်း(1112) coming။ 

All Chapters