← Chapters

#သက်တန့်ချိုးဖျက်ဓားပညာရပ်၊ သက်တန့်ထိုးဖောက်နေမင်း#

Vol. 79 Ch. 1112

#သက်တန့်ချိုးဖျက်ဓားပညာရပ်၊ သက်တန့်ထိုးဖောက်နေမင်း#

Vol. 79 Ch. 1112

ဓားတာအို၌ ချန်ရုံကျိ၏ပါရမီက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးက ပါရမီရှင်တစ်ဦးနှင့် ညီမျှသည်။ 

သူက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းမှ လာခြင်းဖြစ်သည့်တိုင် ဂိုဏ်းကြီးအသီးသီးက ပါရမီရှင်များ၏ ဓားတာအိုအဆင့်တွင် ရပ်တည်နေဆဲပင်။ 

ကျင်းဝူကျင်း အစစ်အမှန်နတ်ဘုရား၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါ။ 

ကျန်းချင်းလန်ကလည်း အသိအမှတ်ပြုမခံခဲ့ရပေ။ 

သူတို့အားလုံးက ပထမတန်းစားဂိုဏ်းများမှ ပါရမီရှင်တပည့်များဖြစ်ကြသည်။ 

ချန်ရုံကျိကမူရရှိခဲ့သည်။ 

....

ဒါကပင် သူပါရမီရှိတာကို ပြသရန်အတွက် လုံလောက်ပါသည်။ 

ကံဆိုးချင်တော့ ချန်ရုံကျိ ယဲ့ချိုးပိုင်နှင့် တွေ့ဆုံခဲ့သည်။ 

တကယ်တမ်းတွင် ယဲ့ချိုးပိုင်နှင့် တွေ့ဆုံခြင်းက သူ့ကံမကောင်းမှု သို့မဟုတ် သူအချိန်မှားပြီး မွေးလာသည်ဟု ချန်ရုံကျိမထင်ပါ။ 

သူ့မျက်လုံးထဲတွင် ယဲ့ချိုးပိုင်က လူငယ်မျိုးဆက်ဓားသမားများအကြား မြင့်မားသည့်တောင်တစ်တောင်ပမာ။ 

သူတက်ပြီးဖမ်းရန်လိုအပ်သည်။ 

ဒီလိုပန်းတိုက်သာမရှိပါက ချန်ရုံကျိ ပျင်းရိသလိုခံစားရ‌ပေလိမ့်မည်။ 

သူ့အတွက် အဆင့်တိုင်းတွင် အမှီလိုက်ရန် ပန်းတိုင်မရှိသရွေ့ ဘ၀က ပျင်းစရာကောင်းလွန်းသည်။ 

ချန်ရုံကျိ လေးလံသောဓားကို လက်တစ်ဖက်နှင့် တင်းတင်းကိုင်ရင်း ယဲ့ချိုးပိုင်အား ခေါင်းညိတ်ပြသည်။ 

"ကျေးဇူးပြုပြီး ငါ့ကိုလမ်းညွှန်ပေးပါ"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ချန်ရုံကျိ ယဲ့ချိုးပိုင်ဆီသို့ လျှောက်လှမ်းသွားသည်။ 

လေးလံသောဓားက အလွန်အမင်းလေးလံသော်လည်း ချန်ရုံကျိ၏အမြန်နှုန်းကို လုံး၀သက်ရောက်ပုံမရပေ။ 

ဒီရိုးရှင်းသည့်ခြေလှမ်းများက ယဲ့ချိုးပိုင်ရှေ့သို့ ရောက်လာပြီး ချန်ရုံကျိလက်ထဲက လေးလံသောဓားက ပိုင်းဖြတ်ပစ်သည်။ 

ဒီထဲတွင် ထူးကဲသည့်ဓားပညာရပ်များ သို့မဟုတ် အဆင့်မြင့်ဓားပညာရပ်များဟူ၍ မပါရှိဘဲ သာမန်ဓားတစ်လက်သာရှိသည်။ 

လေးလံသောဓားတွင် အစွန်းမရှိပါ။ ကီလိုဂရမ်တစ်သောင်းလေးသည့် ဓားဆန္ဒက ယဲ့ချိုးပိုင်ပေါ်သို့ တောင်တစ်တောင်ပမာ ဖိသိပ်လာသည်။ 

ယဲ့ချိုးပိုင်၏ အမူအရာက လေးနက်သွား၏။ လေးလံဓားပိုင်နက်နှင့် ဒီဓားချက်က သူ့အသက်ရှုခြင်းကိုပင် အနည်းငယ် တားဆီးပိတ်ပင်ပစ်သည်။ 

သူ့လက်ထဲက ရှေးဟောင်းရွှေနတ်ဓားက ထိုးဖောက်လိုက်၏။ 

ဓားပိုင်နက်ထဲက ဓားနတ်ဘုရားဓားဆန္ဒပင်လျှင် ထက်ရှသည့်ဓားများအဖြစ် ပြောင်းလဲကာ လေးလံသောဓားကို ကြိုဆိုသည်။ 

ဘန်း.... ဘန်း..... ဘန်း...!

ဓားဆန္ဒကနေ ဖန်တီးထားသည့်ဓားများက ဒီတဒင်္ဂ၌ အမှန်တကယ်ပင် ပြိုကွဲသွား၏။ 

တုယွန် ဒီမြင်ကွင်းကိုမြင်သောအခါ လေးနက်စွာပြောသည်။ 

"ကြည့်ရတာ လေးလံတဲ့ဓားက အဆင့်တစ်ခုအထိ ကျင့်ကြံပြီးတဲ့အခါကျရင် ယဲ့ချိုးပိုင်ရဲ့ ဘုရင့်ဓားကို ကိုင်တွယ်နိုင်ပုံပဲ"

လေးလံဓားတွင် ဓားထိပ်မရှိသလို ၎င်း၏ တိုက်ခိုက်နည်းက အင်မတန်ရိုးရှင်းသည်။ 

သို့စေကာမူ လှုပ်ရှားမှုမရှိသည့် ဆန္ဒနယ်ပယ်တစ်ခုရှိသည်။ 

သူ့ရှေ့တွင်ဘယ်သူဖြစ်ဖြစ် သူပိုင်းဖြတ်ပစ်မည်သာ။ 

ချန်ရုံကျိအား အမွေအနှစ်ကိုပေးခဲ့သည့် အစစ်အမှန်ဓားနတ်ဘုရားပင်လျှင် ပေါ်လာခဲ့သည်။ 

"ဟားဟား၊ ကျွန်တော့် အမွေအနှစ်က မဆိုးဘူးမလား၊ စီနီယာ"

သက်တန့်စိမ့်ဓားဧကရာဇ်၏ ပုံရိပ်ကလည်း ညာဘက်က ဒုတိယရုပ်တုကနေ ပေါ်လာပြီး ခေါင်းညိတ်သည်။ 

"မင်းရဲ့လေးလံဓားတာအိုက ထူးချွန်တယ်"

"စီနီယာရဲ့ သက်တန့်ချိုးဖျက်ဓားနဲ့ ယှဉ်လိုက်ရင်ရော"

"မင်းဘယ်အဆင့်လဲ၊ ငါဘယ်အဆင့်လဲ"

သက်တန့်စိမ့်ဓားဧကရာဇ်၏ တည်ငြိမ်သောမေးခွန်းက သူ့နှလုံးသားထဲသို့ ဓားတစ်သောင်းပမာ ထိုးဖောက်သွား၏။ 

ဒီအခိုက်အတန့်၌ ချန်ရုံကျိနှင့် အပြန်အလှန်ဓားချက်အနည်းငယ် ဖလှယ်ပြီးနောက် ယဲ့ချိုးပိုင်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

လေးလံဓားနှင့် လေးလံဓားပိုင်နက်တို့၏ စွမ်းအားနှင့်အတူ အလေးချိန်က အလွန်ပင်ရယ်စရာကောင်းလွန်းသည့် အဆင့်တစ်ခုကို ရောက်သွားခဲ့သည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်နောက်ဆုတ်သွားသည့် အခိုက်အတန့်၌ ချန်ရုံကျိ၏ပုံရိပ်က တစ္ဆေတကောင်ပမာ ထပ်မံတိုက်ခိုက်သည်။ သူယဲ့ချိုးပိုင်နှင့် အနီးကပ်ရွေ့လျားသည်။ 

ဒါကလေးလံဓားကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အမြန်နှုန်းတစ်ခုဆိုတာ ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။ 

ယဲ့ချိုးပိုင်နောက်မဆုတ်တော့ပါ။ 

သူလက်ထဲကဓားကို ယမ်းလိုက်စဉ် အေးစက်သောအလင်းတန်းက နေရာတိုင်းတွင် လင်း၀င်းသွား၏။ 

ဓားဆန္ဒအမျှင်စများက ဒီအပြာရောင်ခန်းမထဲတွင် လေဆင်နှာမောင်းတစ်ခုပမာ အမှန်တကယ် ဆူပွက်နေသည်။ 

ဒီအချိန်တွင် ထူထဲသည့်ဓားနတ်ဘုရား ဓားဆန္ဒအလွှာတစ်ခုက ရှေးဟောင်းရွှေနတ်ဓားကို ဖုံးလွှမ်းသွားသည်။ 

ဓားဆန္ဒတုန်ခါသွားစဉ် ၎င်းက ပတ်၀န်းကျင်က လေဟာနယ်ကို အဆက်မပြတ် ပွတ်တိုက်သည်။ ‌

ရှေးဟောင်းရွှေဓားကို လွှမ်းခြုံသွားသည့် ထူထဲသောဓားဆန္ဒက မီးတောက်နီရောင်အဖြစ် အမှန်တကယ်ပင် တဖြည်းဖြည်း ပြောင်းလဲလာသည်။ 

ပူပြင်းလှသည့်အပူဓာတ်က လေဟာနယ်တစ်ခုလုံးကို လောင်ကျွမ်းပစ်သည်။ 

လေးလံဓားဧကရာဇ် ဒီမြင်ကွင်းကို မြင်သောအခါ သူအနည်းငယ် ထိတ်လန့်သွားပြီး အံ့ဩသင့်သွား၏။ 

"ဒီကလေးက တကယ်ပဲ ခေးအောစ့်အနှစ်သာရဓားခန္ဓာနဲ့ ထိုက်တန်ပါပေတယ်၊ သူစီနီယာရဲ့ သက်တန့်ထိုးဖောက်နေမင်းကို ဒီလောက်မြန်မြန် ဖမ်းဆုပ်နိုင်ခဲ့တယ်"

တခြားသူများကို ချီးမွမ်းခဲသည့် သက်တန့်စိမ့်ဓားဧကရာဇ်ပင်လျှင် ပြုံးလိုက်သည်။ 

"မှန်တယ်၊ သူကငါမြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံးဓားသမားဖြစ်ပြီး ဓားကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲ"

"တကယ်လို့သူသာ ငါတို့နဲ့တစ်ချိန်တည်းမှာ မွေးဖွားလာခဲ့မယ်ဆိုရင် ဓားတာအိုကို ဘိုးဘေးနယ်ပယ်ကို တကယ်ကျင့်ကြံနိုင်ပြီး ငါ့ကိုကျော်လွှားပြီး ဓားတာအိုရဲ့ နံပါတ်တစ်ဓားသမားဖြစ်လာနိုင်တယ်...."

ဒီအခိုက်အတန့်တွင် လေးလံဓားဓားဧကရာဇ်၊ ရှင်းသုံဓားဧကရာဇ်နှင့် ကျန်သောဓားဧကရာဇ်များကလည်း အံ့ဩသင့်နေသည့် အကြည့်များကို ထုတ်ဖော်ပြသကြသည်။ 

သက်တန့်စိမ့်ဓားဧကရာဇ်က ဒီကလေးအပေါ် တကယ်ပဲ ဒီလောက်ထိ တန်ဖိုးထားတာလား!

တခြားတစ်ဘက်တွင် တုယွန် ယဲ့ချိုးပိုင်လက်ထဲကဓား စတင်လောင်ကျွမ်းလာတာကို မြင်ရသောအခါ သူ့အမူအရာက လေးနက်သွား၏။ 

မူလထက်ရှနေသည့်ဓားဆန္ဒက လေဟာနယ်နှင့် ပွတ်တိုက်ပြီးနောက် ပူလာပြီး ထက်ရှမှုက ပို၍ပင်အားကောင်းလာသည်။ ၎င်းကအရာတိုင်းကို စိမ့်၀င်ထိုးဖောက်ပစ်နိုင်သည့်အသွင်။ 

ဒါကိုမြင်သော် ချန်ရုံကျိရယ်မောသည်။ 

"ဒါဆို အမွေအနှစ်ကို ဘယ်သူပိုနက်ရှိုင်းစွာ နားလည်ခဲ့သလဲဆိုတာ ကြည့်ကြတာပေါ့"

ထို့နောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအပေါ်က ဖိအားက ရုတ်တရက်လျော့ကျသွားပြီး သူတို့၏ကိုယ်ခန္ဓာများက ပြေလျော့သွားကြ၏။ 

မူလကအရောင်ကင်းမဲ့နေသည့် လေးလံဓားပိုင်နက်က ချန်ရုံကျိ၏ လေးလံဓားပေါ်၌ တဖြာ်းဖြည်းစတင်ဖိသိပ်ကာ သိပ်သည်းလာသည်။ 

လေးလံဓားတစ်ဝိုက်တွင် သေးငယ်သည့် ကြယ်ကျိုးများက လေထဲတွင် ပြည့်နှက်နေသည်။ 

အပိုင်းအစတိုင်းက ကြယ်ပွင့်လေးများအလားပင်။ 

လေးလံဓားအနီးတစ်ဝိုက်က လေဟာနယ်က အလွန်အမင်းပုံပျက်ကာ မငြိမ်မသက်ဖြစ်လာသည်။ အပိုင်းအစများက လေထဲတွင် စတင်ကျဆင်းလာသည်။ 

ကျန်းချင်းလန် ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။ သူမ မုဇီရှင်းအင်္ကျီလက်ကိုဆွဲကာ ပူပန်စွာပြောသည်။ 

"ဒီလိုအားအပြည့်တွေ့ဆုံမှုက သေချာပေါက် အသေအပျောက်တွေကို ဖြစ်စေလိမ့်မယ်၊ နင့်ခင်ပွန်းကို နင်နားမချတော့ဘူးလား"

တခြားနေ့တစ်နေ့ဆိုပါက ကျန်းချင်းလန် 'နင့်ခင်ပွန်း' ဆိုသောစကားကို ပြောသည်နှင့် သေချာပေါက် ရှက်သွေးဖြာသွားပေလိမ့်မည်။ 

သို့စေကာမူ မုဇီရှင်းကလည်း သူမအင်္ကျီအစွန်းကို လက်တစ်ဖက်နှင့်ပွတ်သပ်ရင်း ယဲ့ချိုးပိုင်ကို စိုက်ကြည့်နေသည်။ ဓားဆန္ဒထိုးတက်လာစဉ် သူမနှလုံးသားက လည်မြိုထိ ရောက်လာသလားထင်ရသည်။ 

သို့စေကာမူ သူမယဲ့ချိုးပိုင်ကို နားမချပါ။ 

ဓားသမားများအကြားက ယှဉ်ပြိုင်မှုကို လမ်းတစ်၀က်တွင် ရပ်၍မရတာကို သူမသိပါသည်။ 

ဒါ့အပြင် ထိုဓားဧကရာဇ်များကလည်း ကြည့်နေကြသည်။ 

သူတို့က သူတို့၏အသီးသီးအမွေခံများကို ဘာတစ်ခုမှ ဖြစ်ခွင့်ပေးမည်မဟုတ်။ 

ဒီအချိန်တွင် ချန်ရုံကျိ အရင်ကထက် ပိုမြန်သည့် အမြန်နှုန်းနှင့်အတူ ပြေး၀င်သွား၏။ 

ထုံးစံအတိုင်း သူယဲ့ချိုးပိုင်ရှေ့သို့ တစ်လှမ်းတက်ပြီး လက်ထဲက လေးလံဓားကို လှုပ်ယမ်းလိုက်၏။ ဓားက ယဲ့ချိူးပိုင်အား ကြယ်နက်လေးများနှင့်အတူ အစွမ်းကုန် ပိုင်းဖြတ်ပစ်သည်။ 

ဟူး.... ဟူး... ဟူး... ဟူး....!

ခရက်ခ်! ခရက်ခ်!

လေဖိအားသံနှင့်အတူ ပတ်၀န်းကျင်က လေဟာနယ်၌ အက်ကြောင်းများ အဆက်မပြတ်ပျံ့နေသည်။ 

ယဲ့ချိုးပိုင်နောက်မဆုတ်ပေ။ 

သူ့မျက်လုံးများက အေးစက်သွားသည်။ သူ့လက်ထဲက ရှေးဟောင်းရွှေဓား၏ ဓားဆန္ဒအပူလှိုင်းက အကန့်အသတ်ရောက်သည်အထိ သိပ်သည်းသွားလေပြီ။ 

လေဟာနယ်က စတင်ပုံပျက်ကာ အရည်ပျော်လာသည်။ 

ရုတ်တရက် ဓားက လေးလံဓားကို ထိုးဖောက်သွား၏။ 

သက်တန့်တစ်စင်းက နေမင်းကို ထိုးဖောက်သွားသည့်အလားပင်။ 

ဒါက သက်တန့်စိမ့်ဓားဧကရာဇ်၏ သက်တန့်ချိုးဖျက်ဓားပညာရပ်အနှစ်သာရပေတည်း။ 

အစစ်အမှန်ဓားနတ်ဘုရား ကျွမ်းကျင်သူနှစ်ဦး၏ အမွေအနှစ်များ!

ဒီတဒင်္ဂ၌ မရေအတွက်နိုင်လောက်သော ခေတ်များစွာအကြာတွင် ၎င်းတို့ထပ်မံ ထပ်တိုက်တွေ့ဆုံကြသည်။ 

လူတိုင်း၏စောင့်ကြည့်နေသည့် အကြည့်များအောက်တွင် ဓားများက ရုတ်ချည်း တွေ့ဆုံသွားကြ၏။ 

သို့စေကာမူ သတ္တုချင်းတိုက်မိသံကို မကြားရဘဲ ဆန့်ကျင်ဘက်ပင် ချန်ရုံကျိလက်ထဲက လေးလံဓားအလယ်ဗဟိုက အပူလှိုင်းဓားဆန္ဒ၏ အမှန်တကယ်ထိုးဖောက်ခြင်းကို ခံရသည်။ 

ဒီမြင်ကွင်းအပေါ် ချန်ရုံကျိခါးသီးစွာ ပြုံးသည်။ 

သူတိုက်ခိုက်စဉ်က ယဲ့ချိုးပိုင် သူ့ဓားနတ်ဘုရားဓားဆန္ဒကို ဖိနှိပ်ထားခဲ့တာကို သူသိပါသည်။ 

မဟုတ်ပါက သူရှုံးခဲ့သည်မှာ ကြာနေလေပြီ။ 

ယဲ့ချိုးပိုင် သူ့ကို အမွေအနှစ်ကျွမ်းကျင်ပိုင်နိုင်မှုသက်သက်နှင့် လုံး၀ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။ 

ရလဒ်ကသိသာထင်ရှားနေလေပြီ။ သူအကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ 

အပိုင်း(1113) coming။ 

All Chapters