#အရာတိုင်းက လုံခြုံမှုအတွက်ပါ#
Vol. 79 Ch. 1113
အကယ်၍ ယဲ့ချိုးပိုင်၏ဓားကသာ ချန်ရုံကျိ၏ကိုယ်ခန္ဓာကို ပစ်မှတ်ထားမည်ဆိုပါက သူသေသွားလောက်သည်။
ဓားဧကရာဇ်များဒါကို မြင်သောအခါ သူတို့ သက်တန့်စိမ့်ဓားဧကရာဇ်ကို မနာလိုစွာ ကြည့်လိုက်ကြ၏။
"ခင်ဗျားရဲ့အမွေခံက တကယ်ကိုမွန်းစတားလေးတစ်ကောင်ပဲ၊ တိုက်ခိုက်တဲ့အချိန် သူတစ်ဘက်လူရဲ့ လက်နက်ကိုတောင် တိုက်ခိုက်နိုင်တယ်"
ချန်ရုံကျိက ယဲ့ချိုးပိုင်၏ခန္ဓာကို အစွမ်းကုန်ပိုင်းဖြတ်နေတာက သိသာသည်။
ယဲ့ချိုးပိုင် လက်နက်ကိုသာ ရင်ဆိုင်ခဲ့သည်။
ဒါက ချန်ရုံကျိအတွက် ပို၍ပင် အခွင့်သာပေသည်။
....
အတိုင်းအတာတစ်ခုအထိ ယဲ့ချိုးပိုင် ချန်ရုံကျိအား လွယ်ကူစေခဲ့သည်။
သက်တန့်စိမ့်ဓားဧကရာဇ် ယဲ့ချိုးပိုင်ကို မြတ်နိုးသည့် အမူအရာဖြင့် ကြည့်နေသည်။
သူကအလွန်အမင်းပါရမီရှိသလို လိုက်လျောခြင်းလည်းမရှိပါ။
သူ တစ်ပါးသူကိုနှိမ့်ချပြီး ရန်သူများကို သတ်ရာတွင်လည်း ပြတ်သားနိုင်ဆဲပင်။
ဒီစရိုက်က ယဲ့ချိုးပိုင်၏ ခေးအောစ့်အနှစ်သာရဓားခန္ဒာကဲ့သို့ပင်။ သူကဓားသမားတစ်ဦးဖြစ်လာရန်အတွက် မွေးဖွားလာခြင်းပေတည်း။
ချန်ရုံကျိ ထိုးဖောက်ခံထားရသည့် လေးလံဓားကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အပေါ်ကကနေ တဝီဝီမြည်သံများ ထွက်နေပြီး တဖြည်းဖြည်း အရည်ပျော်ကျလာနေသည်။
ထို့နောက် သူခါးသီးစွာပြုံးရင်း လေးလံဓားကို သိမ်းဆည်းပြီးနောက် လက်နှစ်ဖက်ဆုပ်ကာ ယဲ့ချိုးပိုင်အား ဦးညွတ်ပြီး လေးနက်စွာပြောသည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ"
ယဲ့ချိုးပိုင်ကလည်း ချန်ရုံကျိကို လက်နှစ်ဖက်ဆုပ်ပြသည်။
"လေးလံဓားလမ်းစဉ်က အတော်လေးကို နက်ရှိုင်းပါတယ်၊ ငါအများကြီး သင်ယူခဲ့ရတယ်"
ဒီအချိန်မှာပင် လေးလံဓားဓားဧကရာဇ် အော်ဟစ်လိုက်သည်။
"ဘာမှနဖြစ်ဘူး၊ ငါ့ကိုအခု မင်းဆရာအဖြစ် လက်ခံလိုက်၊ ငါ့ဘ၀တစ်လျှောက်လုံး သင်ယူခဲ့တာတွေအားလုံးကို မင်းကိုသင်ပေးမယ်"
သက်တန့်စိမ့်ဓားဧကရာဇ် အကြည့်စူးတစ်ချက်ပို့လွှတ်လိုက်၏။ ထို့နောက်တွင်သာ လေးလံဓားဓားဧကရာဇ် လည်ပင်းကျုံ့ရင်း နောင်တရစွာပြောသည်။
"ပါရမီအတွက် တိုက်ခိုက်ရဦးမယ်လေ..."
ယဲ့ချိုးပိုင်ပြုံးရင်း လေးလံဓားဓားဧကရာဇ်ကို ကောင်းမွန်သောရည်ရွယ်ချက်အတွက် ကျေးဇူးတင်လိုက်သည်။
လေးလံဓားဓားဧကရာဇ် နှလုံးသားထဲကနေ သက်ပြင်းချသည်။
"ကောင်းပြီ၊ မင်းတို့အမွေကို ရပြီးပြီဆိုတော့ ထွက်သွားနိုင်ပြီ" ဒီအချိန်မှာပင် သက်တန့်စိမ့်ဓားဧကရာဇ် ကျယ်လောင်စွာ ပြောလာသည်။
"ဒီစစ်မြေပြင်မှာ ရှာဖွေဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိပါသေးတယ်"
ထို့နောက် အစစ်အမှန်နတ်ဘုရားနယ်ပယ် ရုပ်တုတစ်ရာက တိတ်ဆိတ်မှုထဲသို့ ပြန်ကျသွားသည်။
ယဲ့ချိုးပိုင်၊ စုန့်ရှောင်၊ ဖန်းယန်နှင့် ကျန်သောသူများကမူ အစစ်အမှန်နတ်ဘုရားနယ်ပယ် ရုပ်တုတစ်ရာကို လေးနက်စွာ ဦးညွတ်ကြသည်။
ဒါကအမွေအနှစ်ကြောင့်တင်မဟုတ်ဘဲ သေမျိုးကမ္ဘာအတွက် သူတို့၏ကူညီမှုအပေါ် လေးစားသောကြောင့်လည်းဖြစ်သည်။
လူတိုင်းဧကရာဇ်တစ်ရာမြို့က ထွက်လာသောအခါ ချန်ရုံကျိနှင့်ကျန်သောသူများက နှုတ်ဆက်ကြသည်။
ဖန်းယန်၊ ပန်ရှီဝူနှင့် ထောင်းရှူတို့ ယဲ့ချိုးပိုင်တို့ရှေ့တွင် လျှောက်လာကြပြီး လက်နှစ်ဖက်ဆုပ်ကြသည်။
"အရင်ကဖြစ်ပျက်ခဲ့တာတွေအတွက် ငါတို့တောင်းပန်ပါတယ်"
ထို့နောက် ဖန်းယန်နှင့် ကျန်နှစ်ယောက် သူတို့၏ပန်းတိုင်နှင့်အတူ ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့နှင့် သဘောတူညီချက်ကို ရှင်းပြသည်။
ဖန်းယန်ကတိပေးသည်။
"မင်းတို့မှာတောင်းဆိုချက်တစ်ခုခုရှိရင် ငါတို့လုပ်နိုင်သရွေ့ ငြင်းမှာမဟုတ်ဘူး၊ တချိန်တည်းမှာပဲ ပိုင်ကောင်းကျွင်းနဲ့ တခြားသူတွေရဲ့ သတင်းအချက်အလက်တွေကို ငါတို့မင်းတို့ကို ပြောပြပါမယ်"
ဒါကအရှုံးပေးခြင်းပင်။
နင်းချန်ရှင်းခေါင်းညိတ်သည်။ တစ်ခုခုမှားနေတာကို သူသိသွားခဲ့ပြီး သူတို့ရှင်းလင်းချက်ကို ကြားသောအခါမှသာ အရာတိုင်းကို နားလည်သွားခဲ့သည်။
သို့စေကာမူ အနည်းဆုံးတော့ ဖန်းယန်နှင့် ကျန်နှစ်ယောက်က သူတို့ကို ထိခိုက်စေသည့် အရာတစ်ခုမှ မလုပ်ခဲ့သဖြင့် ယဲ့ချိုးပိုင်တို့ကလည်း သူတို့ကို ခွင့်လွှတ်ရန်အတွက် ဆန္ဒရှိနေဆဲပါ။
မည်သို့ပင်ဆိုစေကာမူ တစ်ဘက်က လျော်ကြေးပင် ပေးနိုင်သည်မဟုတ်ပေလော။
ရန်သူသုံးယောက်ထက် မိတ်ဆွေသုံးယောက် ပိုလာတာကပိုကောင်းသည်။
ထောင်းရှုပြုံးရင်း ကျောက်စိမ်းဆွဲသီးအနည်းငယ်ကို ပေးသည်။
"ဒါကငါတို့ရဲ့ အသံလွှင့်ကျောက်စိမ်းဆွဲသီးတွေပါ၊ မင်းတို့အကူအညီတစ်ခုခုလိုတာနဲ့ ငါတို့လာခဲ့မယ်"
ယဲ့ချိုးပိုင်တို့ လက်ခံလိုက်တာကို မြင်သောအခါ ဖန်းယန်နှင့် ကျန်နှစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီးနောက် ထွက်သွားကြသည်။
ဒီအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင် ရုတ်တရက် ကြက်သေသေသွားသည်။ ထို့နောက် သူ့အမူအရာက အနည်းငယ် ထူးဆန်းသွားပြီး အသံပို့လိုက်သည်။
"ဦးလေးလျို ဒီမှာပဲ...."
ဟုန်ရင် ငိုရမလားရယ်ရမလား မသိတော့ပါ။
"သူဘာလို့ဒီမှာရှိနေရတာလဲ၊ ဒါမှမဟုတ် ဆရာသူ့ကို စေလွှတ်လိုက်တာလား"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ကြည့်ရတာ ဒီတစ်ခါတော့ အမှောင်ပိုင်နက်ရဲ့တာ၀န်အတွက် ဖြစ်ပုံရတယ်၊ သူငါတို့ကိုအရင်တွေ့ချင်ပြီး ကြီးကြပ်ရေးဗိမာန်အကြောင်း မေးချင်နေတယ်"
ဒါကိုကြားသော် မုဖူရှန်းရယ်မောသည်။
"ကောင်းတာပေါ့၊ သူကထိပ်တန်းတိုက်ခိုက်သူတစ်ယောက်ပဲလေ"
နင်းချန်ရှင်း မုဖူရှန်းကို ကြည့်ရင်း လေးနက်စွာပြောသည်။
"မင်းဆရာနဲ့ ပိုပိုပြီးတူလာနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ"
"တကယ်လား"
တပည့်အားလုံးခေါင်းညိတ်လိုက်ကြ၏။
မုဖူရှန်းလက်ဝှေ့ယမ်းကာ အကြောင်းအရာကို ပြောင်းပစ်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါပေမယ့် နောက်ထပ်အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိသေးတယ်"
ဒီနေရာတွင် မုဖူရှန်း၏အမူအရာက လေးနက်သွားပြီး စုန့်ရှောင်နှင့် ကျန်းချင်းလန်တို့ကို စိုက်ကြည့်ကာ လျှို့ဝှက်အသံပို့လိုက်၏။
"ဦးလေးလျိုက ဒီတစ်ကြိမ် အမှောင်ပိုင်နက်ကို ကိုယ်စားပြုပေမယ့် ကြီးကြပ်ရေးဗိမာန်ရဲ့ အခြေအနေအရဆိုရင် တစ်ဘက်လူက အမှောင်ပိုင်နက်ကလူတွေကို သေချာပေါက် ကျူးကျော်ခွင့်ပေးမှာမဟုတ်ဘူး၊ ဒါကြောင့် ဦးလေးလျိုရဲ့ တည်နေရာကို လျှို့ဝှက်ထားရမယ်"
ဒါကိုကြားသော် လူတိုင်း မုဖူရှန်း၏ အဓိပ္ပာယ်ကို နားလည်သွားကြသည်။
ဒီနေရာ၌ အပြင်လူများရှိကြသည်။
ဥပမာအားဖြင့် ကျန်းချင်းလန် သို့မဟုတ် စုန့်ရှောင်ဖြစ်သည်။
လူတိုင်းကြည့်နေတာကို မြင်သောအခါ ကျန်းချင်းလန်ကြက်သေသေသွားသည်။
သူတို့အကြည့်ကို ခံစားမိသောအခါ စုန့်ရှောင်ပခုံးတွန့်ရင်း အပြုံးဖြင့်ပြောသည်။
"ငါမသိနိုင်တာတစ်ခုခုရှိလို့လား၊ ဘာမှမဖြစ်ပါဘူး၊ ဒီလိုဆိုရင် ငါထွက်သွားနိုင်ပါတယ်"
"ငါ့ပန်းတိုင်က ကြီးကြပ်ရေးဗိမာန်ရဲ့ ပန်းတိုင်ကို စောင့်ကြည့်ဖို့တင်မက ပိုအရေးကြီးတာက နတ်သခင်ဟောင်တျန်းရဲ့ ကာကွယ်မှုကို ခံချင်လို့ပဲ၊ ဒီတော့ဖြစ်နိုင်ရင် ငါကောင်းကင်ဘုံတာအိုကျမ်းသစ္စာ ကျိန်ဆိုနိုင်ပါတယ်"
စုန့်ရှောင် ဒီလိုအရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်တာ ရှင်းနေသည်။
သို့စေကာမူ မုဖူရှန်းဒီအတွက်ကြောင့် သတိမလျှော့ချဘဲ ပြုံးလိုက်၏။
"ဒါက ကောင်းကင်ဘုံတာအိုကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါ"
စုန့်ရှောင်၏မျက်လုံးများက ပြူးကျယ်သွားပြီး မယုံနိုင်စွာပြောသည်။
"ဟေးဟေးဟေး၊ ဒါက မင်းတို့ငါ့ကို ခြွင်းချက်မရှိ ယုံကြည်သင့်တဲ့ အပိုင်းဖြစ်သင့်တာမလား"
ဒီကောင် ဘာလို့စည်းမျဉ်းအတိုင်း မကစားတာလဲ!
မုဖူရှန်းပြုံးသည်။
"ဒါကို ကိုယ့်ကိုကိုယ် အရင်မေးကြည့်ပါလား"
စုန့်ရှောင် အကူအညီမဲ့စွာ လက်မြှောက်ရင်း အရှုံးပေးလိုက်ရသည်။
"ကောင်းပါပြီ၊ ငါနားလည်ပါတယ်"
ထို့နောက် သူကောင်းကင်ဘုံတာအို ကျမ်းသစ္စာကျိန်ဆိုသည်။ ဒါကနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို သူထုတ်ဖော်မပြောပြဘူးဟု ရည်ညွှန်းနေခြင်းပင်။
နောက်တစ်ယောက်က ကျန်းချင်းလန်ပင်။
ဒါကို မြင်သော် ကျန်းချင်းလန် စိတ်ထဲကနေ သက်ပြင်းချသည်။
သူမယုံကြည်မှုမရရှိသေးပုံပေါ်လေရာ ကောင်းကင်ဘုံတာအို ကျမ်းသစ္စာကျိန်ဆိုလိုက်သည်။
ထို့နောက်တွင် မုဖူရှန်းအဆောင်နှစ်ခုကို ထုတ်ယူပြီး သူတို့အားပေးလိုက်၏။
"ဒါကဘာလဲ" ကျန်းချင်းလန် စိတ်ရှုပ်ထွေးစွာမေးသည်။
မုဖူရှန်းတည်ငြိမ်စွာပြောသည်။
"ဒီအဆောင်က တခြားသူတွေ စိတ်ဝိဉာဉ်ရှာဖွေခြင်းကနေ တားဆီးနိုင်တယ်၊ တစ်နည်းပြောရရင် တခြားသူတွေ စိတ်ဝိဉာဉ်ကို ရှာဖွေတဲ့အခါ အဆောင်က အသက်၀င်ပြီး မင်းတို့ရဲ့ဝိဉာဉ်ကို ဖျက်ဆီးပစ်လိမ့်မယ်"
ကျန်းချင်းလန်နှင့် စုန့်ရှောင်တို့၏ မျက်နှာများက အနည်းငယ်မည်းမှောင်သွားကြ၏။
သို့စေကာမူ မုဖူရှန်းလက်အစုံကို ဖြန့်လိုက်သည်။
"ဘာပဲဆိုဆို ဝိဉာဉ်ရှာဖွေမှုအပြီးမှာ မင်းတို့ဝိဉာဉ်တွေက ထိခိုက်သွားမှာပဲလေ၊ တစ်ဘက်ကလည်း မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အလမ်းမပေးနိုင်ချေက ပိုကြီးမားတယ်မလား"
မုဖူရှန်း၏မေးခွန်းကို ကြားရသောအခါ ကျန်းချင်းလန်နှင့် စုန့်ရှောင်တို့ အဓိပ္ပာယ်ရှိသလို ခံစားရသော်လည်း သူတို့စိတ်မသက်မသာဖြစ်နေသေးသည်။
ငါတို့ ကောင်းကင်ဘုံတာအိုကျမ်းသစ္စာကျိန်ဆိုပြီးပြီလေ!
ဒီလောက်ထိသွားဖို့လိုလို့လား!
မုဇီရှင်းတစ်ခုခုပြောချင်သော်လည်း ယဲ့ချိုးပိုင် သူမအားနောက်ပြန်ဆွဲယူရင်း ခေါင်းခါယမ်းပြသည်။
မုဖူရှန်း သူ့အပေါ် ကျန်းချင်းလန်နှင့် စုန့်ရှောင်တို့၏ မကျေနပ်မှုများအပေါ် ဂရုမစိုက်ပါ။
သူ သူ့လုံခြုံမှုနှင့်အတူ သူ့စီနီယာအစ်ကိုအစ်မများ၊ ဂျူနီယာများကိုသာ ဂရုစိုက်သည်။
တခြားသူတွေအတွက်လား၊ ငါနဲ့ဘာဆိုင်လို့လဲ!
သူအန္တရာယ်ကင်းသည့် အခြေအနေကို ရောက်နိုင်သရွေ့ မုဖူရှန်း တခြားသူများ သူ့အပေါ်တွေးထင်နေတာကို ဂရုစိုက်မည်မဟုတ်။
အရာအားလုံးက လုံခြုံမှုအတွက်သာ။
"ကောင်းပြီ၊ ပိုသီးခြားကျတဲ့နေရာတစ်ခုကို ရှာကြရအောင်" မုဖူရှန်း ပတ်၀န်းကျင်ကို ကြည့်လိုက်၏။
"ဒီနေရာက ကြီးကြပ်ရေးဗိမာန်ရဲ့ စောင့်ကြည့်တာကို ခံနေသလားဆိုတာ ဘယ်သူသိနိုင်မှာလဲ"
သူတို့ခေါင်းညိတ်ကြသည်။ သူတို့ဂူတစ်လုံးကို ရှာတွေ့ပြီး များမကြာမီမှာပင် လျိုကျိယု၏ပုံရိပ်က သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
အပိုင်း(1114) coming။