#နတ်ဘုရားသတ်လှံ#
Vol. 79 Ch. 1115
"သူတစ်ယောက်တည်းလုပ်နိုင်မှာလား" စုန့်ရှောင် လုံး၀သီးသန့်ဖြစ်နေသည့် အတားအဆီးကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးသည်။
ကျန်းချင်းလန် နှာခေါင်းရှုံ့သည်။
"သူတစ်ယောက်တည်းလုပ်နိုင်မှာတဲ့လား" သူက ဂုဏ်ကျက်သရေရှိ နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လေ၊ သူဘယ်လိုလုပ် မလုပ်နိုင်မှာတုန်း!
သို့စေကာမူ ကျန်းချင်းလန် အသံထွက်ပြီး မပြောခဲ့ပေ။ မုဖူရှန်းဒါကို တစ်ယောက်တည်းကိုင်တွယ်ရန် အကြံပြုပြီး အတွင်းပိုင်းကို သီးသန့်ဖယ်ပစ်လေရာ သူတို့အထဲကို မမြင်နိုင်ကြပါ။
ဒီမြင်ကွင်းကို မြင်မည့်အရေးကနေ ဖြတ်သွားသောသူများထံမှ တားဆီးထားသည့်အပြင် သူတို့စုန့်ရှောင်ကိုလည်း သတိထားနေဆဲပင်။
သို့စေကာမူ ဒီတိုက်ပွဲအပြီးတွင် မုဖူရှန်း ဘယ်လောက်ထိ အစွမ်းထက်မလဲဆိုတာ စုန့်ရှောင်းခံစားမိမည်သာ။
....
သို့သော် မုဖူရှန်း၏နည်းလမ်းများကို သူမမြင်ခဲ့သဖြင့် မုဖူရှန်းဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကို မခန့်မှန်းနိုင်ပေ။
ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများ အေးဆေးတည်ငြိမ်နေကြပြီး အတားအဆီးကို လှည့်ပင်မကြည့်ကြ။
သူတို့လုံး၀ဂရုမစိုက်သည့်အသွင်။
ဒါက စုန့်ရှောင်ကို အံ့ဩသင့်စေသည်။
သူတို့ မုဖူရှန်းကို ဒီလောက်ထိ ယုံကြည်တာလား!
ဒီလိုဆိုမှတော့ စုန့်ရှောင်ပခုံးတွန့်ကာ လျစ်လျူရှုထားလိုက်သည်။ သို့သော် သူအနည်းငယ်သိချင်နေမိသည်။ မုဖူရှန်းကဲ့သို့ အလွန်အမင်းသတိထားတတ်သူတစ်ယောက်ကို လူနှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ရဲအောင် လုပ်နိုင်ရန်အတွက် ဘယ်အဆင့်ကို ရောက်နေရန် လိုအပ်မည်နည်း။
တစ်ဖက်လူကလည်း အသေးစားမဟုတ်ပါ။ သူတို့က နတ်သခင်အဆင့်ဂိုဏ်းများမှ ပါရမီရှင်များဖြစ်ကြသည်။
ယခင်တိုက်ပွဲတွင် တစ်ဘက်လူက သူ့၏ နောက်ဆုံးဝှက်ဖဲကို မသုံးခဲ့ဘူးဟု စုန့်ရှောင်တွင် ယုံကြည်ရန် အကြောင်းပြချက်ရှိသည်။
အနည်းဆုံးတော့ ရှန်းချောင်ယွမ်နှင့် တိုက်ပွဲအတွင်း ဒါစုန့်ရှောင်တွေးသည့်အရာဖြစ်သည်။
....
အတားအဆီးထဲတွင် ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့ အတားအဆီးကို ကြည့်ရဆိုးသည့်အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။
အတားအဆီးအတွင်း၌ တောက်ပနေသည့် အဆောင်များရှိသည်။ ဒီအဆောင်များက အော်ရာနှင့်အတူ တစ်ခုကိုတစ်ခုဆက်သွယ်ကာ ဒီအတားအဆီးကို ဖန်တီးပေးသည်။
"မင်းနှစ်ယောက်တစ်ယောက် တိုက်ခိုက်ချင်တာလား" ရှန်းချောင်ယွမ် မျက်ခုံးပင့်ကာ လက်ထဲက လှံကို တင်းတင်းဆုပ်ကိုင်လျက် တိုးတိုးလေးပြောသည်။
"ကြည့်ရတာ မင်းငါတို့ကို ဒီနေရာမှာ ထာ၀ရထားရစ်ချင်နေပုံပဲ"
"မသိသာနေလို့လား" မုဖူရှန်းမေးသည်။
ပိုင်ကောင်းကျွင်း ဗိုက်ကိုကိုင်ပြီး ရယ်မောလေတော့သည်။ ဒီမိန်းမဆန်လှသည့် အခြောက်ရယ်သံက မုဖူရှန်းကို အတော်လေး စိတ်မသက်မသာဖြစ်စေသည်။
"မင်းနည်းနည်းမောက်မာလွန်းမနေဘူးလား၊ ငါတို့ခွန်အားကို မင်းမြင်ခဲ့မှာပါ၊ နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတောင် ငါတို့ကို တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူး" ပိုင်ကောင်းကျွင်း မုဖူရှန်းအား မြွေကဲ့သို့ မျက်လုံးများနှင့် စိုက်ကြည့်ပြီး ရက်စက်စွာပြောသည်။
"မင်းတစ်ယောက်တည်းက ဘာလုပ်နိုင်မှာလဲ"
"မင်းနတ်သခင်တစ်ယောက်မဟုတ်သရွေ့ ဘာမှမလုပ်နိုင်ဘူး"
ဒါကိုကြားသောအခါ ရှန်းချောင်ယွမ်ကလည်း ရယ်မောသည်။
မုဖူရှန်းပြုံးနေသည်။
"မင်းဘာကိုရယ်နေတာလဲ" ပိုင်ကောင်းကျွင်း မည်းမှောင်သည့်အမူအရာဖြင့် မေးသည်။
မုဖူရှန်းပြုံးရင်း လက်ကိုဖွင့်လိုက်၏။ လျှပ်စီးစွမ်းအားအမျှင်စများက သူ့လက်ဖဝါးပေါ်၌ စတင်ပေါ်လာသည်။
ဒီလျှပ်စီးစွမ်းအားက မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရားဆီကနေ ရခဲ့ခြင်းဖြစ်သည်။
လျှပ်စီးစွမ်းအား တဖြည်းဖြည်းထိုးတက်လာသောအခါ သိမ်မွေ့သည့် လျှပ်စစ်စီးကြောင်းများက မုဖူရှန်းကိုယ်တစ်ဝိုက်၌ ရစ်ပတ်နေသည်။ ပိုင်ကောင်းကျွင်းနှင့် ရှန်ချောင်ယွမ်တို့၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် သူ့အော်ရာက တဖြည်းဖြည်းမြှင့်တက်လာခဲ့သည်။
"မင်းရဲ့၀မ်းတွင်းအသိက အတော်လေးကို တိကျတာပဲ"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မိုးကြိုးသံက အတားအဆီးထဲတွင် မိုးကြိုးပစ်သည့်အလား ပေါက်ကွဲသွား၏။
သူတို့သုံးယောက်အထက်က လေထဲတွင် တိမ်မည်းအလွှာများ ပေါ်လာပြီး မိုးကြိုးပစ်နေကာ လျှပ်စီးနဂါးများ ကခုန်နေကြသည်။
ဘန်း.....!
လျှပ်စီးအလင်းတန်းများ ကျဆင်းလာပြီး လမ်းတစ်လျှောက်က လေဟာနယ်ကို ဘာမှမရှိသည့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
မိုးကြိုးနတ်ဘုရားတစ်ပါးနှင့် တူနေပြီး လျှပ်စီးနှင့် လျှပ်စစ်တို့၏ ၀န်းရံခြင်းကို ခံနေရသည့် မုဖူရှန်းအား ကြည့်ရင်း ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့၏ မျက်လုံးများက ပြူးကျယ်လာပြီး သူတို့၏ မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။ သူတို့ပါးစပ်များက မယုံနိုင်သည့်အသွင် ပွင့်ဟနေသည်။
သူတို့ကိုယ်များက ကြောက်စရာကောင်းသည့် အရာတစ်ခုခုကို ကြားလိုက်ရသည့်အလား အနည်းငယ် တုန်ယင်နေသည်။
"ဒီ.... ဒီအော်ရာက...." ပိုင်ကောင်းကျွင်း မုဖူရှန်းကို လက်ညိုးထိုးရင်း ချောမွေ့စွာ စကားမပြောနိုင်ဖြစ်နေသည်။
ရှန်းချောင်ယွမ်၏ အမူအရာကလည်း အလွန်အမင်း ကြည့်ရဆိုးနေသည်။
"ဒီဖိအားက.... နတ်သခင်နယ်ပယ်.... ဒီအသက်အရွယ်နဲ့ မင်းက နတ်သခင်နယ်ပယ်ကို ရောက်နေပြီလား၊ မင်းဘယ်သူလဲ"
မည်သည့်နတ်သခင်အဆင့်ဂိုဏ်းတွင်မှ မုဖူရှန်းကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုမျိုးမရှိတာကို သူပြောရဲသည်။
မုဖူရှန်းပြုံးသည်။
"ငါ့စရိုက်အရပြောရရင် ငါ့ခွန်အားကို ငါထုတ်ဖော်လိုက်တာနဲ့ မင်းတို့ကို ချက်ချင်း ရှင်းထုတ်ပစ်မှာပဲ"
"ဒါပေမယ့် မင်းတို့ကကံကောင်းတယ်"
ရှန်းချောင်ယွမ်မေးသည်။
"မင်းဘာမေးချင်တာလဲ"
"ဉာဏ်ကောင်းတဲ့လူပဲ" မုဖူရှန်း ရှန်းချောင်ယွမ်ကို အသိအမှတ်ပြုသည့်အသွင် ကြည့်လိုက်၏။
ရှန်းချောင်ယွမ် အကူအညီမဲ့စွာပြုံးသည်။
"နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ရှေ့မှာ ခုခံနေစရာမလိုဘူးလေ၊ ဒီတော့ မင်းမေးချင်တာကိုသာမေးပါ"
မုဖူရှန်းတိုက်ရိုက်သာမေးသည်။
"ဘာလို့ ငါ့ရဲ့စီနီယာအစ်ကိုရှောင်ဟိုင်ကို မင်းတို့ဖမ်းချင်ရတာလဲ"
ပိုင်ကောင်းကျွင်းအမူအရာက ကြည့်ရဆိုးသွားသော်လည်း တိတ်ဆိတ်နေခဲ့သည်။
ရှန်းချောင်ယွမ် သက်ပြင်းချသည်။
"သေတ္တာတစ်လုံးကို ဖွင့်ဖို့အတွက်ပါ"
ပိုင်ကောင်းကျွင်း၏အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။
"ရှန်းချောင်ယွမ်၊ မင်းဂိုဏ်းကို သစ္စာဖောက်တော့မှာလား"
မုဖူရှန်းလက်ညိုးထိုးလိုက်စဉ် ချက်ချင်းဆိုသလို လျှပ်စီးကြောင်းတစ်ခုက ထက်ရှသည့်ဓားသွားအဖြစ်ပြောင်းကာ အရာအားလုံးကို ဖြတ်တောက်ရင်း ပိုင်ကောင်းကျွင်း၏ ညာလက်ကို ပိုင်းဖြတ်ပစ်သည်။
သူ့ညာလက်က ချက်ချင်းပြုတ်ကျသွားသည်။
"မင်းနောက်တစ်ခါ ကြားဖြတ်ရဲမယ်ဆိုရင် ငါမင်းဝိဉာဉ်ကို ဖျက်ဆီးပစ်မယ်"
ပိုင်ကောင်းကျွင်း လက်မောင်းကိုဖုံးရင်း မုဖူရှန်း၏ အေးစက်သောအကြည့်နှင့်ဆုံရရန် မော့ကြည့်လိုက်စဉ် တုန်ယင်သွား၏။ သူ့ဝိဉာဉ်က လာသည့် ကြောက်စိတ်တစ်ခုက အလိုလိုထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ရှန်းချောင်ယွမ်၏ အမူအရာက အေးခဲသွား၏။ သူ့လက်ထဲက စာလိပ်တစ်ခုက ပစ်ချခံရသည်။
စာလိပ်ပွင့်သွားသည်နှင့်တစ်ပြိုင်နက် နတ်လှံတစ်စင်း အမှန်တကယ်ပင် ထိုးထွက်လာခဲ့သည်။
နတ်လှံပေါ်၌ ဖျက်ဆီးခြင်းအော်ရာအမျှင်စများရှိသည်။ ရွှေသံကြိုးများက လှံလက်ကိုင်ကို ရစ်ပတ်ထားပြီး လှံထိပ်တွင် လှပသည့် အဆင်တန်ဆာများရှိသည်။
နတ်လှံက လေဟာနယ်ကို ဖြတ်သန်းသွားသောအခါ ပတ်၀န်းကျင်လေဟာနယ်က နိယာမစွမ်းအားက ဒီတဒင်္ဂ၌ ခြောက်သွေ့သည်အထိ စုပ်ယူခံလိုက်ရသည်။
လျှပ်စီးစွမ်းအားက နတ်လှံကို ထိမိသောအခါ တိုက်ရိုက်ဖျက်ဆီးခံရသည်။
ရှန်းချောင်ယွမ်ရယ်မောသည်။
"ဟားဟားဟား၊ မုဖူရှန်း၊ အိုး၊ မုဖူရှန်း၊ ငါမင်းကို ဒီကိစ္စကိုပြောပြပြီး ဂိုဏ်းကို သစ္စာဖောက်မယ်လို့ မင်းတကယ်ထင်နေတာလား"
"ငါအရင်ကတည်းက ပြောဖူးပါတယ်၊ ငါတို့နတ်သခင်အဆင့်ဂိုဏ်းကို မင်းလျှော့တွက်နေတာပဲ"
ရှန်းချောင်ယွမ်၏ အရင်၀န်ခံချက်က စာလိပ်ကို ထုတ်ရန် အချိန်ဆွဲဖို့သက်သက်သာ။
သူလိမ်နေခြင်းမဟုတ်ပါ။ သူသာလိမ်နေပါက သတိထားမိရန်ဟူသည် လွယ်ကူသည်။
ပိုင်ကောင်းကျွင်း အလွန်ပျော်သွားသည်။
"ဆရာဟွမ် မင်းကို နတ်ဘုရားသတ်လှံကို ပေးခဲ့တာလား"
ရှန်းချောင်ယွမ်နှာခေါင်းရှုံ့သည်။
"ဒါကနတ်ဘုရားသတ်လှံရဲ့ ပုံတူတစ်ခုသာဆိုပေမယ့် နတ်သထင်အစောပိုင်းအဆင့်တစ်ယောက်ကို သတ်ဖို့တော့ လုံလောက်ပါတယ်"
ဒါက ပုံတူတစ်ခုသာဖြစ်သည့်တိုင် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းက မရေမတွက်နိုင်လောက်သော အရင်းအမြစ်များ သုံးကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဒီတစ်ကြိမ်တွင် ဘာမှမဖြစ်စေရန်အတွက် သေချာသွားစေရန် သူထုတ်လိုက်ခြင်းပင်။
ဒါကိုမြင်သော် မုဖူရှန်းပြုံးနေသည်။
"မင်းကို၀န်ခံခိုင်းဖို့အတွက် ငါပုံမှန်နည်းလမ်းတွေကို သုံးဖို့မရည်ရွယ်ခဲ့ပါဘူး" မုဖူရှန်းလက်ဖဝါးပေါ်၌ ထက်မြက်သည့် ကျောက်တိုင်ရှစ်တိုင်ပေါ်လာသည်။
"မင်းတို့မှာ ဝှက်ဖဲတွေရှိသေးသလားဆိုတာ ငါသိချင်ရုံပါပဲ"
ရှန်းချောင်ယွမ် အနည်းငယ်မျက်မှောင်ကြုတ်သည်။
"မင်းကကြွားဝါနေတာပဲ၊ နတ်ဘုရားသတ်လှံအောက်မှာ မင်းဘယ်လိုအသက်ရှင် ကျန်ရစ်နိုင်မှာလဲ"
မုဖူရှန်းနှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွား၏။
"လူတစ်ယောက်က လုံး၀စိတ်ပျက်အားငယ်နေတဲ့အချိန်မှ စစ်ဆေးခံရဖို့ ပိုသင့်တော်တယ်၊ တစ်ချိန်တည်းမှာပဲ သူတို့က လိမ်ညာရာမှာ အနည်းဆုံးတော်တဲ့အချိန်ဆိုလည်း မမှားဘူး"
"မင်းတို့ကို လုံး၀စိတ်ပျက်အားငယ်သွားအောင် လုပ်ဖို့အကောင်းဆုံးနည်းလမ်းက မင်းတို့ရဲ့ဝှက်ဖဲအားလုံးကို သုံးပြီး ငါပိတ်ဆို့တာကို ခံလိုက်ရတဲ့အချိန်ပဲ"
ဒီနေရာတွင် မုဖူရှန်း၏မျက်လုံးများက နက်ရှိုင်းသွားပြီး မျက်နှာပေါ်၌ ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ရှိနေသည်။
"ဒါကနောက်ပိုင်းစစ်ဆေးမှုအတွက် ပြင်ဆင်ဖို့လည်းဖြစ်တယ်"
အပိုင်း(1116) coming။