#မိုးကြိုးအကျဉ်းထောင် တောင်ထိပ်ရှစ်လုံး#
Vol. 79 Ch. 1116
မုဖူရှန်း မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပျက်လာမှာကို ခွင့်ပြုမည်မဟုတ်။
နတ်သခင်အဆင့်ဂိုဏ်းမှ ပါရမီရှင်များအဖြစ် သူတို့ကရည်ရွယ်ချက်တစ်ခုနှင့် လာကြခြင်းပင်။
ထို့ကြောင့် မုဖူရှန်းသာဆိုပါကလည်း တစ်ချို့ မသိသာသည့် ဝှက်ဖဲကောင်းတစ်ချို့ကို သေချာပေါက် ယူလာမည်ဖြစ်သည်။
စုန့်ရှောင်အဆိုအရ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက ဒီရှေးဟောင်းစစ်မြေပြင်ထဲတွင် ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်ကို ပုံဖော်ရန်အတွက် အင်အားစုများ ပူးပေါင်းရန် စီစဉ်ထားခဲ့ကြသည်။
တစ်ဘက်က နတ်သခင်အဆင့်ဂိုဏ်း၏ အခြေခံအုတ်မြစ်အရ နတ်သခင်အဆင့်ကျွမ်းကျင်သူများကို ခုခံရင်ဆိုင်ရန်အတွက် သူတို့အနည်းဆုံးတော့ ဝှက်ဖဲတစ်ခုကို ထုတ်လာကြမည်သာ။
ပိုအားကောင်းသည့် အရာတစ်ခုခုကို ထုတ်လာရန်အတွက်မူ သူတို့ခွန်အားနှင့် ထိန်းချုပ်နိုင်ကြမည်မဟုတ်။
ကြည့်ရသည်မှာ မုဖူရှန်း၏ခန့်မှန်းချက်က အတော်လေးကို မှန်ပုံပင်။
ဟင်းလင်းပြင်ကို ဖြတ်တောက်သွားသည့် နတ်ဘုရားသတ်လှံကို မြင်ရသောအခါ မုဖူရှန်းပြုံးသည်။
"ပြည့်စုံတယ်၊ စီနီယာ ငါ့ကိုပေးခဲ့တဲ့ မိုးကြိုးအကျဉ်းတောင် တောင်ထိပ်ရှစ်လုံးကို စမ်းသပ်ကြည့်ကြတာပေါ့...."
ထို့နောက် မုဖူရှန်း အနည်းငယ် လက်မြှောက်လိုက်၏။ သူ့လက်ဖဝါးပေါ်က ထက်ရှသည့်ကျောက်တိုင်ရှစ်တိုင်က ကောင်းကင်ပေါ် ထိုးတက်သွားပြီး တိမ်မည်းများကြားတွင် ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် မုဖူရှန်းကို ၀န်းရံနေသည့် လျှပ်စီးစွမ်းအားကလည်း ပြောင်းလဲသွားသည်။
ရှေးဟောင်းအော်ရာနှင့် မိုးကြိုးစင်းများ ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်မိုးကြိုးငါးခု!
ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့ ဒီမိုးကြိုးစွမ်းအားကို ခံစားမိသောအခါ ထိတ်လန့်သွားကြ၏။
မုဖူရှန်း အရင်က ထိန်ချန်ထားခဲ့လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
"တိုက်ခိုက်တော့၊ သူ့ကိုမြန်မြန်သတ်ပစ်" ပိုင်ကောင်းကျွင်း အပြင်းအထန် အော်ဟစ်သည်။
အကယ်၍ မုဖူရှန်းသာပြင်ဆင်ထားပါက နတ်ဘုရားသတ်လှံ မုဖူရှန်းကို မသတ်နိုင်မှာကို သူကြောက်နေမိသည်။
ထိုအချိန်က သူတို့၏သေခြင်းတရား ဆိုက်ကပ်လာသည့်အချိန် ဖြစ်သွားပေလိမ့်မည်။
ရှန်းချောင်ယွမ်တွင်လည်း အလားတူ အတွေးရှိသည်။ ဒေါသတကြီးဟိန်းရင်း သူလက်ဖဝါးကို ရှေ့သို့တွန်းလိုက်၏။
နတ်ဘုရားသတ်လှံက သူ့အလိုလိုစတင်လည်လာသည်။ ရွှေရောင်အလင်းကွင်းများက နတ်ဘုရားသတ်လှံကို ရစ်ပတ်ထားသည်။ ဒါက နတ်ဘုရားသတ်ချီဖြစ်သည်။
ထို့နောက် လေထုကိုဆုတ်ဖြဲကာ မုဖူရှန်းထံ ထိုးဖောက်လာသည်။
လေဟာနယ်က ပြိုကွဲသွားပြီး လေပြင်းကို အတားအဆီးကို ဖြတ်သန်းသွား၏။
ဒီလှံက ကမ္ဘာကိုဖျက်ဆီးပြီး နတ်ဘုရားများကိုပင် သတ်ပစ်နိုင်ပုံရသည်။
၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် သဲနှင့်လေများတိုက်ခတ်ပြီး မြေက မုန်တိုင်းနှင့်အတူ လွင့်မြောသွား၏။
မုဖူရှန်း ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။
လက်ရှိအဆင့်မြင့်ကြယ်နယ်မြေအပြင် သေမျိုးကမ္ဘာတစ်ခုလုံးတွင် ထိပ်တန်းဂိုဏ်းများက တစ်ဂိုဏ်းအဖြစ် လူသိများသည့်အပေါ် သူတို့ထုတ်ယူလာသည့် အရာများက တကယ်ကိုထူးခြားသည်။
ဒီနတ်ဘုရားသတ်လှံက မုဖူရှန်းကို တကယ်ပင် ဖိနှိပ်မှုကို ခံစားရစေသည်။
နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ မုဖူရှန်း လက်ဖဝါးကို မြှောက်လိုက်စဉ် ရှေးဟောင်းနတ်မိုးကြိုးစင်းငါးခုက တိမ်မည်းများထဲသို့ လျှပ်စီးနဂါးငါးကောင်ပမာ ပြေး၀င်သွားသည်။
တိမ်မည်းများအနက်တွင် ငါးရောင်စုံလျှပ်စီးက ရုတ်တရင် စတင်လင်း၀င်းလာသည်။
တိမ်မည်းများအောက်တွင်မူ ချွန်ထက်နေသည့် တောင်ကြီးရှစ်လုံးက တိမ်များကို ထိုးဖောက်သွား၏။
မုဖူရှန်း၏အမူအရာက လေးနက်နေပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။
ချွန်ထက်သည့်တောင်ထိပ်ရှစ်လုံးက ဘန်းခနဲ မြည်သံနှင့်အတူကျဆင်းသည်။
ဧရာမတောင်ကြီးကျဆင်းလာသောအခါ လေဟာနယ်တစ်ခုလုံးက တုန်ခါသွားသည်။
အတားအဆီးအပြင်ဘက်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပင်လျှင် ပတ်၀န်းကျင်က လေဟာနယ် အရူးအမူးတုန်ခါနေတာကို ရှင်းလင်းစွာ ခံစားနိုင်သည်။
တစ်ချိန်တည်းမှညပင် သေးငယ်သည့် လျှပ်စစ်စီးကြောင်းများက အာကာသထဲတွင် ထူထပ်စွာ ပျံ့နှံ့နေသည်။
စုန့်ရှောင်နှင့် ကျန်းချင်းလန်တို့ ထိတ်လန့်သွားကြသည်။
ဘာတွေဖြစ်ပျက်နေတာလဲ၊ ဘာလို့ဒီလောက် ဆူပူအုံကြွမှုတစ်ခုရှိနေရတာလဲ!
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာ ကြည့်နေမိကြသည်။
ယေဘုယျအားဖြင့်ဆိုရပါက မုဖူရှန်း အတားအဆီးတစ်ခုကို တည်ဆောက်ပါက အတားအဆီး၏ သီးသန့်တည်ရှိမှုစွမ်းအားက အထဲကအော်ရာကို အပြင်ဘက်သို့ သေချာပေါက် ထုတ်လွှတ်မည်မဟုတ်။
သို့သော်ယခုတွင်မူ.....!
ကြည့်ရသည်မှာ မုဖူရှန်း နောက်ထပ်ဝှက်ဖဲတစ်ခုကို ပြသလိုက်ပုံရသည်။
အတားအဆီးအတွင်းတွင် ချွန်ထက်သည့် တောင်ထိပ်ရှစ်လုံးက အာကာသကို ချေမှုန်းကာ ကျဆင်းလာပြီး နတ်ဘုရားသတ်လှံကို လုံး၀လွှမ်းခြုံပစ်သည်။
ပိုင်ကောင်းကျွင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဒါကမတော်တဆတော့ မဟုတ်ဘူးမလား"
ဒီမိုးကြိုးအကျဉ်းတောင် တောင်ထိပ်ရှစ်လုံးက ရိုးရှင်းပုံမပေါ်ပေ။
ရှန်းချောင်ယွမ်၏ အမူအရာကလည်း အနည်းငယ် အံ့ဩသင့်သွားသော်လည်း နတ်ဘုရားသတ်လှံကို မြင်သောအခါ သူတည်ငြိမ်စွာ ပြောသည်။
"မဖြစ်နိုင်ဘူး၊ နတ်ဘုရားသတ်လှံကို ထုတ်တောင်ထုတ်ပြီးပြီ၊ ဒီအသေးအမွှားတောင်ထိပ်ရှစ်လုံးက ဒါကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားသတ်လှံက ချွန်ထက်သည့်တောင်ထိပ်များအနက် တစ်ခုအား ဘန်းခနဲ့ မြည်သံနှင့်အတူ ထိုးဖောက်ပစ်သည်။
ဂျုန်း......!
အထဲကနေ ကျယ်လောင်သည့်အသံတစ်သံ ထွက်လာသည်။
နတ်ဘုရားသတ်စွမ်းအင်နှင့် လျှပ်စီးစွမ်းအားတို့က အရူးအမူးပျံ့နှံ့နေသည်။
ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။ နောက်ဆက်တွဲလှိုင်းကြောင့် ထိခိုက်ဒဏ်ရာမရစေရန်အတွက် သူတို့ချက်ချင်းနောက်ဆုတ်သွားကြ၏။
အတိုင်းအတာတစ်ခုအထိ ဒါကို နတ်သခင်များအကြားက ထိပ်တိုက်တွေ့ဆုံမှုတစ်ခုဟု ယူဆ၍ရသည်။
သို့စေကာမူ သူတို့ကို ထိတ်လန့်စေတာက နတ်ဘုရားသတ်လှံက ချွန်ထက်သည့်တောင်ထိပ်ကို ထိုးဖောက်သွားသော်လည်း လုံး၀မရွေ့လျားခြင်းပင်။
ဒါက လှုပ်ခတ်၍မရနိုင်သည့် မြင့်မားသော တောင်တစ်တောင်အလား ထင်ရသည်။
ထိုတောင်မလှုပ်ရှားသည်ကိုမဆိုထားနဲ့၊ ကျောက်တုံးလေးတစ်တုံပင်လျှင် မကျလာခဲ့ပေ။
မုဖူရှန်း ဒါကိုမြင်သောအခါ အတော်လေးကျေနပ်အံ့ဩသင့်သွားရသည်။
မိုးကြိုးအကျဉ်းထောင် တောင်ထပ်ရှစ်လုံးက မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား အမှတ်မထင်ရရှိခဲ့သည့် မှော်ရတနာတစ်ခုပင်။ မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား၏ အဆက်မပြတ် လျှပ်စီးများ သွန်းထည့်မှုအောက်တွင် တောင်ထိပ်က ပို၍ပင် ခိုင်မာလာသည်။
တစ်နည်းအားဖြင့် ဆိုရပါက မုဖူရှန်း ဒါကို တိုက်ခိုက်ရန်အတွက် မသုံးခဲ့လျှင်ပင် ကာကွယ်ရေးနတ်လက်နက်အဖြစ် ဒါက အတော်လေး ထိရောက်ပေလိမ့်မည်။
ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏မျက်နှာများက ပို၍ပင် ဖြူရော်သွားကြ၏။
နတ်ဘုရားလှံကတောင် အသုံးမ၀င်ဘူးလား!
ဒီအခိုက်အတန့်မှာပင် မုဖူရှန်း ရုတ်တရက် လက်ဖဝါးနှစ်ခုစလုံးကို အတူတကွ ဖိချရင်း ရေရွတ်သည်။
"ဘက်ပေါင်းစုံကမိုးကြိုး၊ မိုးကြိုးအကျဉ်းထောင် ဆင်းသက်ခြင်း"
ရှေးဟောင်းနတ်မိုးကြိုးငါးခုက တောင်ငါးလုံးပေါ်၌ ထိုးထွက်လာသည်။
ရုတ်ချည်းဆိုသလို တောင်ငါးလုံးက နတ်ဘုရားသတ်လှံစီသို့ စတင်ဖိသိပ်ပစ်သည်။
တောင်ငါးလုံးက ပိတ်ထားသည့်လက်ဖဝါးများပမာ နတ်ဘုရားသတ်လှံကို လက်ထဲတွင် ကိုင်ထားသည်။ ထို့နောက် ချေမွပစ်လေရာ နတ်ဘုရားသတ်လှံ၏အော်ရာက ဖျက်ဆီးခံရသည်။
ဒါကိုမြင်သော် ပိုင်ကောင်းကျွင်းအော်ဟစ်သည်။
"ပြီးသွားပြီ၊ လုံး၀ပြီးသွားပြီ"
ရှန်းချောင်ယွမ်က ပို၍ပင်ထက်မြက်သည်။ သူအံကြိတ်ရင်း သူ့မျက်လုံးများက ရက်စက်သွား၏။ သူ့ဒန်တျန်ထဲတွင် ဧရာမအော်ရာတစ်ခု စတင်ဖောင်းပွလာသည်။
ဒါကကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်းဖြစ်သည်။
သူတို့သာ မုဖူရှန်းလက်ထဲ ကျသွားပါက သူတို့ပါးစပ်များကို ပွင့်လာစေရန်အတွက် ကလော်ရန် ရက်စက်သည့် စစ်မေးနည်းမျိုးစုံကို သေချာပေါက် သုံးလိမ့်မယ်ဆိုတာ သူသိပါသည်။
ယင်းအစား ကိုယ့်ကိုကိုယ်ဖျက်ဆီးပစ်တာက ပိုကောင်းသည်။
ဒီနည်းနှင့် သူ့ဝိဉာဉ်တွင် လွတ်မြောက်ရန် အခွင့်အရေးတစ်ခုရှိလာပေလိမ့်မည်။ ထိုအချိန်တွင် သူ့တွင် ကိုယ်ခန္ဓာပြန်လည် တည်ဆောက်ရန်အတွက် အခွင့်အရေးတစ်ခု ရှိနေဦးမည်သာ။
သို့သော် မုဖူရှန်းဒါကို ဘယ်လိုလုပ် မတွေးမိဘဲနေမည်နည်း။
ရှန်းချောင်ယွမ်ကိုယ်ထဲက အော်ရာက စတင်အဓိကရုဏ်းဖြစ်လာသည့် အခိုက်အတန့်၌ မုဖူရှန်း၏ပုံရိပ်က လင်း၀င်းသွားပြီး လျှပ်စီးကြောင်းတစ်ခု အဖြစ်ပြောင်းသွားကာ ရှန်းချောင်ယွမ်ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့သည်။
ထို့နောက် လျှပ်စီးစွမ်းအားနှင့် လက်ချောင်းက ရှန်းချောင်ယွမ်၏ဒန်တျန်ကို ညွှတ်ပြလိုက်သည်။
ရှန်းချောင်ယွမ် ပါးစပ်ပြူးကျယ်စွာဟရင်း ပြုံးနေသည့် မုဖူရှန်းကို စိုက်ကြည့်နေသည်။
သူ့ဒန်တျန်ထဲတွင် သူ့၀န်းကျင်၌ လျှပ်စီးသံကြိုးများ ရစ်ပတ်ထားသည့်ပမာ သူခံစားနေရသည်။
မူလက ကြမ်းတမ်းလာသည့်အော်ရာကလည်း ဒီတဒင်္ဂ၌ ဖိနှိပ်ခံရသည်။
ရှန်းချောင်ယွမ်၏ မျက်လုံးထဲအောက်၌ မုဖူရှန်းပြုံးလိုက်သည်။
"ငါအရင်ကပြောခဲ့ပါတယ်၊ မင်းကို စစ်ဆေးမမေးမြန်းခင် စိတ်ပျက်အားငယ်မှု အခြေအနေထဲကို အရင်ဆုံးရောက်စေချင်တယ်"
"မင်းကိုငါဘယ်လိုလုပ် ကိုယ့်ကိုကိုယ်ဖျက်ဆီးခွင့် ပေးနိုင်မှာလဲ"
ဒီအချိန်တွင် ရှန်းချောင်ယွမ်၏မျက်လုံးများ၌ မုဖူရှန်း၏စူးရှသောအပြုံးက မကောင်းဆိုးဝါးအပြုံးအလားပင်။
တခြားတစ်ဘက်တွင် ပိုင်ကောင်းကျွင်း ပရမ်းပတာဖြစ်မှုကနေ ထွက်ပြေးချင်သော်လည်း မုဖူရှန်း၏ မြေပေါ်သို့ ရိုက်နှက်ခြင်းကို ခံရသည်။
သူတို့နှစ်ယောက်ကို အတူတကွထားလိုက်ပြီး မုဖူရှန်း လျှပ်စီးကြိုးများနှင့်အတူ ချည်နှောင်လိုက်သည်။
ဒီအချိန်မှညပင် မုဖူရှန်း ခေါင်းငုံ့ရင်း မျက်လုံးများ၌ ဆန္ဒမရှိမှုနှင့် ကြောက်စိတ်ရေးရေးရှိနေသည့် သူတို့နှစ်ယောက်ကို ကြည့်ရင်း ပြုံးလိုက်၏။
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါဒီအကြံဉာဏ်ကို စိတ်ထဲမှာ အကြိမ်များစွာ တွေးမိဖူးတယ်"
"ဒါပေမယ့် လုံခြုံရမယ့်အကြောင်းရင်းတစ်ချို့ကြောင့် သဘောမပေါက်နိုင်ခဲ့ဘူး၊ အခုမင်းတို့ငါ့ကို နားလည်သဘောပေါက်ဖို့ ကူညီပေးလိုက်ပြီဆိုတော့ မင်းတို့ကို ကျေးဇူးတင်ရမှာပေါ့"
ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့ ငိုယိုချင်နေကြသည်။
မင်းငါတို့ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ဘာလို့ငါတို့ကိုမလွတ်ပေးရတာလဲ ဒါမှမဟုတ် ငါတို့ကိုမြန်မြန်လေး မသတ်ပစ်ရတာလဲ!
အပိုင်း(1117) coming။