← Chapters

#အထူးစစ်မေးပွဲ၊ နတ်ဆိုးမုဖူရှန်း#

Vol. 79 Ch. 1117

#အထူးစစ်မေးပွဲ၊ နတ်ဆိုးမုဖူရှန်း#

Vol. 79 Ch. 1117

တကယ်တမ်းတွင် ဝိဉာဉ်ရှာဖွေခြင်းက အမြန်ဆုံးနှင့် အသက်သာဆုံးနည်းလမ်းပင်။ 

သို့စေကာမူ စီနီယာအစ်ကိုရှောင်ဟိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များက သူတို့ဂိုဏ်းများ၏ လျှို့ဝှက်ချက်ဖြစ်လေရာ သူတို့၏ဝိဉာဉ်များကို ပြုပြင်မွမ်းမံထားနိုင်ချေက မြင့်မားသည်။ 

ဥပမာအားဖြင့် ကျွမ်းကျင်သူတစ်ယောက် စိတ်ဝိဉာဉ်ရှာဖွေသရွေ့ သူတို့ဝိဉာဉ်က ချက်ချင်းပေါက်ကွဲသွားတာမျိုးဖြစ်သည်။ 

ယခုလိုလျှို့ဝှက်သတင်းအချက်များကို ဂိုဏ်းက တပည့်များအား ထုတ်ဖော်ပြောကြားမည်ဆိုပါက သူတို့ အကာအကွယ်တချို့ မပြင်ဆင်ထားဟုဆိုပါက မုဖူရှန်းယုံမည်မဟုတ်။ 

တခြားတစ်ဘက်က ဒါကို ဂရုမစိုက် သို့မဟုတ် မတွေးတောမိလျှင်ပင်ပြင်ဆင်ထားမည်သာ။ 

....

မုဖူရှန်းအလောင်းအစားမလုပ်နိုင်ပေ။ 

ထို့ကြောင့် သူအမိုက်မဲဆုံးနှင့် ဘေးအန္တရာယ်အကင်းဆုံးနည်းလမ်းကို ရွေးချယ်ခဲ့သည်။ 

အတားအဆီးထဲတွင် ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့ မုဖူရှန်းတစ်လှမ်းချင်း ချဉ်းကပ်လာနေတာကို ကြည့်နေသည်။ ဖုံးကွယ်မထားသည့် ပြတ်သားသောခြေလှမ်းများက သေမင်းနတ်ဘုရား၏ သေမင်းအဆောင်ပမာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။ 

ဒါကသူတို့နှစ်ယောက်ကို ပို၍ပင် ပူပန်သွားစေသည်။ 

ရုတ်တရက် မုဖူရှန်း ထူးဆန်းသော တိတ်ဆိတ်မှုကို ဖြိုခွဲကာ ပြုံးသည်။ 

"တကယ်တော့ ငါ့ရဲ့စစ်ဆေးတဲ့နည်းက အရမ်းရိုးရှင်းပါတယ်၊ မင်းတို့ဒါကို ကစားပွဲတစ်ခုအဖြစ် မှတ်ယူလို့ရတယ်"

"ငါအတိုချုပ်ရှင်းပြပေးမယ်"

ကစားပွဲတစ်ခုလို မှတ်ယူရမှာလား!

ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့မှာ နှလုံးသားထဲ၌ ညည်းညူမှုတစ်ထောင်ခန့် ရှိနေပြီး ထွေးထုတ်ပစ်ချင်နေသည်။ သို့သော် လက်ရှိအခြေအနေတွင် သူတို့အတွက် မုဖူရှန်းကို ဒေါသထွက်အောင် လုပ်တာက အမှန်တကယ် မသင့်တော်ပါ။ 

"ကစားပွဲရဲ့စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်" မုဖူရှန်း ထိုးထွက်နေသည့် ကျောက်တုံးတစ်တုံးကို ပွတ်သပ်ရင်း အပေါ်က ဖုန်များကို ဖယ်လိုက်ပြီးနောက် ထိုင်လိုက်သည်။ သူလက်နှစ်ဖက်ကို ဒူးပေါ်တင်ရင်း ကိုယ်ကို အနည်းငယ်ကိုင်းကာ သူတို့နှစ်ယောက်ကို အပြုံးဖြင့်ကြည့်ပြီး ရှင်းပြသည်။ 

"ဒီကစားပွဲမှာ ငါကစစ်မေးသူဖြစ်ပြီး မင်းတို့က ကစားပွဲမှာပါ၀င်ကြတဲ့ ကစားသမားတွေပဲ"

"ဒီဖြစ်စဉ်အတွင်း ငါမေးခွန်းအားလုံးကို တစ်ချိန်တည်းမှာမေးမယ်၊ မင်းတို့ထဲက တစ်ယောက်ယောက် အရင်ဆုံးဖြေဆိုမယ်ဆိုရင် ငါသူ့ကို မြန်ဆန်တဲ့ သေခြင်းတရားတစ်ခုပေးနိုင်တယ်"

"ဒါပေမယ့် မင်းတို့မဖြေဘူးဆိုရင်တော့ မင်းတို့နှစ်ယောက်စလုံးကို ငါတစ်ချိန်တည်းမှာ အပြစ်ပေးမယ်၊ နားလည်လား"

ဒါကိုကြားသော် ပိုင်ကောင်းကျွင်းရော ရှန်းချောင်ယွမ်ပါ အနည်းငယ် ကြက်သေသေသွားကြ၏။ 

ထို့နောက် ပိုင်ကောင်းကျွင်း နှာခေါင်းရှုံ့သည်။ 

"မင်းက လူတွေရဲ့နှလုံးသားနဲ့ အရမ်းရင်းနှီးပြီး ဆော့ကစားရာမှာ အရမ်းတော်တယ်လို့ ငါပြောရမယ်"

"ဒါပေမယ့် အခြေခံအကျဆုံး အပိုင်းကို မင်းမေ့သွားလောက်တယ်...." ပိုင်ကောင်းကျွင်း မုဖူရှန်းကို ရက်စက်စွာကြည့်ရင်း ပြုံးသည်။ 

"ငါတို့က နတ်သခင်အဆင့်ဂိုဏ်းတွေက ပါရမီရှင်တွေပဲ၊ သာမန်လူတွေမဟုတ်ဘူး၊ ငါတို့ခံစားခဲ့ရတဲ့ နာကျင်မှုကို မင်းစိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး"

ဒါကိုကြားသော် မုဖူရှန်းပို၍ကျယ်လောင်စွာ ရယ်မောလေတော့သည်။ 

"ဟားဟားဟား"

ရှန်းချောင်ယွမ််မျက်မှောင်ကြုတ်သည်။ 

"မင်းအခုဘာအတွက် ရယ်နေတာလဲ"

မုဖူရှန်း မျက်နှာကိုတစ်ချက်ပွတ်သပ်ရင်း ပင့်သက်ရှိုက်လိုက်သည်။ 

"မင်းတို့ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်မလဲဆိုတာ ငါတကယ်သိချင်မိတယ်"

"ဒီကမ္ဘာထဲက လူတိုင်းကအတူတူပဲ၊ တစ်ချို့လူတွေက ဈေးပေါပြီး ‌တစ်ချို့လူတွေက ဈေးပိုမြင့်တယ်၊ ဒါပဲကွာတာ"

"ငါမင်းတို့ကိုပေးမယ့် နာကျင်မှုက သာမန်လူတွေနဲ့ ယှဉ်လို့ရနိုင်မယ့်အရာတစ်ခုတော့ မဟုတ်ဘူး"

မုဖူရှန်း ရုတ်တရက်လက်အစုံကို ဆန့်ထုတ်ကာ ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့၏ ဒန်တျန်ကို ထိုးဖောက်ပစ်သည်။ 

ဒါကသူတို့၏ဒန်တျန်ကို ကြေမွသွားစေသည်။ 

နှစ်ဦးစလုံးသွေးအန်ရင်း မုဖူရှန်းကို မယုံနိုင်စွာ ကြည့်နေမိကြသည်။ 

ငါတို့တကယ်ပဲ....မသန်စွမ်းဖြစ်သွားကြပြီလား!

မုဖူရှန်း လက်ထဲကသွေးများကို သုတ်ပြီး နှာခေါင်းရှုံ့သည်။ 

"မင်းတို့ထပ်မခံနိုင်တော့ဘူးမလား၊ ဘာပဲဆိုဆို မင်းတို့သေရတော့မှာပဲ၊ မင်းတို့ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်တာနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲ"

ထို့နောက် သူအဆောင်နှစ်ခုကို ထုတ်ယူပြီး သူတို့ရင်ဘတ်များ၌ ကပ်ထားလိုက်သည်။ 

ချိပ်ပိတ်စွမ်းအားလှိုင်းများက တိုးလာသည်။ 

"မင်းဘာလုပ်လိုက်တာလဲ" ပိုင်ကောင်းကျွင်း အထိတ်တလန့်မေးသည်။ 

မုဖူရှန်းပြုံးသည်။

"မင်းတို့နာကျင်မှုကို ပိုပြီးတောင့်ခံနိုင်တယ်လို့ တွေးထင်နေကြတာမလား၊ ဒီတော့ ငါမင်းတို့ကို ကျေနပ်အောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါ"

"မင်းတို့သိတဲ့အတိုင်းပဲ ငါကဒီလိုကြင်နာပြီး သဘောကောင်းတဲ့လူမျိုးပဲ၊ မင်းတို့ရဲ့ ထူးဆန်းတဲ့ တောင်းဆိုချက်တစ်ချို့ကို ငါအမြဲတမ်းဖြည့်ဆည်းပေးမှာပဲ"

"ဒါပေမယ့် ဒီအဆောင်က မင်းတို့ကိုယ်ထဲက စွမ်းအားကို လုံး၀ဖိနှိပ်ထားနိုင်တယ်" မုဖူရှန်း တိတ်တဆိတ်ပြုံးရင်း တည်ငြိမ်စွာပြောသည်။ 

"ဒီတော့ မင်းတို့အခုခံနိုင်တဲ့နာကျင်မှုက အဲဒီသာမန်သေမျိုးတွေနဲ့ ဘာမှမခြားနားတော့ဘူး"

ဒီတစ်ကြိမ်တွင် ပိုင်ကောင်းကျွင်းရော ရှန်းချောင်ယွမ်ပါ အမှန်တကယ် ကြောက်ရွှံ့သွားကြ၏။ 

ချွေးအေးများက သူတို့အ၀တ်များကိုပင် စိုရွှဲသွားစေသည်။ 

တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံ့တွနေသည့်မျက်နှာများက သူတို့နှစ်ယောက် ဖိနှိပ်ချင်သော်လည်း မဖိနှိပ်ထားနိုင်သည့် အကြောက်တရားကို ညွှန်ပြနေသည်။ 

မုဖူရှန်း ချွန်ထက်သည့်ဓားတစ်လက်ကို ထုတ်ယူပြီး ပြုံးသည်။ 

"ငါ့ရဲ့ပထမဆုံးမေးခွန်းကို မင်းမဖြေဘူးလို့ ငါယုံကြည်တယ်၊ ဒီတော့ ငါမင်းကို အရင်ဆုံး တွေ့ကြုံခံစားခွင့်ပေးမယ်...."

ထို့နောက် မုဖူရှန်း ရှန်းချောင်ယွမ်ထံသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဓားကို ရှန်းချောင်ယွမ်၏ ဒူးခေါင်းပေါ်တင်လျက် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ၀င်သွားစေသည်။ ၎င်းနောက် လက်ကောက်၀တ်ကို လှည့်ကာ ဓားသွားကို ကပ်စေသည်။ 

ရှန်းချောင်ယွမ်၏ ဒူးခေါင်းတစ်ခုလုံးက ဓားသေးသေးလေးနှင့် ဆွဲထုတ်ယူခြင်းကို ခံရသည်။ 

ရှန်းချောင်ယွမ်အော်ဟစ်သည်။ သူ့မျက်နှာအသွင်အပြင်များက အတူတကွလုံး၀ရှုံ့တွနေပြီး အံတင်းတင်းကြိတ်ထားကာ အလွန်အမင်းကြမ်းတမ်းနေပုံရသည်။ 

သူ့တစ်ကိုယ်လုံးက အဆက်မပြတ် တုန်ယင်နေသည်။ သူ့ကိုယ်ခန္ဓာက ရုန်းကန်နေစဉ် ရှန်းချောင်ယွမ်၏ကိုယ်ထဲ၌ လျှပ်စီးကြိုးများက လျှပ်စီးကို စတင်ထုတ်လွှတ်သည်။ 

ဒါကအလွန်အမင်းနာကျင်ရသည်။ 

မူလက လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်ကျိုးတာကပင် သူတို့အတွက် သေးငယ်သော ကိစ္စလေးတစ်ခုသာဖြစ်ပြီး နာကျင်မှုက အရမ်းမကြီးမားပါ။ 

သို့စေကာမူ ယခုမုဖူရှန်းက သူတို့၏ကျင့်ကြံခြင်းကို ချွတ်ယွင်းစေပြီး ဖိနှိပ်ထားရန်အတွက် အဆောင်ကိုပါ သုံးထားလေရာ နာကျင်မှုက အဆုံးမဲ့ကြီးမားလာခဲ့သည်။ 

မုဖူရှန်းပြုံးသည်။ 

"မစိုးရိမ်ပါနဲ့၊ ထပ်ပြီးရုန်းကန်ပါဦး၊ ဒီလျှပ်စီးက မင်းကိုယ်ခန္ဓာလုပ်ဆောင်ချက်တွေကို မထိခိုက်စေပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ဒါက မင်းကိုယ်ထဲက ကျန်ရှိနေသေးတဲ့ အသက်ဓာတ်ကို နှိုးဆွစေမှာမို့ မင်းဒီလောက်မြန်မြန် သတိလစ်မှာမဟုတ်ပါဘူး"

ပိုင်ကောင်းကျွင်း ရှန်းချောင်ယွမ်ကို ယခုလိုမြင်ရသောအခါ သူ့နှလုံးသားထဲက အကြောက်တရားက ပိုပြင်းထန်လာသည်။ 

ရှန်းချောင်ယွမ်က သူ့၏အားကောင်းသော စိတ်စွမ်းအားနှင့် ကျော်ကြားသည်။ 

သို့ပင်လျှင် သူယခုလိုအမူအရာတစ်ခုကို ဖော်ပြနေဆဲပင်။ 

"မင်းကနတ်ဆိုးပဲ...." ရှန်းချောင်ယွမ် အသက်ပြင်းပြင်းရှုရင်း မုဖူရှန်းကို သွေးစွန်းနေသည့် မျက်လုံးများနှင့်ကြည့်ပြီး အားနည်းစွာပြောသည်။ 

မုဖူရှန်းပြုံးသည်။ 

"ဒီဂုဏ်ပုဒ်က ငါ့ကို အတော်လေးလန်းဆန်းစေတာပဲ"

ထို့နောက် မုဖူရှန်း ပိုင်ကောင်းကျွင်းရှေ့သို့ လျှောက်သွားပြီး ငုံ့ကာ ဓားကို ဒူးပေါ် တင်လိုက်သည်။ 

"ငါမင်းကို မေးခွန်းတစ်ခု မေးသင့်တယ်လို့ ထင်လား"

ပိုင်ကောင်းကျွင်း၏လည်မြိုက လိမ့်တက်လာသည်။ ရှန်းချောင်ယွမ်၏ လူသတ်လိုသည့် အကြည့်အောက်တွင် သူပြောလိုက်၏။ 

"မေးပါ....မေးပါ"

"မင်းတို့ စီနီယာအစ်ကိုရှောင်ဟိုင်ကို ဘာအတွက် လိုအပ်တာလဲ"

ရှန်းချောင်ယွမ်အော်ဟစ်သည်။ 

"မင်းကျောရိုးမရှိတဲ့ကောင်၊ ဂိုဏ်းကို ဘယ်လိုလုပ် သစ္စာဖောက်ရဲတာလဲ"

မုဖူရှန်းလက်မြှောက်ကာ ပိုင်းဖြတ်ပစ်သည်။ 

ပိုင်ကောင်းကျွင်းပြောရန်ပြင်နေစဉ်မှာပင် သူ့ဒူးခေါင်းက ပျံသန်းသွားပြီး ဒူးခေါင်းနှစ်ခုက ဖယ်ရှားခံလိုက်ရသည်။ 

"မင်းဘာလုပ်တာလဲ" ပိုင်ကောင်းကျွင်း ရက်စက်ခက်ထန်သည့် အမူအရာနှင့် အော်ဟစ်သည်။ 

မုဖူရှန်းအံ့ဩသင့်တကြီးပြောသည်။ 

"မင်းအဖော်က မင်းအတွက်ဖြေလိုက်တာမလား၊ ဒီတော့ မင်းသေချာပေါက် အပြစ်ပေးခံရမှာပေါ့"

"အိုး၊ ဟုတ်သားပဲ၊ ငါမင်းတို့ကို နောက်ထပ်စည်းမျဉ်းတစ်ခုပြောဖို့ မေ့သွားခဲ့တယ်"

"တကယ်လို့ ပထမလူက မဖြေဘူးဆိုရင် ဒါက သာမန်ပြစ်ဒဏ်ပဲဖြစ်လိမ့်မယ်" မုဖူရှန်း လက်ချောင်းနှစ်ချောင်းဆန့်ထုတ်ရင်း ပြုံးသည်။ 

"တကယ်လို့ ဒုတိယလူကသာ မဖြေဘူးဆိုရင် ဒါက ပြစ်ဒဏ်နှစ်ဆဖြစ်စေလိမ့်မယ်၊ နားလည်လား"

ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့၏ စိတ်ပိုင်းဆိုင်ရာအကာအကွယ်က မုဖူရှန်း၏ ပြစ်ဒဏ်နှင့် ထပ်ဆောင်းစည်းမျဉ်းများအောက်၌ ဖြည်းဖြည်းချင်း ဖျက်ဆီးခံရသည်။ 

လေးနာရီအပြည့်ကြာသွားပြီးနောက်တွင် အတားအဆီးအတွင်းက အော်ဟစ်သံများက လုံး၀ပျောက်ကွယ်သွားလေတော့သည်။ 

အတားအဆီးပျောက်ကွယ်သွားသောအခါ မုဖူရှန်းကလည်း သက်သေများကို ဖျက်ဆီးပြီးသွားလေပြီ။ 

အကယ်၍ သူသာအလောင်းများကို မဖျက်ဆီးဘဲ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ဒီလိုကြေကွဲဖွယ်ရာအလောင်းများကို မြင်တွေ့ခွင့်ပေးမည်ဆိုပါက အကောင်းပကတိဟူ၍ တစ်နေရာမှမရှိသည့် အလောင်းများကြောင့် သူတို့စက်ဆုပ်ရွှံရှာသလို ခံစားကြရပေလိမ့်မည်။ 

အပိုင်း(1118) coming။ 

All Chapters